home

အစားအသောက်မှကူးစက်သောရောဂါများ

အစားအသောက်မှကူးစက်သောရောဂါများ ကို ဖြစ်စေတဲ့ ပိုးမွှားတွေ၊ ရောဂါလက္ခဏာတွေ၊ ကုသနည်းနဲ့ ကာကွယ်နည်းတွေကို သိရှိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစားအသောက်မှကူးစက်သောရောဂါများ

မြန်မာနိုင်ငံလိုကွမ်းစားသုံးမှုများတဲ့နိုင်ငံမှာအဖြစ်များတဲ့ကင်ဆာရောဂါတစ်မျိုးကတော့ ခံတွင်းကင်ဆာပဲဖြစ် ပါတယ်။ ဦးခေါင်းနဲ့လည်ပင်းကင်ဆာရောဂါအုပ်စုတွေထဲမှာ တစ်မျိုးအပါအဝင်ဖြစ်တဲ့ခံတွင်းကင်ဆာ အကြောင်းကိုလေ့လာကြည့်ရအောင်ပါ။ ခံတွင်းကင်ဆာက နှုတ်ခမ်း၊ သွားဖုံး၊လျှာ၊ ပါးစောင်၊ အာခေါင်နဲ့ လျှာအောက်ဖက်တွေမှာအဖြစ်များပါတယ်။ များသောအားဖြင့်ပါးစပ်ထဲမှာဘာမှန်းမသိတဲ့အကျိတ်တွေ၊အနာတွေကို စစ်ဆေးကြည့်ရာကနေခံတွင်းကင်ဆာ ဖြစ်နေကြောင်းရှာဖွေတွေ့ရှိရတတ်ပါတယ်။ တခြားကင်ဆာရောဂါတွေလိုပဲ ခံတွင်းကင်ဆာကိုစောစောရှာဖွေ မကုသနိုင်ရင်အသက်အန္တရာယ်ရှိနိုင်တဲ့အတွက် ခံတွင်းကင်ဆာအကြောင်းသိရအောင် ပြောပြချင်ပါတယ်။ ခံတွင်းကင်ဆာရဲ့လက္ခဏာများ ခံတွင်းကင်ဆာဖြစ်နေသူတွေကိုလေ့လာကြည့်တဲ့အခါမှာဒီလိုလက္ခဏာတွေခံစားရတတ်တာကိုတွေ့ရပါတယ် - လျှာ၊သွားဖုံးနဲ့ပါးစပ်ရဲ့တခြားနေရာတွေမှာ အလုံးအကျိတ်တွေထွက်လာမယ် - ပါးစပ်တွင်းမှာအနီကွက်၊ အဖြူကွက်တွေထွက်လာမယ် - လျှာနဲ့နှုတ်ခမ်းက ဘာဖြစ်မှန်းမသိဘဲထုံကျဉ်နေမယ် - သွားတွေချောင်လာမယ်၊ အံကပ်စွပ်တဲ့သူဆို အံကပ်တွေချောင်လာမယ် - လည်ချောင်းထဲမှာတစ်ခုခုနင်နေသလိုခံစားရမယ်၊ အစာမြိုချရခက်လာမယ် - နားကိုက်မယ် - အသံနည်းနည်းပြောင်းလာမယ် ဘယ်သူတွေမှာခံတွင်းကင်ဆာပိုဖြစ်နိုင်သလဲ ယောင်္ကျားတွေက မိန်းမတွေထက် ခံတွင်းကင်ဆာဖြစ်ပွားနှုန်း (၂) ဆလောက်ပိုများတာကိုတွေ့ရပြီး အသက် (၅၀)နဲ့အထက်တွေမှာပိုဖြစ်ပွားလေ့ရှိတာကိုတွေ့ရပါတယ်။ အောက်ကအချက်တစ်ခုခုရှိနေရင်တော့ ခံတွင်းကင်ဆာပိုဖြစ်ပွားနိုင်တာမို့သတိပြုစေချင်ပါတယ် ဆေးလိပ်/အရက်သောက်ခြင်း - ဆေးလိပ်/အရက်မသောက်သူတွေထက် ခံတွင်းကင်ဆာဖြစ်နိုင်ခြေ (၆) ဆလောက်ပိုများပါတယ် ကွမ်းစားခြင်း - ကွမ်းစားဖို့ထည့်ရတဲ့ဓာတုဆေးဝါးတွေကြောင့် ခံတွင်းကင်ဆာဖြစ်နိုင်ပြီးကွမ်းမစားသူတွေထက် ခံတွင်းကင်ဆာဖြစ်နိုင်ခြေအဆ (၅၀) လောက်ပိုမြင့်ပါတယ် နေရောင်ထိတွေ့မှုများခြင်း - အထူးသဖြင့်နှုတ်ခမ်းကိုနေလောင်တာများရင်ခံတွင်းကင်ဆာပိုဖြစ်နိုင်ပါတယ် Human papillomavirus (HPV) ကူးစက်ခံရခြင်း […]

အစားအသောက်မှကူးစက်သောရောဂါများ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

