ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ

ခိုဆိုတာ မြန်မာနိုင်ငံရဲ့  နေရာတော်တော်များများမှာ တွေ့နိုင်တဲ့ ငှက်အမျိုးအစားပါ။ ဒီမှာက ခိုစာကျွေးတဲ့အလေ့အထရှိတဲ့အပြင် အိမ်နေမှာပါ ပေးနေကြတာကြောင့် လူတွေနဲ့ တော်တော်ကြီး နီးနီးကပ်ကပ်ကို ရှိနေတာပါ။ ဒါပေမဲ့ ဒီခိုတွေက လူတွေကိုတော့ ကောင်းကျိုးမပေးပါဘူး။ ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ က လူတွေကို အသက်အန္တရာယ်ဖြစ်စေသည်အထိ ပြင်းထန်ပါတယ်။ ခိုကနေ ရောဂါတွေ ဘယ်လိုကူးသလဲ ခိုချေးတွေကို ရှူမိရာကနေတဆင့် ကူးတာပါ။ လတ်လတ်ဆတ်ဆတ် ချေးတွေထက်စာရင် ခြောက်သွားတဲ့အခါ အမှုန်အမွှားတွေ ဖြစ်ပြီး ဒါကို ရှူမိရင် အဆုတ်ထဲရောက်ပြီး ကူးစက်တတ်ပါတယ်။ အဲ့ကနေမှ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်သွားပြီး ရောဂါဖြစ်စေပါတယ်။ ခိုတွေနဲ့ အနီးကပ်နေတဲ့သူတွေမှာ ဖြစ်နိုင်ခြေ များပါတယ်။ အထူးသဖြင့် ခုခံအားကျတဲ့သူဆိုရင် ပိုသတိထားသင့်ပါတယ်။။ သာမန်လူတွေမှာ ရောဂါဖြစ်နိုင်ခြေ နည်းပေမဲ့ ခုခံအားကျနေရင်တော့ ကူးစက်လွယ်ပါတယ်။ ဥပမာ HIV/ AIDS […]

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

Leptospirosis (Leptospirosis)

အဓိပ္ပါယ်ဖွင့်ဆိုချက်Leptospirosis (Leptospirosis) ကဘာလဲ။ Leptospirosis ဆိုတာတော့ ဖော့နှုတ်တံ (Cockscrew) ပုံသဏ္ဍာန်ရှိပြီး Leptospira interrogans လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ပိုးဝင်မှုတစ်ခုပါ။ Leptospirosis ဟာ ဆီး၊ သွေး သို့မဟုတ် တိရစ္ဆာန်တွေရဲ့ တစ်သျှူးတွေမှာ ပါဝင်နေတတ်ပြီး ဒီလိုကူးစက်တတ်တဲ့ ရင်းမြစ်တွေကို ထိကိုင်မိခြင်းကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ဒါ့အပြင် ပိုးရှိနေတဲ့ မြေ သို့မဟုတ် ရေတွေ၊ စိုစွတ်နေတဲ့ မြေလွှာတွေ သို့မဟုတ် ပိုးကူးစက်ထားတဲ့ တိရစ္ဆာန်တွေရဲ့ ဆီးနဲ့ထိတွေ့ထားတဲ့ အသီးအရွက်တွေကနေတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ။် အထူးသဖြင့် နွား၊ ဝက်၊ ခွေး၊ တွားသွားသတ္တဝါတွေနဲ့ ကုန်းနေရေနေသတ္တဝါတွေ၊ မြေကြွက်တွေနဲ့ အခြားသော ကြွက်မျိုးစိတ်တွေ အစရှိသဖြင့်ဟာ ဘက်တီးရီးယားတွေအတွက် အရေးအကြီးဆုံးသော နားခိုရာကြီးပါပဲ။ အိမ်မွေးတိရစ္ဆာန်တွေမှာဖြစ်စေ၊ အရိုင်းတွေမှာဖြစ်စေ ဒီပိုးကို သယ်ယူလာနိုင်ပြီး ဘက်တီးရီးယားတွေကို သူတို့ဆီးထဲကို […]


ဦးနှောက်အမြှေးရောင်ခြင်း

Bacterial Meningitis (ဘက်တီရီးယား ကြောင့် ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bacterial Meningitis (ဘက်တီရီးယား ကြောင့် ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင်ခြင်း) ကဘာလဲ။ Meningitis ဆိုတာဟာ ဦးနှောက် နဲ့ ကျောရိုးမ ပတ်ပတ်လည်မှာ ဝန်းရံထားတဲ့ အမြှေးပါးတွေ ရောင်တာကို ခေါ်ပါတယ်။ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင်ခြင်း ဟာ အရမ်းပြင်းထန်ပြီး သေနိုင်လောက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ နာရီ အနည်းငယ်အတွင်းမှာ သေနိုင်ပါတယ်။ ဦးနှောက်အမြှေးပါးရောင်ခြင်း ဖြစ်တဲ့သူအများစုမှာ ပြန်လည်ကောင်းမွန်လာပြီ ဆိုရင်တောင် ရောဂါပိုးဝင်မှုကြောင့် ဦးနှောက်ပျက်စီးခြင်း၊ အကြားအာရုံ ပျောက်ဆုံးသွားခြင်း၊ နဲ့ သင်ယူနိုင်မှု လျော့နည်းလာခြင်း စတဲ့ ဆိုးကျိုး ပျက်စီးမှုတွေကို တစ်သက်လုံး ဆက်လက်ခံစားရနိုင်ပါတယ်။ဦးနှောက် အမြှေးပါးရောင်ခြင်းကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယား အမျိုးအစား အများကြီးရှိပါတယ်။ အဓိက ဖြစ်စေနိုင်တဲ့ အကောင် တစ်ချို့ကတော့ Streptococcus pneumoniae, […]


ဦးနှောက်အမြှေးရောင်ခြင်း

Viral Meningitis (ဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ယမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Viral Meningitis (ဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ယမ်း ခြင်း) ကဘာလဲ။ Viral Meningitis ဆိုတာဟာ ဦးနှောက် နဲ့ ကျောရိုးမ ပတ်ပတ်လည်မှာ ဝန်းရံထားတဲ့ အမြှေးပါးတွေ ဗိုင်းရပ်စ် ရောဂါပိုးဝင်ခြင်းကြောင့် ရောင်ယမ်းတာကို ခေါ်ပါတယ်။ဦးနှောက်နဲ့ ကျောရိုးမကို ကာထားတဲ့ အမြှေးပါး ၃လွှာ ပတ်ပတ်လည်မှာရှိနေတဲ့ အရည်တွေမှာ ရောဂါပိုးဝင်ရင် ဦးနှောက်အမြှေးပါးရောင်ယမ်း ခြင်းဆိုတာ ဖြစ်လာပါတယ်။ Viral Meningitis (ဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ယမ်း ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးပါးရောင်ယမ်း ခြင်း ဟာ ကမ္ဘာကြီးရဲ့ နေရာတော်တော်များများ( အထူးသဖြင့် ဖွံ့ဖြိုးနေဆဲ နိုင်ငံတွေ) မှာ ဖြစ်နေတဲ့ ထင်ရှားတဲ့ ပြသနာတစ်ခုပဲဖြစ်ပါတယ်။ ဒီရောဂါပိုးဝင်ခြင်းဟာ ကလေးတွေ၊ ဆယ်ကျော်သက်တွေ၊ နဲ့ လူငယ်တွေမှာ အဖြစ်များပါတယ်။ သို့ပေမယ့်လည်း […]


အစားအသောက်မှကူးစက်သောရောဂါများ

Giardiasis (ဂျီရာဒီရေးစစ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Giardiasis(ဂျီရာဒီရေးစစ်) ကဘာလဲ။ သန့်ရှင်းမှုနည်းတဲ့နေရာတွေနဲ့ မသန့်ရှင်းတဲ့ရေသောက်သုံးနေရတဲ့ နေရာတွေမှာ နေထိုင်တဲ့သူတွေအနေနဲ့ giardiasis ရောဂါအလွယ်တကူဖြစ်နိုင်ပါတယ်။ အဲဒီရောဂါဟာ အဏုမြူမှန်ပြောင်းနဲ့ ကြည့်မှမြင်နိုင်တဲ့၊သေးငယ်တဲ့ giardia lamblia လို့ခေါ်တဲ့ ကပ်ပါးကောင်ကြောင့် ဖြစ်ရတာပါ။ ဒီကပ်ပါးကောင်တွေဟာ မဖွံ့ဖြိုးသေးတဲ့၊ တောရွာလို နေရာတွေရဲ့ စမ်းချောင်းတွေ၊ ကန်တွေ၊ မှာအပြင် မြူနီစပယ် ရေပေးဝေမှုတွေ၊ ရေကူးကန်တွေ ၊ရေတွင်းတွေ မှာလည်း တွေ့ရနိုင်ပါတယ်။ ဒီလို giardia ရောဂါပိုးဝင်ခြင်းဟာ လူတစ်ယောက်နဲ့ တစ်ယောက်ထိတွေ့ခြင်း (သို့) အစားအစာ တွေမှ တစ်ဆင့် ကူးစက်နိုင်ပါတယ်။ အိမ်မွေးခွေး၊ ကြောင်လေးတွေမှာလည်း giardia ရောဂါပိုးမကြာခဏ အဝင်ခံရတတ်ပါတယ်။ သင့်အနေနဲ့ ရောဂါပိုးနဲ့ ထိတွေ့ထားတဲ့ အစားအစာ တွေကို စားခြင်း၊ အရည်တွေကို သောက်သုံးခြင်းဖြင့် giardiasis ရောဂါဖြစ်လာနိုင်ပါတယ်။ Giardiasis(ဂျီရာဒီရေးစစ်)က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါက အရမ်းအဖြစ်များတဲ့ ရောဂါ တစ်ခု […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

Chagas Disease (Chagas ရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Chagas Disease (Chagas ရောဂါ ) ကဘာလဲ။ Chagas ရောဂါဆိုတာဟာ triatomine ပိုးကောင်ရဲ့ မစင်ထဲမှာ တွေ့ရတဲ့ ပါရာဆိုက်ကပ်ပါးတမျိုးကြောင့် ဖြစ်ပေါ်လာရတဲ့ ကူးစက်ရောဂါတမျိုး ဖြစ်ပါတယ်။triatomine ပိုးကောင်ရဲ့ အဓိကကျက်စားရာနေရာတွေဖြစ်တဲ့ တောင်အမေရိက၊ဗဟိုအမေရိကနဲ့ မက္ကဆီကိုတို့မှာ Chagas ရောဂါကို အများဆုံး တွေ့ရလေ့ရှိတယ်ဆိုပေမယ့် အမေရိကန်နိုင်ငံတောင်ဖက်ပိုင်းမှာလည်း ရှားရှားပါးပါးဆိုသလို တွေ့ရတတ်သေးတာမို့ American trypanosomiasis လို့လည်း ခေါ်ပါသေးတယ်။Chagas ရောဂါဟာ ဘယ်သူမဆိုဖြစ်ပွားနိုင်တယ်ဆိုပေမယ့် ကလေးသူငယ်တွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။Chagas ရောဂါဟာ မကုသဘဲ ထားမယ်ဆိုရင် နှလုံးနဲ့ အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာဆိုးဆိုးရွားရွားတွေကို ဆက်လက်ဖြစ်ပေါ်စေပါလိမ့်မယ်။ Chagas Disease (Chagas ရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ အမေရိကန်နိုင်ငံ တောင်ဖက်ပိုင်းကနေ အာဂျင်တီးနားနိုင်ငံ မြောက်ဖက်ပိုင်းအထိ အမေရိကတိုက်ရဲ့ နိုင်ငံပေါင်းဆယ့်ရှစ်နိုင်ငံမှာ ဒီရောဂါကို တွေ့နိုင်ပါတယ်။Chagas […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

Staph Infection (စတက်ဖ် ရောဂါပိုးဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Staph Infection (စတက်ဖ် ရောဂါပိုးဝင်ခြင်း) ကဘာလဲ။ Staph ရောဂါတွေဟာ staphylococcus လို့ခေါ်တဲ့ ဘတ်တီးရီးယားတစ်မျိုးကြောင့် ဖြစ်တာပါ။ ထိုပိုးမွှားတွေဟာ ကျန်းမာသူတွေရဲ့ အရေပြားပေါ်မှာနဲ့ နှာခေါင်းတွေထဲမှာပါ ရှိနေတတ်ပါတယ်။ များသောအားဖြင့်တော့ အရေပြားရောဂါငယ်မျိုးလောက်ဖြစ်တတ်တာကလွဲရင် ပြဿနာမရှိတာမျိုးများပါတယ်။ ဒါပေမယ့် ဘတ်တီးရီးယားတွေ သင့်ခန္ဓါကိုယ်ထဲကို နက်နက်တိုးဝင်သွားရင်၊ သွေးကြောတွေ အရိုးအဆစ်တွေ အဆုတ်၊ နှလုံးတို့ထဲကိုဝင်သွားခဲ့ရင်တော့ သေနိုင်လောက်သည်ထိဆိုးသွားနိုင်ပါတယ်။ ကျန်းမာတဲ့လူတွေမှာ အသက်အန္တရာယ်ရှိနိုင်တဲ့ staph ရောဂါပိုးရောဂါတွေဖြစ်နှုန်းကတက်လာနေပါတယ်။ ကုသမှုတွေကတော့များသောအားဖြင့် ပဋိဇီဝပိုးသတ်ဆေးတွေနဲ့ ပိုးဝင်တဲ့နေရာကိုသန့်စင်တာမျိုး လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် တချို့သော staph တွေက သာမန်ပဋိဇီဝပိုးသတ်ဆေးလောက်ကိုမဖြုံတော့ပါဘူး။ Staph Infection (စတက်ဖ် ရောဂါပိုးဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်ကိုအဖြစ်များပြီး အရွယ်မရွေးဖြစ်နိုင်တယ်။ ရောဂါကိုးအာေးပးတဲ့အချက်တွေကိုရှောင်ရှားခြင်းဖြင့် ထိန်းချုပ်နိုင်ပါတယ်။ အသေးစိတ်အတွက်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ လက္ခဏာများStaph Infection (စတက်ဖ် ရောဂါပိုးဝင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လက္ခဏာတွေကတော့ သာမန်အရေပြားပြဿနာလောက်ကနေ နှလုံးအမြှေးပါးဖုံးရောင်တာအထိဖြစ်နိုင်တယ်။ ဒါကြောင့် […]


အင်းဆက်မှတဆင့် ကူးစက်သော ရောဂါများ

Pubic Lice (ဆီးခုံသန်းများ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Pubic Lice (ဆီးခုံသန်းများ ) ကဘာလဲ။ ဆီးခုံသန်းများကို crabs များဟုလည်းခေါ်ပြီး လိင်အင်္ဂါတစ်ဝိုက်တွင် အလွန်သေးငယ်သော အင်းဆက်များ ကူးစက်ပေါက်ဖွားသည့် အခြေအနေကို ဆိုလိုပါသည်။ လူသားများကို ကူးစက်တတ်သည့် သန်းသုံးမျိုးရှိသည်။ Pediculus humanus capitis: ခေါင်းသန်း Pediculus humanus corporis: ကိုယ်သန်း Phthirus pubis: ဆီးခုံသန်း သန်းများသည် လူသွေးကိုစားသုံးပြီး ရှိသည့်နေရာတွင် အလွန်အမင်းယားယံခြင်းကို ဖြစ်စေပါသည်။ ဆီးခံသန်းများသည် ဆီးခုံမွှေးများတွင်နေထိုင်လေ့ရှိပြီး လိင်ဆက်ဆံစဉ် ကူးစက်တတ်ပါသည်။ တစ်ချို့ရှားပါးသော ဖြစ်ရပ်များတွင် မျက်တောင်မွှေး၊ ချိုင်းမွှေးနှင့် မျက်နှာမွှေးများဆီသို့ပါ ပျံ့နှံ့တတ်ပါသည်။ ကိုယ်သန်းခေါင်းသန်းများထက် ဆီးခုံသန်းများက ပိုသေးငယ်သည်။ Pubic Lice (ဆီးခုံသန်းများ ) က ဘယ်လောက်အဖြစ်များသလဲ ဆီးခုံသန်းများသည် လိင်မှတစ်ဆင့်ကူးစက်သော ရောဂါများ ရှိသူများတွင် ပိုအဖြစ်များသည်။ သို့သော် ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် […]


အင်းဆက်မှတဆင့် ကူးစက်သော ရောဂါများ

West Nile Virus Infection (ဝတ်စ်နိုင်းလ်ဗိုင်းရပ်ကူးစက်ပိုးဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်West Nile Virus Infection (ဝတ်စ်နိုင်းလ်ဗိုင်းရပ်ကူးစက်ပိုးဝင်ခြင်း) ကဘာလဲ။ ကူးစက်ပြန့်ပွားတတ်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ ဗိုင်းရပ်ပိုးကူးစက်ခံနေရတဲ့ခြင်ကနေ ရောဂါကုူးစက်ခံရနိုင်ပါတယ်။ ဦးနှောက်အမြှေးပါးရောင်ခြင်းကဲ့သို့ ပြင်းထန်တဲ့ဦးနှောက်ရောဂါကိုဖြစ်စေနိုင်ပါတယ်။ West Nile Virus Infection (ဝတ်စ်နိုင်းလ်ဗိုင်းရပ်ကူးစက်ပိုးဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက်ကြီးသူတွေ အထူးသဖြင့ အသက်၅၀အထက်နဲ့ခုခံအားနည်းနေသူတွေမှာ ကူးစက်ခံရနိုင်ချေအများဆုံးဖြစ်ပါတယ်။ လက္ခဏာများWest Nile Virus Infection (ဝတ်စ်နိုင်းလ်ဗိုင်းရပ်ကူးစက်ပိုးဝင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ကူးစက်ခံရတဲ့လူနာ ၇၀ကနေ ၈၀%လောက်မှာ လက္ခဏာတွေမပြတတ်ပါဘူး။ သိပ်မပြင်းထန်ဘူးဆိုရင် တွေ့ရတတ်တဲ့လက္ခဏာတွေကတော့- ဖျားခြင်း ခေါင်းကိုက်ခြင်း ကိုယ်လက်ကျောနာကျင်ြခ်း မောပန်းနုံးချိခြင်း အရေပြားအဖိမ့်ထခြင်း ပြန်ရည်ကျိတ်များကြီးခြင်း မျက်စိနာခြင်း ပြင်းထန်တဲ့အခြေအနေမှာတော့ အောက်ပါလက္ခဏာတွေတွေ့ရနိုင်ပါတယ်။ အဖျားကြီးခြင်း ပြင်းပြင်းထန်ထန်ခေါင်းကိုက်ခြင်း လည်ပင်းဇက်ကြောတောင့်ခြင်း လုပ်ဆောင်ချက်များအားနည်းခြင်း သတိလစ်ခြင်း တုန်ခြင်းကြွက်သားများတွန့်ခြင်း ဆက်စပ်လုပ်ဆောင်နိုငစွမ်းကင်းမဲ့ြခ်င်း တက်ခြင်း နာကျင်ခြင်း ကြွက်သားများသေခြင်းအားနည်းခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သိပ်မပြင်းထန်တဲ့အခြေအနေတွေမှာ သူ့ဘာသာသူပျောက်ကင်းသွားလေ့ရှိပါတယ်။ အဖျားကြီးခြင်း၊ ပြင်းပြင်းထန်ထန်ခေါင်းကိုက်ခြင်း၊ဇက်ကြောတက်ခြင်းစတဲ့ ပြင်းထန်တဲ့လက္ခဏာတွေပေါ်ခဲ့မယ်ဆိုရင် ဆရာဝန်နဲ့ချက်ချင်းပြသင့်ပါတယ်။ အကြောင်းရင်းများWest Nile Virus Infection (ဝတ်စ်နိုင်းလ်ဗိုင်းရပ်ကူးစက်ပိုးဝင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ ဝတ်စ်နိုင်းလ်ဗိုင်းရပ်ကူးစက်ရောဂါကို ဖြစ်စေတဲ့ဗိုင်းရပ်က ပတ်ဝန်းကျင်နေရာတော်တော်များများမှာ တွေ့နိုင်ပြီး ငှက်နဲ့နို့တိုက်သတ္တဝါတွေကို ကူးစက်နိုင်ပါတယ်။ အများဆုံးဖြစ်တတ်တာကတော့ ကူးစက်ခံ၇တဲ့ငှက်ကိုကိုက်ရာကနေ […]


အင်းဆက်မှတဆင့် ကူးစက်သော ရောဂါများ

Malaria (ငှက်ဖျား )

အဓိပ္ပါယ်ဖွင့်ဆိုချက်Malaria (ငှက်ဖျား ) ကဘာလဲ။ ငှက်ဖျားသည့် ကပ်ပါးပိုးတစ်မျိုးကြောင့်ဖြစ်ရသော အသက်အန္တရာယ်ရှိသည့် ရောဂါတစ်ခုဖြစ်ပါသည်။ ကူးစက်ခံထားရသော အနောဖလိခြင်ကိုက်လျှင် ငှက်ဖျားဖြစ်စေသော ပလက်စမိုးဒီးယမ် ကပ်ပါးပိုးသည် ကိုက်ရာမှတစ်ဆင့် သွေးထဲရောက်သွား၏။ သင့်၌ငှက်ဖျားဖြစ်လာပြီးဆိုပါက ချမ်းတုန်ဖျားခြင်းအား ခဏခဏခံစားရမည်ဖြစ်ပြီး ၂ ရက် ၃ ရက်လျှင်တစ်ခါကျ စက်ဝိုင်းပုံစံနှင့် ဖြစ်ပွားတတ်ပါသည်။ Malaria (ငှက်ဖျား ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် သမပိုင်းဒေသများထက် အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများတွင် အလွန်အဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများMalaria (ငှက်ဖျား ) ရဲ့လက္ခဏာတွေကဘာတွေလဲ ငှက်ဖျား ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ   ချမ်းတုန်ခြင်း ဖျားခြင်း ချွေးအလွန်ထွက်ခြင်း ခေါင်းကိုက်ခြင်း အန်ခြင်း၊ ပျို့ခြင်း ဝမ်းလျှောခြင်း သွေးအားနည်းခြင်း ကြွက်သားနာခြင်း တက်ခြင်း ကိုမာဝင်ခြင်း သွေးဝမ်းသွားခြင်း     အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။   ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် […]


အစားအသောက်မှကူးစက်သောရောဂါများ

Angiostrongyliasis (အန်ဂျီရိုစထရောင်ဂီလိုင်ရေးဆစ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Angiostrongyliasis (အန်ဂျီရိုစထရောင်ဂီလိုင်ရေးဆစ်) ကဘာလဲ။ Angiostrongylus cantonensisလို့ခေါ်တဲ့ သန်လုံးကောင်အမျိုးအစားတစ်မျိုးကြောင့် ဖြစ်တဲ့ကူးစက်ပိုးဝင်ခြင်းရောဂါဖြစ်ပါတယ်။ အရှေ့တောင်အာရှနဲ့ ပစိဖစ်ဒေသတွေမှာ အတော်အဖြစ်များပါတယ်။ ဒီကပ်ပါးကေင်က ကြွက်ေတွေကို ကူးစက်ဝင်ရောက်နိုင်တာကြောင့် ကြွက်အဆုတ်သန်ကောင်လို့လည်း ခေါ်ပါတယ်။ ခရုတွေကိုလည်း ကူးစက်နိုင်ပါတယ်။ လူတွေက တိရိစ္ဆာန်တွေအသားကိုစားတဲ့အခါဒါမှမဟုတ် ကူးစက်ပိုးတွေရှိနေတဲ့ရေတွေဟင်းသီးဟင်းရွက်တွေ စားတဲ့အခါမှာ ကူးူစက်ခံရနိုင်ပါတယ်။ သေဆုံးခြင်းကိုဖြစ်စေနိုင်တဲ့ပြင်းထန်တဲ့အခြေအနေတစ်ခုဖြစ်ပြိး ဦးနှောက်နဲ့အာရုံကြောပျက်စီးမှုကို ဖြစ်စေုနိင်ပါတယ်။ Angiostrongyliasis (အန်ဂျီရိုစထရောင်ဂီလိုင်ရေးဆစ်) က ဘယ်လောက်အဖြစ်များသလဲ ခရီးသည်တွေနဲ့ တိရိစ္ဆာန်တွေကနေတစ်ဆင့် တစ်နေရာကနေတစ်နေရာကို ပျံသွားနိုင်တာကြောင့် အရေးကြီးလာပါတယ်။ လက္ခဏာမပေါ်တဲ့ကူးစက်ပိုးဝင်ေရောက်သူ88%ရှိနေတဲ့ အာရှနဲ့ပစိဖိတ်ဒေသမှာ အများဆုံးတွေ့ရပေမဲ့ ကာရေဘီယန်ဒေသမှာလည်း ကူးစက်သူ25%ရှိနေပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။   လက္ခဏာများAngiostrongyliasis (အန်ဂျီရိုစထရောင်ဂီလိုင်ရေးဆစ်) ရဲ့လက္ခဏာတွေကဘာတွေလဲ ဒီအခြေအနေခံစားနေရတဲ့လူနာတွေမှာ ဗိုက်အပြင်းအထန်အောင့်ခြင်း၊ အော့အန်ခြင်း၊ မူးဝေခြင်း၊ အားနည်းခြင်းတွေ သက်သာလာတဲ့အခါမှာ ဖျားခြင်းကနေ ဗဟိုအာရုံကြောမကြီးလက္ခဏာတွေဖြစတဲ့ ပြင်းပြင်းထန်ထန်ခေါင်းကိုက်ခြင်းနဲ့ ဇက်ကြောတောင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ပြင်းထန်တဲ့ဗဟိုအာရုံကြောစနစ်ကူးစက်ပိုးဝင်ခြငး – လူနာတွေမှာ အစောပိုင်းကူးစက်ခံနေရချိန်မှာပင် […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်