သဘာဝဆေးဖက်ဝင်

ပညာရှင်တွေရဲ့ အကြံပေးချက်တိုင်း သဘာဝဆေးဖက်ဝင် ပစ္စည်းတွေကို နည်းစနစ်တကျ သုံးနိုင်မယ်ဆိုရင် သင့်ရောဂါကုသရေးနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်မှာပါ။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်

ပဲနံ့သာရွက် ဆေးဖက်ဝင်သလား!

ပဲနံ့သာစေ့အရွက်က ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ထောက်ကူပေးပါတယ်။ ပဲနံ့သာရွက် ဆေးဖက်ဝင်သလား! ဘယ်လိုများ ဆေးဖက်ဝင်သလဲ ဆိုတာတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ပဲနံ့သာရွက် ဆိုတာ ပဲနံ့သာရွက် ဆိုတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဆေးဖက်ဝင်တယ်လို့လည်း ပြောလို့ ရပါတယ်။ နှစ်ပေါင်းများစွာ ကာလတွေကတည်း ဆေးဖက်ဝင်တဲ့ အရာအဖြစ် သုံးစွဲခဲ့ကြပါတယ်။  နောက်ပိုင်းမှာတော့ ဆေးဖက်ဝင်မှုကြောင့် နေ့စဉ် ဟင်းလျာထဲမှာ ထည့်သွင်း ချက်ပြုတ်မှုတွေကို လုပ်ဆောင်လာကြပါတယ်။ ပဲနံ့သာရွက်ကို ထောပတ် နည်းနည်းလေးနဲ့ ကြော်စားတာမျိုး ရှိသလို အခြားသော အသီးအနှံတွေနဲ့ တွဲဖက်ကြော်စားတာမျိုးတွေကိုလည်း လုပ်ဆောင်လာဲကြပါတယ်။ အရသာက ခါးသက်သက် ရှိပြီး ထမင်းလေးနဲ့ တွဲဖက်စားဖို့ သင့်တော်ပါတယ်။  အရွက်က ခပ်ထူထူလေးနဲ့ အရွက်ဆိုင် ထွက်တတ်ပါတယ်။ အရိုးတံ မာမာလေး ရှိပါတယ်။ အပွင့် ဝါဝါလေးတွေ […]

သဘာဝဆေးဖက်ဝင် ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

ငယ်ငယ်က မေမေလူးပေးတဲ့ မုန်ညှင်းဆီ

မုန်ညှင်းဆီက လူတိုင်းနဲ့ စိမ်းမယ်မထင်ပါဘူး။ ငယ်ငယ်ကတည်းက လေနာမှာ၊ ဗိုက်ပွမှာစိုးလို့ ဆိုပြီး မေမေက အမြဲလိုလို လူးပေးခဲ့ပါတယ်။ အရေပြားကျန်းမာအောင်ဆိုပြီး မုန်ညှင်းဆီ လူးလို့လည်း နှိပ်ပေးခဲ့ဖူးမှာပါ။ မုန်ညှင်းဆီက ဘေဘီလေးတုန်းကပဲ အကျိုးများတာ မဟုတ်ပါဘူး။ အရွယ်ရောက်ပြီးဖြစ်သူတွေအတွက်လည်း အကျိုးများပါသတဲ့။ မုန်ညှင်းဆီ မုန်ညှင်းစေ့ကို ကြိတ်ပြီး ရလာတဲ့ အဆီပါ။ အရေပြားမှာ လူးပေးလို့ ရသလို ချက်တဲ့ပြုတ်တဲ့ နေရာမှာလည်း သုံးလို့ ရပါတယ်။ မြေထဲပင်လယ်ဒေသမှာ အဓိကပေါက်ရောက်ပြီး ကျန်းမာရေး အတွက် အကျိုးများတာကြောင့် ကမ္ဘာတလွှားမှာ တော်တော်များများ အသုံးပြုကြပါတယ်။ မုန်ညှင်းဆီ လူးပေးတာက အရေပြးတင် ကျန်းမာစေတာ မဟုတ်ပါဘူး။ အတွင်းပိုင်းက တစ်ရှုးတွေကိုပါ ကျန်းမာစေနိုင်တာပါ။ မုန်ညှင်းဆီရဲ့ အသုံးဝင်မှု မုန်ညှင်းဆီက ဒီလို အသုံးဝင်ပါတယ်။ အဆစ်ရောင်ရောဂါကို သက်သာစေနိုင်တယ် မုန်ညှင်းဆီက အဆစ်အမြစ်တွေ ရောင်ရမ်းနာကျင်တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ အဆစ်နာတတ်သူတွေ၊ […]


သဘာဝဆေးဖက်ဝင်

ကုက္ကိုလ်က အရိပ်ရရုံပဲလား

ကုက္ကိုလ်ဆိုရင် နွေရာသီမှာ အရိပ်ကောင်းကောင်းပေးနိုင်တဲ့ အပင်တစ်ပင်လို့ ပြေးမြင်မယ်ထင်ပါတယ်။ နွေပူပူမှာ ကုက္ကိုလ်ရိပ်က အေးမြမှုပေးတာ အမှန်ပါ။ ခရီးသွားရင် လမ်းမှာ တစ်ထောက်နားပြီး ထမင်းစားမိတာကလည်း ကုက္ကိုလ်ရိပ်အောက်မှာပဲ များတယ်နော်။ ကုက္ကိုလ်ပန်းလေးတွေကလည်း အဖြူလေးနဲ့ ပန်းရောင်လေးစပ်ထားတာဖြစ်ပြီး ချစ်ဖို့ကောင်းတာအမှန်ပါ။ ဒီလိုဆို ကုက္ကိုလ်က အရိပ်ရရုံပဲလား ၊ တခြားရော ဘယ်လိုအ‌ကျိုးကျေးဇူးတွေရှိလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။ ကုက္ကိုလ် ဆိုတာ ကုက္ကိုလ်က အပူပိုင်းဒေသမှာပေါက်ရောက်တဲ့ အပင်တစ်မျိုးဖြစ်ပြီး အမြဲစိမ်းအပင်ပါ။ အပင်ကြီးဖြစ်လို့ အရိပ်ရစေနိုင်ပါတယ်။ ကုက္ကိုလ်ပင်က အာဖရိက၊ အာရှ၊ မက်ဒါဂါစကာ၊ အမေရိကနဲ့ သြစတြေးလျတို့မှာပေါက်ရောက်တဲ့ မျိုးရင်းပင်တစ်မျိုးပါ။ အရွက်စိမ်းစိမ်းစိုစို၊ အညိုရင့်ရင့် အသီးရှည်ရှည်လေးတွေနဲ့ ပန်းရောင်နဲ့ အဖြူရောင်စပ်တဲ့ အပွင့်လေးတွေ ပွင့်ပါတယ်။မြင်လွယ်တဲ့အပင်တစ်မျိုးပေါ့။ ကုက္ကိုလ်က အရိပ်ရရုံပဲလား.... ကုက္ကိုလ်ပင်က အရိပ်ရတယ်ဆိုတာထက်ပိုပါတယ်။ ကုက္ကိုလ်ပင်ကို ဆေးဖက်ဝင်အပင်အနေနဲ့ အသုံးပြုကြသလို အခြားအရာတွေအတွက်လည်း သုံးကြပါတယ်။ စိတ်ဖိစီးမှုကို သက်သာစေနိုင်တယ် ကုက္ကိုလ်မှာ quercetin၊ […]


