ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ

ခိုဆိုတာ မြန်မာနိုင်ငံရဲ့  နေရာတော်တော်များများမှာ တွေ့နိုင်တဲ့ ငှက်အမျိုးအစားပါ။ ဒီမှာက ခိုစာကျွေးတဲ့အလေ့အထရှိတဲ့အပြင် အိမ်နေမှာပါ ပေးနေကြတာကြောင့် လူတွေနဲ့ တော်တော်ကြီး နီးနီးကပ်ကပ်ကို ရှိနေတာပါ။ ဒါပေမဲ့ ဒီခိုတွေက လူတွေကိုတော့ ကောင်းကျိုးမပေးပါဘူး။ ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ က လူတွေကို အသက်အန္တရာယ်ဖြစ်စေသည်အထိ ပြင်းထန်ပါတယ်။ ခိုကနေ ရောဂါတွေ ဘယ်လိုကူးသလဲ ခိုချေးတွေကို ရှူမိရာကနေတဆင့် ကူးတာပါ။ လတ်လတ်ဆတ်ဆတ် ချေးတွေထက်စာရင် ခြောက်သွားတဲ့အခါ အမှုန်အမွှားတွေ ဖြစ်ပြီး ဒါကို ရှူမိရင် အဆုတ်ထဲရောက်ပြီး ကူးစက်တတ်ပါတယ်။ အဲ့ကနေမှ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်သွားပြီး ရောဂါဖြစ်စေပါတယ်။ ခိုတွေနဲ့ အနီးကပ်နေတဲ့သူတွေမှာ ဖြစ်နိုင်ခြေ များပါတယ်။ အထူးသဖြင့် ခုခံအားကျတဲ့သူဆိုရင် ပိုသတိထားသင့်ပါတယ်။။ သာမန်လူတွေမှာ ရောဂါဖြစ်နိုင်ခြေ နည်းပေမဲ့ ခုခံအားကျနေရင်တော့ ကူးစက်လွယ်ပါတယ်။ ဥပမာ HIV/ AIDS […]

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

အစားအသောက်မှကူးစက်သောရောဂါများ

E. Coli Infection (E.coli ဝမ်းရောဂါပိုးဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်E. Coli Infection (E.coli ဝမ်းရောဂါပိုးဝင်ခြင်း) ကဘာလဲ။ E.coli (အီးကိုလိုင်) လို့ခေါ်တဲ့ ဘတ်တီးရီးယား ပိုးဟာ လူနဲ့ တိရိစ္ဆာန်တို့ရဲ့ အူလမ်းကြောင်းမှာ သဘာဝအတိုင်း နေထိုင်နေကြပါတယ်။ E.coli ပိုးအများစုဟာ အပျော့စားဝမ်းလျှောခြင်းကိုသာဖြစ်စေနိုင်သော်လည်း အချို့သော အမျိုးအစားတွေဖြစ်တဲ့ E.coliO157:H7 ဆိုတဲ့ ပိုးကတော့ ဆိုးရွားတဲ့ အူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ခြင်းကို ဖြစ်စေပြီး ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း နှင့် ဖျားနာခြင်းကို ဖြစ်စေပါတယ်။ E.coli ပိုးဝင်ခြင်းဟာ မသန့်သောရေ သို့မဟုတ်အစာ အထူးသဖြင့် အသီးအရွက်များကို အစိမ်းအတိုင်း စားခြင်းနှင့် သေချာကျက်အောင် မချက်ထားသော အမဲသားစတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ကျန်းမာတဲ့ အရွယ်ရောက်ပြီး သူတွေကတော့ E.coli O157:H7 ပိုးဝင်လာလျှင် တစ်ပတ်အတွင်း ရောဂါသက်သာသွားလေ့ရှိပါတယ်။ သို့သော် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ […]


သွေးလွန်တုပ်ကွေး

Dengue Fever (သွေးလွန်တုပ်ကွေး)

အဓိပ္ပာယ်ဖွင့်ဆိုချက် Dengue Fever (သွေးလွန်တုပ်ကွေး) ဆိုတာ ဘာလဲ။ သွေးလွန်တုပ်ကွေး ဆိုတာ ခြင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုး လေးမျိုးကြောင့် ဖြစ်ပွားပါတယ်။ ဒီရောဂါက တခါတရံ ပြင်းထန်တဲ့ အဆစ်နဲ့ ကြွက်သားနာကျင်မှုတွေ ဖြစ်ပွားစေပြီး အရိုးကျိုးသလို ခံစားရတာမို့ break bone fever လို့လဲ ခေါ်ပါတယ်။ သွေးလွန်တုပ်ကွေး ရောဂါအပျော့စားတွေမှာ အဖျားတက်ခြင်း၊ အနီကွက်ထခြင်း၊ ကြွက်သားနဲ့ အဆစ်နာကျင်ခြင်းတွေကို ဖြစ်စေပါတယ်။ ပြင်းထန်တဲ့ သွေးလွန်တုပ်ကွေးရောဂါကိုတော့ dengue hemorrhagic fever လို့ခေါ်ပြီး သူဟာ ခန္ဓာကိုယ်တွင်း သွေးထွက်ခြင်း၊ သွေးပေါင်ရုတ်တရက်ကျခြင်း (ရှော့ခ် ရခြင်း) နဲ့ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ Dengue Fever (သွေးလွန်တုပ်ကွေး) က ဘယ်လောက်အဖြစ်များသလဲ တစ်နှစ်တစ်နှစ်ကို သန်းပေါင်းများစွာသော သွေးလွန်တုပ်ကွေးရောဂါရှင်တွေဟာ ကမ္ဘာအနှံ့အပြားမှာ တည်ရှိပါတယ်။ […]


တိုက်ဖွိုက် (အူရောင်ငန်းဖျား)

Typhoid Fever (အူရောင်ငန်းဖျားရောဂါ)

အူရောင်ငန်းဖျားရောဂါ ဆိုတာ Salmonella typhi (သို့) Salmonella paratyphi ဘက်တီးရီးယားကြောင့်ဖြစ်သော ဖျားနာခြင်း ၊ နာမကျန်းဖြစ်ခြင်းကို ဆိုလိုပါတယ်။ ပိုးရှိသူထိတွေ့ထားသော အစားအစာနဲ့ ရေတွေမှာ အထက်ပါ ဘက်တီးရီးယားများကို တွေ့နိုင်ပြီး အခြားသောလူများကို ကူးစက်နိုင်ပါတယ်။ အူရောင်ငန်းဖျားရောဂါ က ဘယ်လောက်အဖြစ်များသလဲ အူရောင်ငန်းဖျားရောဂါ က ဖွံ့ဖြိုးဆဲ တိုင်းပြည်များ (အထူးသဖြင့် ကလေးများ) တွင် အဖြစ်များပါတယ်။ ကလေးတွေမှာ အဖြစ်များသော်လည်း အသက်အရွယ်မရွေး ကူးစက်ခံရနိုင်ခြေရှိပါတယ်။ အူရောင်ငန်းဖျားရောဂါရဲ့လက္ခဏာတွေကဘာတွေလဲ ရောဂါကူးစက်ခံရပြီး ၁ပတ်ကနေ ၃ပတ်အတွင်း အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ • ဖျားခြင်း • အဖျားက နေ့စဉ် တက်တက်လာခြင်း၊ 104.9 F ( 40.5 C) ထိ တက်နိုင်ပါတယ် • ခေါင်းကိုက်ခြင်း • အားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း • ကိုယ်လက် ကိုက်ခဲခြင်း • […]


ကိုရိုနာဗိုင်းရပ်စ်

Sars (Severe Acute Respiratory Syndrome) (ဆားစ် ပြင်းထန်အဆုတ်ရောင်ရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Sars (Severe Acute Respiratory Syndrome) (ဆားစ် ပြင်းထန်အဆုတ်ရောင်ရောဂါ ) ကဘာလဲ။ SARS သည် နမိုးနီယား ပုံစံတစ်မျိုးဖြစ်သော ပြင်းထန်သောအဆုတ်ရောင်ရောဂါလက္ခဏာစု ဖြစ်သည်။ ထိုရောဂါသည် ၂၀၀၂ ခုနှစ်တွင် တရုတ်နိုင်ငံတွင် ပထမဆုံးစတင်ဖြစ်ပွားခဲ့သည်။ လအနည်းငယ်အတွင်းတွင် ကမ္ဘာလှည့် ခရီးသွားများ နှင့် အခြားနိုင်ငံများသို့ သွားရောက်သော တရုတ်လူမျိုးများကြောင့် တစ်ကမ္ဘာလုံးတွင် ၂၉ နိုင်ငံအထိ ထိုရောဂါပျံ့နှံ့သွားခဲ့သည်။ ရောဂါဖြစ်သူ ၁၀ ယောက်တွင် ၉ ယောက် သည် ပြန်လည်ကောင်းလာနိုင်သော်လည်း မကုသပါက အသက်သေဆုံးနိုင်ပါသည်။ ထို့ကြောင့် အာဏာပိုင်များမှ ရောဂါပျံ့ပွားခြင်းကို ကာကွယ်ရန် စစ်ဆေးခြင်း၊ ကာကွယ်ခြင်း၊ ရောဂါလက္ခဏာများခွဲခြားခြင်း၊ ရောဂါကို အမည်တပ်နိုင်မည့်နည်းလမ်းများရှာဖွေခြင်း၊ လူနာများအား သီးသန့်ထားခြင်း တို့ကို လျင်မြန်စွာပြုလုပ်ရသည်။ ၂၀၀၃ ခုနှစ် ဇူလိုင်လတွင် ရောဂါပျံ့နှံ့ ကူးစက်ခြင်းရပ်တန့်သွားပြီး […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Chickenpox (ရေကျောက် ရောဂါ)

Chickenpox (ရေကျောက် ရောဂါ) အကြောင်း လေ့လာလိုက်ရအောင်နော်။ အဓိပ္ပါယ်ဖွင့်ဆိုချက် Chickenpox (ရေကျောက် ရောဂါ) ကဘာလဲ။ ရေကျောက် ဆိုသည်မှာ မျက်နှာ နှင့်ခန္ဓါပေါ်ရှိ အရေပြားနှင့် နံရံအမြှေးပါးတို့တွင် အဖုအပိန့်ထွက်၍ varicella zoster ဗိုင်းရပ်စ် ကြောင့်ဖြစ်သည့်ရောဂါတစ်မျိုးဖြစ်သည်။ ရေကျောက် ခုခံအားမရထားသူ (မပေါက်ဘူးသူ)နှင့် ရေကျောက် ကာကွယ်ဆေး မထိုးထားသူတို့တွင်ပို၍ကူးစက်နိုင်သည်။ ထိုဗိုင်းရပ်စ်သည် ကလေးများတွင် ရေကျောက် ဖြစ်စေတတ်သလိုပင် လူကြီးများတွင်လည်း ရေယုန်ဟူ၍ဖြစ်စေတတ်သေးသည်။ လူကြီးရေယုန်ဖြစ်ပါက ထိုအဖုအပိန့်များသည် အလွန်နာကျင်တတ်ကာ ဆိုးရွားသော နောက်ဆက်တွဲများ ဖြစ်နိုင်ပါသည်။ Chickenpox (ရေကျောက် ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ရေကျောက်သည် အသက်အရွယ်အပိုင်းအခြားမရွေး ကူးစက်နိုင်သောရောဂါဖြစ်ကာ ၁၅ နှစ်အောက် အရွယ်များတွင် ပို၍ဖြစ်တတ်သည်။ ကလေးများ ၊ကိုယ်ဝန်ဆောင်မိခင်များ ၊သက်ကြီးရွယ်အိုများတွင်လည်း အဖြစ်များတတ်သည်။ ထိုကြောင့်ကာကွယ်ဆေးထိုးခြင်းဖြင့် ရေကျောက်ရောဂါ ကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်သလို၊ ရေကျောက်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကိုပါကြိုတင်ကာကွယ်နိုင်သည်။ လက္ခဏာများ Chickenpox (ရေကျောက် ရောဂါ)ရဲ့လက္ခဏာတွေကဘာတွေလဲ ရေကျောက်ဗိုင်းရပ်စ်သည်ကူးစက်ခံရပြီး ၇ […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

Toxic Shock Syndrome (ဘက်တီးရီးယားပိုးဝင် သွေးဆိပ်သင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Toxic Shock Syndrome (ဘက်တီးရီးယားပိုးဝင် သွေးဆိပ်သင့်ခြင်း) ကဘာလဲ။ သင်ဟာ မီးယပ်သွေးပေါ်နေပြီဖြစ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေလျှင် Toxic shock syndrome(TSS) ဆိုတဲ့ tampon တွေသုံးခြင်းနှင့် ဆက်နွယ်နေတဲ့ အန္တရာယ်များတဲ့ ရောဂါဆိုးနဲ့ ပတ်သက်တဲ့ ကြောက်မက်ဖွယ် ပုံပြင်တွေကို ကြားဖူးမှာပါ။ ဒါဟာ ဘာဖြစ်လို့လဲ ဆိုလျှင် ဒီရောဂါရဲ့ အစောပိုင်းဖြစ်စဉ်က ၁၉၇၀ နောက်ပိုင်းမှာ ဖြစ်ခဲ့ပြီး စုပ်အားကောင်းတဲ့ tampon တွေနဲ့ ဆက်နွယ်နေခဲ့ပါတယ်။ အဲ့နောက်ပိုင်းမှာ သုတေသနတွေ လုပ်ပြီး ပို ကောင်းတဲ့ tampon တွေနဲ့ ပိုကောင်းတဲ့ အလေ့အထတွေ – tampon များ မကြာခဏလဲခြင်း တို့ကို ပြုလုပ်လာကြပါတယ်။ TSS ရောဂါဖြစ်စဉ်တွေက တဖြည်းဖြည်းနဲ့ လျော့ကျလာခဲ့ပါတယ်။ ယနေ့မှာတော့ TSS ဖြစ်စဉ်အားလုံးရဲ့ တစ်ဝက်လောက်က မီးယပ်သွေးပေါ်ခြင်းနှင့် […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

Mrsa (Methicillin-Resistant Staphylococcus Aureus) (ဆေးမတိုးသော Staphyloccus ဘက်တီးရီးယားပိုး ကူးစက်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Mrsa (Methicillin-Resistant Staphylococcus Aureus) (ဆေးမတိုးသော Staphyloccus ဘက်တီးရီးယားပိုး ကူးစက်ရောဂါ) ကဘာလဲ။ MRSA ဆိုတာ methicillin-resistant Staphylococcus aureus ကို အတိုကောက်ခေါ်တာဖြစ်ပါတယ်။ MRSA ဆိုတာ staph ဆိုတဲ့ ပိုးမွှားက သူ့ကို သေစေတဲ့ ပဋိဇီဝဆေးတွေကို ခံနိုင်ရည် ရှိနေပြီး ရောဂါမသက်သာစေတာကို ခေါ်ပါတယ်။ MRSA က ခန္ဒါကိုယ်တွင်း ထိုးဖောက်ဝင်နိုင်ပြီး ကူးစက်ရောဂါတွေဖြစ်တဲ့ အရိုး၊ အဆစ်၊ သွေး၊ နှလုံးအဆို့ရှင်များ နှင့် အဆုတ်ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ အချိန်မှီ မကုနိုင်လျှင် သေတဲ့ အထိဖြစ်နိုင်ပါတယ်။ MRSA ရောဂါက သင့်ရဲ့ အရေပြားကို အဓိကပြန့်နှံ့ပြီး တခါတရံမှာ နာကျင်တဲ့ အရေပြားရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ MRSA ကို Hospital Acquired-HA-MRSA […]


အစားအသောက်မှကူးစက်သောရောဂါများ

Salmonellosis (အစာအိမ်အူလမ်းကြောင်းပိုးဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Salmonellosis (အစာအိမ်အူလမ်းကြောင်းပိုးဝင်ခြင်း) ကဘာလဲ။ salmonellosis ဆိုတာဘာလဲ။ Salmonellosis ဆိုတာ အစာအိမ်နှင့် အူလမ်းကြောင်းတွင် salmonella ဘက်တီးရီးယားရောဂါ ဝင်ရောက်ကူးစက်ခြင်းကို ခေါ်ပါတယ်။ ဒီရောဂါက အစာအိမ်ရောင်ရောဂါနဲ့ ဆင်တူပါတယ်။ သိပ်မပြင်းထန်တဲ့ လူနာတော်တော်များများကတော့ ၄ ရက်ကနေ ၇ ရက်အတွင်း ဘာကုသမှုမှ မပါပဲ ပျောက်ကင်းတတ်ကြပါတယ်။ ရောဂါ ပြန့်ပွားမှုကတော့ လူတွေ ရောဂါရှိတဲ့ အစားအစာကို စားမိပြီးလျှင် ဖြစ်တတ်ပါတယ်။(စားသောက်ဆိုင်တစ်ဆိုင်ထဲမှာ စားမိခြင်း) တချို့ ဝမ်းလျှောရောဂါ အခြေအနေဆိုးတဲ့ သူတွေကတော့ ဆေးရုံတက်ပြီး ဓါတ်ဆားရည်နှင့် ပဋိဇီဝဆေးရည်များ သွင်းရပါတယ်။ Salmonellosis (အစာအိမ်အူလမ်းကြောင်းပိုးဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ salmonellosis ရောဂါသည်တော်တော်များများက ဆင်းရဲတဲ့ ပတ်ဝန်းကျင်၊ လေထုညစ်ညမ်းမှု၊ မသန့်ရှင်းမှု နှင့် ဘက်တီးရီးယားရောဂါများတဲ့ နေရာတွေမှာ နေထိုင်နေကြသူများ ဖြစ်ကြပါတယ်။ ထို့ပြင် သင်က ရောဂါရှိတဲ့ […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

Clostridium Difficile Infections ()

အဓိပ္ပါယ်ဖွင့်ဆိုချက်Clostridium Difficile Infections ကဘာလဲ။ Clostridium difficle (သို့မဟုတ် C.diff) ဟုခေါ်သော ဘတ်တီးရီးယားသည် ဝမ်းလျှောခြင်း စသော မပြင်းထန် သော ဖျားနာခြင်းမှ အသက်အန္တရာယ်စိုးရိမ်ရသော အူမကြီး ရောင်ခြင်းအထိ ဖြစ်စေပါသည်။ ရောဂါပိုးကူးစက်မှုသည် ပဋိ ဇီဝဆေးများ အသုံးပြုပြီးနောက် ဖြစ်ပွားလေ့ရှိပြီး ဆေးရုံ တက်နေသော လူများတွင် အဖြစ်များပါသည်။ Clostridium Difficile Infections က ဘယ်လောက်အဖြစ်များသလဲ Clostridium difficle infection သည် အသက် ၆၅နှစ် ကျော်သူများ နှင့် ဆေးရုံ၊ ရက်ရှည် စောင့်ရှောက်မှုနေရာများ တွင် နေသောသူများတွင် ပို၍ အဖြစ်များပါသည်။ သို့သော် လည်း ကျန်းမာသော လူများတွင်လည်း ရက်ရှည် ပဋိဇီဝဆေး သောက်ပြီးနောက် ကူးစက်ခံရနိုင်ပါသည်။ လက္ခဏာများClostridium Difficile Infections […]


အစားအသောက်မှကူးစက်သောရောဂါများ

Listeriosis (လစ်စတီရီရိုးစစ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Listeriosis (လစ်စတီရီရိုးစစ်) ကဘာလဲ။ Listeriosisဆိုသည်မှာဘတ်တီးရီးယားများဖြင့် ညစ် ညမ်းနေသောအစာများကိုစားခြင်းကြောင့် ဖြစ်ပွားသောပြင်းထန်သောရောဂါကူးစက်မှုတစ်မျိုး ဖြစ်ပါသည်။ ထိုဘတ်တီးရီးယားသည် မကျက်တကျက် ချက်ထားသောအသား နှင့် နို့ထွက်ပစ္စည်းများတွင် တွေ့ရလေ့ရှိပါသည်။ Listeriosisသည် ပြင်းထန်သောကူးစက်ရောဂါ တစ်မျိုး ဖြစ် သော်လည်းအဖြစ်မများပါ။ Listeriosis (လစ်စတီရီရိုးစစ်) က ဘယ်လောက်အဖြစ်များသလဲ မည်သူမဆို ဖြစ်နိုင်ပါသည်။ သို့သော်လည်းကိုယ်ဝန် ဆောင် အမျိုးသမီးများ၊ သန္ဓေသားစသည်တို့တွင် ဖြစ်နိုင်ချေ ပိုမြင့်ပါသည်။ Listeriosisသည် လမစေ့ဘဲမွေး ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ မွေးဖွားပြီးမကြာမီပင် ကလေးသေဆုံးခြင်းတို့ကို ဖြစ်စေပါသည်။ မမွေးဖွားခင် ရောဂါကူးစက်ခံရပါကကလေးငယ်များသည် ပြင်းထန်စွာဖျားနာခြင်း ဖြစ်လာနိုင်ပါသည်။ ကိုယ်ခံအားစနစ် အားနည်းသောသူများသည် လည်းရောဂါဖြစ်နိုင်ပါသည်။ ဥပမာ- ကင်ဆာရှိသူများ၊ AIDS ၊ ကိုယ်အင်္ဂါအစားထိုးခြင်း နှင့် အသက်ကြီးသူများ လက္ခဏာများListeriosis (လစ်စတီရီရိုးစစ်) ရဲ့လက္ခဏာတွေကဘာတွေလဲ အချို့လူများတွင် အဖျားတက်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှော ခြင်း […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်