တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Monkeypox မျိုးစိတ်သစ် A.2 အကြောင်း တစေ့တစောင်း

မျောက်ကျောက် ဆိုတာက လက်ရှိနိုင်ငံပေါင်း 90 ကျော်မှာ ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါ တစ်မျိုးပါ။ ကမ္ဘာတလွှားမှာ လူဦးရေ ၂၆၀၀၀ လောက် ခံစားနေရတဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ပါ။ လက်ရှိမှာတော့ မျောက်ကျောက်ရဲ့ မျိုးစိတ်သစ်ဖြစ်တဲ့ A.2 က မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက လူနာ ၂ ဦးမှာ ကူးစက်ဖြစ်ပွားနေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီတော့ Monkeypox မျိုးစိတ်သစ် A.2 အကြောင်း နည်းနည်းလောက် လေ့လာလိုက်ရအောင်နော်။ Monkeypox မျိုးစိတ်သစ် A.2 Monkeypox မျိုးစိတ်သစ် A.2 ကို ဇူလိုင်လ အစောပိုင်းက UAE နိုင်ငံ Kerala ကနေ ပြန်လာတဲ့ အိန္ဒိယနိုင်ငံသား ၂ ဦးမှာ တွေ့ရှိခဲ့ရတာပါ။ မျောက်ကျောက်မှာ ဖြစ်လေ့ရှိတဲ့ အရေပြားမှာ […]

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

မျောက်ကျောက်ရောဂါ အကြောင်း သိထားသင့်သမျှ

ကိုဗစ်က ကာကွယ်ဆေးတွေလည်း ပေါ်လာပြီ ကာကွယ်ဆေးတွေလည်း ထိုးပြီးလို့ ကမ္ဘာကြီးက အသက်ရှူချောင်လာပြီလို့ ယူဆနေချိန်မှာ မျောက်ကျောက်ရောဂါက ကမ္ဘာကို ရိုက်ခတ်နေပြန်ပါပြီ။ အခုလက်ရှိ ကမ္ဘာ့နိုင်ငံ ၁၂ နိုင်ငံမှာ ဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါအကြောင်း သိထားသင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။ မျောက်ကျောက်ရောဂါ ဆိုတာ   မျောက်ကျောက်ရောဂါ ဆိုတာက မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ဖြစ်ခဲတဲ့ ရောဂါတစ်မျိုးပါ။ မျောက်ကျောက်ဗိုင်းရပ်စ်က Poxviridae ဗိုင်းရပ်စ် မျိုးရင်းဝင် ဖြစ်ပြီး Orthopoxvirus ဗိုင်းရပ်စ် မျိုးစုဖြစ်ပါတယ်။  Orthopoxvirus မျိုးစုထဲမှာ ကျောက်ကြီးရောဂါဖြစ်စေတဲ့ Variola ဗိုင်းရပ်စ်၊ ကျောက်ကြီးရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ vaccinia ဗိုင်းရပ်စ်နဲ့ နွားကျောက် ဗိုင်းရပ်စ်တို့ ပါဝင်နေပါတယ်။ မျောက်ကျောက်ရောဂါကို 1958 ခုနှစ်က သုတေသန လုပ်ဖို့ ခေါ်ဆောင်လာခဲ့တဲ့ မျောက်တွေမှာ […]

