သဘာဝဆေးဖက်ဝင်

ပညာရှင်တွေရဲ့ အကြံပေးချက်တိုင်း သဘာဝဆေးဖက်ဝင် ပစ္စည်းတွေကို နည်းစနစ်တကျ သုံးနိုင်မယ်ဆိုရင် သင့်ရောဂါကုသရေးနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်မှာပါ။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်

ပဲနံ့သာရွက် ဆေးဖက်ဝင်သလား!

ပဲနံ့သာစေ့အရွက်က ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ထောက်ကူပေးပါတယ်။ ပဲနံ့သာရွက် ဆေးဖက်ဝင်သလား! ဘယ်လိုများ ဆေးဖက်ဝင်သလဲ ဆိုတာတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ပဲနံ့သာရွက် ဆိုတာ ပဲနံ့သာရွက် ဆိုတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဆေးဖက်ဝင်တယ်လို့လည်း ပြောလို့ ရပါတယ်။ နှစ်ပေါင်းများစွာ ကာလတွေကတည်း ဆေးဖက်ဝင်တဲ့ အရာအဖြစ် သုံးစွဲခဲ့ကြပါတယ်။  နောက်ပိုင်းမှာတော့ ဆေးဖက်ဝင်မှုကြောင့် နေ့စဉ် ဟင်းလျာထဲမှာ ထည့်သွင်း ချက်ပြုတ်မှုတွေကို လုပ်ဆောင်လာကြပါတယ်။ ပဲနံ့သာရွက်ကို ထောပတ် နည်းနည်းလေးနဲ့ ကြော်စားတာမျိုး ရှိသလို အခြားသော အသီးအနှံတွေနဲ့ တွဲဖက်ကြော်စားတာမျိုးတွေကိုလည်း လုပ်ဆောင်လာဲကြပါတယ်။ အရသာက ခါးသက်သက် ရှိပြီး ထမင်းလေးနဲ့ တွဲဖက်စားဖို့ သင့်တော်ပါတယ်။  အရွက်က ခပ်ထူထူလေးနဲ့ အရွက်ဆိုင် ထွက်တတ်ပါတယ်။ အရိုးတံ မာမာလေး ရှိပါတယ်။ အပွင့် ဝါဝါလေးတွေ […]

သဘာဝဆေးဖက်ဝင် ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

ပိန္နဲစေ့ရဲ့ ဆေးဖက်ဝင်အာနိသင် (၇) ခု

ပိန္နဲသီးဆို အရမ်းကြိုက်သူတွေရှိလား။ အသီးတင်မကဘူး၊ အသီးခြောက်တွေကိုပါ နိုင်ငံခြားကကို တကူးတက မှာယူကြတဲ့ သူတွေရှိပါတယ်။ ကိုယ်တွေအိမ်မှာတော့ ပိန္နဲသီးခွဲပြီဆို စားပြီးတဲ့အစေ့တွေ အမေက အကုန်ပြန်သိမ်းတော့တာပဲ။ ပိန္နဲစေ့ကိုဆေးကြော၊ပြန်ပြုတ်ပြီး ပုဇွန်ခြောက်ငံပြာရည်ချက်လေးနဲ့ စားရတာ ထမင်းမြိန်စေတဲ့ အတွဲအဖက်ပါ။ပိန္နဲစေ့ပြုတ်ကို ဒီတိုင်းအခွံလေးခွာစားတာလည်း သရေစာတစ်မျိုးပဲ။ ငယ်ငယ်တည်းက လူကြီးတွေစားသလို လိုက်စားခဲ့တယ်၊ စားလို့ကောင်းလို့ ကြိုက်တယ် ဒီလောက်ပဲလေ။ ဒီလောက် ကျန်းမာရေးအကျိုးကျေးဇူးရှိလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။ ပိန္နဲစေ့ကနေ ဘယ်လို ကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်လဲ (၁) သွေးအားကောင်းစေတယ် ပိန္နဲစေ့မှာ ဟေမိုဂလိုဘင်ရဲ့အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ သံဓါတ်ပါဝင်မှုများပါတယ်။ သံဓါတ်ပမာဏအလုံအလောက်ရရှိနိုင်ရင်သွေးအားနည်းရောဂါကိုကုသနိုင်ပြီးသွေးနဲ့ပတ်သက်တဲ့ရောဂါဝေဒနာအတော်များများကို ကာကွယ်နိုင်ပါတယ်။ သံဓါတ်ကသွေးနီဥဆဲလ်တွေ ထုတ်လုပ်မှုကိုတိုးမြင့်စေလို့ ကိုယ်ခံအားကိုတက်စေပါတယ်။ (၂) အစာခြေစနစ်ကို ကျန်းမာစေတယ် တိုင်းရင်းဆေးပညာတွေအရဆိုရင် ဝမ်းချုပ်ခြင်းနဲ့ တခြားအစာခြေစနစ်ပြဿနာတွေကို ကုသဖို့ ပိန္နဲစေ့ကိုကြိတ်ထားတဲ့အမှုန့်ကို သုံးခဲ့ကြတာဖြစ်ပါတယ်။ပိန္နဲစေ့ မှာ အစာခြေစနစ်ကျန်းမာရေးအတွက် သိပ်ကိုအကျိုးပြုတဲ့ အမျှင်ဓါတ်ကြွယ်ဝနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဝမ်းပျက်ဝမ်းလျှောတဲ့အခါလည်း သူ့ကို သုံးလို့ရတယ်လို့ ဆိုကြပါတယ်။ ပမာဏအများကြီးမဟုတ်ဘဲတော်သင့်သလောက်စားတာကဆေးဖက်ဝင်နိုင်ပါတယ်။ (၃) […]


သဘာဝဆေးဖက်ဝင်

အလေ့ကျပေါက်တတ်တဲ့ ကျောက်သင်ပုန်း ပင်လေးရဲ့ အစွမ်းထက်အာနိသင်

ကျောက်သင်ပုန်း အရွက်လေးက ခပ်ထူထူလေးနဲ့ မြေလျှောက်ပင်လေးလိုမျိုး မြေကြီးမှာ ကပ်ပေါက်နေတဲ့ အပင်လေးပါ။ ငယ်ငယ်က ကစားဖို့ အရွက်လေးတွေ ခူးရင်းမြင်ဖူးကြမှာပါ။ ကျောက်သင်ပုန်း ဖျက်ဖို့အတွက် သုံးလို့ရတယ်လို့ ပြောတာကြားဖူးမှာပေါ့။ ဒီအရွက်လေးတွေက ကျောက်သင်ပုန်းဖျက်လို့ရတယ်ဆိုတာထက် ပိုတဲ့ အာနိသင်တွေ ရှိနေတယ်ဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေ။ ကျောက်သင်ပုန်းရွက် ဆိုတာ ကျောက်သင်ပုန်းရွက် ဆိုတာက မြေလျှောက်ပြီး အလေ့ကျပေါက်တတ်တဲ့ အပင်လေးရဲ့ အရွက်ပါ။ အရွက်က ပြောင်ပြောင်လေးနဲ့ ကွမ်းရွက်ပုံလေးပါ။ ရိုးတံလေးမှာ အစေ့လေးတွေ ကပ်နေသလိုမျိုး ရိုးတံလေးနဲ့ အရွက်ပြောင်ပြောင်လေးတွေ ဘေးတစ်ဖက်တစ်ချက်စီးမှာ ထွက်နေတတ်ပါတယ်။ ကျောက်သင်ပုန်းရွက်က စားလို့ရပါတယ်။ ပူဒီနာတို့ ဇီယာရွက်တို့လို ပူရှိန်းရှိန်းလေးပါ။ မုန်လာဥဖြူ လိုမျိုး အရသာလည်း ရှိပါတယ်။ မစားခင်မှာ ရေ သေချာ စင်အောင် ဆေးဖို့တော့ လိုပါတယ်။ အသုပ်တွေထဲမှာ ထည့်စားလို့လည်း ရပါတယ်။ […]


သဘာဝဆေးဖက်ဝင်

ဒန့်သလွန်စေ့ ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ဒန့်သလွန်သီးကို ချက်စားမယ်ဆိုပါစို့။ တခြားအသီးတွေလို အစေ့ကိုဖယ်ရတာမဟုတ်၊ အစေ့နဲ့အသားကို အဓိကစားကြတာပါ။ ဒီလိုချက်စားမယ်ဆို နုတဲ့အသီးမှ ရွေးရပါတယ်။ ဒါပေမယ့် ဒန့်သလွန်ပင် ရှိနေတဲ့အိမ်မှာတော့ အသီးအရင့်တွေကို အခြောက်ပဲခံလိုက်တော့တယ်။ မျိုးစေ့ယူရတာကိုး။ ဒီလိုမျိုး မျိုးစုံအသုံးဝင်တဲ့ ဒန့်သလွန်စေ့ ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ က ဘာတွေများဖြစ်မလဲ။ ဒန့်သလွန်စေ့ ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ သွေးချိုကျစေတယ် ဒန့်သလွန်စေ့ရဲ့ ထင်ရှားတဲ့အာနိသင်တစ်ခုက သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင်စွမ်းရှိတာပါပဲ။၂၀၁၅ ခုနှစ်က သုတေသနတစ်ခုမှာ ဆီးချိုရှိတဲ့ ကြွက်တွေကို တစ်ရက် ဒန့်သလွန်စေ့ ၅၀-၁၀၀ မီလီဂရမ် ကျွေးခဲ့ရာ အခြေအနေတိုးတက်လာတာကို တွေ့ရပါတယ်။ ဒါက ဆက်လေ့လာဖို့တော့ လိုပါသေးတယ်။ ကိုလက်စထရော ကျစေတယ် ဒန့်သလွန်ဟာ ကိုယ်လက်စထရောနဲ့ အဆီဓာတ်တွေနဲ့ပတ်သက်ရင် ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့အာနိသင်တွေရှိတယ်ဆိုတာ လူသိများပါတယ်။ ၂၀၀၃ ခုနှစ်က လေ့လာမှုမှာ ယုန်လေးတွေကို ရက် ၁၂၀ […]


သဘာဝဆေးဖက်ဝင်

သင်္ဘောရွက် အကြောင်း တစေ့တစောင်း

သဘာဝတရားကြီးက သက်ရှိတွေကို အကောင်းဆုံးတွေပဲ ပေးထားတာပါ။ သဘာဝမှာ အလေ့ကျလိုပေါက်လာတဲ့ အပင်တွေကလည်း ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက အကောင်းဆုံးအထောက်အပံ့ပေးနေပါတယ်။ ဒီတစ်ခေါက်တော့ ကျန်းမာရေအတွက် အထောက်အပံ့ပေးတယ်ဆိုတဲ့ သင်္ဘောရွက် အကြောင်းလေး ပြောပြပေးချင်ပါတယ်။ သင်္ဘောရွက် ဆိုတာ ထွေထွေထူးထူးပြောနေစရာမလိုအောင် မြင်ဖူးကြမှာပါ။ သင်္ဘောပင်ရဲ့ ခပ်ဖားဖား စိမ်းစိမ်းအရွက်တွေပါ။ အာရှတိုက်ဒေသ တော်တော်များများနဲ့ အမေရိကတိုက်တို့မှာ တွေ့ရနိုင်ပါတယ်။ သင်္ဘောပင်က အသီးကို စားလို့ရသလို အရွက်နုနုလေးတွေကိုလည်း သုပ်စားတာဖြစ်ဖြစ်၊ လက်ဖက်နဲ့စားတာဖြစ်ဖြစ် စားလို့ရပါတယ်။ သင်္ဘောရွက်မှာ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်နေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝပါတယ်။ဆေးဖက်ဝင်သလို ဟင်းလျာတစ်ခုအဖြစ်နဲ့တောင် စားသုံးလို့ရတဲ့ အရွက်တစ်မျိုးပါ။ သင်္ဘောရွက်မှာ ပါပါအင်ဆိုတဲ့ဓာတ်နဲ့ အခြားသော အကျိုးပြုအင်ဇိုင်းတွေပါဝင်နေပါတယ်။ သင်္ဘောရွက် အကြောင်း တစေ့တစောင်း အာဟာရဓာတ်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတဲ့ သင်္ဘောရွက်က အခုလို ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ သင်္ဘောရွက်မှာ ပါတဲ့ ပါပါအင်ဆိုတဲ့ ဓာတ်က […]


သဘာဝဆေးဖက်ဝင်

ဆေးဖက်ဝင်တဲ့ ခရမ်းရောင်ပြောင်းဖူး

ပြောင်းဖူးပြုတ် ပူပူနွေးနွေးကို ဆီလေးဆမ်း၊ ဆားလေးထည့်လို့ နယ်စားရင်တော်တော်လေး အရသာရှိတယ်နော်။ စီးတဲ့ပြောင်းဖူးလေးတွေဆိုရင် ဝါးလိုက်တိုင်းကို အရသာရှိနေတာပါ။နေ့ခင်းနေ့လယ် အပျင်းပြေစားစား၊ တီဗွီကြည့်ရင်းပဲစားစား စားကောင်းတဲ့အရာပေါ့။ ဒီတစ်ခေါက်တော့ စားကောင်းတဲ့ ပြောင်းဖူးလေးတွေထဲကမှ အရောင်အသွေး ဆန်းဆန်းပြားပြားနဲ့ စားလို့လည်းကောင်းတဲ့ ခရမ်းရောင်ပြောင်းဖူး လေးအကြောင်း ပြောပြပေးချင်ပါတယ်နော်။ ခရမ်းရောင်ပြောင်းဖူး ပြောင်းဖူးလို့ ပြောလိုက်ရင် အရင်ဆုံးပြေးမြင်မှာက အဝါရောင်ရှိတဲ့ သကြားပြောင်းပါ။ နောက်ထပ်တွေးမိနိုင်တာက အဖြူရောင်လေးတွေရှိနေတဲ့ ခပ်စီးစီး ပလို့ပြောင်းပေါ့။ ပြောင်းဖူးလေးတွေထဲမှာ အနီရောင်၊ အဝါရောင်၊အဖြူရောင် နဲ့ ခရမ်းရောင်ဆိုပြီး အရောင်အသွေးတွေက စုံနေအောင်ရှိပါတယ်။ ဒီထဲမှာမှ ဆေးဖက်လည်းဝင် စားလို့လည်းကောင်း အာဟာရလည်းပြည့်စေတဲ့ ခရမ်းရောင်ပြောင်းဖူးလေးက ဆီးချို၊ သွေးတိုး၊ အဝလွန်တာတွေကို သက်သာစေနိုင်သလို သွေးတွင်းကိုလက်စထရောကိုလည်း ကျစေနိုင်ပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင်တွေ နဲ့ သတ္တုဓာတ်တွေလည်းပြည့်ဝစွာပါဝင်နေတယ်ဆိုတော့ စားသင့်တယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာမလိုအောင်ပါနော်။ ခရမ်းရောင်ကလည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်တာကြောင့် […]


သဘာဝဆေးဖက်ဝင်

ကိုယ်တွင်း ကော်လာဂျင်ထုတ်လုပ်မှုကို သဘာဝအတိုင်း မြှင့်တင်နိုင်မယ့် နည်းလမ်းများ ။ ။

နုပျိုချင်ရင်၊ အသားအရေတင်းရင်းချင်ရင် ကော်လာဂျင်သောက်၊ အသက်ကြီးလာရင် ကော်လာဂျင် လိုအပ်တယ်ဆိုတဲ့ စကားသံတွေ မကြာခဏ ကြားဖူးကြမှာပါ။ ကော်လာဂျင်ဆိုတာဘာလဲ ။ ။ Collagen ကော်လာဂျင်ဆိုတာ ကိုယ်ခန္ဓါကနေ သဘာဝအလျောက်ထုတ်လုပ်တဲ့ ပရိုတင်းတစ်မျိုးပါ။ အရွတ်၊ အရွတ်တွဲနဲ့ အဆီဆဲလ်တွေမှာ ပါဝင်ပြီး အရိုးတွေရဲ့ လှုပ်ရှားမှုပြေပြစ်စေဖို့နဲ့ အသားအရေ တွေ တင်းရင်းစေဖို့အတွက် သူက ကူညီပေးနိုင်ပါတယ်။ တင်းရင်းလှပတဲ့ အသားအရေတစ်ခုဖြစ်ဖို့ ဘာတွေလိုအပ်လဲ ။ ။ Elastin ဟာလည်း ကိုယ်တွင်းမှာတွေ့ရတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး အဆုတ်နဲ့ သွေးကြောတို့လို ကျုံ့နိုင် ဆန့်နိုင်အားရှိတဲ့ ကိုယ်တွင်း အစိတ်အပိုင်းတွေမှာ အတွေ့များပါတယ်။ Elastin နဲ့ Collagen ပရိုတင်းနှစ်ခုလုံးကို အသားအရေမှာ ကြွယ်ဝစွာတွေ့ရပြီး အသားအရေတင်းရင်းဖို့၊ အရေးအကြောင်းကင်းစင်ဖို့ ကူညီပေးတဲ့အပြင် နုပျိုလှပအောင်လည်း သူတို့ကပဲ ထိန်းသိမ်းပေးထားတာဖြစ်ပါတယ်။ မိန်းကလေးတိုင်းရဲ့ အိပ်မက်ထဲက အသားအရေဖြစ်တဲ့ တင်းရင်းနုပျိုမှုတစ်ခုကို ပေးစွမ်းတဲ့ […]


သဘာဝဆေးဖက်ဝင်

အဆစ်အမြစ်ရောင်တတ်တဲ့သူတွေ ဒါတွေ ရှောင်စားပါ ။ ။

အဆစ်အမြစ်ေတွရောင်ရမ်းနာကျင်ပြီး လမ်းတောင် မလျှောက်နိုင်တဲ့သူတွေရှိကြမှာပါ။ ထိခိုက်မိလို့ပဲ ဖြစ်ဖြစ်၊ ရောဂါအခံတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်တဲ့ အဆစ်အမြစ်တွေ ကိုက်ခဲတဲ့ ဝေဒနာကို လူတိုင်း မခံစားချင်ကြပါဘူး။ ဒီလို နာကျင်လွန်းတဲ့ အဆစ်အမြစ်ကိုက် ဝေဒနာသက်သာအောင် ဆေးတွေသောက်၊ လေ့ကျင့်ခန်းတွေ လုပ်နေပေမယ့် အရမ်းကြီး မသက်သာတဲ့အခါမှာတော့ ကိုယ့်စားနေတဲ့အစားအသောက်တွေကို ထည့်စဉ်းစားဖို့လိုလာပါပြီ။ အဆစ်အမြစ် ရောင်တာကို ပိုဆိုးစေတဲ့ အစားအသောက်တွေကို စားနေမိလားပေ့ါ ။ အဆစ်အမြစ်ကိုက်ခြင်းကို ပိုဆိုးစေတဲ့ အစားအသောက်တွေက ဘာတွေလဲ ။ ။ Gluten ဓါတ်များတဲ့အစားအသောက်တွေ ။ ။ Gluten ဓါတ်များတဲ့ အစားအသောက်တွေကို အစာအိမ်က ဖြိုခွဲလိုက်တဲ့အခါ inflammatory response လို့ခေါ်တဲ့ ရောင်ရမ်းကို အားပေးတဲ့ ဓါတ်တွေ၊ ထွက်လာပါတယ်။ အထူးသဖြင့်အစာအိမ်စုပ်ယူအားကောင်းတဲ့ လူတွေမှာဆို ဒီဓါတ်တွေဟာ ခုခံအားကို လှုံ့ဆော်ပြီး ရောင်ရမ်းခြင်းကို […]


သဘာဝဆေးဖက်ဝင်

ဆေးဖက်ဝင်တဲ့ ပုဏ္ဏရိတ်

ခြံစည်းရိုးပင်အနေနဲ့အစိုက်များကြတဲ့ ပန်းသေးသေးလေးတွေပွင့်ကြတဲ့ ဆေးဖက်ဝင်တဲ့ ပုဏ္ဏရိတ် ကို ငယ်ငယ်ကတည်းကမြင်ဖူးကြမှာပါ။ ခူးပြီးတော့ ပန်းကုံးလှလှလေးလုပ်ပြီးဆော့ခဲ့သေးတယ်ဟုတ်။ ပုဏ္ဏရိတ်သီးလေးတွေ စားဖူးတဲ့သူတောင်ရှိမှာပါနော်။ ဒီအပင်လေးကဆော့လို့ကောင်းရုံသက်သက်မဟုတ်သလို ကြည့်လို့လှတယ်ဆိုတာထက်လည်း ပိုပါတယ်နော်။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ ပုဏ္ဏရိတ်ပင်လေးတွေကဆေးဖက်ဝင်တာကြောင့်ပါ။ ပုဏ္ဏရိတ် ဆိုတာ ပန်းပွင့်နီနီလေးတွေ၊ ပန်းရောင်လေးတွေပွင့်တတ်တဲ့ အပင်ငယ်တစ်မျိုးပေါ့။ အစုလိုက်ပေါက်တတ်ကြပါတယ်။ ချုံပင်တစ်မျိုးဖြစ်ပြီး များသောအားဖြင့်ကတော့ခြံစည်းရိုးအနေနဲ့ ရွာဘက်တွေမှာစိုက်ကြတာများပါတယ်။ အရွက်ခပ်ထူထူလေးနဲ့ ကြည့်ရတာ စိမ်းစိမ်းစိုစိုရှိပါတယ်။ အပူပိုင်းမှာတောင်ပေါက်ရောက်နိုင်ပါတယ်။ ဆေးဖက်ဝင်တဲ့ ပုဏ္ဏရိတ် ရဲ့ ကျန်းမာရေးအာနိသင် အလှစိုက်ထားလေ့ရှိတဲ့ ပုဏ္ဏရိတ် ပန်းလေးတွေက အခုလိုကျန်းမာရေးအကျိုးကျေးဇူးလေးတွေပေးစွမ်းနိုင်ပါတယ်။ တီဘီရောဂါအတွက်အသုံးပြုနိုင်ပါတယ် တီဘီရောဂါဆိုတာက ကိုယ်တွင်းမှာဖြစ်တဲ့ရောဂါတစ်မျိုးပါ။ချောင်းဆိုးလိုက်တဲ့အခါသွေးပါတာမျိုးတွေ့ရနိုင်ပါတယ်။ တီဘီရောဂါဖြစ်ပြီဆိုရင် ချက်ချင်းကုသမှုခံယူဖို့လိုပါတယ်နော်။ တီဘီရောဂါက မကုသဘဲထားမယ်ဆိုရင် အသက်အန္တရာယ်ထိခိုက်စေနိုင်ပါတယ်။ တီဘီရောဂါကလေထဲကနေတဆင့်ကူးစက်တာပါ။ တီဘီရောဂါကိုဆေးဝါးတွေနဲ့ကုသတာက အထိရောက်ဆုံးပါ။ ဒါပေမယ့် သဘာဝဆေးအနေနဲ့ကတော့ ပုဏ္ဏရိတ်ပင်ကို သုံးလို့ရပါတယ်နော်။ သွေးတိုးသက်သာစေနိုင်တယ် အသက်အရွယ်ရလာတဲ့ လူတော်တော်များများမှာတွေ့ရတဲ့ရောဂါတစ်ခုပေါ့။သွေးတိုးတာကြောင့်ခေါင်းကိုက်တာဖြစ်နိုင်သလို တစ်နေ့တာအလုပ်တွေကိ မလုပ်နိုင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။သွေးတိုးကရေရှည်မှာ နှလုံးကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်သွေးတိုးရှိသူတွေအနေနဲ့ ပုဏ္ဏရိတ်ရွက်ကို သုံးလို့ရပါတယ်နော်။ အနာကျက်စေနိုင်တယ် ပုဏ္ဏရိတ် အရွက်မှာ အနာကျက်စေနိုင်တဲ့ အစွမ်းသတ္တိ […]


သဘာဝဆေးဖက်ဝင်

မြန်မာနိုင်ငံရဲ့ trademark ပန်းလှလှလေးပွင့်တဲ့ ပိတောက် ရဲ့အစွမ်း

မြင်လိုက်တာနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုမှန်းသိသာတဲ့ ပန်းလေးတစ်မျိုးရှိပါတယ်နော်။ အရောင်ဝါဝါလေးနဲ့ အနံ့လည်းမွှေးတဲ့ ပန်းလေးတစ်မျိုးပါ။ မြန်မာတို့ရဲ့ နှစ်သစ်ကူးကာလမှာမှ ပွင့်တတ်တဲ့ ပန်းကလေးပါနော်။ အပင်က အရိပ်အာဝါသကောင်းသလို အနံ့လည်းမွှေးတဲ့ ပန်းကလေးဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ trademark တစ်ခုဖြစ်တဲ့ ပိတောက် ပန်းလေးပါ။ တန်ခူးလမှာ ပွင့်တဲ့ ပန်းပိတောက်က ကျန်းမာရေးအတွက် ကောင်းကျိုးပေးပါတယ်နော်။ ပိတောက်ပန်းဝါဝါလေးတွေပွင့်တဲ့ ပိတောက်ပင်က တစ်ပင်လုံးကို ဆေးဖက်ဝင်တာပါ။ အရိပ်ကောင်းသလို အရွက်နဲ့ အစေးပါမကျန် ဆေးဖက်ဝင်တာပါ။ ဘယ်လိုရောဂါတွေအတွက်အသုံးဝင်လဲသိချင်ရင် ဒီဆောင်းပါးလေးမှာဖတ်ကြည့်ပါနော်။ ပိတောက် က ဒီလိုဆေးဖက်ဝင်တာပါ နှစ်သစ်ကူးတဲ့ တန်ခူးလမှာမှ တစ်နှစ်တစ်ကြိမ်ပွင့်တဲ့ ပိတောက် က အခုလိုကျန်းမာရေးအာနိသင်ရှိပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ် ဆီးချိုသမားတွေအတွက် သင့်တော်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။ ဆီးခဏခဏသွားတာမျိုး၊ အစားတွေ အများကြီးစားချင်တာမျိုး၊ အမြဲလိုလို ရေငတ်နေတာမျိုး၊ ခြေလက်တွေထဲက ကျင်တာတွေကို […]


သဘာဝဆေးဖက်ဝင်

စက္ကူပန်း လေးတွေက အဆင်းရော အချင်းပါပြည့်စုံတာပါနော်

စက္ကူပန်း လေးတွေက အဆင်းရော အချင်းပါပြည့်စုံတာပါနော် ..... နေအိမ်တွေမှာဖြစ်ဖြစ် ခရီးသွားရင်ဖြစ်ဖြစ် အလှဆင်တဲ့အနေနဲ့ အရောင်အသွေးစုံလင်လှတဲ့ စက္ကူပန်းလေးတွေကို စိုက်ထားတာမြင်ဖူးကြမှာပါနော်။ စက္ကူပန်းလေးတွေက လိုသလိုပုံသွင်းပြီး အလှဆင်လို့ကောင်းတဲ့ အရိပ်ရအပင်လေးတစ်မျိုးပေါ့။ နွေပူပူမှာတောင် အရိပ်ပေးနိုင်ပါတယ်။ စက္ကူပန်း က အနီရောင်၊ လိမ္မော်ရောင်၊ ခရမ်းရောင်၊ ပန်းရောင် နဲ့ အဖြူရောင်ဆိုပြီး အရောင်အသွေးစုံနေရောပဲ။ စက္ကူပန်း လေးတွေက အဆင်းရော အချင်းပါပြည့်စုံတာပါနော် စက္ကူပန်းလေးတွေကို အလှအတွက်ပဲစိုက်ထားတယ်ဆိုပေမယ့် အခုလို ဆေးဖက်ဝင်တာလေးကိုပါ သိထားမယ်ဆိုရင် ပိုအဆင်ပြေမယ်ထင်ပါတယ်နော်။ စက္ကူပန်း လေးတွေက ချောင်းဆိုးပျောက်စေတယ် စက္ကူပန်းက သလိပ်ပျော်စေနိုင်တာကြောင့် ချောင်းဆိုးနေတဲ့သူတွေအနေနဲ့ အသုံးပြုပေးလို့ရပါတယ်။ အသက်ရှူလမ်းကြောင်းတလျှောက်မှာရှိနေတဲ့ ချွဲတွေကို ပျော်စေပြီး ချောင်းဆိုးသက်သာစေဖို့ အထောက်အကူပြုပေးပါတယ်။ လည်ချောင်းနာတာကို သက်သာစေနိုင်တယ် လည်ချောင်းနာရခြင်းရဲ့ အဓိကအကြောင်းအရင်းက ပိုးဝင်ကူးစက်တာကြောင့်ပါ။ ဓာတ်မတည့်တာကြောင့်လည်း ဖြစ်နိုင်တယ်ဆိုပေမယ့် များသောအားဖြင့်ကတော့ ဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့် လည်ချောင်းနာရတာပါ။ ဒီပြဿနာကို […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း