ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ

ခိုဆိုတာ မြန်မာနိုင်ငံရဲ့  နေရာတော်တော်များများမှာ တွေ့နိုင်တဲ့ ငှက်အမျိုးအစားပါ။ ဒီမှာက ခိုစာကျွေးတဲ့အလေ့အထရှိတဲ့အပြင် အိမ်နေမှာပါ ပေးနေကြတာကြောင့် လူတွေနဲ့ တော်တော်ကြီး နီးနီးကပ်ကပ်ကို ရှိနေတာပါ။ ဒါပေမဲ့ ဒီခိုတွေက လူတွေကိုတော့ ကောင်းကျိုးမပေးပါဘူး။ ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ က လူတွေကို အသက်အန္တရာယ်ဖြစ်စေသည်အထိ ပြင်းထန်ပါတယ်။ ခိုကနေ ရောဂါတွေ ဘယ်လိုကူးသလဲ ခိုချေးတွေကို ရှူမိရာကနေတဆင့် ကူးတာပါ။ လတ်လတ်ဆတ်ဆတ် ချေးတွေထက်စာရင် ခြောက်သွားတဲ့အခါ အမှုန်အမွှားတွေ ဖြစ်ပြီး ဒါကို ရှူမိရင် အဆုတ်ထဲရောက်ပြီး ကူးစက်တတ်ပါတယ်။ အဲ့ကနေမှ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်သွားပြီး ရောဂါဖြစ်စေပါတယ်။ ခိုတွေနဲ့ အနီးကပ်နေတဲ့သူတွေမှာ ဖြစ်နိုင်ခြေ များပါတယ်။ အထူးသဖြင့် ခုခံအားကျတဲ့သူဆိုရင် ပိုသတိထားသင့်ပါတယ်။။ သာမန်လူတွေမှာ ရောဂါဖြစ်နိုင်ခြေ နည်းပေမဲ့ ခုခံအားကျနေရင်တော့ ကူးစက်လွယ်ပါတယ်။ ဥပမာ HIV/ AIDS […]

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ဇီကာဗိုင်းရပ်စ်

Zika Virus (ဇီကာဗိုင်းရပ်စ်)

ဇီကာ ဗိုင်းရပ်စ်က အဖြစ်များပါတယ်။ ဖြစ်ပွားစေနိုင်သော အန္တရာယ်အချက်များကို လျှော့ချခြင်းဖြင့် ရောဂါကို စီမံခန့်ခွဲနိုင်ပါတယ်။ ပိုမိုသိရှိလိုသည်များရှိပါက ဆရာဝန်နဲ့ မေးမြန်းတိုင်ပင်နိုင်ပါတယ်။ အဓိပ္ပါယ်ဖွင့်ဆိုချက်Zika Virus (ဇီကာဗိုင်းရပ်စ်) ကဘာလဲ။ ဇီကာ (Zika) ဗိုင်းရပ်စ်ရောဂါကို အဓိကအားဖြင့် အပူပိုင်းနှင့်သမပိုင်း ဒေသများမှာ တွေ့ရတတ်ပါတယ်။ ဇီကာဗိုင်းရပ်စ်သည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး အဓိကအားဖြင့်ခြင်ကြောင့် ပျံ့နှံ့ သောရောဂါ ဖြစ်ပါတယ်။ ရောဂါရှိသူကို ကိုက်ထားသော ခြင်မှတစ်ဆင့် နောက်တစ်ဦးကိုကိုက်ကာ ပျံ့နှံ့ပါတယ်။ ရောဂါရှိသောသူထံမှ ဗိုင်းရပ်စ်ကို ခြင်ကစုပ်ယူပြီး နေကောင်းနေသော ပုံမှန်လူဆီသို့ လွှဲပြောင်းကူးစက်စေနိုင်ပါတယ်။ Zika Virus (ဇီကာဗိုင်းရပ်စ်) က ဘယ်လောက်အဖြစ်များသလဲ ဇီကာ ဗိုင်းရပ်စ်က အဖြစ်များပါတယ်။ ဖြစ်ပွားစေနိုင်သော အန္တရာယ်အချက်များကို လျှော့ချခြင်းဖြင့် ရောဂါကို စီမံခန့်ခွဲနိုင်ပါတယ်။ ပိုမိုသိရှိလိုသည်များရှိပါက ဆရာဝန်နဲ့ မေးမြန်းတိုင်ပင်နိုင်ပါတယ်။ လူအများစုကတော့ တစ်ပတ်အတွင်း အပြည့်အဝပြန်လည်သက်သာပြီး ရောဂါလက္ခဏာကလည်း ပြန်ပျောက်နိုင်ပါတယ်။ […]


အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများ

Bird Flu (ကြက်ငှက်တုပ်ကွေးရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bird Flu (ကြက်ငှက်တုပ်ကွေးရောဂါ) ကဘာလဲ။ ကြက်ငှက် တုပ်ကွေးရောဂါဆိုတာ Avian flu လို့လည်း သိထားတဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ငှက်မျိုးစိတ်တွေကြား မှာပျံ့နံ့တတ်ပြီး ကူးစက်တဲ့ငှက်ဟာ ဒီရောဂါနဲ့ သေဆုံးတတ်ပါတယ်။ အချို့ပိုးတွေဟာ ငှက်မှာပဲဖြစ်လေ့ရှိပြီး အချို့ ကတော့ လူနဲ့ တိရိစ္ဆာန်တွေကိုပါ ကူးစက်နိုင်ပါတယ်။ သေဆုံးမှုလည်းများနိုင်ပါတယ်။ ဥပမာ H5N1နဲ့ H7N9 တို့ဖြစ်ပါတယ်။ ရောဂါရနေတဲ့ငှက်ကို လူမျက်စိနဲ့အကဲခတ် နိုင်ဖို့ခက်ခဲပါတယ်။ ဘာကြောင့်ဆိုတော့ ငှက်တွေဟာ ပိုးကူးခံရလို့ဖျားနာခြင်းမရှိပဲ ကျန်းမာနေပုံ ပေါက်နေနိုက်တာကြောင့် ဖြစ်ပါတယ်။ Bird Flu (ကြက်ငှက်တုပ်ကွေးရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ရောဂါဖြစ်နေတဲ့ငှက်ရဲ့ စွန့်ထုတ်ပစ္စည်းတွေကို ထိမိတဲ့လူတွေမှာ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်နိုင်ပါတယ်။ ကျားမ၊ အသက်အရွယ် မရွေး ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ဖို့ အလားအလာရှိပါတယ်။ 1997 ခုနစ်က ပထမဆုံးလူမှာ စဖြစ်တဲ့ အချိန်က ကူးစက်ခံရသူ […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

Brucellosis (တိရိစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်သော ဘရူဆယ်လိုးစစ်ရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Brucellosis (တိရိစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်သော ဘရူဆယ်လိုးစစ်ရောဂါ ) ကဘာလဲ။ Brucellosis ဆိုတာ တိရိစ္ဆာန်တွေကနေ လူတွေကို ကူးတဲ့ ဘက်တီးရီးယား ရောဂါ တစ်မျိုးပါ။ ယင်းဘက်တီးရီးယားက လူကော တိရိစ္ဆာန်ကော ကူးစက်နိုင်ပါတယ်။ လူအများစုကတော့ တိရိစ္ဆာန်တွေက ရရှိသော ပိုးမသတ်ထားတဲ့ ထုတ်ကုန်များကို စားသုံးခြင်းအားဖြင့် ကူးစက်ခံကြရပါတယ်။ လေမှ တစ်ဆင့်ကူးစက်ခြင်း နှင့် ရောဂါရှိသော တိရိစ္ဆာန်များကို ထိတွေ့ကိုင်တွယ်ခြင်းကြောင့် ကူးစက်ခြင်းဟာ ရှားရှားပါးပါးဖြစ်စဉ်တွေပါ။ လူလူချင်းကူးစက်တာကတော့ အရှားဆုံးပါပဲ။ Brucellosis (တိရိစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်သော ဘရူဆယ်လိုးစစ်ရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ ယင်းရောဂါက လူပေါင်းရာချီထောင်ချီပြီး ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပေါ်နေတာပါ။ ပိုးမသတ်ထားသော နို့များကို ရှောင်ကြဉ်ပြီး ဓါတ်ခွဲခန်း ဒါမှမဟုတ် တိရိစ္ဆာန်တွေနဲ့ အလုပ်လုပ်တဲ့ အခါမှာ သေချာကာကွယ်မှု ပြုလုပ်ထားမယ်ဆိုရင်တော့ Brucellosis ကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ လက္ခဏာများBrucellosis […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Ebola Virus (အီဘိုလာရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်အီဘိုလာရောဂါဆိုတာ ဘာလဲ။ အီဘိုလာရောဂါဆိုတာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး အသက်အန္တရာယ်ပေးနိုင်တဲ့ ရောဂါအပြင်းစားတစ်မျိုးဖြစ်ပါတယ်။ အီဘိုလာဗိုင်းရပ်စ်အမျိုးအစားငါးမျိုးရှိပြီးဒီအထဲကလေးမျိုးကလူကိုကူးစက်နိုင်ပါတယ်။ အီဘိုလာဗိုင်းရပ်စ်ခန္ဓါကိုယ်ထဲဝင်လာတဲ့အခါခုခံအားစနစ်နဲ့တခြားသောအင်္ဂါအစိတ်အပိုင်းတွေကိုဖျက်ဆီးပစ်နိုင်ပါတယ်။ သွေးခဲအောင်လုပ်ပေးနိုင်တဲ့ဆဲလ်တွေပျက်စီးနည်းပါးသွားတာမို့ ပြင်းထန်ဆိုးရွားတဲ့သွေးယိုစီးမှုတွေကို ဖြစ်စေနိုင်ပါတယ်။ အီဘိုလာဗိုင်းရပ်စ်ဟာကူးစက်မှုနှုန်း မြင့်မားပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသူတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာအသက်ဆုံးရှုံးခဲ့ရတာမို့သင့်မှာအီဘိုလာရဲ့ရောဂါလက္ခဏာတွေ ပြသနေပြီဆိုရင်တော့ ဆေးကုသမှု အမြန်ဆုံးခံယူဖို့လိုအပ်ပါတယ်။ အီဘိုလာရောဂါ ကအဖြစ်များသလား။ အီဘိုလာဟာ ရှားပါးဖြစ်ခဲတဲ့ရောဂါတစ်မျိုးဖြစ်ပြီး ဖြစ်လိုက်ရင်လည်း အင်မတန် ပြင်းထန်ပါတယ်။ အများအားဖြင့် အာဖရိကတိုက်မှာ ဖြစ်လေ့ရှိပေမယ့် တခြားနေရာတွေမှာလည်း တွေ့ရှိစ ပြုလာပြီ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ အာဖရိကတိုက်မှာ အီဘိုလာရောဂါကပ်အသွင် ဖြစ်သွားခဲ့ပါသေးတယ်။ သင့်အနေနဲ့အာဖရိကတိုက်ဖက်ကို ခရီးသွားစရာရှိမယ်ဆိုရင် လုံလောက်တဲ့ကြိုတင်ကာကွယ်မှုတွေကို ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။ အီဘိုလာရောဂါဟာ ကျားမမရွေးအသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ လက္ခဏာများအီဘိုလာရောဂါရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အီဘိုလာ ဒါမှမဟုတ် Marburg ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး ငါးရက်ကနေ ဆယ်ရက်အတွင်းမှာ ရောဂါလက္ခဏာတွေ အလျင်အမြန်စတင်ထွက်ပေါ်လာပါတယ်။ ကနဦးရောဂါလက္ခဏာတွေက • အဖျားတက်ခြင်း • ခေါင်းအရမ်းကိုက်ခြင်း • […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Yellow Fever (ခြင်မှတစ်ဆင့် ကူးစက်သော အပူပိုင်းဒေသ ရောဂါတစ်မျိုး)

အဓိပ္ပါယ်ဖွင့်ဆိုချက်Yellow Fever ဆိုတာဘာလဲ။ Yellow fever ဆိုသည်မှာ ခြင်မှတစ်ဆင့် ကူးစက်သော အသည်းနှင့် ကျောက်ကပ်ကို ထိခိုက်ပြီး သေသည် အထိဖြစ်စေနိုင်သော အပူပိုင်းဒေသ ဗိုင်းရပ်စ်ရောဂါ တစ်မျိုးဖြစ်သည်။ Yellow fever ဗိုင်းရပ်စ် ကို တောင်အမေရိကနဲ့ အာဖရိကဒေသရှိ အပူပိုင်းဒေသတွေမှာ တွေ့ရှိပါတယ်။ အဲဒီဗိုင်းရပ်စ် ကူးစက်ခံရနေရတဲ့ခြင်ဟာ အကိုက်ခံရခြင်းမှတစ်ဆင့် လူသို့ကူးစက်နိုင်သည်။ Yellow fever ရောဂါရှိမရှိ စစ်ဆေးရာတွင် ခံစားနေရသော ရောဂါလက္ခဏာ၊ ခန္ဓါကိုယ်စမ်းသပ်စစ်ဆေးမှု၊ ဓါတ်ခွဲစစ်ဆေးခြင်း များနဲ့ ခရီးသွားခဲ့သောမှတ်တမ်းများ ပေါ် အခြေခံပါတယ်။Yellow fever အတွက်သီးသန့် ကုထုံးမရှိသေးပါဘူး။ ရောဂါလက္ခဏာအပေါ်မှာပဲမူတည်ပြီး ဂရုစိုက်ကုသကြရပါတယ်။ Yellow fever ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ကိုကာကွယ်နိုင်မယ့်နည်းလမ်းတွေမှာ ခြင်မကိုက်စေရန် လိမ်းဆေး၊ဖြန်းဆေးများ အသုံးပြုခြင်း၊ အဝတ်များကို လုံလုံခြုံခြုံဝတ်စားခြင်းနဲ့ ကာကွယ်ဆေးထိုးခြင်းတို့ပဲဖြစ်ပါတယ်။ လက္ခဏာများYellow […]


ဇီကာဗိုင်းရပ်စ်

ဇီကာ ဗိုင်းရပ်စ် ဟာ ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။

ဇီကာဗိုင်းရပ်စ် ဟာသူ့အကြောင်းသေချာမလေ့လာရသေးခင်မှာပဲအလျင်အမြနပျံ့နှံ့နေပါပြီ။ ဇီကာဗိုင်းရပ်စ်ဟာလိင်မှတစ်ဆင့် ကူးစက်တတ်ပါတယ်။ အကာအကွယ် မပါပဲလိင်ဆက်ဆံတာကြောင့် ပထမဆုံးအမျိုးသမီးကနေအမျိုးသားထံကူးစက်တဲ့ အခြေအနေကိုနယူးယောက်မြို့မှာဇူလိုင်လ ၂၀၁၆ က တွေ့ရှိခဲ့ပါတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ အခုအချိန်အထိ ကျွမ်းကျင်သူတွေဟာလိင်ဆက်ဆံမှုနဲ့ ခြင်ကိုက်မှုတို့ကြောင့် ဇီကာဗိုင်းရပ်စ်ကူးစက်မှုတွေကိုပဲသတိထားမိနေပါသေးတယ်။ CDC က နယူးယောက်မြို့မှာတွေ့ခဲ့တဲ့ အမျိုးသမီးကနေအမျိုးသားဆီလိင်ဆက်ဆံမှုမှ ကူးစက်တဲ့ဇီကာဗိုင်းရပ်စ်ရောဂါပိုးဟာပထမဆုံးသက်သေအထောက်အထားနဲ့ ပြနိုင်တဲ့ အမျိုးသမီးကလိင်ဆက်ဆံဖက်ကိုကူးစက်နိုင်တဲ့ (ဇီကာဗိုင်းရပ်စ်ရဲ့ လိင်မှတစ်ဆင့် ကူးစက်နိုင်တယ်ဆိုတဲ့)ကိစ္စတစ်ခုဖြစ်ပါတယ်။ ထိုဖြစ်ရပ်ကြောင့် ဇီကာဗိုင်းရပ်စ်ဟာလိင်ဆက်ဆံရာကနေကူးစက်နိုင်တယ်ဆိုတဲ့ဗဟုသုတတစ်ခုထပ်တိုးရရှိလိုက်ပါတယ် လို့ပြောပါတယ်။ ပထမဆုံးရောဂါအမြောက်အမြား ပြန့်ပွားခြင်းကို ၂၀၀၇ မှာတောင်ပစိဖိတ်မှာရှိတဲ့ ‘ရတ’် ကျွန်းမှာတွေ့ရှိခဲ့ပါတယ်။ အခုချိန်အထိလဲရောဂါပြန့်ပွားခြင်းကိုခံစားနေရတဲ့ နိုင်ငံအများအပြားရှိပါသေးတယ်။ ဇီကာဗိုင်းရပ်စ် ပြန့်ပွားမှုနှုန်း မြင့်တက်လာတာဟာမွေးကင်းစကလေးတွေ ခေါင်းသေးခြင်းနဲ့ Guillain-Barré syndrome (အာရုံကြောထိခိုက်မှုကြောင့်ချိနဲ့လာသောရောဂါ)တို့ များပြားလာတာနဲ့ တူညီပါတယ်။ ဒါကို ၁၉၄၇ မှာ Uganda က မျောက်တွေမှာပထမဆုံးတွေ့ရှိခဲ့ပြီးလူတွေမှာတော့ ၁၉၅၂မှာ တွေ့ရှိခဲ့ပါတယ်။ ဇီကာဗိုင်းရပ်စ် ပိုးကူးစက်မှုမှ ကာကွယ်ခြင်း ဇီကာဗိုင်းရပ်စ် ဟာမွေးကင်းစကလေးတွေမှာဦးနှောက်နဲ့ ဦးခေါင်းရိုးပုံမမှန်ခြင်း (ခေါင်းသေးခြင်း)အပါအဝင် မွေးရာပါချို့ယွင်းမှုတွေကို […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

လက်ကို ဘယ်အချိန်မှာ ဘယ်လိုဆေးကြမလဲ

လက်ဆေးခြင်းလက်ဆေးခြင်းဟာ အအေးမိခြင်း၊ တုပ်တွေးနဲ့ အစာအဆိပ်သင့်တာတွေကို ကာကွယ်ဖို့ ရိုးစင်ပြီး ထိရောက်တဲ့နည်းလမ်း တစ်ခုဖြစ်ပါတယ်။ လက်ကိုဘယ်အချိန်မှာဆေးမလဲ။ရောဂါပိုးတွေ ဘက်တီးရီးယားတွေနဲ့ မထိတွေ့ခင်နဲ့ ထိတွေ့ပြီးတဲ့နောက်မှာ လက်ဆေးတာကို နေ့စဉ်ပုံမှန် လုပ်ဆောင်နေကျ အရာတစ်ခုအဖြစ် လုပ်ဆောင်သင့်ပါတယ်။ ခြုံပြောရရင် အောက်ပါအချက်တွေကြောင့် လက်ဆေးသင့်ပါတယ်။ • တုပ်ကွေးနဲ့ အအေးမိခြင်းတွေ ဖြစ်ပွားလေ့ရှိတဲ့ အချိန်မှာ လက်ဆေးခြင်းဟာ သင့်ကို အအေးမိခြင်းမှ ကာကွယ်ပေးပါတယ်။ • အစာမပြင်ဆင်မီ၊ ပြင်ဆင်နေစဉ်နဲ့ ပြင်ဆင်ပြီးချိန်တွေမှာ လက်ဆေးခြင်းဟာ သင့်ကိုအစာအဆိပ်သင့်ရောဂါ ပြန့်ပွားစေတဲ့ ဘက်တီးရီးယားကူးစက်နိုင်ခြေကနေ ကာကွယ်ပေးပါတယ်။ အထူးသဖြင့် အသားစိမ်း၊ ငါးစိမ်း၊ ဥတွေနဲ့ ပင်လယ်စာ အစိမ်းတွေကို မကိုင်တွယ်စဉ်နဲ့ ကိုင်ကွယ်ပြီးချိန်မှာ လက်ကို သေချာဆေးကြောသင့်ပါတယ်။ • အိမ်သာဝင်ပြီးချိန် (သို့) ကလေးအနှီး လဲပြီးချိန်တွေမှာ လက်ဆေးခြင်းဟာ သင့်ကို ကူးစက်ရောဂါတွေ ဖြစ်တဲ့ salmonella ရောဂါနဲ့ […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

မိုးရာသီဝင်ချိန်တွင် ဖြစ်ပွားတတ်သည့် ရောဂါများကို ဘယ်လိုကာကွယ်ကြမလဲ

မုတ်သုံရာသီ နီးကပ်လာတာနဲ့အမျှ အနောက်တောင်လေတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ ပါလာတာကတော့ ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ဖျားနာရောဂါပဲ ဖြစ်ပါတယ်။ ဒါတွေအပြင် အဖြစ်များတဲ့ တခြားရောဂါတွေကတော့ ငှက်ဖျားရောဂါ၊ လည်ချောင်းနာတာ၊ အအေးမိတုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတို့ ဖြစ်ကြပါတယ်။ ဒီတော့ မိုးရာသီဝင်ချိန်တွင် ဖြစ်ပွားတတ်သည့် ရောဂါများကို ဘယ်လိုကာကွယ်ကြမလဲ ။ မိုးရာသီဝင်ချိန်တွင် ဖြစ်ပွားတတ်သည့် ရောဂါများကို ဘယ်လိုကာကွယ်ကြမလဲ မိုးရာသီဝင်ချိန်တွင် ဖြစ်ပွားတတ်သည့် ရောဂါများကို အခုလို ကာကွယ်နိုင်ပါတယ်။ (၁) သောက်သုံးရေကို သန့်ရှင်းအောင် ဂရုစိုက်ပါ၊၊ မိုးရာသီမှာ ရေအရင်းအမြစ်တွေက ညစ်ညမ်းလွယ်ပြီး မသန့်ရှင်းသော ရေကတဆင့် အသည်းရောင်အသားဝါရောဂါ၊ အထက်လှန်အောက်လျှောရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါတို့ ဖြစ်ပွားနိုင်ပါတယ်၊၊ ရေကနေတဆင့် ရောဂါတွေ မကူးစေဖို့ ရေကို ကျိုချက်သောက်တာ၊ သောက်ရေသန့်သောက်တာ၊ ရေသန့်ဆေးပြားထည့်ပြီး သန့်စင်တာတွေ လုပ်နိုင်ပါတယ်၊၊ (၂) လက်သုတ်ပုဝါကို မိမိတစ်ဦးတည်း အသုံးပြုပါ၊၊ ဘက်တီးရီးယားပိုးရောဂါများမှ […]


ကူးစက်ရောဂါများ

ဇီကာဗိုင်းရပ်စ်ပိုးကူးစက်ခြင်းမှ ကာကွယ်ရန် ခြင်နိုင်ဆေးရည်အသုံးပြုခြင်း

ဆေးရည်အသုံးပြုခြင်းသင်သည် ကိုယ်ဝန်ဆောင် အမျိုးသမီးဖြစ်ပြီး သင်နှင့် သင့်ရင်သွေးကို ခြင်ကိုက်ခြင်းမှ ကာကွယ်နိုင်သော အလွယ်ကူဆုံး နည်းလမ်းမှာ ခြင်နိုင်ဆေးရည် အသုံးပြုခြင်းဖြစ်သည်။ ညွှန်ကြားထားသည့်အတိုင်း အသုံးပြုပါက ခြင်နိုင်ဆေးဖျန်းခြင်းသည် အန္တရယ်မရှိသည့်အပြင် ဇီကာဗိုင်းရပ်စ်နှင့်တကွ အခြားခြင်မှ ကူးစက်တက်သော ရောဂါပိုးများကိုလည်း ကာကွယ်ပေးပါသည်။ ခြင်ကိုက်ခံရခြင်းမှ ကာကွယ်ရန် အောက်ပါတို့ကို လေ့လာကြည့်ပါ။ ကိုယ်ဝန်ဆောင်အမျိုးသမီးများကိုခြင်ပိုကိုက်ရခြင်းအကြောင်းသင့်အနေဖြင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများ၏ သွေးကိုခြင်က ပိုနှစ်သက်လိမ့်မည်ဟုတွေးထင်မိပါက ထိုအခြင်းအရာသည် အမှန်တကယ်ပင်ဖြစ်သည်။ သိပ္ပံပညာရှင်များက ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် အခြားအမျိုးသမီးများထက် ခြင်ကို ၂ ဆခန့်ပိုမိုဆွဲဆောင်နိုင်ကြောင်းတွေ့ရှိခဲ့ကြသည်။ ပညာရှင်များက ယူဆသည်မှာ ခြင်သည် လူတို့ရှူထုတ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ကို လိုက်၍ကိုက်ခြင်း ဖြစ်ရာ ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် အခြားသူများထက် အသက်ရှူသွင်း ၊ ရှူထုတ်သော အကြိမ်ရေပိုမိုများပြားသဖြင့် ရှူထုတ်သောလေမှာ ၂၁% ထိပိုမိုများပြားပြီး ထိုခြင်သတ္တဝါများကို ဆွဲဆောင်ခြင်း […]