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

မျောက်ကျောက်ရောဂါကို ဘယ်လို ကာကွယ်မလဲ

မျောက်ကျောက်ရောဂါ ဆိုတာက ကျောက်ကြီးရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ မျိုးရင်းတူတဲ့ ဗိုင်းရပ်စ် တစ်မျိုးကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ 1958 ခုနှစ်က သုတေသန လုပ်ဖို့ ခေါ်ဆောင်လာခဲ့တဲ့ မျောက်တွေမှာ စတင်တွေ့ရှိခဲ့တာကြောင့် မျောက်ကျောက်လို့ အမည်ပေးခဲ့တာပါ။ ဒီ မျောက်ကျောက်ရောဂါက 1970 ခုနှစ်မှာ လူတွေဆီကို စတင်ကူးစက်ခဲ့ပါတယ်။ တိရစ္ဆာန်ဆီကနေ လူတွေဆီကို စတင်ကူးစက်မှုက အာဖရိကဒေသတွင်း နိုင်ငံ တစ်နိုင်ငံမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အခုလက်ရှိမှာတော့ ကမ္ဘာ့နိုင်ငံ ၁၂ နိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်မှုတွေ ရှိနေပါပြီ။ ဒီလို ကူးစက်ဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါက ဘယ်လို ကူးစက်တာလဲ။ ကူးစက်မခံရအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာလေးကို ဗဟုသုတရအောင် ပြောပြပေးချင်ပါတယ်။ မျောက်ကျောက်ရောဂါဘယ်လို ကူးစက်နိုင်သလဲ ............. မျောက်ကျောက်ရောဂါကလည်း ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ လူအချင်းချင်း ကူးစက်နိုင်သလို […]

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

ဆောင်းနဲ့အတူ ရောက်လာတတ်တဲ့ ဗိုင်းရပ်စ်တွေ က ဘာတွေလဲ ........

ဆောင်းလေးက ဒီဇင်ဘာလောက်ရောက်လာပြီဆိုရင် သိသိသာသာလေး အအေးပိုလာပါပြီ။ ဒီလို အေးလာတာက နေရတာ ကောင်းတယ်။ အဆင်ပြေတယ်ဆိုပေမယ့် အေးမြမှုနဲ့အတူ ဗိုင်းရပ်စ်တွေ များစွာလည်း ကပ်ပါလာပါတယ်။ ဆောင်းအေးလာပြီဆိုရင် တုပ်ကွေးကစလို့ အမျိုးမျိုးသော ဗိုင်းရပ်စ်တွေက စတင်လာပါတယ်။ ဒီနှစ်ဆိုရင်တော့ ကိုဗစ်ဗိုင်းရပ်စ်ကတောင် အပိုဆု အနေနဲ့ တိုးလာပါတယ်။ အခုဆိုရင် ကိုဗစ်က မျိုးဗီဇ ပြောင်းပြီး omicron အနေနဲ့ ပြောင်းလဲ ကူးစက်လာခဲ့ပါတယ်။ ဒီနှစ်ဆောင်းရာသီကတော့ အရင်နှစ်တွေကထက် ပိုပြီး ဂရုစိုက်ရမယ့် ဆောင်းရာသီ တစ်ရပ်ပါ။ ဆောင်းရာသီမှာ ဆောင်းနဲ့အတူ ရောက်လာတတ်တဲ့ ဗိုင်းရပ်စ်တွေ အပြင် အသွင်ပြောင်းကိုဗစ်ကြောင့် ဒီနှစ်မှာ ပိုပြီး ဂရုစိုက်ဖို့ လိုပါမယ်။ ဆောင်းရာသီက ပျော်ရွှင်ဖွယ်ရာ ရာသီတစ်ခုလို့ အပြည့်အဝ မဆိုသာပါဘူး။ ဆောင်းရာသီက လှပပြီး နေရထိုင်ရတာ အေးမြမှုကြောင့် အဆင်ပြေတယ်လို့ ထင်ရပေမယ့် လူကြီးတွေရော […]

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

ကူးစက်ရောဂါတွေ ဘယ်လိုကူးစက်တတ်သလဲ

ကူးစက်ရောဂါတွေ ဘယ်လိုကူးစက်တတ်သလဲ ........ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါးပိုးမွှားများ၊ မှိုစွဲစေသော ရောဂါပိုးမွှားများ စတာတွေဟာ ကူးစက်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ တဦးနဲ့တဦး တိုက်ရိုက်ထိတွေ့ခြင်းမှဖြစ်စေ၊ တဆင့်ခံထိတွေ့ခြင်းမှ ဖြစ်စေ ကူးစက်နိုင်ပါတယ်။ ဥပမာ ငှက်ဖျား၊ ဝက်သက်၊ အဆုတ်တီဘီ စတာတွေဟာ ကူးစက်ရောဂါတွေဖြစ်ပြီး တဦးကနေ တဦးကို နည်းလမ်းမျိုးစုံနဲ့ ကူးစက်နိုင်ပါတယ်။ ကာကွယ်တဲ့အနေနဲ့ လက်များကို ဆေးကြောခြင်း၊ ကူးစက်ထိတွေ့နိုင်ခြေရှိသော အရာများကို ရှောင်ရှားခြင်း စတဲ့နည်းလမ်းတွေ လုပ်ဆောင်နိုင်ပါတယ်။ ကူးစက်ရောဂါတွေ ဘယ်လိုကူးစက်တတ်သလဲ ကူးစက်ရောဂါတွေ ဘယ်လိုကူးစက်တတ်သလဲ ဆိုတော့ အခုလို ကူးစက်တာပါ။ တိုက်ရိုက်ထိတွေ့ကူးစက်ခြင်း ရောဂါပိုးများကို လူနဲ့တိုက်ရိုက်ထိတွေ့ပြီး ကူးစက်စေတဲ့နည်းလမ်း ဖြစ်ပါတယ်။ တဦးနဲ့တဦးထိတွေ့ခြင်းကဖြစ်စေ၊ ရောဂါပိုးရှိတဲ့နေရာကို ထိတွေ့ခြင်းကဖြစ်စေ ကူစက်နိုင်ပါတယ်။ အောက်ပါ အတိုင်း ဖြစ်ပါတယ်။ ၁။ လူတဦးနှင့်တဦး ထိတွေ့ရာမှ ကူးစက်ခြင်း လူအချင်းချင်း ထိတွေ့ကိုင်တွယ်ခြင်း၊ ပွေ့ဖက်ခြင်း စတာတွေကတဆင့် ကူစက်နိုင်ပါတယ်။ […]

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

တံထွေးကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများအကြောင်း

ပါးစပ်က အကျိုးပြုတဲ့ ဘက်တီးရီးယားတွေရော အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေပါ ရာနဲ့ပြီး မှီခိုနေထိုင်ရာ နေရာ တစ်ခုပါ။ ဒီတော့ တစ်ယောက်ယောက်ရဲ့ တံထွေးနဲ့ ထိတွေ့မိရင် ဘာဖြစ်မယ် ထင်လဲ။ တံထွေးက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ကာကွယ်ခုခံမှုတွေကို လုပ်ဆောင်ပေးတယ်။ တံထွေးမှာ antibodies နဲ့ enzymes တွေ ပါဝင်နေပြီး ခန္ဓာကိုယ်ကို ရောဂါကူးစက် မခံရအောင် ကာကွယ်ပေးတယ် ဆိုပေမယ့် တံထွေး ကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကတော့ ရှိနေဆဲပါ။ တံထွေးကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ တံထွေးမှာ antibodies နဲ့ enzymes တွေပါဝင်နေတာကြောင့် ရောဂါပိုးတွေကို ကာကွယ်ပေးနိုင်တယ် ဆိုပေမယ့် တံထွေး ကနေတဆင့် ဒီလို ရောဂါတွေ ကူးစက်နိုင် ပါသေးတယ်။ အအေးမိ၊ ဖျားနာ တုပ်ကွေးဗိုင်းရပ်စ် Epstein-Barr virus […]

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

အသည်းရောင်အသားဝါ စီပိုး ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး သိထား သင့်တဲ့အချက်များ

အသည်းရောင်အသားဝါ စီပိုးဟာ ကူးစက်ပျံ့နှံ့လွယ်တဲ့ ဗိုင်းရပ်စ်တစ်ခုဖြစ်ပြီး  လူတစ်ယောက်ကနေ တစ်ယောက်ကို သွေးကတဆင့် အဓိက ကူးစက်ပါတယ်။ ဒါ့အပြင် အသည်းရောင်အသားဝါစီပိုးက ပတ်ဝန်းကျင် အခြေအနေအမျိုးမျိုးပေါ် မူတည်ပြီး ခန္ဓာကိုယ်အပြင်ဘက်မှာ ရှင်သန်နိုင်ချိန် ကွဲပြားပါသေးတယ်။ ၂၀၁၃ ခုနှစ် တုန်းကပြုလုပ်ခဲ့တဲ့ လေ့လာမှုအရတော့ အသည်းရောင်အသားဝါစီပိုးက ပတ်ဝန်းကျင်အပူချိန် အပူချိန် ၃၉.၂ ဒီဂရီဖာရင်ဟိုက် (၄ ဒီဂရီစင်တီဂရိတ်) နဲ့ ၇၁.၆ ဒီဂရီဖာရင်ဟိုက် (၂၂ ဒီဂရီစင်တီဂရိတ်) အတွင်းမှာ ၆ နာရီအထိ ရှင်သန်နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဗိုင်းရပ်စ်ပိုးရှိနေတဲ့သွေးဟာ အရာဝတ္ထု မျက်နှာပြင်တွေ (ဥပမာ - စားပွဲ၊ ထိုင်ခုံ) ပေါ်မှာ ပေကျံနေမယ်ဆိုရင်လည်း သွေးနဲ့ထိတွေ့မိသူကို ရောဂါကူးစက်နိုင်ပါတယ်။ သွေးပမာဏများလေ ကူးစက်နိုင်ချေ မြင့်လေပါပဲ။ ဒီလိုကူးစက်မှုကို အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်ဖို့အတွက် ထိတွေ့ကိုင်တွယ်မယ့် […]

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

ကျန်းမာရေးဝန်ထမ်းတစ်ယောက် ဖြစ်ရခြင်းရဲ့ နောက်ကွယ်က အန္တရာယ်များ

ကျန်းမာရေးဝန်ထမ်းတစ်ယောက်ဖြစ်ရခြင်းဟာ လွယ်ကူတဲ့ကိစ္စတော့မဟုတ် ပါဘူး။ လူတစ်ယောက်ရဲ့ အသက်ကိုကယ်ဆယ်ရင်း မိမိအပေါ်ကိုလည်း ဘေးအန္တရာယ်တွေပြန်လည်ကျရောက်လာနိုင်ပါ တယ်။ COVID-19 ကမ္ဘာ့ကပ်ရောဂါဟာ သာဓကပါပဲ။ ဆရာဝန်တွေ၊ ဆရာမတွေဟာ Corona virus ကူးစက်ခံရသူ လူနာတွေရဲ့ အသက်ကိုကယ်တင်ကုသပေးရင်း သူတို့ပါ Virus ကူးစက်ခံလိုက်ရပါတယ်။ အီတလီနိုင်ငံမှာဆိုရင် ဆရာဝန်စုစုပေါင်း ၅၉ ယောက်ဟာ COVID-19 ကြောင့် သေဆုံးခဲ့ရပါတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ထမ်းတစ်ယောက်မှာ ဘယ်လိုအန္တရာယ်တွေ ရှိနေသလဲဆိုတာ ကြည့်လိုက်ကြရအောင်။ (၁)     ကူးစက်ရောဂါတွေ ကူးစက်နိုင်ပါတယ် ကူးစက်ရောဂါတစ်ခုခုရှိနေတဲ့ လူနာတစ်ယောက်ကို ကုသပေးရာမှာ ဆရာဝန်တွေဆီကိုပါ ကူးစက် သွားနိုင်ပါတယ်။  ကူးစက်တဲ့အခါ နည်းလမ်း(၃)မျိုးနဲ့ ကူးစက်နိုင်ပါတယ်။ ထိတွေ့ရုံနဲ့ကူးစက်ခြင်း (By contact) လူနာတွေ ချောင်းဆိုး၊ နှာစေးရာမှ ထွက်လာတဲ့ တံတွေး၊ နှာရည်စက်တို့မှ ကူးစက်ခြင်း (By droplets) […]

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

ရေကျောက်ဆိုတာ ဘာလဲ

ခုတလော ဆေးရုံဆေးခန်းတွေမှာ ခပ်စိပ်စိပ်တွေ့နေရတာတော့ ရေကျောက်ရောဂါပါ ။အများအားဖြင့် ကလေးတွေမှာ ဖြစ်တတ်ပေမဲ့ အရွယ်ရောက်ပြီးသူတွေမှာလည်း ဖြစ်နိုင်ခြေရှိပါတယ် ။ အရည်ကြည်ဖုတွေ ရက်အတန်ကြာတဲ့အထိ ဖြစ်နိုင်ပြီးတော့ နောက်ဆုံးမှာ ပေါက်ထွက်တတ်ပါတယ် ။ အနာသက်သာတဲ့အထိတော့ ရက်သတ္တပတ် ၁ပတ်ကနေ ၂ပတ်အခန့်အထိ ကြာမြင့်တတ်ပါတယ် ။ ရေကျောက်ရောဂါကြောင့် နောက်ဆက်တွဲ‌ ရောဂါကြီးကြီးမားမား ဖြစ်နိုင်ခြေ အလွန်နည်းပါတယ် ။ အရည်ကြည်ဖုတွေ တကိုယ်လုံးအနှံ့ပေါက်နိုင်ပေမဲ့လည်း ဆိုးဝါးတဲ့ရောဂါ အခြေအနေ မဖြစ်ပါဘူး ။ ဒါပေမဲ့ တချို့သော အလွန်ဆိုးဝါးတဲ့အခြေအနေတွေမှာတော့ မျက်လုံး ၊ နှာခေါင်း၊ ပါးစပ်နဲ့ မျိူပွားအင်္ဂါတွေအထိ အရည်ကြည်ဖုတွေ ဖြစ်တတ်ပါတယ် ။ ဘယ်သူတွေမှာ ဖြစ်တတ်သလဲ ကလေးအသက် ၂နှစ်အောက် ကလေးတွေမှာတော့ ရေကျောက်ရောဂါ အဖြစ်ဆုံးပါ ။ ဒါပေမဲ့ ကလေးကြီးတွေမှာလည်း ဖြစ်တတ်ပါတယ် ။ တခြားသော […]

