အင်းဆက်မှတဆင့် ကူးစက်သော ရောဂါများ
အင်းဆက် တွေက သင့်ကို ဘာရောဂါပေးနိုင်သလဲ။
အင်းဆက် တွေက ကိုက်တာ ဒါမှမဟုတ် သင်စားမယ့်အစားအစာတွေမှာ နားလိုက်ပြီး သင့်ကို ရောဂါပေါင်းစုံပေးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ အင်းဆက်ကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ အများကြီး ရှိပါတယ်။ ဘယ်အင်းဆက်တွေက ဘာရောဂါတွေ ပေးနိုင်သလဲဆိုတာ ရှင်းပြပေးပါမယ်။ ဘယ် အင်းစက် တွေကနေ ဘာရောဂါတွေ ကူးနိုင်သလဲ။ ခြင် - ခြင်အမျိုးအစားပေါင်းသုံကနေ ရောဂါမျိုးစုံဖြစ်နိုင်ပါတယ်။ ဥပမာ သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ဆင်ခြေထောက်ရောဂါ၊ ဆင်တုပ်ကွေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ယင် - ယင်ကောင်တွေကနေတော့ ဝမ်းပျက်ဝမ်းလျှာရောဂါ ဖြစ်စေနိုင်ပါတယ်။ Tick - Lyme ရောဂါ ကမျဉ်းနီကောင် - Scrub typhus အင်းဆက် က ကူးနိုင်တဲ့ အဖြစ်များတဲ့ ရောဂါများ သွေးလွန်တုပ်ကွေး Flaviဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး အေးဒီးစ်ခြင်မ ကိုက်ရာကနေ ကူးစက်ခံရပါတယ်။ အသက်အရွယ်မရွေး […]