ဇီကာဗိုင်းရပ်စ်

ဇီကာဗိုင်းရပ်စ်Zika Virus၏လိင်မှတစ်ဆင့်ကူးစက်ခြင်းကို သတိပြုရန်လိုအပ်လာခြင်း

ရောဂါလက္ခဏာများဇီကာဗိုင်းရပ်စ်၏ရောဂါပျိုးချိန်(ရောဂါပိုးစဝင်ချိန်မှရောဂါလက္ခဏာပြချိန်)အတိအကျကိုမသိရသေးပါ။ ရက်အနည်းငယ် ကြာမြင့်နိုင်ပါသည်။ မျိုးနွယ်တူ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး ကဲ့သို့ပင် ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ အနီကွက်များထွက်ခြင်း၊ မျက်စိနာခြင်း ၊ကြွက်သားနှင့် အဆစ်များနာခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း တို့ဖြစ်နိုင်သည်။ ရောဂါလက္ခဏာများမှာ ပြင်းထန်မှုမရှိဘဲ၂ရက်မှ၁ပတ်အထိ ကြာမြင့်တတ်သည်။ ဇီကာဗိုင်းရပ်စ်၏နောက်ဆက်တွဲပြဿနာများ၂၀၁၆ခုနှစ်မေလ၃၀ရက်နေ့အထိလေ့လာချက်များအရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ ထုတ်ပြန်သည်မှာ ကိုယ်ဝန်ဆောင်စဉ် ရောဂါကူးစက်ခံရပါက မွေးရာပါ ဦးနှောက်ဖွံ့ဖြိုးမှု့ချို့တဲ့ရောဂါ၊ ဦးနှောက်သေးခြင်း(Microcephaly)နှင့် GuillianBarre’Syndrome ဟုခေါ်သော အာရုံကြောရောင်ရမ်းခြင်း ရောဂါများလည်း ခံစားရစေနိုင်သည်။ ဇီကာဗိုင်းရပ်စ်နှင့်ဦးနှောက်အာရုံကြောရောဂါများ၏ ဆက်စပ်မှုကို သုတေသနလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်နေကြပါသည်။ ရောဂါကူးစက်ပုံဇီကာဗိုင်းရပ်စ်သည် အဓိကအားဖြင့် ရောဂါပိုးရှိသော အေးဒီးစ်(Aedes)ခြင်ကျား အကိုက်ခံရခြင်းမှ ကူးစက်သည်။ အေးဒီးစ်ခြင်သည် အပူပိုင်းဒေသများတွင် တွေ့ရပြီး မနက်စောစောနှင့် နေ့လည် နေ့ခင်းဘက်တွင် အများဆုံး ကိုက်တတ်သောခြင် ဖြစ်ပါသည်။ သွေးလွန်တုပ်ကွေးရောဂါ၊ ရှင်ကန်ဂန်းယားရောဂါနှင့် ငန်းဝါရောဂါတို့ကို ဖြစ်စေသော ခြင်အမျိုးအစားလည်း ဖြစ်ပါသည်။ လိင်မှတစ်ဆင့်လည်း […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်