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

ကြက်ငှက်တုပ်ကွေး H5N1 ပြန်လာပြီလား

ဝူဟန်အဆုတ်ရောင်ရောဂါက မပြီးသေးဘူး။ ခုတစ်ခါ ကြက်ငှက်တုပ်ကွေး က ရောက်လာပြန်ပါပြီ။ ဖြစ်တာကလည်း တရုတ်မှာပါပဲ။ ၂.၂.၂၀၂၀သတင်းတွေအရ တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ဆောင်ယန်မြို့က ကြက်ခြံမှာ ကြက်ကောင်ရေ ၇၈၅၀ကနေ ၄၅၀၀လောက် ရုတ်တရက်သေဆုံးခဲ့ကြပါတယ်။ စစ်ဆေးကြည့်လိုက်တဲ့အခါ H5N1 ကြက်ငှက်တုပ်ကွေးကြောင့်လို့ သိရတဲ့အတွက် တာဝန်ရှိသူတွေက နောက်ထပ်ကြက်ကောင်ရေ ၁၇၈၂၈ကို သုတ်သင်ခဲ့ကြပါတယ်။ ရှေ့အပတ်တွေကလည်း အိန္ဒိယမှာ ကြက်ငှက်တုပ်ကွေးဖြစ်တယ်ဆိုတဲ့သတင်းကြားလိုက်ရပါသေးတယ်။ ဆိုတော့ ဒီအခြေအနေမှာ ဝူဟန်ကိုပဲမည်းမနေဘဲ ကြက်ငှက်တုပ်ကွေး ကိုလည်း ဂရုစိုက်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ရှေ့ရာဇဝင်တွေအရ သေဆုံးနှုန်းက ၅၀ရာခိုင်နှုန်းကျော်ပါတယ်။ ဒီတော့ သူ့အကြောင်းနည်းနည်းလောက်လေ့လာကြည့်ရအောင်။ ကြက်ငှက်တုပ်ကွေး ဆိုတာဘာလဲ။ တကယ်တော့သူကလည်း တုပ်ကွေးဗိုင်းရပ်စ်(influenza virus)အမျိုးအစားပါပဲ။ A, B, C, Dဆိုပြီး၄မျိုးရှိတဲ့အထဲမှာ ငှက်တွေမှာ တွေ့ရတာက Aအမျိုးအစားပါ။ Hတွေ Nတွေဆိုတာက ဗိုင်းရပ်စ်မှာရှိတဲ့ ပရိုတိန်းအမျိုးအစားပါ။ H […]

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

အီဘိုလာ ရှာပုံတော်

အချိန်က ၁၉၇၆ ခုနှစ် နေရာက ဘယ်ဂျီလ်ယံနိုင်ငံ၊ အန်းဝပ်မြို့။ အပူပိုင်းဆေးပညာတက္ကသိုလ်တွင် အဏုမြူဗေဒပညာရှင် ဒေါက်တာပီတာပွိုင်းရော့ တစ်ယောက် သူ၏ဓာတ်ခွဲခန်းထဲဝယ် တစ်ယောက်တည်း အလုပ်ရှုပ်နေသည်။ အကြောင်းက အာဖရိကတိုက်တွင်တာဝန်ထမ်းဆောင်နေသော ဘယ်လ်ဂျီယမ်ဆရာဝန်တစ်ယောက် မှ သူ့ဆီပို့လိုက်သော သွေးနမူနာတစ်ခုကို စမ်းသပ်စစ်ဆေးဖို့ ပြင်ဆင်နေခြင်းဖြစ်သည်။ သို့သော်စိတ်ရှုပ်စရာကိစ္စတစ်ခုက ပို့လိုက်သော နမူနာပစ္စည်းဘူးတွေက မသေမသပ်၊ ကြာရှည်ခံအောင် ရေခဲစိမ်ထားသော ရေခဲများကပျော်နေပြီး စမ်းသပ်ရမည့် သွေးနမူနာကိုလည်း ကော်ဖီခွက်သာသာ ဘူးထဲထည့်ပေးလိုက်သေးသည်။ သို့ပေမဲ့လည်း သူ့တာဝန်အတိုင်း ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး မိုက်ခရိုစကုပ်ပေါ် နမူနာတွေကို ကြည့်လိုက်ချိန်တွင်မတော့ ကမ္ဘာကြီးအတွက် စောင့်ကြည့်စရာရောဂါပိုးတစ်ကောင် ထွက်ပေါ်လာပါတော့သည်။ ၂၀၁၄ တုန်းက အတော်လေး ဟိုးလေးတကျော်ဖြစ်ခဲ့သည့် အီးဘိုလာ အကြောင်းကို မှတ်မိကြဦးမည် ထင်ပါသည်။ အာဖရိကတိုက် ဂီနီနိုင်ငံကစပြီး တစ်ကမ္ဘာလုံးကို ရုတ်ရုတ်သဲသဲဖြစ်သွားစေသည့် အီးဘိုလာရောဂါပိုးကို ပထမဆုံးစတင်တွေ့ရှိခဲ့တာ အာဖရိကတိုက်က ဇိုင်ရဲ (အခုခေတ် […]

advertisement
advertisement

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy