ငရုတ်သီးမှာ ဗီတာမင် C ပါဝင်တာကြောင့် ကိုယ်ခံအားကို ကောင်းစေတယ် ဆိုပေမယ့် သာမန် ဖျားနာတာနဲ့ ရာသီတုပ်ကွေးလောက်ကိုပဲ သက်သာစေနိုင်တာပါ။ ဓာတ်တိုးဆန့်ကျင် ပစ္စည်း ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို ရောဂါ တော်တော်များများရဲ့ ဒဏ်ကနေ ကာကွယ်ပေးနိုင်ပေမယ့် ကိုဗစ်ကိုတော့ ကာကွယ်ပေးနိုင်တယ်လို့ မတွေ့ရှိရသေးပါဘူး။
အစားအသောက်တွေထဲမှာ ငရုတ်သီး ထည့်စားတာက အရသာတိုးစေတယ် ခံတွင်းတွေ့စေတယ် ဆိုပေမယ့် ကိုဗစ်ကို မကာကွယ်နိုင်သလို ကုသမှုလည်း မပေးနိုင်ပါဘူး။ ငရုတ်သီးကို အလွန်အကျွံ စားသုံးမိတဲ့အခါ အစာအိမ် ပူတာ၊ နာတာမျိုးတွေ ခံစားရနိုင်ပါတယ်။ အဆိုးဆုံး အနေနဲ့ကတော့ မှိုတက်နေတာတွေ စားမိရင် ကင်ဆာ ဖြစ်စေနိုင်တာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။