brand logo
Discover
Health Tools
Communities

Share

အနံ့ပျောက်ရင် ဘာလုပ်ရမလဲ။

ခုတလော အနံ့ မရတော့ဘူးဆိုရင် ကိုဗစ်ပဲဆိုပြီး စိုးရိမ်မှုတွေ အတော်လေး များနေကြပါတယ်။ ကိုယ်ပူတယ်၊ ခေါင်းကိုက်လိုက်တာ၊ ချောင်းဆိုးနေပြီဆိုရင် ရုတ်ရက် ဘာ လှမ်းမေးမိလဲ။ ဟဲ့…… အနံ့ ရသေးရဲ့လား ဆိုတာဟုတ်။

အနံ့ပျောက်ရင် ဘာလုပ်ရမလဲ။

အင်း….. အနံ့ ရတယ်ဆိုရင်။ ဟယ် ကိုဗစ်မဟုတ်ပါဘူး။ ရိုးရိုး ဖျားတာနေမယ်။ အိပ်ရေးပျက်လို့ ခေါင်းကိုက်တာနေမယ်။ ဘာစားမိလို့တုန်း။ အချိုစာများ စားမိသေးလားဆိုတာနဲ့ အဆုံးသတ်သွားတယ်။ ခံစားနေရသူမှာလည်း စိတ်သက်သာရာကို ရလို့။

ကဲ… အခုတစ်ခေါက်တော့ အနံ့ပျောက်နေရင် ဘယ်လို လုပ်ရမလဲဆိုတဲ့ စမ်းသပ်နည်းလေး တစ်ခုကို ပြောပြပေးသွားမယ်နော်။

အနံ့ ပျောက်တာ ကိုဗစ် တစ်ခုတည်းကြောင့် မဟုတ်ပါ။

ကိုဗစ်ကြောင့် မဟုတ်ဘဲ ဒီအချက်တွေကြောင့်လည်း အနံ့ပျောက်နိုင်ပါတယ်။

အနံ့ပျောက်နေပြီလား ဘယ်လို စမ်းသပ်မလဲ။

အနံ့ရှူကြည့် မရရင် အနံ့ပျောက်နေတာလို့ မဖြေနဲ့ဦးနော်။ အပေါ်က အချက်တွေ ခံစားနေရရင်လည်း အနံ့ပျောက်နိုင်ပါတယ်။

အနံ့ရလားဆိုတာကို စမ်းသပ်ရမယ့် နည်းလမ်းလေးနာမည်ကတော့ ‘Jellybean test’ ပါ။

အရင်ဆုံး jellybean လေးကို လက်တစ်ဖက်ထဲ ထည့်လိုက်ပါ။ ပြီးရင် နောက်လက်တစ်ဖက်နဲ့ နှာခေါင်းကို ခပ်တင်းတင်းလေး ပိတ်ပါ။ လေဝင်မလာအောင်ပေါ့။ ပြီးရင် ဂျယ်လီစေ့လေးတွေကို ပါးစပ်ထဲထည့်လို့ စဝါးပါ။ နှာခေါင်း မဖွင့်နဲ့ဦးနော်။

စားရင် လျှာနဲ့ အရင် အရသာခံကြည့်ပါ။ ဂျယ်လီက ချိုတာကို သိတယ်ဆိုရင် သင်ရဲ့ အရသာခံ အာရုံ မထိခိုက်သေးပါဘူး။ ဒီလို ဝါးနေရင်း ရုတ်တရက် နှာခေါင်းကို ညှစ်ထားတာကို လွှတ်လိုက်ပါ။

ဒီအချိန်မှာ စားနေတဲ့ ဂျယ်လီစေ့လေးရဲ့ အနံ့ကို ခံစားပြီး စတော်ဘယ်ရီ အရသာပဲ။ စပျစ်အရသာပဲ။ သံပုရာ အရသာပဲ။ လိမ္မော် အရသာပဲဆိုပြီး ပြောနိုင်သေးတယ်ဆိုရင် သင် အနံ့ မပျောက်သေးပါဘူး။

တကယ်လို့ အိမ်မှာ ဂျယ်လီစေ့လေးတွေ အလွယ်တကူ မရှိခဲ့ရင်လည်း အခြား အရာတစ်ခုခုကို သုံးလို့ရပါတယ်။ အနံ့ပါတာမျိုးလေးတော့ ဖြစ်ဖို့ လိုတာပေါ့။ လိမ္မော်သီးခွံ၊ ရှောက်သီးခွံ၊ ရှောက်ရွက်၊ ကော်ဖီမှုန့် စတာတွေကို အသုံးပြုပေးလို့ ရပါတယ်။

အနံ့ မရတော့ဘူးဆိုရင် ဘာလုပ်ရမလဲ………….

တကယ်လို့ ဒီလို စမ်းသပ်တဲ့အခါ အနံ့မရဘူး ဖြစ်နေမယ်ဆိုရင်တော့ ကိုဗစ်ရဲ့ အခြား လက္ခဏာတွေ ဖြစ်ကြတဲ့ ခေါင်းကိုက်တာ၊ ကိုယ်ပူတာ၊ ချောင်းဆိုးတာလိုမျိုး အခြား လက္ခဏာတွေ ရှိနေလားဆိုတာကို ဆန်းစစ်ကြည့်ပါ။

ဒီလက္ခဏာတွေ ရှိနေမယ်ဆိုရင်တော့ နေအိမ်မှာပဲ နေပါ။ မဖြစ်မနေသွားစရာရှိမယ်ဆိုရင် မတ်ခ်တပ်ပါ။ ကိုဗစ် စစ်ဆေးဖို့အတွက် Swab (နှာခေါင်းနဲ့အာခေါင်တို့ဖတ်) ရယူဖို့ နီးစပ်ရာ ဖျားနာကုဆေးခန်း ဒါမှမဟုတ် ဆေးရုံကို သွားပါ။ ဆရာဝန် ညွှန်ကြားချက်အတိုင်း လိုက်နာပါ။

[covid_19]

Hello Sayarwon Panel
Fact Checked by Hello Sayarwon Panel · Written by Aye Thi Mon · Updated 28/09/2020

Was this article helpful?