ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ပြီး ဘာတွေရှောင်ရမလဲ

သွေးလွန်တုပ်ကွေးက ကလေးတွေမှာ အဖြစ်များတယ်ဆိုပေမယ့် လူကြီးတွေလည်း မလွတ်ပါဘူး။ သွေးလွန်တုပ်ကွေးက ရှော့ဖြစ်တတ်ပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ဖျားနာပြီး သွေးလွန်တုပ်ကွေး လက္ခဏာတွေရှိတယ်ဆိုရင်  ဘယ်အရွယ်ပဲဖြစ်ဖြစ် သွေးလွန်တုပ်ကွေး စစ်ဆေးသင့်ပါတယ်။ သွေးလွန်တုပ်ကွေးအတွက် တစ်ဖက်က ဆေးကုသဖို့လည်း လိုအပ်သလို တစ်ဖက်ကနေလည်း အာဟာရဖြည့်တင်းဖို့ လိုပါတယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ပြီး ဘာတွေရှောင်ရမလဲ ဆိုတာ သိထားဖို့ လိုပါတယ်။ သွေးလွန်တုပ်ကွေးနဲ့ အာဟာရ သွေးလွန်တုပ်ကွေးဖြစ်ချိန်မှာ လူနာက ပါးစပ်ပျက်တာကြောင့် အစားမဝင်ဘဲ အားနည်းနိုင်သလို အဖျားကြီးတာ၊ ချွေးထွက်များတာကြောင့် ရေနဲ့ ဓာတ်ဆား ဆုံးရှုံးနိုင်ပါတယ်။ ဒါ့ပြင် သွေးလွန်တုပ်ကွေးကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်က သွေးကြောတွေကို တိုက်ခိုက်တာကြောင့် ကိုယ်တွင်းအရည်စိမ့်တာ၊ သွေးဥမွှားတွေကို တိုက်ခိုက်တာကြောင့် ခန္ဓာကိုယ် သွေးယိုတာ စတာတွေကြောင့် ရေဓာတ်ဆုံးရှုံးသလို ဖြစ်ပြီး ရှော့ရတတ်ပါတယ်။ သွေးလွန်တုပ်ကွေးက ဗိုင်းရပ်စ်ကြောင့် […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကိုရိုနာဗိုင်းရပ်စ်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

ခွဲစိတ်ပြီးချိန် ရောဂါပိုးဝင်ခြင်း

ခွဲစိတ်ပြီးချိန် ရောဂါပိုးဝင်ခြင်းဆိုတာကတော့ ခွဲစိတ်ထားတဲ့ အနာမကျက်ခင် ခွဲတဲ့နေရာမှာ ရောဂါပိုးများ ဝင်ရောက်ပေါက်ပွားလာခြင်း ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းတွေကိုလည်း တွေ့ရတတ်ပါတယ်။ စစ်တမ်းတွေအရ ခွဲစိတ်ကုသမှုအားလုံးရဲ့ ၂-၅ ရာခိုင်နှုန်းခန့်မှာ ရောဂါပိုးဝင်တတ်တယ်လို့ သိရပါတယ်။ ရောဂါပိုးဝင်ရောက်နှုန်းဟာ ခွဲစိတ်မှုအမျိုးအစားပေါ်လည်း မူတည်ပါတယ်။ ရောဂါပိုးဝင်ခြင်းတွေအနက် Staph ပိုးဝင်ခြင်းအမျိုးအစားက အများဆုံး ဖြစ်ပါတယ်။ အခြေအနေဆိုးရွားပြင်းထန်ရင် ရောဂါပိုးများဟာ တကိုယ်လုံး ပျံ့သွားနိုင်ပြီး သွေးဆိပ်တက်ခြင်း ဖြစ်နိုင်ပါတယ်။ ခွဲစိတ်ပြီးချိန် ရောဂါပိုးဝင်ခြင်း လက္ခဏာများ ခွဲစိတ်မှုပြုလုပ်ထားတဲ့နေရာမှာ ခွဲစိတ်ထားတဲ့အနာမကျက်ခင် ရောဂါပိုးဝင်တတ်ပါတယ်။ ရောဂါပိုးဝင်လာတဲ့အခါ - ခွဲစိတ်သည့်နေရာတွင် နီရဲရောင်ရမ်းခြင်း - ခွဲစိတ်သည့်နေရာမှာ အဝါရောင်အရည်များ (သို့မဟုတ်) ပြည်များ စီးထွက်ခြင်း - အဖျားတက်ခြင်း စတာတွေ ဖြစ်ပါတယ်။ ရောဂါပိုးဝင်ရောက်သည့်နေရာများ ခွဲကြောင်းချုပ်ရိုးရာတွေရှိတဲ့ အပေါ်ဆုံးအရေပြားမှာ ပိုးဝင်ခြင်းကို superficial infection လို့ ခေါ်ပါတယ်။ အရေပြားပေါ်မှာ ရှိတဲ့ ဘက်တီးရီးယားတွေကဖြစ်စေ၊ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာလမှာ ကလေးတွေကို ဒီနည်းလမ်းတွေနဲ့ ထိန်းကျောင်းပါ။

ကိုဗစ်ကာလဖြစ်တာကြောင့် လူတိုင်းက စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ အနည်းနဲ့ အများတော့ရှိကြပါတယ်။ ဒီထဲမှာ ကလေးတွေလည်း ပါတာပေါ့။ အရင်ကဆို ကျောင်းသွားရတယ်။ သူငယ်ချင်းတွေနဲ့ ဆော့ရတယ်။ အပြင်ထွက် မုန့်စားရတယ်။ ခုတော့ အိမ်မှာပဲ နေရတယ်။ ကျောင်းလည်း မသွားရဘူး။ သူငယ်ချင်းတွေနဲ့ မတွေ့ရတော့ဘူး။ သူတို့လေးတွေမှာလည်း ခံစားချက်ရှိတာမို့လို့ ဒီလိုအပြောင်းအလဲကို လက်ခံနိုင်ဦးမှာ မဟုတ်ပါဘူး။ ဒီတော့ မိဘတွေ အနေနဲ့ ကလေးကို ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ New normal နည်းလမ်းတွေနဲ့ ကလေးကို ပြုစုပျိုးထောင်ဖို့ လိုအပ်ပါတယ်။ ကိုဗစ်မတိုင်ခင်က ကလေးကို ဘယ်လိုထိန်းကျောင်းခဲ့သလဲဆိုရင် ကိုဗစ်မတိုင်ခင်ကဆိုရင် မနက်မိုးလင်းတာနဲ့ မိဘတွေလည်း အလုပ်သွား၊ ကလေးတွေလည်း ကျောင်းသွား၊ မူကြိုသွား စသဖြင့် အသီးသီး ထွက်သွားကြပါတယ်။ ညနေလောက်မှ ပြန်ဆုံတာပါ။ အိမ်ပြန်ရောက်တော့လည်း ကလေးတွေလည်း အိမ်စာလုပ်၊ […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ကို ဘယ်လိုစစ်လို့ရသလဲ။

COVID-19 ရှိမရှိ စစ်ဆေးတဲ့အခါမှာ Antigenကို စစ်တာရယ်၊ ထွက်လာတဲ့ ခုခံအား Antibodyကို စစ်တာရယ်ဆိုပြီး ရှိပါတယ်။ ဒါတွေက ဘယ်လောက်တိကျသလဲ။ ဘယ်လိုအားနည်းချက်တွေရှိသလဲဆိုတာ သိထားဖို့ လိုပါတယ်။ COVID-19 ကို ဘယ်လိုစစ်လို့ရသလဲ။ ကိုဗစ်ကို စစ်လို့ရတဲ့ နည်းတွေကတော့ Molecular test RT-PCR (Real time polymerase chain reaction)လို့ ခေါ်ပါတယ်။ ရောဂါဖြစ်စကနေပြီး ခုထိစစ်ခဲ့တာ ဒီနည်းနဲ့ပါ။ လူနာဆီကနေ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ကို ယူပြီး စစ်ဆေးတာပါ။ ဒီတို့ဖတ်မှာပါတဲ့ ဗိုင်းရပ်စ်ကို ခေတ်မီစက်ကြီးတွေသုံးပြီး ကျွမ်းကျင်ပညာရှင်တွေက စစ်ဆေးပေးတာပါ။ အားသာချက်က တော်တော်တိကျပါတယ်။ ကိုဗစ်အတွက် gold standardပါ။ လက်ရှိမှာ အတိကျဆုံးနည်းလမ်း ဖြစ်ပါတယ်။ အားနည်းချက်ကတော့ အချိန်စောင့်ရပါတယ်။ နေ့ချင်းရတယ်ဆိုပေမယ့် ၂နာရီကနေ ၅နာရီလောက်တော့ ကြာပါတယ်။ နယ်ကပို့လာတယ်ဆိုရင် ကြားထဲမှာ သယ်ယူပို့ဆောင်တဲ့အချိန်တွေကို […]


