ဓာတ်မတည့်မှုတွေကို သက်သာစေနိုင်တယ်
ပန်းနာရင်ကျပ်ရှိသူတွေ၊ ဓာတ်မတည့်ရောဂါရှိသူတွေ၊ နာတာရှည်အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေကြောင့် အသက်ရှူလမ်းကြောင်းမှာ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ ချောင်းဆိုး၊ နှာချေမှုတွေကို သက်သာစေနိုင်ပါတယ်။ ဓာတ်မတည့်မှုကို တိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေတာကြောင့် အသက်ရှူလမ်းကြောင်းတလျှောက်မှာဖြစ်တတ်တဲ့ ဓာတ်မတည့်မှုကြောင့် နှာချေချောင်းဆိုးတာတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။
ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိတယ်
ကုက္ကိုလ်ရွက်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင်ပါဝင်တာကြောင့် ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ free radicalsတွေကို တိုက်ထုတ်ပေးပါတယ်။ Free radicalsတွေကြောင့် ဆဲလ်တွေထိခိုက်ပျက်စီးတာ၊ ကင်ဆာလိုမျိုး ကျန်းမာရေးပြဿနာတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။
အရေပြားကျန်းမာစေနိုင်ပါတယ်
အရေပြားမှာ အနီကွက်တွေဖြစ်တာ၊ အညိုအမည်းစွဲတာ၊ ထိခိုက်ဒဏ်ရာတွေဖြစ်တာ၊ ဝက်ခြံနဲ့ အခြားသောအရေပြားပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ အရေပြားဓာတ်မတည့်ဖြစ်မှုတွေအတွက်လည်း အသုံးပြုပေးလို့ရပါတယ်။
အစာကြေစေနိုင်တယ်
အမျှင်ဓာတ်ပါဝင်မှုကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အူမကြီးနဲ့ အူတွေရဲ့ လှုပ်ရှားမှုကိုကောင်းမွန်စေပြီး ဝမ်းမှန်စေနိုင်ပါတယ်။ အစာခြေလမ်းကြောင်းမှာ ရောင်ရမ်းတာနဲ့ အခြားသောထိခိုက်မှုတွေအတွက်လည်း အထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။
သွေးတွင်းကိုလက်စထရော ကျဆင်းစေနိုင်ပါတယ်
ကုက္ကိုလ်ရွက်က သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး နှလုံးကျန်းမာစေနိုင်ပါတယ်။ သွေးတွင်းကိုလက်စထရောကျဆင်းမှုကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။လေဖြတ်တာနဲ့ ရုတ်ရက်နှလုံးရပ်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
အရိုးအဆစ်ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။