သဘာဝဆေးဖက်ဝင်

ပညာရှင်တွေရဲ့ အကြံပေးချက်တိုင်း သဘာဝဆေးဖက်ဝင် ပစ္စည်းတွေကို နည်းစနစ်တကျ သုံးနိုင်မယ်ဆိုရင် သင့်ရောဂါကုသရေးနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်မှာပါ။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်

ပဲနံ့သာရွက် ဆေးဖက်ဝင်သလား!

ပဲနံ့သာစေ့အရွက်က ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ထောက်ကူပေးပါတယ်။ ပဲနံ့သာရွက် ဆေးဖက်ဝင်သလား! ဘယ်လိုများ ဆေးဖက်ဝင်သလဲ ဆိုတာတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ပဲနံ့သာရွက် ဆိုတာ ပဲနံ့သာရွက် ဆိုတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဆေးဖက်ဝင်တယ်လို့လည်း ပြောလို့ ရပါတယ်။ နှစ်ပေါင်းများစွာ ကာလတွေကတည်း ဆေးဖက်ဝင်တဲ့ အရာအဖြစ် သုံးစွဲခဲ့ကြပါတယ်။  နောက်ပိုင်းမှာတော့ ဆေးဖက်ဝင်မှုကြောင့် နေ့စဉ် ဟင်းလျာထဲမှာ ထည့်သွင်း ချက်ပြုတ်မှုတွေကို လုပ်ဆောင်လာကြပါတယ်။ ပဲနံ့သာရွက်ကို ထောပတ် နည်းနည်းလေးနဲ့ ကြော်စားတာမျိုး ရှိသလို အခြားသော အသီးအနှံတွေနဲ့ တွဲဖက်ကြော်စားတာမျိုးတွေကိုလည်း လုပ်ဆောင်လာဲကြပါတယ်။ အရသာက ခါးသက်သက် ရှိပြီး ထမင်းလေးနဲ့ တွဲဖက်စားဖို့ သင့်တော်ပါတယ်။  အရွက်က ခပ်ထူထူလေးနဲ့ အရွက်ဆိုင် ထွက်တတ်ပါတယ်။ အရိုးတံ မာမာလေး ရှိပါတယ်။ အပွင့် ဝါဝါလေးတွေ […]

သဘာဝဆေးဖက်ဝင် ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

ပျဉ်းမရွက် ကနေ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်

ပျဉ်းမရွက် က corosolic acid၊ lagerstroemia နဲ့ gallotannins တို့ကိုရရှိနိုင်တဲ့ အရင်းအမြစ် တစ်ခုပါ။ Corosolic acid က သွေးတွင်းသကြားဓာတ်ကိုလျော့ကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး၊ ပျဉ်းမရွက်ကနေ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးတွေလည်းရရှိနိုင်ပါသေးတယ်။ ပျဉ်းမရွက် ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ........... ပျဉ်းမပင်က အရိပ်အာဝါသတင် ပေးတာ မဟုတ်ပါဘူး။ ဒီလို အကျိုးကျေးဇူးတွေ ပေးပါသေးတယ်။ ဆီးချို ကျစေနိုင်တယ် ပျဉ်းမရွက်က ဆဲလ်တွေရဲ့ သွေးတွင်းအချိုဓာတ် တုံ့ပြန်နိုင်စွမ်းကို တိုးစေနိုင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေအောင် အထောက်အကူ ပြုပေးပါတယ်။ ပျဉ်းမရွက်က သွေးတွင်းအချိုဓာတ် ထုတ်လုပ်မှုကို ၃၀ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ပြီး ဂလူးကို့စ် သိုလှောင်ထားတဲ့ မော်လီကျူးတွေရဲ့ လုပ်ဆောင်မှုတွေကိုလည်း လျော့ကျအောင်လုပ်ဆောင်ပေးပါသေးတယ်။ ကိုယ်အလေးချိန် ကျစေနိုင်တယ် ဆီးချိုရောဂါကြောင့် အရမ်း ဝလာတာမျိုး မဖြစ်အောင်လည်း ပျဉ်းမရွက်က […]


သဘာဝဆေးဖက်ဝင်

ပဒဲကော ရနံ့မွှေးရုံတင်မဟုတ် ကျန်းမာရေးပါ အကျိုးထူးပေးပါတယ်

မုန့်တီလေး ချက်ချက်၊ တုန်ယမ်း ဟင်းချိုလေး ချက်ချက်၊ ချဉ်စပ်ဟင်းချိုလေး ချက်ချက် အနံ့ မွှေးအောင်ဆိုပြီး ထည့်လေ့ရှိကြတဲ့ ရနံ့မွှေးပြီး ခံတွင်း ရှင်းစေတဲ့ ပဒဲကောက ခန္ဓာကိုယ်အတွက် ဘယ်လောက်ထိ အထောက်အကူပြုလဲ ဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေ။ ပဒဲကော ဆိုတာ ဟင်းခတ် အမွှေးအကြိုင် တစ်ခုပါ။ ချင်း(ဂျင်း) လိုမျိုး အတောင့်လေး ဖြစ်ပြီး အပေါ်ခွံက ခပ်ဖြူဖြူလေးပါ။ ဟင်းချက်တဲ့အခါ ထုထောင်းပြီး ထည့်လို့ရသလို ခပ်ပါးပါးလှီးပြီး ထည့်လို့လည်း ရပါတယ်။ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ…….. ပဒဲကောမှာ ကယ်လ်လိုရီ ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် ပရိုတင်း အဆီ ဗီတာမင် C တို့ပါဝင်နေပါတယ်။ ပဒဲကောကပေးတဲ့ ကျန်းမာရေးအာနိသင် ပဒဲကောကို စားသုံးပေးတာက အဆစ်နာတာကို သက်သာစေနိုင်တယ် ပဒဲကောက နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် နာကျင်ရောင်ရမ်းမှုကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ […]


သဘာဝဆေးဖက်ဝင်

ဟင်းခတ် ငရုတ်ကောင်း ရဲ့ကျန်းမာရေးအကျိုးကျေးဇူး (၁၀) ခု

ငရုတ်ကောင်း အနံ့မွှေးမွှေးလေးနဲ့ဆို ဟင်းခါးလေးဖြစ်ဖြစ်၊ မုန့်ဟင်းခါးလေးဖြစ်ဖြစ် အတော်ခံတွင်းမြိန်ကြတယ်မလား။ အရှေ့တိုင်းထမင်းဝိုင်းမှာ ပါလေ့ရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်ဖြစ်သလို အနောက်တိုင်းအစားအစာ၊ ဥရောပအစားအစာတွေမှာလည်း ငရုတ်ကောင်းလေး ဖြူးထားတာ တွေ့ရများပါတယ်။ ငရုတ်ကောင်း ဆိုတာ ဟင်းခတ် ငရုတ်ကောင်း ဆိုတာကို ထွေထွေထူးထူး ပြောစရာမလိုအောင် သိထားပြီးဖြစ်မှာပါ။ ငရုတ်ကောင်းကို ဟင်းခါးတွေ၊ အသားဟင်းတွေမှာ ထည့်သွင်းအသုံးပြုကြပါတယ်။ အစိမ်းတုန်းက အခွံစိမ်းစိမ်းလေးဖြစ်ပြီး လှော်ပြီး အခြောက်ခံပြီးချိန်မှာတော့ အမည်းရောင် အလုံးလေးလေးတွေ ဖြစ်သွားပါတယ်။ ပူရှိန်းရှိန်း မွှေးတေးတေးနဲ့ အခိုးပွင့်စေဖို့ လုပ်ဆောင်ပေးပါတယ်။ ဟင်းခတ် ငရုတ်ကောင်း ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး သည်လို အစားတလိုင်းတွေရဲ့ မိတ်ဆွေကြီး ဟင်းခတ် ငရုတ်ကောင်း က ခံတွင်းမြိန်စေတယ်၊ အခိုးပွင့်စေတယ်ဆိုတာအပြင် အသားအရေအတွက်အပါအဝင် တခြားကျန်းမာရေး အကျိုးကျေးဇူးတွေရှိနေသေးတယ်ဆိုတာကို သင်သိပါသလား။ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင် - (၁) စိတ်ကျခြင်းကို သက်သာစေခြင်း ငရုတ်ကောင်း မှာပါတဲ့ piperine ဆိုတဲ့ဒြပ်ပေါင်းက […]


သဘာဝဆေးဖက်ဝင်

သင်ထင်မထားတဲ့ ငှက်ပျောရွက် ရဲ့အကျိုးအာနိသင်

ငှက်ပျောရွက် က စားစရာတစ်ခုမဟုတ်သလို ဆေးဖက်ဝင်မယ်လို့လည်း ဘယ်သူမှထင်ထားလောက်မှာမဟုတ်ပါဘူး။ ထုပ်ပိုးမှုအတွက် သုံးတာကလွဲလို့ ငှက်ပျောရွက်ကို စားဖို့ ဒါမှမဟုတ် ဆေးဖက်ဝင်တဲ့အရာတစ်ခုအနေနဲ့ အသုံးပြုလို့ရမယ်ရယ်လို့ ထင်မထားဘူးဟုတ်။ ဒီတော့ သင်ထင်မထားတဲ့ ငှက်ပျောရွက်က ဘယ်လိုအကျိုးကျေးဇူးတွေများရှိလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ငှက်ပျောရွက် ဆိုတာ ငှက်ပျောရွက်ဆိုတာက ငှက်ပျောပင်ရဲ့ အရွက်ပါ။ နုစဉ်မှာ အစိမ်းရောင် နုနုလေး ဖြစ်ပြီး ရင့်ပြီဆိုရင်တော့ အစိမ်းရောင် ရင့်ရင့်ပါ။ အနံ့လေး မွေးပြီး ဟင်းထုပ်တွေ မုန့်ဖက်ထုပ်တွေ လုပ်ရာမှာ အသုံးပြုကြပါတယ်။ စားသုံးပေးလို့လည်း ရပါတယ်။ သင်ထင်မထားတဲ့ ငှက်ပျောရွက် ရဲ့အကျိုးအာနိသင် ငှက်ပျောရွက် က အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိပါတယ်။ ချောင်းဆိုးရင်ကျပ် ငှက်ပျောရွက်ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ရင်ကျပ်ချောင်းဆိုးသက်သာစေဖို့အတွက် အသုံးပြုခဲ့ကြတာပါ။ လေ့လာမှုတွေအရ ငှက်ပျောရွက်ဟာ ကိုယ်ခံအားကိုတိုးစေနိုင်သလို၊ ချောင်းဆိုးသက်သာစေပြီး နာကျင်ရောင်ရမ်းမှုကို လျော့ပါးစေနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်း အထက်ပိုင်းမှာရောဂါပိုးတွေ […]


သဘာဝဆေးဖက်ဝင်

ဆေးဖက်ဝင်တဲ့ ဆေးခြောက်စေ့

ဆေးခြောက်ပင်က ကျန်းမာရေးအတွက် ဆေးဝါးအနေနဲ့ အသုံးပြုလို့ရတယ်ဆိုတာကို သိထားပြီးဖြစ်မှာပါ။ ဆေးခြောက်ရွက်ကတင် ဆေးဖက်ဝင်တာမဟုတ်ပါဘူး။ ဆေးခြောက်စေ့ ကလည်း ဆေးဖက်ဝင်ပါတယ်။ ဆေးခြောက်စေ့ ရဲ့ ကျန်းမာရေးအာနိသင် ဆေးခြောက်စေ့ မှာ အပင်ကနေရတဲ့ ပရိုတင်းကြွယ်ဝစွာပါဝင်နေပါတယ်။ ဆေးခြောက်စေ့မှာ အစာခြေစနစ်ကို ကျန်းမာစေနိုင်တဲ့ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်ရော မပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်တွေပါ ပါဝင်နေပါတယ်။ ဒါ့အပြင် နာကျင်မှု ကိုသက်သာစေနိုင်တဲ့ gamma-linolenic acid (GLA) လည်းပါဝင်နေပါတယ်။ ဆေးခြောက်စေ့မှာပါတဲ့ အမိုင်နိုအက်ဆစ်က နှလုံးရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်သလို နှလုံးသွေးကြောတွေတောင့်တင်းတာကြောင့် ရုတ်တရက်နှလုံးရပ်တာမျိုးတွေ မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး ဆေးခြောက်စေ့က အရေပြားပြဿနာတွေနဲ့ နာကျင်ရောင်ရမ်းမှုတွေကိုပါ သက်သာစေနိုင်ပါသေးတယ်။ ပရိုတင်းကြွယ်ဝတယ် သက်သတ်လွတ်စားသုံးသူတွေအတွက် ပရိုတင်းကြွယ်ဝစွာထောက်ပံ့ပေးနိုင်ပါတယ်။ ဆေးခြောက်စေ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း ကနေ ၃ ဇွန်းစာလောက်မှာ ပရိုတင်းက ၁၁ ဂရမ်အထိပါဝင်နေတာပါ။ ဒီပမာဏက အမဲသား၊ သိုးသား ၁.၂ […]


