မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
ယောအနာရောဂါသည် အရေပြား၊ အရိုးနှင့် အဆစ်များတွင် ဘက်တီးရီးယားပိုးဝင်သော နာတာရှည်ရောဂါဖြစ်သည်။ ယောအနာ တွင် အဆင့် ၃ ဆင့်ရှိပါသည်။
(၁) အစောပိုင်းအဆင့်
ယော ရောဂါပိုးနှင့် ထိတွေ့မိပြီး ၅-၆ ပတ်အကြာတွင် သင့်အရေပြားပေါ်တွင် အနီ ရောင် အဖုအပိန့်များ ပေါ်လာမည်ဖြစ်သည်။
အထူးသဖြင့် တင်ပါးသားနှင့် ခြေထောက်များတွင် အဖြစ်များပါသည်။ ထိုအဖုများကို frambesioma သို့မဟုတ် mother yaw ဟုတခါတရံတွင် ခေါ်ကြပြီး တဖြေးဖြေးကြီးထွားလာကာ အဝါရောင်အနာဖေးများဖြစ်သွားကြသည်။ အနာဖြစ်သော နေရာတဝိုက်တွင် ယားယံခြင်း၊ အကြိတ်ဖုများဖြစ်ခြင်းတို့ဖြစ်ပြီး အနာများသည် ခြောက်လခန့်အကြာတွင် အလိုလိုကျက်သွားသော်လည်း အမာရွတ်များ ကျန်ရစ်ခဲ့ပေသည်။
(၂) ဒုတိယအဆင့်
တိုအဆင့်တွင် အဆင့် ၁ တွင် ဖြစ်သော အဖုများ မပျောက်ဘဲကျန်ရှိနေခြင်းမျိုးဖြစ်နိုင်သလို ပထမအဆင့် အနာပျောက်ပြီး ရက်သတ္တပတ်များ၊ လပေါင်းများစွာကြာမှ့အနာပြန်ဖြစ်လာခြင်းမျိုးလည်းဖြစ်နိုင်သည်။ ဒုတိယအဆင့် တွင် မျက်နှာ၊ လက်မောင်း၊ ခြေထောက်နှင့် တင်ပါးများတွင် အနီရောင် အနာဖေးများဖြစ်တတ်သည်။
(၃) နှောင်းပိုင်းအဆင့်
ယောအနာရောဂါဖြစ်သူများ၏ ၅-၁၀ % ခန့်သည် နှောင်းပိုင်းအဆင့် အထိခံစားရလေ့ရှိကြသည်။ ပထမအဆင့်ဖြစ်ပြီး ပြီးချင်း သို့မဟုတ် ၅ နှစ်ခန့်အကြာမှ နှောင်းပိုင်းအဆင့် ဖြစ်ပေါ်တတ်ပြီး အရေပြားနှင့် အရိုးအဆစ်၊ ခြေထောက်ပိုင်းများကို ထိခိုက်ပျက်စီးစေပါသည်။
ယော အနာရောဂါသည် မည်သည့်အသက်အရွယ်မဆို ဖြစ်နိုင်ပါသည်။ ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။
ယောရောဂါပိုးဝင်ပြီး ၂-၄ ပတ်ခန့်အကြာတွင် ရောဂါပိုးစဝင်သည့်နေရာတွင် Mother yaw ဟုခေါ်သော အနာ စဖြစ်လာပါသည်။
အနာသည် သံချေးရောင် သို့မဟုတ် raspberry သီးကဲ့သို့ အနီရောင်ရှိပါသည်။ အနာသည် လနှင့် ချီကြာမြင့်နိုင်ပြီး Mother yaw ဖြစ်ပြီး ချိန်တွင်လည်း အနာများထပ်ထွက်လာနိုင်သည်။ အနာကို ကုပ်ဖဲ့ခြင်းဖြင့် ဘက်တီးရီးယားပိုးများ ပြန့်သွားနိုင်ပြီး ဘေးတဝိုက်ရှိ အရေပြားကိုပါ ကူးစက်သွားနိုင်ပါသည်။
နောက်ဆုံးတွင် အနာများကျက်သွားပါလိမ့်မည်။ တွေ့ရများသော ရောဂါလက္ခဏာများမှာ-
(အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။)
စသည်တို့ရှိဖူးလျှင် ဆရာဝန်ထံသွားပြပါ။
ယော အနာရောဂါသည် လိင်မှ တဆင့်ကူးစက်သော ဆစ်ဖလစ်ရောဂါကို ဖြစ်စေသည့် Treponemapallidum ဘက်တိးရီးယားမျိုးနွယ်စုဝင်ဖြစ်သည်။
သို့သော် ယောရောဂါသည် လိင်မှ တဆင့် မကူးစက်ပါ။ ထို့ပြင် နှလုံးနှင့် သွေးကြောများကိုလည်း ထိခိုက်နိုင်ခြင်း မရှိပါ။ ယောရောဂါသည် အရေပြားကို ရောဂါပိုးနှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ဖြစ်လာခြင်းဖြစ်ပြီး အညာဒေသဘက်၊ အပူပိုင်းဒေသများဖြစ်သော အာဖရိက၊ အနောက် ပစိဖိတ်ကျွန်းများ အရှေ့တောင် အာရှိတို့တွင် အဖြစ်များသည်။
အသက် ၂ နှစ်မှ ၅ နှစ်ကလေးများ၊ အဝတ်အစား လုံခြုံစွာ မဝတ်သောကလေးများ၊ မကြာခဏ ထိခိုက်ဒဏ်ရာရသော ကလေးများ နှင့် တကိုယ်ရည်သန့်ရှင်းမှုမကောင်းသော ကလေးများတွင် ပို အဖြစ်များသော ရောဂါဖြစ်သည်။
ယောရောဂါကူးစက်ခြင်းကို ဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။
ယင်းတို့သည် ယော ရောဂါကူးစက်ခြင်းနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း ပက်သက်ဆက်နွယ်နေသော ဖြစ်နိုင်ချေများဖြစ်ပါသည်။ ထိုအချက်များနှင့် ဆက်နွယ်နေပါက ယောရောဂါဖြစ်မည်ဟု မုချမပြောနိုင်သော်လည်း ရောဂါဖြစ်နိုင်ချေကို ပိုများစေသောကြောင့်ဖြစ်ပါသည်။
သို့သော် ထိုဖြစ်နိုင်ချေများ လုံးဝမရှိတော့အောင် ကာကွယ်နေထိုင်ခြင်းသည်လည်း ယော ရောဂါ မဖြစ်တော့ပါဟု ကျိန်းသေ မပြောနိုင်ပါ။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
သင့်တွင် ကျောက်ကပ်ပြည်တည်ခြင်းဖြစ်နေပြီဟု သံသယရှိပါက-
ပထမဦးစွာ သင့်ဆရာဝန်က သင့်ကို ရောဂါကူးစက်နိုင်သော နေရာများသို့ ခရီးသွားခဲ့ခြင်း များမေးမြန်းခြင်း၊ သင့် အနာများကို ကြည့်ခြင်း နှင့် လိုအပ်သော စစ်ဆေးမှုများပြုလုပ်ပါလိမ့်မည်။
ထို့နောက် တိကျသော ကုသမှုလုပ်ရန် သိသင့်သည်များကို သွေးစစ်ခြင်း၊ အနာကို နမူနာယူပြီး ပိုးကောင်စစ်ခြင်း တို့ပြုလုပ်ပါလိမ့်မည်။
ပုံမှန်အားဖြင့် ယောရောဂါဖြစ်စေသော T. pallidum ဘက်တီးရီးယားကို ဓါတ်ခွဲခန်းတွင် စစ်ဆေးခြင်းဖြစ်ပြီး ယောရောဂါအတွက် သွေးထဲတွင် အဖြေမရှိပါ။
သို့သော ်ယော ရောဂါသည် ဆစ်ဖလစ်ရောဂါနှင့် ဆက်နွယ်နေနေသည့်အတွက် သွေးထဲတွင် ရှိနေနိုင်သော ယောနှင့် ဆက်နွယ်နေမည့်ပိုးများကို ရှာဖွေခြင်းဖြစ်သည်။
ယောရောဂါကို ပင်နီဆလင်ဆေးကို တကြိမ်ထိုးခြင်းဖြင့် ကုသနိုင်သည်။ ဆေးပမာဏသည် ရောဂါဖြစ်သူ၏ အသက်အရွယ် အပေါ်မူတည်ပြီး ကွာခြားမှုရှိနိင်သည်။ ပင်နီဆလင်နှင့် ဓါတ်မတည့်သူဖြစ်ပါက azithromycin, tetracycline, or doxycycline စသည့်ဆေးများဖြင့် ကုသနိုင်သည်။
ဆေးမကုဘဲထားလျှင် ရောဂါဖြစ်ပြီး ၆ လခန့်တွင် အနာကျက်သွားပေလိမ့်မည်။ ဒုတိယအဆင့် နှင့် နှောင်းပိုင်းအဆင့်များတွင် အနီကွက်များဖြစ်ခြင်း၊ အနာဖေးများဖြစ်ခြင်းတို့ဖြစ်လာမည်ဖြစ်ပြီး မကုဘဲထားလျှင် နောင်နှစ်ပေါင်းများစွာကြာလျှင် အနာများ ထပ်ဖြစ်နိုင်ပါသည်။
သင်သည် ယောရောဂါရှိသူနှင့် ထိတွေ့ခဲ့ပါက သင့်ဆရာဝန်နှင့် တိုင်ပင်ကာ ရောဂါကို ကာကွယ်ရန် ပင်နီဆလင် သိုကမဟုတ် အခြားသော ပိုးသတ်ဆေးများ ထိုးပါ။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် ယော အနာရောဂါဖြစ်သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။
အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။
သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။