ကိုရိုနာဗိုင်းရပ်စ်

အနံ့ပျောက်ရင် ဘာလုပ်ရမလဲ။

ခုတလော အနံ့ မရတော့ဘူးဆိုရင် ကိုဗစ်ပဲဆိုပြီး စိုးရိမ်မှုတွေ အတော်လေး များနေကြပါတယ်။ ကိုယ်ပူတယ်၊ ခေါင်းကိုက်လိုက်တာ၊ ချောင်းဆိုးနေပြီဆိုရင် ရုတ်ရက် ဘာ လှမ်းမေးမိလဲ။ ဟဲ့...... အနံ့ ရသေးရဲ့လား ဆိုတာဟုတ်။ အင်း..... အနံ့ ရတယ်ဆိုရင်။ ဟယ် ကိုဗစ်မဟုတ်ပါဘူး။ ရိုးရိုး ဖျားတာနေမယ်။ အိပ်ရေးပျက်လို့ ခေါင်းကိုက်တာနေမယ်။ ဘာစားမိလို့တုန်း။ အချိုစာများ စားမိသေးလားဆိုတာနဲ့ အဆုံးသတ်သွားတယ်။ ခံစားနေရသူမှာလည်း စိတ်သက်သာရာကို ရလို့။ ကဲ... အခုတစ်ခေါက်တော့ အနံ့ပျောက်နေရင် ဘယ်လို လုပ်ရမလဲဆိုတဲ့ စမ်းသပ်နည်းလေး တစ်ခုကို ပြောပြပေးသွားမယ်နော်။ အနံ့ ပျောက်တာ ကိုဗစ် တစ်ခုတည်းကြောင့် မဟုတ်ပါ။ ကိုဗစ်ကြောင့် မဟုတ်ဘဲ ဒီအချက်တွေကြောင့်လည်း အနံ့ပျောက်နိုင်ပါတယ်။ ဖျားတာ အသက်အရွယ်ကြီးလာတာ အသက်ရှူလမ်းကြောင်း အထက်ပိုင်းပြဿနာရှိတာ ဆေးလိပ်သောက်တာ ဦးခေါင်းထိခိုက်မိတာ ဟော်မုန်းပြဿနာ ရှိတာ သွားနဲ့ခံတွင်း […]


ကူးစက်ရောဂါများ

COVID-19 ကာကွယ်ရေးနည်းလမ်းများကို ထပ်မံသတိပေးခြင်း

ယခုအချိန်မှာလူသားအားလုံးကိုခြောက်လှန့်နေတာဟာ COVID-19 ကပ်ရောဂါဆိုးကြီးပါ။ ဒီတစ်ခေါက်ရောဂါကူးစက်ခြင်းဟာ ဒုတိယလှိုင်းဖြစ်တာကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ လူအားလုံးနီးပါး ဟာ ကာကွယ်ဖို့နည်းလမ်းတွေကိုသိထားနှင့်ပြီးသားပါ။ ဒါဟာလည်းကျန်းမာရေးဝန်ကြီးဌာနအပါအဝင် ဖေ့ဘွတ်နဲ့ အခြားလူမှုကွန်ယက်စာမျက်နှာတွေကဖော်ပြပေးထားတဲ့ ကျန်းမာရေးသတိပေးချက်တွေ ကြောင့်ဆိုလည်း မမှားပါဘူး။ မီးသတ်၊ ကြက်ခြေနီစတဲ့ အသင်းအဖွဲ့တွေအပြင် တီဗွီ၊ မီဒီယာတွေကလည်း အလျဉ်းသင့်သလို ပညာပေးထားကြပါတယ်။ သို့သော်လည်း သတိမမူ ဂူမမြင်ဆိုတဲ့ စကားအတိုင်း ယခုထိနည်းလမ်းတွေ၊ အမူအရာတွေ မှားယွင်းနေကြသူတွေ ရှိနေပါသေးတယ်။ Mask တပ်ပုံချွတ်ပုံမှားနေတာမျိူးဟာ ထောက်ပြစရာ အကောင်းဆုံးသာဓကပါ။ ဒါဟာလည်း အပြစ်မဟုတ်ပါ။ ယခု COVID-19 သည်ယနေ့မျိူးဆက်အတွက် ပထမဆုံးသောကပ်ရောဂါဖြစ်တာမို့ အတွေ့အကြုံမရှိခဲ့ကြလို့ပါ။ ဒီဆောင်းပါးမှာတော့ လက်တွေ့ကျတဲ့ COVID-19 ကာကွယ်ခြင်းနည်းလမ်းများကို အနှစ်ချုပ်ပြန်ပြောပြထားပါတယ်။ ပါဝင်တဲ့အကြောင်းအရာ တွေကို ဖတ်ဖူးမှတ်ဖူးကြမှာ အမှန်ပါပဲ။ သို့သော်လည်း ဒုတိယလှိုင်းကပ်ဘေးစတင် ဖြစ်ပွားရာမြို့မှာ နေထိုင်ခဲ့တဲ့ အတွေ့အကြုံတွေအရပြန်လည်စုစည်းထားတာမို့ ကျင့်သုံးသင့်ပါတယ်။ လက်တွေ့ကျပြီး […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 နှင့် အတူတကွယှဉ်တွဲနေထိုင်ခြင်း

COVID-19 နှင့် အတူတကွယှဉ်တွဲနေထိုင်ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ယနေ့ခေတ်ကမ္ဘာပါ်မှာနေထိုင်နေကြတဲ့ လူတစ်ဦးတစ်ယောက်ချင်းဆီကို လိုက်မေးကြည့်ပါ။ သင်တို့ယခုအကြောက်ဆုံးဟာ ဘာဖြစ်မလဲလို့။ ပြန်ဖြေတဲ့ဘာသာစကားသာမတူဘဲနေရင်နေပါမယ်။ အဖြေကတော့ တစ်မျိုးထဲပါပဲ။ ဟုတ်ပါတယ်။ COVID-19 လို့ပဲပြန်ဖြေကြမှာပါ။ COVID-19 ရောဂါဖြစ်ပွားသူဦးရေဟာလည်းတစ်နေ့တစ်ခြားတိုးပွားလျက်ရှိနေဆဲပါပဲ။ ဒါပေမဲ့ ဒီကပ်ရောဂါကြီးစဖြစ်ခဲ့တုန်းကလောက်တော့ လူတွေဟာ သိပ်တုန်လှုပ်ခြင်းမရှိကြတော့ပါဘူး။ COVID-19 နှင့် အတူတကွယှဉ်တွဲနေထိုင်ခြင်း မြန်မာနိုင်ငံမှာဆိုရင်လည်း COVID ပထမလှိုင်းဝင်ခဲ့တုန်းက လူတွေဟာအလွန်တရာကိုမှကြောက်ရွံ့ခဲ့ကြပြီး Panic Buying ဆိုတဲ့ အသည်းအသန် ပစ္စည်းဝယ်ယူစုဆောင်းမှုတွေလုပ်ခဲ့ကြပါတယ်။ အဲ့ဒီအခါ အမြတ်ကြီးစားသူစျေးဆိုင်ရှင်တွေက စျေးများများနဲ့ ရောင်းချခဲ့ကြပါတယ်။ ယခု နောက်ပိုင်းမှာတော့ အတွေ့အကြုံရှိခဲ့ပြီးပြီမို့ အဲ့ဒီလိုမလုပ်ကြတော့ပါဘူး။ အမြတ်ကြီးစားတဲ့သူတွေတော့ရှိနေပါသေးတယ်။ COVID-19 နှင့် အတူတကွယှဉ်တွဲနေထိုင်ခြင်း အကြောင်းလေး ဆက်ပြောကြရအောင်နော်။ ကဲ ကျန်းမာရေးရှုထောင့်ကိုသွားကြည့်ရအောင် COVID စဖြစ်ဖြစ်ချင်းမှာ လူတွေဟာ ကြောက်ကြတာမို့ အိမ်ထဲကအိမ်ပြင်မထွက်ကြတော့ပါဘူး။သာမန်လူအိမ်အပြင်မထွက်တာကောင်းတဲ့ကိစ္စဆိုပေမဲ့ အမှန်တကယ်နာမကျန်းသူတွေကတော့ ဆေးရုံဆေးခန်းကို ကျိန်းသေပေါက် သွားပြရပါမယ်။ COVID တစ်ခုတည်းသာရောဂါမဟုတ်ပါ။ COVID ထက် ကြောက်ဖို့ကောင်းတဲ့ရောဂါတွေမှအများကြီးပါ။ ဆရာဝန်ဆီက […]


ကူးစက်ရောဂါများ

မျက်နှာအကာအကွယ် (Face Shield) တစ်မျိုးတည်း တပ်ခြင်းက စိတ်ချရပါ့မလား

COVID-19 ကပ်ရောဂါကြီးကို ရင်ဆိုင်နေရတဲ့အချိန်မှာ Stay at Home ဆိုတဲ့အစီအစဉ်အတိုင်းမလိုအပ်ဘဲနဲ့အပြင်ကိုမထွက်တာဟာအကောင်းဆုံးပါ။ သို့သော်လည်း မသွားမဖြစ်အကြောင်းအရာတွေဟာ ရှိနေပါတယ်။ ဥပမာ အစားအသောက်အတွက် စျေးသွား ရတာမျိုး၊နေထိုင်မကောင်းတဲ့အခါဆေးရုံဆေးခန်းသွားရတာမျိုးစတာတွေတော့ရှိနိုင်ပါတယ်။ ထိုအခါ နှာခေါင်းစည်း(Mask)နဲ့မျက်နှာအကာအကွယ်(FaceShield)ကိုတော့မဖြစ်မနေတပ်သွားသင့်ပါတယ်။ နှာခေါင်းစည်းကတော့ အလိုအပ်ဆုံးပါပဲ။  မပါမဖြစ်ပါ။ အချို့လူတွေကတော့ Face Shieldတစ်ခုတည်းသာ တပ်ဆင်သွားလာနေတာကိုတွေုရပါတယ်။ အကြောင်းပြချက်ကတော့ ပူအိုက်ခြင်းတွေနဲ့ အသက်ရှူရအဆင်မပြေခြင်းတို့ကြောင့် ပလတ်စတစ် Face Shield တွေကို အစားထိုးတပ်ကြတာပါ။ မျက်နှာအကာအကွယ်(Face Shield) တွေဟာ နှာခေါင်းစည်းတွေလောက် ကာကွယ်မှုပေးနိုင်ရဲ့လား။ ဘယ်လောက်ထိလုံခြုံစိတ်ချရသလဲဆိုတာကိုတော့ဘယ်သူမှမပြောနိုင်သေးပါဘူး။ Face Shieldတွေက အမှန်တကယ်ရော Covid19ရောဂါကူးစက်မှုကိုကာကွယ် ပေးနိုင်ရဲ့လား ဆိုတာမေးစရာရှိလာပါပြီ။ COVID-19 ရဲ့ကူးစက်မှုပုံစံဟာ နှာချေ၊ ချောင်းဆိုးရာမှ ထွက်လာတဲ့ အစက်အမှုန်တွေ အသက်ရှူလမ်းကြောင်းထဲဝင်ရောက်ကာ ကူးစက်ရတာပါ။ ပလတ်စတစ် မျက်နှာအကာတွေဟာ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တို့ကိုဖုံးအုပ်ပေးထားတာကြောင့် ဗိုင်းရပ်စ်ကူးစက်မှုကိုအတော်အသင့်ကာကွယ်ပေးနိုင်တယ်ဆိုတာတော့အမှန်ပါပဲ။ […]


ကိုရိုနာဗိုင်းရပ်စ်

ဆီးချိုဝေဒနာရှင်တွေကို အထူးအန္တရာယ်ပေးနေတဲ့ကိုဗစ်

လတ်တလော ကိုဗစ်ရောဂါကြောင့်သေဆုံးသွားသူ အားလုံးလိုလိုမှာဆီးချိုရောဂါရှိနေတာကို တွေ့ရမှာပါ။ ဆီးချိုရောဂါအခံရောဂါရှိသူတွေဟာ ကိုဗစ်ဒဏ်ကို ဘာကြောင့်ပိုခံရသလဲဆိုတာ ပြောပြပေးချင်ပါတယ်။ သွေးလေးဖက်နာရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါလို နာတာရှည်ရောဂါတစ်ခုခုရှိနေရင် ကိုဗစ်ရောဂါက ပိုဒုက္ခပေးနိုင်တာကို အတော်များများသိကြပြီးဖြစ်မှာပါ။ ဒါဟာအဓိကအားဖြင့် ဆီးချိုရောဂါရဲ့ ခန္ဓာကိုယ်အပေါ် သက်ရောက်မှုနဲ့သက်ဆိုင်ပါတယ်။ ဆီးချိုရောဂါရှင်တွေက ဆီးချိုမရှိတဲ့သူတွေလောက် ကိုယ်ခံအား မကောင်းပါတဲ့အတွက် ပြင်ပရောဂါတွေဝင်ရောက်လာမှာတဲ့အခါ ခံနိုင်ရည်သိပ်မရှိသလို ရောဂါကိုလည်းပြန်မတိုက်ထုတ်နိုင်ပါဘူး။ ဒါ့ကြောင့် ဆီးချိုမရှိသူတွေနဲ့ယှဉ်ရင် ကိုဗစ်လက္ခဏာတွေ ပိုဆိုးဆိုးရွားရွားခံစားရပြီး နောက်ဆက်တွဲပြဿနာတွေပိုဝင်လာတာဖြစ်ပါတယ်။ တကယ်လို့ ဆီးချိုရောဂါအပြင် နှလုံးရောဂါ (ဒါမှမဟုတ်) အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါတစ်ခုခုပါ တွဲရှိနေရင်တော့ တအားအသက်အန္တရာယ်များသွားပါပြီ။ ခန္ဓာကိုယ်ကဗိုင်းရပ်စ်ပိုးကို ပြန်တိုက်ထုတ်နိုင်ဖို့ အင်အားမရှိသလောက်ဖြစ်သွားပါပြီ။ ဆီးချိုရောဂါရှိသူ ကိုဗစ်ကူးစက်ခံရရင် ဆီးချိုရောဂါရဲ့နောက်ဆက်တွဲပြဿနာတွေပိုကြုံတွေ့ရနိုင်ပါတယ်။ ဒီအထဲမှာအန္တရာယ်အများဆုံးက DKA (Diabetic ketoacidosis) ဖြစ်ပါတယ်။ အမျိုးအစား (၁) ဆီးချို ခံစားနေသူတွေမှာပိုအဖြစ်များပါတယ်။ DKA ဝင်လာရင်ကိုယ်ထဲမှာ ကီတုန်း (ketone) လို့ခေါ်တဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ရောဂါဖြစ်ပွားချိန်မှာ ခွဲစိတ်ကုသမှုခံယူရမယ်ဆိုရင်

အခုလိုကိုဗစ်ရောဂါဖြစ်ပွားနေချိန်မှာ ခွဲစိတ်ကုသဖို့လိုအပ်တဲ့ရောဂါတစ်ခုခုခံစားနေရမယ်ဆို ကြုံတွေ့ရနိုင်တာလေးတွေနဲ့ ပြင်ဆင်ထားသင့်တာတွေကို ပြောပြပေးချင်ပါတယ်။ ကိုဗစ်ရောဂါဆိုးကြီးက တစ်ကမ္ဘာလုံးအပေါ်သက်ရောက်မှုကြီးမားပါတယ်။ ဒီအထဲမှာအသိသာဆုံးနဲ့ အဆိုးရွားဆုံးသက်ရောက်မှုကိုခံစားရတာကတော့ ကျန်းမာရေးစောင့်ရှောက်မှုအခန်းကဏ္ဍပါပဲ။ ဆေးရုံတွေက လက်ရှိအချိန်မှာ ထိခိုက်ရှနာနဲ့အရေးပေါ်လူနာမျိုးစုံကို ကုသပေးရတဲ့အပြင် ကိုဗစ်လူနာတွေကိုလည်း လက်ခံကုသပေးနေပါတယ်။နောက်ပြီး ဆရာဝန်၊ဆရာမတွေကိုယ်တိုင် ရောဂါကူးစက်မခံရအောင်လည်း ဂရုစိုက်နေရပါတယ်။ ဒါ့ကြောင့်ဒီအချိန်မှာ ဆေးရုံဆေးခန်းလာတဲ့လူနာမှန်သမျှကို triage စနစ်လို့ခေါ်တဲ့ လူနာကိုပြင်းထန်မှုအလိုက် ခွဲခြားကုသမှုပေးတဲ့ စနစ်နဲ့သွားရမှာပါ။ ဆိုလိုတဲ့အဓိပ္ပာယ်က သင့်မှာခွဲစိတ်ကုသဖို့လိုအပ်တဲ့ရောဂါတစ်ခုခုခံစားနေရမယ်ဆိုရင် ဒီရောဂါက ဆေးရုံချက်ချင်းတက်ပြီးခွဲစိတ်ဖို့ လိုသလား ဒါမှမဟုတ် ဆေးထိုး ဆေးသောက်လုပ်ပြီးထိန်းထားလို့ ရသလား ဆိုပြီး (၂) မျိုးခွဲပါတယ်။ ပထမတစ်မျိုးကို အရေးပေါ်ခွဲစိတ်ကုသမှု (emergency surgery) လိုအပ်တဲ့အုပ်စုထဲထည့်ပါတယ်။ ဥပမာ - အူအတက်ပေါက်ခြင်း၊ ခြေပြတ်လက်ပြတ်တာလို ပြင်းထန်တဲ့မတော်တဆတွေနဲ့ ရုတ်တရက်နှလုံးဖောက်ခြင်း စတဲ့ကျန်းမာရေးပြဿနာတွေခံစားရရင် ချက်ချင်းကုသမှုခံယူဖို့လိုအပ်ပြီး  အချိန်မီကုသမှလည်း အသက်ရှင်နိုင်ခြေရှိမှာဖြစ်ပါတယ်။ ဒုတိယတစ်မျိုးကတော့ ချက်ချင်းကုသမှုမလုပ်လည်း အသက်အန္တရာယ်မရှိတဲ့ခွဲစိတ်မှုအမျိုးအစားတွေဖြစ်ပြီး elective surgery တွေလို့သတ်မှတ်ပါတယ်၊ ကင်ဆာကျိတ်မဟုတ်တဲ့အလုံးအကျိတ်တွေခွဲစိတ်ဖယ်ရှားတာ၊ […]


ကိုရိုနာဗိုင်းရပ်စ်

ငရုတ်သီးက ကိုဗစ် ကာကွယ်သတဲ့လား။

မြန်မာလူမျိုး တော်တော်များများက  အစားစားရင် ခပ်စပ်စပ်လေးမှ အရသာတွေ့တတ်ကြပါတယ်။ နေထိုင်မကောင်းတဲ့အခါ မုန့်ဟင်းခါးကို ငရုတ်သီး နိုင်ချင်းလေးထည့်ပြီး ခပ်စပ်စပ်လေး စားလိုက်တာ ဒါမှမဟုတ် ချဉ်ငန်စပ် မုန့်တီလေးများ သောက်လိုက်ရင် ချွေးလေးတွေ စို့လာပြီး ပေါ့ပါးသွားတတ်ကြပါတယ်။ ခံတွင်း မတွေ့တာတွေတောင် ပျောက်လို့ ခံတွင်းလိုက်လာပြီး နေကောင်းဖို့ အတော်လေး နီးစပ်လာပြီပေါ့။ ဒီလိုဆို ငရုတ်သီးက နေကောင်းစေဖို့ ထောက်ကူပေးနိုင်တယ်ပေါ့။ ဒါဆို ကိုဗစ်ကိုရော ကာကွယ်ပေးနိုင်မလား........... ငရုတ်သီး စပ်စပ်လေး နဲ့ ကျန်းမာရေး ငရုတ်သီးက ခံတွင်းတွေ့စေတာအပြင် သူ့မှာ ခန္ဓာကိုယ်ကို အကျိုးပြုနိုင်တဲ့ အာဟာရတွေ ဖြစ်ကြတဲ့ ကယ်လ်လိုရီ ရေဓာတ် ပရိုတင်း ကာဗိုဟိုက်ဒရိတ် သကြားဓာတ် အမျှင်ဓာတ် ဗီတာမင် C ဗီတာမင် B6 ဗီတာမင် K1 ပိုတက်ဆီယမ် Copper ဗီတာမင် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း