သစ်ကြားသီးဟာ သွေးတွင်းက ကောင်းတဲ့အဆီတွေဖြစ်တဲ့ high-density lipoprotein (HDL) တွေကို တိုးမြှင့်ပေးပြီး ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပါတယ်။ ဒီလို ဇီဝကမ္မဖြစ်စဉ် မြင့်တက်လာတာကြောင့် ကယ်လိုရီတွေ ပိုလောင်ကျွမ်းပြီး အဆီပိုတွေ ကိုယ်ခန္ဓာကနေ တဖြည်းဖြည်းလျော့လာတာကြောင့် သစ်ကြားသီးဟာ ကိုယ်အလေးချိန်ကို လျော့ကျစေတဲ့အစေ့အဆံတစ်ခုဆိုလည်း မမှားပါဘူး။
ကိုယ်အလေးချိန်နဲ့ ဆက်စပ်မှုရှိနေတဲ့ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပါတယ်။
သစ်ကြားသီးမှာပါဝင်တဲ့ ပရိုတင်း၊ ကျန်းမာတဲ့အဆီတွေနဲ့ မဂ္ဂနီဆီယမ်သတ္တုဓာတ်က သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးတယ်။ သွေးတွင်းသကြားဓာတ်များခြင်းက ကိုယ်အလေးချိန်တက်တာနဲ့ ဆက်စက်နေတတ်ပြီး သွေးတွင်းသကြားဓာတ်နည်းရင်တော့ အဆီတွေစုလာတာကို လျှော့ချပေးမှာပါ။
ဆာလောင်တဲ့ ဖိစီးမှုကို လျှော့ချပေးပါတယ်။
သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးရုံမက သစ်ကြားသီးထဲ ပါဝင်တဲ့ မဂ္ဂနီဆီယမ်ဟာ အဆာခံစေပြီး ဗိုက်ဆာခြင်းကြောင့် ဖြစ်တဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါတယ်။ စိတ်ဖိစီးမှု များလေလေ အစားစားချင်လေလေပဲ မလား။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။