အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများ
Langya virus ကူးစက်မှု နဲ့ပတ်သက်လို့
Langya virus ဆိုတာ ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။ တရုတ်နိုင်ငံ အရှေ့ပိုင်းက လူအချို့ဆီမှာ စတင်တွေ့ရှိခဲ့ရတာပါ။ ၂၀၁၈ကနေ ၂၀၂၂ခုနှစ်အတွင်းမှာ ဒီရောဂါကူးစက်သူ ၃၅ယောက်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဒီရောဂါက ကူးစက်ရောဂါ ဖြစ်တာကြောင့် စာဖတ်ပရိသတ်ကြီး အနေနဲ့ သတိထားနိုင်စေဖို့ အခုတစ်ခေါက်မှာတော့ Langya virus ကူးစက်မှု နဲ့ပတ်သက်လို့ သိထားသင့်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ Langya virus ဆိုတာ ဘာလဲ! Langya virus ဆိုတာက အသက်ရှူလမ်းကြောင်းမှာ ဝင်ရောက်ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။ ဒီဗိုင်းရပ်စ်က အဖျားတက်တာ၊ တုပ်ကွေးလိုမျိုး လက္ခဏာတွေ ခံစားရစေနိုင်ပါတယ်။ အခုချိန်ထိတော့ ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ မရှိသေးပါဘူး။ ဒီရောဂါက ပြင်းပြင်းထန်ထန် ခံစားရတာမျိုး မရှိပေမယ့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေတော့ ရှိပါတယ်။ ဒီဗိုင်းရပ်စ်က တိရစ္ဆာန်တွေဆီကနေ […]