အစားအသောက်မှကူးစက်သောရောဂါများ

Filariasis (သံလုံးကောင်တွေကြောင့်ဖြစ်တဲ့ ကပ်ပါးရောဂါ) ကဘာလဲ။ Filariasis ဆိုတာ သံလုံးကောင်တွေကြောင့်ဖြစ်တဲ့ ကပ်ပါးရောဂါတစ်မျိုးပါ။ အပ်ချည်မျှင်နဲ့တူတဲ့ သန်ကောင်တွေဟာ လူတွေရဲ့ Lymphatic စနစ်ထဲမှာ နေထိုင်ပြီး ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်ကို ထိခိုက်စေလို့ ပိုးဝင်တာတွေကို ဖြစ်စေနိုင်ပါတယ်။ Filariasis ဟာ နောက်ဆက်တွဲပြဿနာတွေကို ကာလကြာရှည်ခံစားရစေနိုင်ပါတယ်။ အချိန်အကြာကြီး နာကျင်နေတာမျိုး ခြေလက်တွေ ရောင်ရမ်းနေတာမျိုးကို ခံစားရနိုင်ပြီး လိင်မှုကိစ္စဆိုင်ရာ စွမ်းဆောင်ရည်တွေလည်း ကျဆင်းသွားနိုင်ပါတယ်။ Filariasis (သံလုံးကောင်တွေကြောင့်ဖြစ်တဲ့ ကပ်ပါးရောဂါ) က ဘယ်လောက်အဖြစ်များသလဲ Filariasis ဆိုတာ အပူပိုင်းနဲ့ နွေးသမပိုင်းရာသီဥတုရှိတဲ့ နိုင်ငံတွေ ဥပမာ အာဖရိက၊ ပစိဖိတ်အနောက်ပိုင်းနဲ့ အာရှတို့လို နိုင်ငံတွေမှာ အဖြစ်များတဲ့ အခြေအနေတစ်ခုပါ။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အစားအသောက်မှကူးစက်သောရောဂါများ

Giardiasis(ဂျီရာဒီရေးစစ်) ကဘာလဲ။ သန့်ရှင်းမှုနည်းတဲ့နေရာတွေနဲ့ မသန့်ရှင်းတဲ့ရေသောက်သုံးနေရတဲ့ နေရာတွေမှာ နေထိုင်တဲ့သူတွေအနေနဲ့ giardiasis ရောဂါအလွယ်တကူဖြစ်နိုင်ပါတယ်။ အဲဒီရောဂါဟာ အဏုမြူမှန်ပြောင်းနဲ့ ကြည့်မှမြင်နိုင်တဲ့၊သေးငယ်တဲ့ giardia lamblia လို့ခေါ်တဲ့ ကပ်ပါးကောင်ကြောင့် ဖြစ်ရတာပါ။ ဒီကပ်ပါးကောင်တွေဟာ မဖွံ့ဖြိုးသေးတဲ့၊ တောရွာလို နေရာတွေရဲ့ စမ်းချောင်းတွေ၊ ကန်တွေ၊ မှာအပြင် မြူနီစပယ် ရေပေးဝေမှုတွေ၊ ရေကူးကန်တွေ ၊ရေတွင်းတွေ မှာလည်း တွေ့ရနိုင်ပါတယ်။ ဒီလို giardia ရောဂါပိုးဝင်ခြင်းဟာ လူတစ်ယောက်နဲ့ တစ်ယောက်ထိတွေ့ခြင်း (သို့) အစားအစာ တွေမှ တစ်ဆင့် ကူးစက်နိုင်ပါတယ်။ အိမ်မွေးခွေး၊ ကြောင်လေးတွေမှာလည်း giardia ရောဂါပိုးမကြာခဏ အဝင်ခံရတတ်ပါတယ်။ သင့်အနေနဲ့ ရောဂါပိုးနဲ့ ထိတွေ့ထားတဲ့ အစားအစာ တွေကို စားခြင်း၊ အရည်တွေကို သောက်သုံးခြင်းဖြင့် giardiasis ရောဂါဖြစ်လာနိုင်ပါတယ်။ Giardiasis(ဂျီရာဒီရေးစစ်)က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါက အရမ်းအဖြစ်များတဲ့ ရောဂါ တစ်ခု […]

အစားအသောက်မှကူးစက်သောရောဂါများ

Botulism (ဘော်ကျူလစ်ဆင်) ကဘာလဲ။ ဘော်ကျူလစ်ဆင်ဆိုတာ Clostridium botulinum ရဲ့ အဆိပ်ကြောင့် ဖြစ်သော အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ ယင်းအကောင်က A ကနေ G အထိ အဆိပ်အမျိုးအစား၇ခုထုတ်ပါတယ်။ ဒါပေမယ့်လည်း A,B,E နဲ့ F ကသာ လူတွေကို ဒုက္ခပေးတာပါ။ အစာအဆိပ်သင့်ခြင်း၊ အနာမှအဆိပ်သင့်ခြင်းနဲ့ ကလေးငယ်များတွင် ဘော်ကျူလိုင်အဆိပ်သင့်ခြင်းဆိုပြီး ဘော်ကျူလစ်ဆင်ပုံစံ ၃မျိုးရှိပါတယ်။ Botulism (ဘော်ကျူလစ်ဆင်) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဘော်ကျူလစ်ဆင်ဟာ လူတစ်ယောက်မှ တစ်ယောက်သို့ မကူးစက်နိုင်ပါဘူး။ အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေကို လျော့ချနိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

အစားအသောက်မှကူးစက်သောရောဂါများ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon