backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ငယ်ငယ်က မေမေလူးပေးတဲ့ မုန်ညှင်းဆီ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ငယ်ငယ်က မေမေလူးပေးတဲ့ မုန်ညှင်းဆီ

မုန်ညှင်းဆီက လူတိုင်းနဲ့ စိမ်းမယ်မထင်ပါဘူး။ ငယ်ငယ်ကတည်းက လေနာမှာ၊ ဗိုက်ပွမှာစိုးလို့ ဆိုပြီး မေမေက အမြဲလိုလို လူးပေးခဲ့ပါတယ်။ အရေပြားကျန်းမာအောင်ဆိုပြီး မုန်ညှင်းဆီ လူးလို့လည်း နှိပ်ပေးခဲ့ဖူးမှာပါ။ မုန်ညှင်းဆီက ဘေဘီလေးတုန်းကပဲ အကျိုးများတာ မဟုတ်ပါဘူး။ အရွယ်ရောက်ပြီးဖြစ်သူတွေအတွက်လည်း အကျိုးများပါသတဲ့။

မုန်ညှင်းဆီ

မုန်ညှင်းစေ့ကို ကြိတ်ပြီး ရလာတဲ့ အဆီပါ။ အရေပြားမှာ လူးပေးလို့ ရသလို ချက်တဲ့ပြုတ်တဲ့ နေရာမှာလည်း သုံးလို့ ရပါတယ်။ မြေထဲပင်လယ်ဒေသမှာ အဓိကပေါက်ရောက်ပြီး ကျန်းမာရေး အတွက် အကျိုးများတာကြောင့် ကမ္ဘာတလွှားမှာ တော်တော်များများ အသုံးပြုကြပါတယ်။ မုန်ညှင်းဆီ လူးပေးတာက အရေပြးတင် ကျန်းမာစေတာ မဟုတ်ပါဘူး။ အတွင်းပိုင်းက တစ်ရှုးတွေကိုပါ ကျန်းမာစေနိုင်တာပါ။

မုန်ညှင်းဆီရဲ့ အသုံးဝင်မှု

မုန်ညှင်းဆီက ဒီလို အသုံးဝင်ပါတယ်။

အဆစ်ရောင်ရောဂါကို သက်သာစေနိုင်တယ်

မုန်ညှင်းဆီက အဆစ်အမြစ်တွေ ရောင်ရမ်းနာကျင်တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ အဆစ်နာတတ်သူတွေ၊ လေးဖက်နာရောဂါ ရှိသူတွေနဲ့ အခြားအရိုးအဆစ် ဝေဒနာ ခံစားနေရသူတွေ အနေနဲ့ နာနေတဲ့နေရာကို မုန်ညှင်းဆီလေး လူးပြီး ခပ်ဖွဖွလေး နှိပ်ပေးရုံပါ။

ဆံပင်ကျွတ် သက်သာစေတယ်

ဆံပင်သန်စွမ်း ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အကူ ပြုပေးနိုင်ပါတယ်။ ဆံပင်တွေ ကျွတ်လွန်းလို့ စိတ်ညစ်နေတယ် ဆိုရင် ဆံသားနဲ့ ဦးရေပြားကို မုန်ညှင်းဆီလေး လူးပေးပြီး ညင်ညင်သာသာလေးနှိပ်နယ်ပေးပါ။ ဦးရေပြားမှာ သွေးစီးဆင်းမှု ကောင်းစေပြီး ဆံပင်ကျွတ်တာသက်သာစေလို့ ဆံသားတွေကို ကျန်းမာသန်စွမ်းစေမှာပါ။

မှိုပိုးသက်သာစေနိုင်တယ်

အရေပြားမှာ မှိုပိုးကူးစက်တာ၊ သဲဝဲစားတာ၊ အရေပြားမှာ ဓာတ်မတည့်မှုကြောင့် အဖုအပိမ့်တွေ ထွက်တာအတွက်လည်း မုန်ညှင်းဆီကို သုံးပေးလို့ ရပါတယ်။ အရေပြားမှာ မှိုပိုးတွေ ဖြစ်နေမယ်၊ အသားအရေတွေ ခြောက်နေမယ်ဆိုရင် မုန်ညှင်းဆီလေး ပွတ်လူးထားလိုက်ရုံပါ။

သွေးလည်ပတ်မှုကောင်းစေတယ်

မုန်ညှင်းဆီက သွေးလည်ပတ်မှု ကောင်းအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ အရေပြားကို အနွေးဓာတ် ရစေပြီး သွေးကြောလေး တွေထဲမှာ သွေးစီးဆင်းမှု   ကောင်းအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

နှလုံးကျန်းမာစေနိုင်တယ်

မုန်ညှင်းဆီက ထောပတ်သီးမှာပါတဲ့ အဆီနဲ့ အတူတူပါပဲ။ လေ့လာမှုတွေ အရတော့ မုန်ညှင်းဆီမှာ monounsaturated fatty acids ပါဝင်နေတာကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေခံစားရနိုင်ခြေကို နည်းစေနိုင်တယ်လို့ သိရပါတယ်။ Monounsaturated fatty acids က သွေးပေါင်ချိန်ကို ကျစေနိုင်ပြီး သွေးတွင်းအဆီဓာတ်ကိုပါ ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါကို ခံစားနေရသူတွေ ပဲဖြစ်ဖြစ် နှလုံးသွေးကြောဆိုင်ရာ ရောဂါကိုကာကွယ်ချင်ရင်ပဲ ဖြစ်ဖြစ် မုန်ညှင်းဆီကို စားပေးလို့ရပါတယ်။

ကဲ…ငယ်ငယ်ကတည်းက မေမေလူးပေးခဲ့တဲ့ မုန်ညှင်းဆီလေးက အသက်ကြီးလာတဲ့အထိ အသုံးတည့်တယ်နော် Hello ဆရာဝန် ပရိသတ်ကြီးရေ…………………

ဘယ်သူတွေ မသုံးသင့်ဘူးလဲ

မုန်ညှင်းဆီကို ကလေးလေးတွေက စပြီး လူကြီးတွေအထိ အားလုံး သုံးပေးလို့ ရပါတယ်။

ဘာတွေ သတိထားရမလဲ

မုန်ညှင်းဆီက သဘာဝ ဆေးဖက်ဝင် အဆီတစ်မျိုး ဖြစ်တာကြောင့် မုန်ညှင်းဆီ စစ်စစ်သာ ဖြစ်မယ်ဆိုရင် သေချာလေး အသုံးပြုပေးမယ်ဆို အဆင်ပြေမှာပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement