မိုးတွင်းမှာအဖြစ်များတဲ့ရောဂါတွေအန္တရာယ်ကနေ ဘယ်လိုကာကွယ်မလဲ
မိုးတွင်းမှာဖြစ်ပွားလေ့ရှိတဲ့ရောဂါတွေကရောဂါအခြေအနေမပြင်းထန်ခင်အထိရောဂါအမျိုးအစားကိုခန့်မှန်းရခက်ပါတယ်။ မိုးရာသီမှာဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါအချို့က ကုသရလွယ်ကူပေမယ့် ရောဂါအချို့က အသက်အန္တရာယ်ကိုထိခိုက်နိုင်တာကြောင့်စောစီးစွာရှာဖွေကုသနိုင်မှသာ အသက်အန္တရာယ်ကနေကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ မိုးရာသီမှာအဖြစ်များတဲ့ရောဂါတွေနဲ့ ကာကွယ်နိုင်မယ့်နည်းလမ်းလေးတွေမျှဝေပေးလိုက်ပါတယ်။