သဘာဝဆေးဖက်ဝင်

ဝိတ်ကျချင်တဲ့သူတိုင်း စားပေးသင့်တဲ့ သစ်ကြားသီး ။ ။

စိတ်ကူးထဲက လှပသွယ်ကျတဲ့ ကိုယ်ခန္ဓာ လေးပိုင်ဆိုင်နိုင်ဖို့အတွက် အစားအသောက်တွေ ဆင်ခြင်ကြ၊ အဆီတွေ ကယ်လိုရီ တွေ လောင်ကျွမ်းအောင် စားပေးရမယ့် အစားအသောက်တွေ ဘာတွေ လဲလို့ လိုက်ရှာကြတယ်မလား။ အဲဒီမှာ ရေးထားတာတွေ ဖတ်ဖူးကြမှာပါ။ ကိုယ်အလေးချိန်ထိန်းဖို့ အတွက်ရော၊ ဗိုက်အဆာခံဖို့အတွက်ရော အစေ့အဆံ တွေ စားရမယ်ဆိုတာမျိုးတွေကိုပေါ့။ ဒါတွေက တကယ်မှန်တဲ့ အဆိုပြုချက်တွေပါ။ အစေ့အဆံတွေ တစ်နေ့ကို လက်တစ်ဆုပ်လောက်စားပေးရင် ကျန်းမာရေး အတွက် တကယ်ကို အထောက်အကူပြုပါတယ်။ ဝိတ်ချချင်တဲ့ သူတွေအတွက်လည်း အစေ့အဆံတွေက တကယ်ကို ကူညီပေးမယ့် အရာတွေပါ။ ဒီတော့ အစေ့အဆံတွေထဲကမှ ဝိတ်ချချင်တဲ့သူတိုင်း စားပေးသင့်ဆုံးကတော့ သစ်ကြားသီးဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတာ ဆက်ကြည့်ရအောင်။ အစေ့အဆံတွေ အားလုံးထဲကမှ ဘာ့ကြောင့် သစ်ကြားသီးကို ရွေးချယ်ခိုင်းတာလဲ ။ ။ သစ်ကြားသီးမှာ ဗီတာမင် တွေ၊ အမျှင်ဓာတ်တွေ၊ […]


သဘာဝဆေးဖက်ဝင်

အရုပ်ဆိုးပေမယ့် ဆေးဖက်ဝင်တဲ့ ရှောက်ဘီလူး

ရှောက်ဘီလူးက ကြည့်လိုက်ရင် အခွံမှာ အဖုအထစ်တွေနဲ့ ကြည့်ရဆိုးပေမယ့်ဆေးဖက်ဝင်တာတော့ အမှန်ပါ။ အရုပ်ဆိုးတယ်ဆိုတဲ့ ရှောက်ဘီလူးသီးလေးက ဘယ်လို ဆေးဖက်ဝင်တာလဲ ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဆက်ကြည့်လိုက်ကြမယ်လေ။ ရှောက်ဘီလူး ဆိုတာ သံပုရာသီး အရွယ်အစားလောက်ပဲ ရှိပြီး အခွံကတော့ သံပုရာသီးလို လုံးချောလေး မဟုတ်ဘဲ ဖုတွေ ထစ်တွေနဲ့ပေါ့။ အချဉ် အရသာရှိပြီး အတွင်းကတော့ သံပုရာသီးနဲ့ ခပ်ဆင်ဆင်ပါ။ အခွံကိုလည်း ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးလို့ ရပါတယ်။ အထူးသဖြင့် ထိုင်းအစားအစာတွေထဲမှာ ထည့်သုံးကြတာ များပါတယ်။ မြန်မာလူမျိုးတွေ ခံတွင်းတွေ့ကြတဲ့ တုန်ယမ်း ဟင်းရည်ထဲမှာ အမွှေးအကြိုင်အတွက် ရှောက်ဘီလူးသီး အခွံကို ထည့်သုံးကြပါတယ်။ ရှောက်ဘီလူးသီးကနေ ရရှိမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက ဘာတွေများလဲ ရှောက်ဘီလူးသီး စားသုံးမှုက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။ ခံတွင်းကျန်းမာစေနိုင်တယ် အသီးကို စားပေးရင်ဖြစ်ဖြစ် ထက်ခြမ်းခြမ်းပြီး သွားတွေ၊ […]


သဘာဝဆေးဖက်ဝင်

အာဟာရနဲ့ ဆေးဖက်ဝင်အာနိသင်များတဲ့ အာတာလွတ်

အာတာလွတ်ဥလေးကိုပြုတ်၊ ဆီလေးဆားလေးနဲ့ စားရတာ အရသာဆိမ့်ဆိမ့်လေးရယ်။မြန်မာ့အစားအစာတွေထဲမှာနေရာတစ်နေရာယူထားတဲ့ အာတာလွတ်ကဆေးဖက်ဝင်တယ်လို့လည်း လူကြီးတွေပြောဖူးပါတယ်။ အာတာလွတ်မှာပါဝင်တဲ့ အာဟာရဓါတ်တွေနဲ့ ဆေးဖက်ဝင်အာနိသင်တွေကိုသိပ္ပံပညာလေ့လာမှုအထောက်အထားတွေလည်းတွေ့ရှိထားပါတယ်။ အာတာလွတ်မှာ ကာဗိုဟိုက်ဒရိတ်၊ဗီတာမင်ဘီတွေ အပြင် ကယ်လ်စီယမ်၊ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ဖော့စ်ဖရပ်စ်တို့လိုသတ္တုဓါတ်တွေကြွယ်ဝတယ်။ အမျှင်ဓါတ်နဲ့ ပရိုတင်းဓါတ်တွေလည်း ပါဝင်တော့ အာဟာရအတော်ပြည့်စုံပါတယ်။ ဆေးဖက်ဝင်အကျိုးကျေးဇူးတွေက ဘာတွေလဲ အစာကြေတယ် အစာခြေစနစ်မှာ အမျှင်ဓါတ်က အရေးပါဆုံးထဲပါဝင်ပါတယ်။ အမျှင်ဓါတ်က အူလမ်းကြောင်းထဲမှာ အစာတွေရွေ့လျားမှုကောင်းမွန်စေပြီး အာဟာရဓါတ်တွေစုပ်ယူနိုင်အောင်နှိုးဆွပေးပါတယ်။ သူက ဝမ်းချုပ်တာ၊ ဝမ်းလျှောတာတွေကိုပျောက်ကင်းစေပြီးသွေးတွင်းသကြားဓါတ်ကိုလည်း ထိန်းညှိပေးပါတယ်။ အမျှင်ဓါတ်ကြောင့်ပဲ ပိုလျှံနေတဲ့ ကိုလက်စထရောတွေကို ရှင်းလင်းပေးပြီး နှလုံးသွေးကြောကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ နှလုံးကျန်းမာရေးအတွက်ကောင်းတယ် ပိုတက်စီယမ်ပါဝင်မှုပမာဏများလို့ နှလုံးနဲ့ပတ်သက်တဲ့ရောဂါဝေဒနာတွေရန်က အကာအကွယ်ဖြစ်စေပါတယ်။ ပိုတက်စီယမ်က နှလုံးသွေးလွှတ်ကြောတွေနဲ့သွေးပြန်ကြောတွေကိုပြေလျော့စေပြီးသွေးဖိအားကိုကျစေတယ်၊ နှလုံးရောဂါနဲ့လေဖြတ်ခြင်း အန္တရာယ်ကိုလျော့နည်းစေပါတယ်။ သန္ဓေသားအတွက်ကောင်းတယ် ဖောလိတ်ဓါတ်ပါဝင်မှုများလို့ ကိုယ်ဝန်ဆောင်တွေစားရင်မွေးလာမယ့်ကလေးမှာ ချို့ယွင်းချက်ပါလာနိုင်ခြေနည်းစေပါတယ်။ဖောလိတ်ဓါတ်က ဒီအင်န်အေဖြစ်တည်မှုနဲ့ ဆဲလ်ကျန်းမာရေးတွေမှာအရေးကြီးတဲ့ဓါတ်ဖြစ်ပြီး ဖွံ့ဖြိုးမှုကိုလည်းမြှင့်တင်ပေးပါတယ်။ ကြီးထွားဖွံ့ဖြိုးမှုကို အားပေးတယ် အာတာလွတ်ဥမှာ ပရိုတင်းက ထိုက်သင့်သလောက်ပါရှိပါတယ်။ အသားကရတဲ့ပရိုတင်းတွေထက် အသီးအနှံ၊သစ်ဥသစ်ဖုကရတဲ့ ပရိုတင်းကို ခန္ဓါကိုယ်က စုပ်ယူချက်လုပ်ရတာပိုလွယ်တာမို့ အဆင်ပြေပါတယ်။ ဒါ့ကြောင့် […]


သဘာဝဆေးဖက်ဝင်

ဆေးမြင်းခွာ ဘာကြောင့်စားသင့်သလဲ

အိမ်မှာဆို ပန်းအိုးထဲထည့်စိုက်ထားလို့ရတယ်၊ ဘယ်နားစိုက်စိုက် အလွယ်တကူပေါက်နိုင်တဲ့ဆေးမြင်းခွာလေးတွေက ဘယ်လိုတွေဆေးဖက်ဝင်လဲဆိုတာ သိပြီးပြီလား။ သုပ်စားလို့ရတယ်၊ တို့စရာအဖြစ်လည်းစားကြတဲ့မြင်းခွာသေးသေးလေးတွေပါ။ ရိုးရိုးမြင်းခွာလို ဟင်းချိုချက်တာမျိုး လုပ်မစားကြဘဲ အစိမ်းပဲစားတာများပါတယ်။ သူ့ရဲ့ဆေးစွမ်းကတော့ - ဆံပင်ကျွတ်သက်သာတယ် ဆေးမြင်းခွာက ဆံပင်ကျွတ်စေတဲ့အကြောင်းရင်းခံတွေဖြစ်တဲ့ စိတ်ဖိစီးမှုကိုလျော့ကျစေတယ်၊free radicalsတွေရန်က ကာကွယ်ပေးတယ်။ အနာကျက်မြန်စေတယ် ဆေးမြင်းခွာမှာပါတဲ့Saponins နဲ့ တခြားအော်ဂင်းနစ်ဒြပ်ပေါင်းတွေကြောင့် အနာကျက်ခြင်းဖြစ်စဉ်ကိုမြန်အောင် နှိုးဆွပေးပါတယ်။ ဆဲလ်တွေဆီကိုသွေးပို့လွှတ်မှုကိုအားပေးပြီးရောဂါပိုးတွေရန်ကကာကွယ်ပေးတာကြောင့် အနာကျက်မြန်စေတာဖြစ်ပါတယ်။ အသားလှစေတယ် ဆေးမြင်းခွာမှာ အသားအရေကိုကျန်းမာလှပစေနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့saponinsတွေ ကြွယ်ဝပါတယ်။ အထူးသဖြင့် အမာရွတ်တစ်ရှူးတွေကိုဟန့်တားပေးလို့ ခွဲစိတ်မှုအမာရွတ်တွေကိုတောင်ပျောက်ကင်းသက်သာစေတဲ့အထိ အသားအရေကိုအကျိုးပြုပါတယ်။ အရေးအကြောင်းတွေနဲ့ရင့်ရော်မှုလက္ခဏာတွေကိုလည်းလျော့ပါးစေတယ်လို့ဆိုပါတယ်။ သွေးလည်ပတ်မှုကောင်းစေတယ် ဆေးမြင်းခွာကသွေးလည်ပတ်မှုစနစ်မှာ အရေးပါတဲ့နေရာနှစ်ခုကနေ ပါဝင်နေပါတယ်။ တစ်ခုကသွေးကြောနဲ့ဆံချည်မျှင်သွေးကြောနံရံတွေကို ကျန်းမာစေပြီးသွေးကြောပိတ်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ ဒုတိယတစ်ခုကသွေးလည်ပတ်မှုကိုနှိုးဆွပေးလို့ ခန္ဓါကိုယ်ရဲ့အရေးပါတဲ့အစိတ်အပိုင်းတွေကိုအောက်ဆီဂျင်ပို့ပေးနိုင်စွမ်းကောင်းစေပါတယ်။ ဒါ့ကြောင့်သွေးလည်ပတ်မှုမကောင်းတဲ့အခါဖြစ်လာနိုင်တဲ့ခြေထောက်ဖောရောင်ခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ စတဲေ့ဝဒနာတွေကိုလျော့ပါးသက်သာစေနိုင်တယ်။ အစာအိမ်အနာကို သက်သာစေတယ် ဆေးမြင်းခွာမှာပါတဲ့Asiaticoside က အစာအိမ်အနာအတွက်ဆေးတစ်လက်လို အာနိသင်ရှိပါတယ်။ သူက ဆဲလ်တွေကို ကုသပေးနိုင်စွမ်းရှိပြီး အနာတွေကို သက်သာပျောက်ကင်းစေပါတယ်။ ပူပန်သောကနဲ့ စိတ်ကျဝေဒနာ ဆေးမြင်းခွာအပါအဝင်မြင်းခွာရွက်တွေမှာ စိတ်ဖိစီးမှုဟော်မုန်းcortisol ကိုလျော့စေပြီးစိတ်ခံစားချက်နဲ့ပျော်ရွှင်မှုတို့အတွက်အရေးပါတဲ့serotonin နဲ့ dopamineဟော်မုန်းတွေကိုမြင့်တက်စေပါတယ်။ […]


သဘာဝဆေးဖက်ဝင်

ပန်းသီးရှာလကာရည် သောက်ရင် သတိထားသင့်တဲ့အချက် (၆) ချက်

အကျိုးကျေးဇူးများတယ်ဆိုပြီး ပန်းသီးရှာလကာရည် က အတော်လေးခေတ်စားသွားသေးတယ်နော်။ အဆီလည်းကျတယ်၊ နှလုံးအတွက်ကောင်းတယ်၊ အသားလှတယ်၊ အဆိပ်အတောက်သန့်စင်ပေးတယ် စတဲ့အစွမ်းအာနိသင်တွေရှိတယ်။ ဒါ့ကြောင့် ရတဲ့နေရာက အပြေးအလွှားသွားဝယ်ပြီး နေ့တိုင်းသောက်ကြလေရဲ့။ ပန်းသီးရှာလကာရည် မှာ ကျန်းမာရေးအကျိုးကျေးဇူးတွေများတာ မှန်ပါတယ်။ ဒါပေမယ့် "ဆရာ မပြ နည်းမကျ" ဆိုသလို အသုံးပြုတဲ့နည်းလမ်းမှန်ကန်မှ ဒီအစွမ်းတွေကိုရရှိနိုင်မှာပါ။ နည်းလမ်းမှားခဲ့ရင်တော့ ကျန်းမာရေးအကျိုးကျေးဇူးတွေမရမယ့်အပြင် အန္တရာယ်ပါဖြစ်စေနိုင်တာ သတိထားသင့်တဲ့အချက်ပါ။ သူက အဆီကျစေနိုင်တယ်၊ နှလုံးကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတဲ့အချက်နဲ့ မြန်မြန်ပိန်ချင်သူတွေက ရေတောင်မရောဘဲ နေ့တိုင်းသောက်ချနေကြတာ ကြောက်စရာပါ။ ဒီလိုသောက်မယ်ဆို ပန်းသီးရှာလကာရည်မှာပါတဲ့ အက်စစ်ကြောင့် အစာရေမျိုနဲ့ အစာအိမ်ကို ဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် သူနဲ့ပတ်သက်ပြီး သိထားသင့်တာက ပမာဏမလွန်ကဲစေဘဲ ရေရောသောက်ရမှာဖြစ်တယ်။ ချက်ချင်းအဆီကျပြီး ပိန်မှာမဟုတ်ဘူး။ အကျိုးကျေးဇူးတွေကို ဖြည်းဖြည်းချင်းပဲ ရနိုင်မယ်ဆိုတာပါပဲ။ ပန်းသီးရှာလကာရည် ရဲ့ ကျန်းမာရေးအာနိသင်တွေကို ရချင်တယ်ဆို သတိထားသင့်တဲ့အချက်လေးတွေကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

အမှည့်မဟုတ်ဘဲ သရက်သီးအစိမ်း ချဉ်ချဉ်လေးမှ ကြိုက်တဲ့သူတွေရှိလား ။ ။

မှည့်မှည့်၊ စိမ်းစိမ်း သရက်သီးဆိုတာနဲ့ မကြိုက်တဲ့သူရှိမယ်မထင်ပါဘူး။ မှည့်လွန်းရင်လည်း ချိုချိုလေးနဲ့မို့ အစိမ်းကျတော့လည်း ချဉ်မြုံမြုံလေးနဲ့ ခံတွင်းမြိန်စေတယ်ဆိုတော့ သရက်သီး ပေါ်ပြီဆိုတာနဲ့ အပြေးဝယ်ကြတဲ့ သူချည်းပါပဲ။ သရက်သီး အမှည့်ရဲ့ ကောင်းကျိုးတွေက သိထားပြီးသားဖြစ်နေကြတော့ အခု သရက်သီးအစိမ်း လေးရဲ့ ကျန်းမာရေး ကောင်းကျိုးလေးတွေ အကြောင်းပြောပြပေးချင်ပါတယ်။ ဘယ်လိုကောင်ကျိုးတွေများရှိမလဲ ကြည့်ရအောင်။ သရက်သီးအစိမ်း ရဲ့ ကျန်းမာရေး အာနိသင်များ ။ ။ ( ၁ ) ဓာတ်တိုးဆန့်ကျင်ပေးတဲ့ အာနိသင် အပြည့်အဝရှိပါတယ်။ သရက်သီးမှာ zeaxanthin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တဲ့ အတွက် ကိုယ်တွင်းက မကောင်းတဲ့ ဓာတု အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် သူရဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိက ဆဲလ်အသစ်တွေ ဖြစ်ပေါ်မှုကို အားပေးလို့ အသားအရေမှာ အရေးအကြောင်းပေါ်တာ၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေကို […]


သဘာဝဆေးဖက်ဝင်

သင်္ဘောစေ့လေးတွေကနေ ဒီလိုကောင်ကျိုးတွေ ရနိုင်ပါတယ်။ ။

သင်္ဘောသီးကို အာဟာရဓါတ်တွေ ကြွယ်ဝပြီး အရသာရှိလွန်းတဲ့ အသီးတစ်ခုအဖြစ် လူတိုင်းက လက်ခံထားကြတာပါ။ ဒီအတိုင်းပဲ အသီးမှည့်ကို စားစား၊ အစိမ်းကို သုပ်စားစား၊ မျက်နှာအသားအရေအတွက် ပေါင်းတင်တင် အဘက်ဘက်က အသုံးဝင်တဲ့ အသီးတစ်ခုပါ။ ဒါပေမယ် တော်တော်များများက သင်္ဘောသီး အသားကိုသာစားပြီး အစေ့ကို ပစ်လိုက်ကြတာများပါတယ်။ သူတို့ပစ်လိုက်တဲ့ အဲဒီ အစေ့လေးတွေဟာ ဆေးဘက်ဝင်ပြီး ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီးရှိပါတယ်။ ဘာတွေလဲဆိုတာ ကြည့်လိုက်ရအောင် ။ ။ ( ၁) အင်ဇိုင်းတွေ အများကြီးပါပါတယ်။ သင်္ဘောသီး အစေ့မှာ ကိုယ်တွင်းက ကပ်ပါးကောင်တွေကို ဖယ်ရှားပေးတဲ့ proteolytic enzymes နဲ့ papain ဓါတ်တွေ အများကြီးပါတဲ့အတွက်ကြောင့် သန်ကောင်တွေကိုဖယ်ရှားပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ ( ၂ ) အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ သင်္ဘောစေ့မှာ အစာခြေစနစ်အတွက်လိုအပ်တဲ့ အင်ဇိုင်းတွေ […]


သဘာဝဆေးဖက်ဝင်

နှမ်းနက်စေ့ ရဲ့ အစွမ်းထက်အာနိသင် (၇) မျိုး

ပေါင်မုန့်တွေမှာ နှမ်းကပ်ထားတာ၊ ဂျပန်အစားအစာ ဆူရှီတွေမှာ ပါတတ်တာ နှမ်းနက်လေးတွေ တွေ့နေကျပါ။ မြန်မာမုန့်မှာလည်း နှမ်းနက်ယိုဆို လူကြိုက်များတယ်၊ ဆေးဖက်ဝင်တယ်လို့ပြောကြတယ်။ နှမ်းနက်စေ့ မှာ ဆေးဖက်ဝင်အာနိသင်တွေရှိနေတာတော့ အမှန်ပါပဲ။ နှမ်းနက်စေ့ ရဲ့ အစွမ်းထက်အာနိသင် (၇) မျိုး (၁) ကိုလက်စထရောကို ကျစေတယ် နှမ်းနက်စေ့မှာပါတဲ့ အမျှင်ဓာတ်က lignans ဆိုတဲ့ အမျိုးအစားပါ။ ဒီအမျှင်ဓာတ်အုပ်စုက သွေးတွင်းကိုလက်စထရောပမာဏကို လျော့ကျစေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ နှမ်းနက်စေ့မှာ phytosterols ဆိုတဲ့ ကိုလက်စထရောကျစေတဲ့ အပင်ထွက်ဒြပ်ပေါင်းတွေလည်း ပါဝင်ပါတယ်။ (၂) ကင်ဆာဖြစ်နိုင်ခြေ နည်းစေတယ် lignans နဲ့ phytosterols တို့ဟာ ကင်ဆာကာကွယ်နိုင်စွမ်းရှိတဲ့နေရာမှာလည်း အာနိသင်တူပါတယ်။ ဒါ့အပြင် နှမ်းနက်စေ့မှာပါတဲ့ sesamin ဒြပ်ပေါင်းကြောင့် အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းစေပြီး အသည်းရဲ့လုပ်ဆောင်ချက်ကိုကောင်းမွန်စေတာကြောင့် ကိုယ်တွင်းသန့်စင်စေတဲ့ အကျိုးကျေးဇူးရှိပါတယ်။ (၃) အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေ သက်သာစေတယ် နှမ်းနက်စေ့ရဲ့ အဆီက ဝမ်းချုပ်ခြင်းကို […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း