ရှောက်ဘီလူးက ကြည့်လိုက်ရင် အခွံမှာ အဖုအထစ်တွေနဲ့ ကြည့်ရဆိုးပေမယ့်ဆေးဖက်ဝင်တာတော့အမှန်ပါ။ အရုပ်ဆိုးတယ်ဆိုတဲ့ရှောက်ဘီလူးသီးလေးက ဘယ်လိုဆေးဖက်ဝင်တာလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဆက်ကြည့်လိုက်ကြမယ်လေ။
ထွက်မှာ သေချာပြီလား။
ရှောက်ဘီလူးက ကြည့်လိုက်ရင် အခွံမှာ အဖုအထစ်တွေနဲ့ ကြည့်ရဆိုးပေမယ့်ဆေးဖက်ဝင်တာတော့အမှန်ပါ။ အရုပ်ဆိုးတယ်ဆိုတဲ့ရှောက်ဘီလူးသီးလေးက ဘယ်လိုဆေးဖက်ဝင်တာလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဆက်ကြည့်လိုက်ကြမယ်လေ။
သံပုရာသီးအရွယ်အစားလောက်ပဲရှိပြီး အခွံကတော့ သံပုရာသီးလို လုံးချောလေးမဟုတ်ဘဲ ဖုတွေ ထစ်တွေနဲ့ပေါ့။ အချဉ်အရသာရှိပြီး အတွင်းကတော့ သံပုရာသီးနဲ့ ခပ်ဆင်ဆင်ပါ။ အခွံကိုလည်း ဟင်းခတ်အမွှေးအကြိုင်အဖြစ်သုံးလို့ရပါတယ်။ အထူးသဖြင့် ထိုင်းအစားအစာတွေထဲမာ ထည့်သုံးကြတာများပါတယ်။မြန်မာလူမျိုးတွေ ခံတွင်းတွေ့ကြတဲ့ တုန်ယမ်းဟင်းရည်ထဲမှာ အမွှေးအကြိုင်အတွက်ရှောက်ဘီလူးသီး အခွံကို ထည့်သုံးကြပါတယ်။
ရှောက်ဘီလူးသီး စားသုံးမှုက အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။
ခံတွင်းကျန်းမာစေနိုင်တယ်
အသီးကို စားပေးရင်ဖြစ်ဖြစ် ထက်ခြမ်းခြမ်းပြီး သွားတွေ၊ သွားဖုံးတွေပေါ်မှာ ပွတ်တိုက်ပေးရင်ဖြစ်ဖြစ် ခံတွင်းကို ကျန်းမာစေပြီး သွားဖုံးနဲ့ သွားတွေမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေကို အထိရောက်ဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။ သွားတိုက်ဆေးနဲ့အတူရောပြီးတော့လည်း သုံးပေးလို့ရပါတယ်။
သွေးနဲ့ပတ်သက်တဲ့ရောဂါတွေ။ နာတာရှည်သွေးရောဂါတွေခံစားနေရတဲ့ သူတွေနဲ့အထူးသင့်တော်ပါတယ်။သွေးထဲမှာရှိတဲ့pathogensတွေကိုဖယ်ရှားပေးပြီးသွေးသန့်စေနိုင်ပါတယ်။ အသည်းနဲ့ ခန္ဓာကိုယ်တွင်းထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
အစာခြေစနစ်ကျန်းမာစေနိုင်တယ်
ရှောက်ဘီလူးသီးမှာပါတဲ့ ဒြပ်ပေါင်းတွေကနာကျင်ရောင်ရမ်းမှုကိုလျော့ကျစေပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဝမ်းချုပ်တာ၊ အစာမကြေတာ၊ အစာအိမ်အနာဖြစ်တာ၊ အူမကြီးကင်ဆာ လိပ်ခေါင်းရောဂါရှိသူတွေနဲ့ သင့်တော်ပါတယ်။
အင်းဆက်တွေကိုနှိမ်နှင်းနိုင်တယ်
အင်းဆက်တွေကို နှိမ်နှင်းပေးနိုင်တ့ အာနိသင်ရှိပြီး အင်းဆက်တွေကြောင့်ဖြစ်တဲ့ရောဂါတွေကိုကာကွယ်ပေးနိုင်ပါတယ်။ အရေပြားမှာ အင်းဆက်ကိုက်ခံရတာတွေအတွက်လည်းရှောက်ဘီလူးသီးကို သုံးပေးလို့ရပါတယ်။
အသားအရေအတွက်ကောင်းကျိုးပြုတယ်
ရှောက်ဘီလူးသီးအရည်ကို အလှကုန်ပစ္စည်းတွေနဲ့ တွဲသုံးပေးတာက အသားအရေကို ကြည်လင်လှပစေနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင် ပစ္စည်းပါဝင်နေတာကြောင့် ဆဲလ်တွေကိုပြုပြင်ပေးပြီး ညစ်ညမ်းမှုတွေကြောင့် ထိခိုက်နိုင်ခြေကိုလျှော့ချပေးပါတယ်။ အရေပြားကို ကျန်းမာလှပစေမယ့် သဘာဝဆေးတစ်မျိုးပါ။
နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်တယ်
စိတ်ဖိစီးမှုကို သက်သာစေနိုင်တယ်
စိတ်ဖိစီးမှုနဲ့ အာရုံကြောပြဿနာအမျိုးမျိုးအတွက်လည်း ရှောက်ဘီလူးသီးက အစွမ်းထက်ပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါရှောက်ဘီလူးသီးကို ရှူပေးပါ။ စိတ်ပူပန်မှုသက်သာစေဖို့အတွက်လည်း ရှောက်ဘီလူးသီးကို ရှူပေးလို့ရပါတယ်။
ကိုယ်ခံအားကောင်းစေနိုင်တယ်
ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် ကိုယ်ခံအားစနစ်ကို တိုးတက်စေနိုင်ပါတယ်။ အသားအရေကနေစလို့ ကိုယ်တွင်း အင်္ဂါတွေအထိ ကျန်းမာစေနိုင်ပါတယ်။
ဆံသားကျန်းမာစေနိုင်တယ်
ရှောက်ဘီလူးသီးရဲ့ အရည်ကရော အရွက်ကပါ ဆံသားနဲ့ ဦးရေပြားကို ကျန်းမာစေနိုင်ပါတယ်။ ဦးရေပြားကို အစိုဓာတ် ထိန်းပေးနိုင်ပြီး ဗောက်မထအောင်ကာကွယ်ပေးနိုင်ပါတယ်။ ဆံသားကို အရောင်တောက်စေနိုင်ပြီး လှပနေစေမှာပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။