သဘာဝဆေးဖက်ဝင်

ဝါစေ့ဆီရဲ့ ကျန်းမာရေးအာနိသင်

ဝါဂွမ်းနုနုလေးတွေကသာ အသားအရေကို နူးညံ့မှုပေးနိုင်တာမဟုတ်ပါဘူး ဝါစေ့ဆီကလည်း အသားအရေကို နူးညံ့မှုပေးနိုင်သလို ခန္ဓာကိုယ်ကို အကျိုးပြုတာတွေ အများကြီးရှိပါတယ်။ ဒီတစ်ခေါက်တော့ ဝါစေ့ဆီလေးက ဘယ်လိုအကျိုးအာနိသင်တွေရှိနေလဲဆိုတာကို ပြောပြပေးမယ်နော်။ ဝါစေ့ဆီရဲ့ လူသိများတဲ့ အကျိုးအာနိသင်တွေက ဘာတွေများလဲ....... ဝါစေ့ဆီမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်ပါဝင်နေတာကြောင့် ကျန်းမာရေးအတွက် ကောင်းကျိုးများတာကတော့ အမှန်ပါ။ ဗီတာမင် E ကြွယ်ဝမှုကလည်း ခန္ဓာကိုယ်ကိုထိခိုက်စေနိုင်တဲ့ free-radicals တွေကို အကောင်းဆုံးတိုက်ထုတ်ပေးနိုင်ပါတယ်။ ဝါစေ့ဆီက အရေပြားအတွက်တင်အသုံးဝင်တာမဟုတ်ပါဘူး ကိုလက်စထရောပါဝင်မှုနည်းတဲ့ စားသုံးလို့ရတဲ့ ဆီတစ်မျိုးဆိုလည်း ဟုတ်ပါတယ်။ သွေးတွင်းကိုလက်စထရောကျချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။ အနာကျက်စေနိုင်ပါတယ် ထိခိုက်ဒဏ်ရာရတဲ့အခါ အနာပေါ်ကို ဝါစေ့ဆီလေးလူးပေးလိုက်ပါ။ ဗီတာမင် E ပါဝင်နေတာကြောင့် အနာကျက်မြန်စေနိုင်သလို အနာကို ပိုးမဝင်အောင်လည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ အရေပြားဆဲလ်တွေကို ကျန်းမာစေပြီး အသားအရေကို ကျန်းမာစေနိုင်မှာ အသေအချာပါ။ ထိခိုက်ဒဏ်ရာတွေအတွက် နေ့စဉ်သုံးပေးလို့ရပါတယ်။ သန့်စင်အောင်ဆေးကြောထားတဲ့ အနာပေါ်မှာ ဝါစေ့ဆီလေးလိမ်းပေးရုံပါ။ ဝါစေ့ဆီမှာပါတဲ့ […]


သဘာဝဆေးဖက်ဝင်

ပရန္နဝါရွက် ရဲ့ ဆေးဖက်ဝင်ပုံက

ဒီ ပရန္နဝါရွက် လေးတွေ ထွက်တဲ့ ပရန္နဝါဆိုတဲ့ အပင်ကို မတွေ့ဖူးကြပေမယ့် ငယ်ငယ်ကရွတ်ခဲ့ဖူးတဲ့ ချိုပေစွဟင်းချိုကဗျာလေးကြောင့် ရင်းနှီးနေမှာတော့ အသေအချာပါပဲနော်။ ငယ်ငယ်ကကျောင်းတက်ရင်း " အိမ်ကိုပြန်လျှင်၊ အကျွန် ကျွပ်နုပ် ယုန်တစ်တုတ်ကို၊ ခွာဆုတ်ရေလှန် ကျပ်ခိုးခံလို့၊ ပရန္နဝါ ရွက်နုညှာကို၊ ဝါးပြာထည့်ကျို အိုးနားတိုနှင့်၊ ခပ်ချိုညစ်တေ ဆောင့်ကြောင့်ထိုင်၊မွှေလိုက်တယ် ချိုပေစွဟင်းချိုကို စလောင်းတို အခြေပဲ့နှင့် အာခေါင်မှာ၊ ပူအောင်ထည့်လို့ မျိုလှည့်ကွဲ့လေး။" ဆိုတဲ့ စာပိုဒ်လေးကိုရွတ်ရင်း ရင်းနှီးခဲ့ဖူးမယ်ထင်ပါတယ်။ အခုတစ်ခေါက်တော့ ငယ်ငယ်ကတည်းကပါးစပ်မှာ တတွတ်တွတ်ရွတ်ရင်း ရင်းနှီးခဲ့မယ့် ပရန္နဝါရွက်လေးအကြောင်းကို Hello ဆရာဝန်ပရိသတ်ကြီးကိုပြောပြပေးမယ်နော်။ ပရန္နဝါရွက် ဆိုတာက ပရန္နဝါဆိုတာကမြေလျှောက်အပင်ငယ်လေးတစ်မျိုးဖြစ်ပြီး အရိုးတံကကြွပ်ဆတ်ဆတ်နဲ့ အရွက်ဝိုင်းဝိုင်းလေးတွေရှိတဲ့ အပင်ငယ်လေးတစ်ပင်ပါ။ ပရန္နဝါပင်လေးတွေက အဖြူ၊အပြာ၊အနီဆိုပြီး အမျိုးမျိုးကွဲပြားကြပေမယ့် ဒီကဗျာလေးထဲကပရန္နဝါကတော့ ပန်းရောင်အပွင့်လေးတွေပွင့်တတ်ပြီး စားလို့ရသလိုဆေးဖက်လည်းဝင်ပါတဲ့ ပရန္နဝါပင်လေးကိုပြောထားတာပါ။ မိုးစရွာလာတဲ့အခါမျိုးမျာ လယ်ကွင်းတွေ ကွင်းပြင်တွေမှာပေါက်ရောက်လာတတ်ကြပြီး အများစုကတော့သေးငယ်လွန်းတဲ့မြေလျှောက်ပင်လေးဖြစ်တဲ့ ပရန္နဝါပင်လေးကိုပေါင်းပင်လေးတွေနဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကီဝီသီးကို စားပေးသင့်တဲ့ အကြောင်းရင်း(၆)ခု

ကီဝီသီး လေးတွေကို မကြာခဏစားဖြစ်လား။ ဖျော်သောက်ရင်လည်း အနံ့လေးက လူကိုလန်းဆန်းစေပြီး ချိုချဉ်အရသာနဲ့ ခံတွင်းရှင်းစေပါတယ်။ ကယ်လိုရီနည်းပြီး ဗီတာမင် C ၊ ဗီတာမင် E နဲ့ K တို့အပြင် ပိုတက်စီယမ် နဲ့ဖောလိတ်ဓါတ်တွေအပါအဝင် အရေးပါတဲ့အာဟာရဓါတ်တွေကြွယ်ဝတာက သူ့ရဲ့အားသာချက်ပါ။ အမျှင်ဓါတ်ပါဝင်မှုလည်းမနည်းသလို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းကြွယ်ဝတဲ့အတွက် အစာခြေစနစ်အတွက်ကောင်းတယ်၊ နှလုံးအတွက်အကျိုးပြုတယ်။ ဒီလိုကောင်းတဲ့အသီးအနှံလေးတွေကို အခုဆို စူပါမားကတ်တွေမှာ လွယ်လွယ်ကူကူ ရာသီမရွေးရနိုင်နေပြီဆိုတော့ ကျန်းမာရေးအတွက်ဖြည့်စွက်စားသုံးဖို့ မခက်တော့ပါဘူးနော်။ ကျန်းမာရေးနဲ့ညီတဲ့ စားသောက်မှုပုံစံမှာက အသား၊ အသီးအရွက်နဲ့ သီးနှံလေးတွေပါရမယ်ဆိုတာ အခြေခံအချက်ပဲမဟုတ်လား။ ကီဝီသီးက ဘာများကောင်းလို့လဲ ဘာတွေကောင်းလဲသိချင်ရင် သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူး (၆) ခုကိုအောက်မှာဆက်ပြီးဖတ်ကြည့်လိုက်နော် - (၁) ကိုယ်ခံအားကောင်းစေတယ် ကီဝီသီးက အရွယ်အစားသာသေးတာ၊ ကီဝီတစ်လုံးဆို အနေတော်လိမ္မော်သီးတစ်လုံးလောက်နီးနီး ဗီတာမင် C ပါဝင်ပါတယ်။ ဒီပမာဏဟာ အရွယ်ရောက်ပြီးအမျိုးသမီးတစ်ယောက်အတွက် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် C ပမာဏလောက်ရှိပါတယ်။ဗီတာမင် C က […]


သဘာဝဆေးဖက်ဝင်

အမြဲလွှင့်ပစ်ကြတဲ့ ဖရဲသီးအခွံ ရဲ့ လူသိနည်းတဲ့ကျန်းမာရေးအကျိုးကျေးဇူး

အများစုက  ဖရဲသီးရဲ့ အရည်ရွှမ်းပြီး ချိုမြတဲ့အသားကိုပဲ စားကြပါတယ်။ ဒါပေမဲ့ ဖရဲသီးရဲ့အခွံကိုလည်း စားလို့ရပါတယ်တဲ့။ ဖရဲသီးအခွံ က သင့်ခန္ဓာကိုယ်ကို  ဘက်ပေါင်းစုံက အကျိုးပြုနေလို့ပါပဲ။ ဖရဲသီးအခွံရဲ့ လူသိနည်းတဲ့ကျန်းမာရေးအကျိုးကျေးဇူး တွေကို သိပြီးပြီလား။ ဖရဲသီးအခွံ မှာ ဘာတွေပါလို့လဲ ဖရဲသီး အသားမှာလိုပဲ အခွံမှာ ရေ ဓာတ် အပြည့်အဝ ပါဝင်ပါတယ်။ သည်လိုရေဓာတ် ပါဝင်လို့လည်း ကျောက်ကပ်ရဲ့ စွန့်ထုတ်နိုင်စွမ်းကို ပိုကောင်းစေတာပါ။ ရေဓာတ်အလုံအလောက်ရရှိမှုက ခန္ဓာကိုယ် တစ်ခုလုံး ကျန်းမာအောင် အထောက်အကူပြုနိုင်ပါတယ်။ ဖရဲခွံသားက ဗီတာမင်C ၊ B6  နဲ့  A တို့ ပြည့်ဝစွာပါဝင်တဲ့အပြင် ပိုတက်စီယမ်နဲ့ ဇင့်တို့ကိုလည်း ပမာဏအတန်အသင့်ရရှိ နိုင်ပါတယ်။ ဗီတာမင် စီ ပါဝင်လို့ free radical ကြောင့် ထိခိုက် ပျက်စီးမှုတွေကို ခုခံနိုင်ပြီး ကိုယ်ခံအားကို ကောင်းစေပါတယ်။ အမြဲလွှင့်ပစ်ကြတဲ့ ဖရဲသီးအခွံ ရဲ့ လူသိနည်းတဲ့ကျန်းမာရေးအကျိုးကျေးဇူး အမြဲလွှင့်ပစ်ကြတဲ့ ဖရဲသီးအခွံရဲ့ လူသိနည်းတဲ့ကျန်းမာရေးအကျိုးကျေးဇူး […]


သဘာဝဆေးဖက်ဝင်

ဖက်ယားရွက် ရဲ့ ဆေးဖက်ဝင်မှု

ဖက်ယားရွက်ကို သိတဲ့သူရှိသလို မသိတဲ့သူတွေလည်း ရှိနေနိုင်ပါတယ်။ ဆေးဖက်ဝင်တဲ့ ဖက်ယားပင်ရဲ့ အကြောင်းလေးကို ဒီဆောင်းပါးလေးကနေ တဆင့် လေ့လာကြည့်ဖို့ ပြောပါရစေ။ ဖက်ယားရွက် ဘယ်လို ဆေးဖက်ဝင်လဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ဖက်ယားရွက် အရွက်နဲ့ ပင်စည်မှာ အဆူးမွေး သေးသေးလေးတွေ ရှိနေနိုင်ပါတယ်။ မြောက်အမေရိက၊ ဥရောပနဲ့ အာဖရိကဒေသတွေမှာ ပေါက်ရောက်တတ်ကြပြီး လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ဆေးဖက်ဝင် အပင်တစ်ခု အဖြစ် အသုံးပြုလာခဲ့ကြတာပါ။ အရွက်နဲ့ ပင်စည်ပေါ်က ဆူးလေးတွေကို ထိမိရင် ဖြစ်တဲ့ ခံစားမှုကို အစွဲပြုလို့ ဖက်ယားပင်လို့ ခေါ်ဆိုခဲ့ကြတာပါ။ ဘယ်လိုဆေးဖက်ဝင်တာလဲ....... ဖက်ယားပင်က သတိလက်လွတ် ကိုင်မိရင် လက်မှာ ယားတာ၊ ဆူးတာမျိုး ဖြစ်နိုင်ပေမယ့် ဆေးဖက်ဝင်တဲ့ အာနိသင်တော့ ရှိနေပါတယ်။ ဆီးကျိတ်ကြီးတာကို သက်သာစေနိုင်တယ် ဖက်ယားရွက်က ကင်ဆာ မဟုတ်တဲ့ ဆီးကျိတ်ကြီးတာကို သက်သာစေနိုင်တဲ့ အာနိသင် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း