home

တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

ကိုယ်လက်ရှိရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေ၊ ကပ်ဘေးတွေကြောင့် စိတ်တွေညစ်လိုက်တာ၊ စိတ်တွေပင်ပန်းလိုက်တာဆိုပြီး နေ့စဉ်ရက်ဆက် ပိုသောက်မိနေပြီလား ။ စိတ်ပင်ပန်းမှုကို ယမကာလေးနဲ့ ဖြေဖျောက်ချင်တတ်ကြတာ သဘာဝမဟုတ်လား။ နိုင်ငံတကာ လေ့လာချက်တွေအရလည်း ခုလို ကိုဗစ်ကပ်ဘေးအပါအဝင် အကျပ်အတည်းပေါင်း သောင်းခြောက်ထောင် ရင်ဆိုင်နေရတဲ့ကာလမှာ လူအများစုရဲ့ အရက်သေစာမှီဝဲနှုန်းဟာ ပုံမှန်ထက်ပိုမို မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။ အကျပ်အတည်းကာလမှာ အလုပ်လက်မဲ့ဖြစ်သွားလို့၊ အိမ်ထဲကအိမ်ပြင်မထွက်ရလို့၊ ဝင်ငွေထိခိုက်သွားလို့၊ ချစ်ခင်ရသူတွေ ဆုံးရှုံးသွားလို့ စတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ အရွယ်ရောက်ပြီး အမျိုးသားတွေရဲ့ အရက်သေစာမှီဝဲနှုန်းဟာ ယခင်ကထက်ပိုပြီး မြင့်တက်လာနေတာပါ။   ပိုသောက်မိနေပြီလား Lockdown ကာလတွေစတင်ချိန်ကတည်းက အိမ်ထောင်ဦးစီးအမျိုးသားတွေဟာ သူတို့ရဲ့ စိတ်ပင်ပန်းနေမှုတွေ၊ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ အရက်ကို ပိုမှီဝဲလာကြပါတယ်။ အများစုဟာ နေ့စဉ်ရက်ဆက် သောက်သုံးလာကြတယ်လို့ အရီဇိုးနားတက္ကသိုလ်က ပြုလုပ်တဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အထူးသဖြင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားတွေမှာ အရက်သောက်သုံးမှုနှုန်း ပိုမိုမြင့်တက်လာနေပြီး […]

အမေးအဖြေကဏ္ဍ

တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

ကိုယ်နေ့စဉ် ထိတွေ့ ကိုင်တွယ်နေတဲ့ အရာဝတ္ထုတွေ၊ ကိုယ့်အနီးအနားက ဝတ္ထုပစ္စည်းတွေမှာ ရောဂါပိုးမွှားတွေ တပြုံတခေါင်းကြီး ကပ်ငြိနေလိမ့်မယ်လို့ တွေးထင်မိဖူးသလား။ တကယ်တမ်းတော့ မိမိနဲ့ အနီးကပ်ဆုံးပစ္စည်းတစ်ချို့ဟာ ရောဂါပိုးမွှားတွေ ပျော်ပါးပေါက်ပွားရာ အန္တရာယ်အများဆုံးသော အရာတွေဖြစ်နေတတ်ပါတယ်။ တချို့အရာတွေဟာဆိုရင် ကိုယ့်လက်ထဲမှာ တစ်နေကုန်နီးပါးရှိနေတတ်တာမျိုးတွေပါ။ ဟိုပိုး ဒီပိုးတွေ သိပ်ပေါများပြီး ခပ်ဆန်းဆန်းရောဂါတွေလည်း မကြာခဏပေါ်ထွက်လာနေတတ်တဲ့ ဒီခေတ်ကြီးထဲမှာ ကိုယ့်အနီးနားက ပိုးမွှားတွေရဲ့ ဌာနချုပ်တွေကိုလည်း သိထားဖို့ လိုအပ်ပါတယ်။ ဒါမှလည်း သန့်စင်အောင် သန့်ရှင်နိုင်မှာမဟုတ်လား။ ကိုယ့်အနီးနားက ရောဂါပိုးမွှားတွေ အခြေကုပ်ယူတပ်စွဲထားတဲ့ ပစ္စည်းတွေက ဘာတွေလဲဆိုတာ ကြည့်ရအောင် … မိုဘိုင်းလ်ဖုန်း သုတေသနပြုချက်တွေအရဆိုရင်တော့ မိုဘိုင်းလ်ဖုန်းတွေရဲ့ မျက်နှာပြင်ပေါ်မှာ ရှိနေတဲ့ ပိုးမွှားအရေအတွက်ဟာ အိမ်သာကမုတ်က ပမာဏထက် ၁၀ ဆ ပိုများပါတယ်တဲ့။ ကဲ ကိုယ့်ရဲ့ ဖုန်းလှလှလေးကို သန့်ရှင်းဖို့ ဘယ်လောက်တောင် လိုအပ်နေပြီလဲဆိုတာကို နားလည်လောက်ကြမယ်ထင်ပါတယ်နော်။ ရီမု(တ်) ကွန်ထရိုးလ် တီဗီတွေ၊ […]

တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

အသည်းရောင်အသားဝါ စီပိုးဟာ ကူးစက်ပျံ့နှံ့လွယ်တဲ့ ဗိုင်းရပ်စ်တစ်ခုဖြစ်ပြီး  လူတစ်ယောက်ကနေ တစ်ယောက်ကို သွေးကတဆင့် အဓိက ကူးစက်ပါတယ်။ ဒါ့အပြင် အသည်းရောင်အသားဝါစီပိုးက ပတ်ဝန်းကျင် အခြေအနေအမျိုးမျိုးပေါ် မူတည်ပြီး ခန္ဓာကိုယ်အပြင်ဘက်မှာ ရှင်သန်နိုင်ချိန် ကွဲပြားပါသေးတယ်။ ၂၀၁၃ ခုနှစ် တုန်းကပြုလုပ်ခဲ့တဲ့ လေ့လာမှုအရတော့ အသည်းရောင်အသားဝါစီပိုးက ပတ်ဝန်းကျင်အပူချိန် အပူချိန် ၃၉.၂ ဒီဂရီဖာရင်ဟိုက် (၄ ဒီဂရီစင်တီဂရိတ်) နဲ့ ၇၁.၆ ဒီဂရီဖာရင်ဟိုက် (၂၂ ဒီဂရီစင်တီဂရိတ်) အတွင်းမှာ ၆ နာရီအထိ ရှင်သန်နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဗိုင်းရပ်စ်ပိုးရှိနေတဲ့သွေးဟာ အရာဝတ္ထု မျက်နှာပြင်တွေ (ဥပမာ - စားပွဲ၊ ထိုင်ခုံ) ပေါ်မှာ ပေကျံနေမယ်ဆိုရင်လည်း သွေးနဲ့ထိတွေ့မိသူကို ရောဂါကူးစက်နိုင်ပါတယ်။ သွေးပမာဏများလေ ကူးစက်နိုင်ချေ မြင့်လေပါပဲ။ ဒီလိုကူးစက်မှုကို အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်ဖို့အတွက် ထိတွေ့ကိုင်တွယ်မယ့် […]

တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

ဆေးရုံ က ကူးတဲ့ ရောဂါကို ဆေးပညာအရ nosocomial infectionလို့ ခေါ်ပါတယ်။ Health-care associated infections ဒါမှမဟုတ် hospital-acquired infectionsလို့လဲ ခေါ်ပါတယ်။ ဒီလို ရောဂါမျိုးက ဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ အတွေ့ရများပါတယ်။ နောက်ပြီး ဒီရောဂါက လူနာကို အထိအခိုက်များစေသလို အသေအပျောက်များစေပါတယ်။ ဆေးရုံမှာ တွေ့ရတဲ့ ပိုးတွေက ပိုပြီး ပြင်းထန်ပြီး ဆေးယဉ်ပါးနေသလို ဆေးရုံက ကူးတဲ့ ရောဂါတွေကလည်း ပိုပြီးများလာပါတယ်။ ကံကောင်းတာက ဒီရောဂါတွေက ကာကွယ်လို့ရနေတာပါပဲ။ ဒီရောဂါပိုးကို ဘယ်သူတွေ ပိုကူးစက်နိုင်လဲ။ဘယ်လို ကာကွယ်လို့ရသလဲဆိုတာ ဆက်ပြီး ပြောပြပေးပါမယ်။ ဆေးရုံ က ကူးတဲ့ ရောဂါပိုးရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ရောဂါပိုးတစ်ခုက ဆေးရုံက ကူးတယ်လို့ ပြောဖို့အတွက် ဆေးရုံတက်ပြီး ၄၈နာရီ အတွင်း ဖြစ်ရမယ်။ […]

တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

မြို့ပြတွေမှာ နိစ္စဓူဝ စီးနင်းနေကြတဲ့ YBS လိုမျိုး အဲကွန်းဘတ်စ်တွေဟာ လူတွေအတွက် အလွန်အထောက်အကူပြုပါတယ်။ ဒါပေမယ့် YBS အဲကွန်းဘတ်စ်တွေပေါ်က များပြားလှတဲ့ ခရီးသည် တွေမှာကူးစက်နိုင်တဲ့ရောဂါပိုးတွေရှိနေနိုင်ပါတယ်။ ယနေ့လိုမျိုး အခြေအနေမှာပိုဆိုးပါတယ်။ ဝူဟန်ဗိုင်းရပ်စ်လိုကပ်ရောဂါကြီးတွေဟာလည်း YBS လိုလူများတဲ့ အဲကွန်းကားတွေပေါ်ကနေကူးစက် နိုင်ဖို့ ရာခိုင်နှုန်းများပါတယ်။ ရာသီတုပ်ကွေး၊ တီဘီရောဂါနဲ့ဦးနှောက်ရောင် ရောဂါလိုမျိုး အသက် ရှူလမ်းကြောင်းက တစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါတွေလည်း ဖြစ်ပွားနိုင်ပါသေးတယ်။ ဒါကြောင့် YBS စီးရင်ကူးစက်လာမယ့် ရောဂါတွေကို ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ (၁)  လက်အိတ်ဝတ်ပါ အချိန်နဲ့အမျှအဲကွန်းဖွင့်ထားတဲ့ YBS လိုဘတ်စ်ကားမျိုးပေါ်မှာ လက်အိတ်ဝတ်ခြင်းဟာ အဆင် ပြေနိုင်မယ့်အကြံတစ်ခုပါ။ ရာသီဉတုပူရင်ဖြစ်စေ၊ အေးရင်ဖြစ်စေ အဆင်ပြေနေမှာပါ။ အခုလို ဆောင်းရာသီမျိုးမှာဆိုပိုလို့တောင်ကောင်းပါသေးတယ်။ ခုံရဲ့တိုင်တွေ၊ ခုံရဲ့လက်တန်းတွေနဲ့ လက်ဆွဲ တန်းတွေမှာရှိတဲ့ ရောဂါပိုးမွှားတွေဟာ သင့်အရေပြားကို တိုက်ရိုက်မထိတွေ့နိုင်တော့ပါဘူး။ ဒါပေမယ့် အဲ့ဒီလက်အိတ်နဲ့တော့ သင့်မျက်နှာကို […]

တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

ခုတလော ရောဂါတွေက ဆန်းပြားလာသလို ပြင်းထန်လာကြပါတယ်။ တိုးတက်လာမှုနဲ့အတူ ရောဂါကူးစက်ခံရနိုင်ခြေတွေကလည်း တော်တော်လေး များလာပါတယ်။ အခုတလော လူတွေကြားမှာ စိုးရိမ်ထိတ်လန့်မှုကိုဖြစ်စေတဲ့ coronavirus (Covid-19) ကလည်း တစ်ခုအပါအဝင်ပေါ့။ ဒီတော့ နေ့စဉ် အမှုမဲ့အမှတ်မဲ့လုပ်မိနေတဲ့ အပြုအမူတွေကြောင့် Covid-19 အပါအဝင် အခြား ကူးစက်ရောဂါတွေ မခံစားရစေဖို့ ဒီဆောင်းပါးလေးကနေ သတိပေးပါရစေ။ ကူးစက်ရောဂါပိုးတွေ ဘယ်လို ကူးစက်ကြသလဲ.......... ကူးစက်ရောဂါတွေက အမျိုးမျိုးရှိသလို ကူးစက်တဲ့ပုံစံကလည်း အဖုံဖုံပါ။ လေထဲကနေတဆင့်ကူးတာ၊ ရောဂါပိုးရှိနေသူတွေရဲ့ နှာရည်၊တံထွေး စတာတွေကနေ ကူးစက်တာ၊ ရောဂါပိုးရှိသူရဲ့ ချွေး၊ သွေး နဲ့ ခန္ဓာကိုယ်ကနေ ထွက်တဲ့ အရည်တွေကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ ဒီတော့ ကိုယ်တွင်းကို ရောဂါပိုးတွေ မကူးစက်စေဖို့ဆိုရင် ကိုယ်တိုင်က သေချာလေး ကာကွယ်မှုတွေလုပ်ဖို့လိုပါမယ်။ ရောဂါပိုးတွေ ကူးစက်နိုင်တဲ့ အခြေအနေတွေက ဘာတွေများလဲ............. နေ့စဉ် လှုပ်ရှားသွားလာနေမှုတွေအတွင်း […]

တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

မင်္ဂလာပါ ‌ဟယ်လိုဆရာဝန် စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခေါက် တင်ပြပေးမယ့် အကြောင်းအရာကတော့ Leptospirosisလို့ ခေါ်တဲ့ ကြွက်သေးပန်းရောဂါအကြောင်း ဖြစ်ပါတယ် ။ မှန်ပါတယ် ဒီရောဂါက အဖြစ်နည်းသေးတဲ့ရောဂါ တစ်ခုဖြစ်တဲ့အတွက် လူတော်တော်များများ ကြားဖူးကြမှာ မဟုတ်ပါဘူး။ ဒီရောဂါရဲ့ မူလအစကတော့ တိရစ္ဆာန်တွေမှာ မြစ်ဖျားခံပါတယ်။ တိရစ္ဆာန်တွေရဲ့ဆီး (အထူးသဖြင့် ကြွက်သေး) ကတဆင့် ကူးစက်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ် ။ ကြွက်နဲ့ အခြားသော တိရစ္ဆာန်တွေရဲ့ ဆီးကို ထိတွေ့မိတဲ့အရေပြားမှာ အပေါက်အပြဲတွေ ရှိရင် ပိုပြီး ကူးစက်လွယ်ပါတယ် ။ အများအားဖြင့် ကြွက်သေးတွေက ရေထဲမှာပါလာတတ်ပြီး ရေဆိုးရေညစ်တွေနဲ့ အမြဲလိုလိုထိတွေ့နေရတဲ့  မိုင်းလုပ်သားများ ၊ စည်ပင်လုပ်သားများ ၊ စစ်သားများ ၊ လယ်သမားတွေမှာ ပိုပြီး ဖြစ်နိုင်ချေ များပါတယ်။ တိရစ္ဆာန် […]

တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

ဝိုင်းလ်ရောဂါ ဆိုတာဘာလဲ။ ဝိုင်းလ်ရောဂါဆိုတာ လပ်တိုစပိုင်ရိုးစစ်ရောဂါရဲ့ ပြင်းထန်အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ ဘက်တီးရီယားရောဂါတစ်မျိုးပါ။ လပ်တိုစပိုင်ရာ ဘက်တီးရီးယားတွေကြောင့်ဖြစ်ရတာပါ။ ဘက်တီးရီးယားကူစက်ခံထားရသော တိရိစ္ဆာန်တို့၏ သွေး၊ ဆီးနဲ့ တစ်ရှုးတို့ဖြင့် ထိတွေ့မိမယ်ဆိုရင် ထိုရောဂါရရှိလာနိုင်ပါတယ်။ အောက်ပါတိရိစ္ဆာန်များ ဖြစ်နိုင်ပါတယ်။ ကျွဲ၊နွား ဝက် ခွေး ကြွက် ရောဂါပိုးကူးစက်ခံထားရတဲ့ ရေ၊မြေတို့ဖြင့် ထိတွေ့မိခြင်းဖြင့်လည်း ရရှိနိုင်ပါတယ်။ လပ်တိုစပိုင်ရိုးစစ်က ခေါင်းကိုက်ခြင်း၊ ချမ်းတုန်ခြင်းလိုမျိုး တုပ်ကွေးအပျော့စားလက္ခဏာတွေနဲ့ ဆင်တူပါတယ်။ ကိုယ်တွင်းအင်္ဂါတွေကို ကူးစက်သွားမယ်ဆိုရင် ပိုမိုပြင်းထန်တဲ့ ဓါတ်ပြုမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ယင်းကိုယ်တွင်းအင်္ဂါတွေက အောက်ပါတို့ဖြစ်ပါတယ်။ အသည်း ကျောက်ကပ် အဆုတ် နှလုံး ဦးနှောက် သင့်မှာလပ်တိုစပိုင်ရိုးစစ်ရှိတယ်လို့ တွေ့ရှိလာပြီဆိုရင် ဆရာဝန်က ပဋိဇီဝဆေးတွေနဲ့ ကုသပါလိမ့်မယ်။ ဝိုင်းလ်ရောဂါထိဖြစ်သွားပြီဆိုရင်တော့ ပိုမိုစောင့်ရှောက်မှုလိုတဲ့အတွက်ကြောင့် ဆေးရုံတင်ရနိုင်ပါတယ်။ ဝိုင်းလ်ရောဂါဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဒီရောဂါဟာ အတွေ့ရနည်းပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

ဝှစ်ပယ်ရောဂါ ဆိုတာဘာလဲ။ ဝှစ်ပယ်ရောဂါဆိုတာ ရှားပါးဘက်တီးရီးယားရောဂါတစ်မျိုးဖြစ်ပြီး ခန္ဓါကိုယ်အနှံ့က စနစ်မျိုးစုံတို့ကို ထိခိုက်ကာ ရောဂါလက္ခဏာအမျိုးမျိုး ရရှိစေပါတယ်။ ခန္ဓါကိုယ်အခြားအစိတ်အပိုင်းများကို မပြန့်နှံ့ခင် အစာအိမ်နဲ့အူလမ်းကြောင်း (အဓိက အူသိမ်)မှာ အများဆုံးဖြစ်ပွားတတ်ပါတယ်။ ဝှစ်ပယ်ရောဂါဆိုတာ ရှားပါးပေမယ့် ဖြစ်ပွားလာရင်တော့ အသက်အန္တရယ်ရှိပါတယ်။ ဝှစ်ပယ်ရောဂါဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဝှစ်ပယ်ရောဂါဟာ တော်တော်ရှားပါးပါတယ်။ အသက်၄၀နဲ့၆၀ကြား လူဖြူယောက်ျားတွေက အခြားလူမျိုးတွေထက် ဖြစ်ပွားနိုင်ခြေများပါတယ်။ ရေချိုမရှိတဲ့နေရာ၊ သန့်ရှင်းမှုမရှိတဲ့နေရာတွေမှာ ဖြစ်ပွားနှုန်းမြင့်မားပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

Scarlet fever (စကားလတ်အဖျား) ကဘာလဲ။ Scarlet အဖျားဆိုတာ ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့အဖျား တစ်မျိ ုးဖြစ်ပြီး ဒီရောဂါဟာ လူတစ်ချိ ု့မှာ strep လို့ခေါ်တဲ့ပိုးတစ်မျိုးကြောင့်ဖြစ်တဲ့လည်ပင်းနာအာသီးရောင်ခြင်းကနေ ရရှိပါတယ်။scarlatina လို့လည်းသိကြပြီး scarlet အဖျားဟာ တစ်ကိုယ်လုံးမှာ အနီရဲရဲ အဖုအပိန့်များနဲ့ တွေ့ ရတတ်ပါတယ်။scarletအဖျားဟာ လည်ပင်းနာခြင်းရယ် အဖျားကြီးခြင်းရယ်နဲ့ များသောအားဖြင့် တွဲပြီးတွေ့ရတတ်ပါတယ်။ scarlet အဖျားဟာ ကလေးတွေ အသက် ၅နှစ်မှ ၁၅နှစ်အတွင်းမှာ အဖြစ်များပါတယ်။scarlet အဖျားကို ကလေးဘဝဖျားနာခြင်းတွေထဲက ဆိုးတဲ့ရောဂါ တစ်ခုအနေနဲ့ ယူဆကြပေမယ့် ပိုးသတ်ဆေးပေးပြီး ကုသခြင်းက သိပ်ပြီးမဆိုးစေတာကိုတွေ့ရပါတယ်။ ဒါပေမယ့် မကုသပဲ ထားခဲ့ပါက scarlet အဖျားက ပိုပြီးဆိုးတဲ့အခြေအနေတွေဖြစ်တဲ့ နှလုံး၊ကျောက်ကပ်နဲ့ တစ် ခြားကိုယ်ခန္ဓါအစိတ်အပိုင်းတွေထိခြင်းကို ဖြစ်စေနိုင်ပါတယ်။ Scarlet fever (စကားလတ်အဖျား) က ဘယ်လောက်အဖြစ်များသလဲ ကလေးငယ်တွေမှာ အဖြစ်အများဆုံးဖြစ်ပြီး မည်သည့်အသက်အရွယ်မဆိုဖြစ်နိုင်ပါတယ်။ အခြားအချက်အလက်တွေသိရဖို့သင့်ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပါ။

တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

Viral gastroenteritis (ဗိုင်းရပ်ကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းရောင်ရမ်းခြင်း ) ကဘာလဲ။ virus အမျိုးအစား အများကြီးထဲက တစ်ကောင်ကြောင့် အစာအိမ်နဲ့ အူတွေ ရောငိတာပါ။stomach flu လို့လည်းသိထားကြပါတယ်။ လူတိုင်းကိုလည်း ကူးစက်နိုင်ခြေရှိပါတယ်။ ရောဂါဖြစ်နေတဲ့လူနဲ့ ထိတွေတာမျိုး အစားအစာ ညစ်ပတ်တာနဲ့ရေမသန့်ကနေ ဒီကူးစက်မြန်တဲ့ရောဂါကပြန့်နိုင်ပါတယ်။ စုနေရတဲ့နေရာတွေ ဥပမာ မူကြိုတွေ ,ကျောင်း၊ ဆေးရုံတွေနဲ့ သင်္ဘောပေါ်မှာ ပြန့်နိုင်ပါတယ်။ မတူညီတဲ့ virus တွေဟာ သူ့ရာသီအလိုက် ရောဂါပေးနိုငိပါတယ်။ အဖြစ်များတာတွေကတော့ Rotavirus မွေးကင်းစ ကလေးတွေနဲ့ ကလေးငယ်တွေမှာဖြစ်တတ်ပြီး အခြားကလေးတွေရော အရွယ်ရောက်ပြီးသားလူငယ်တွေကိုပါ ကူးစက်တတ်ပါတယ်။ ဒီvirus ဟာပါးစပ်ကနေကူးပါတယ်။ ဆိုလိုချင်တာက ခန္ဓါကိုယ်ထဲကို ပါးစပ် .အစာရေပြွန်တို့ကနေ ဝင်ရောက်တာဖြစ်ပါတယ်။ ရောဂါ လက္ခဏာတွေကတော့ ၂ရက်အကြာမှာဖြစ်တတ်ပြီး အန်ခြင်း ၊ အစာစားခြင်းစိတ်ကျဆင်းခြင်း၊ နဲ့ ဝမ်းရေကျဲသွားခြင်း တို့ဖြစ်ပါတယ်။Centers for […]

တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy