backup og meta

ဆေးမြင်းခွာ ဘာကြောင့်စားသင့်သလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးမြင်းခွာ ဘာကြောင့်စားသင့်သလဲ

    အိမ်မှာဆို ပန်းအိုးထဲထည့်စိုက်ထားလို့ရတယ်၊ ဘယ်နားစိုက်စိုက် အလွယ်တကူပေါက်နိုင်တဲ့ဆေးမြင်းခွာလေးတွေက ဘယ်လိုတွေဆေးဖက်ဝင်လဲဆိုတာ သိပြီးပြီလား။ သုပ်စားလို့ရတယ်၊ တို့စရာအဖြစ်လည်းစားကြတဲ့မြင်းခွာသေးသေးလေးတွေပါ။ ရိုးရိုးမြင်းခွာလို ဟင်းချိုချက်တာမျိုး လုပ်မစားကြဘဲ အစိမ်းပဲစားတာများပါတယ်။ သူ့ရဲ့ဆေးစွမ်းကတော့ –

    ဆံပင်ကျွတ်သက်သာတယ်

    ဆေးမြင်းခွာက ဆံပင်ကျွတ်စေတဲ့အကြောင်းရင်းခံတွေဖြစ်တဲ့ စိတ်ဖိစီးမှုကိုလျော့ကျစေတယ်၊free radicalsတွေရန်က ကာကွယ်ပေးတယ်။

    အနာကျက်မြန်စေတယ်

    ဆေးမြင်းခွာမှာပါတဲ့Saponins နဲ့ တခြားအော်ဂင်းနစ်ဒြပ်ပေါင်းတွေကြောင့် အနာကျက်ခြင်းဖြစ်စဉ်ကိုမြန်အောင် နှိုးဆွပေးပါတယ်။ ဆဲလ်တွေဆီကိုသွေးပို့လွှတ်မှုကိုအားပေးပြီးရောဂါပိုးတွေရန်ကကာကွယ်ပေးတာကြောင့် အနာကျက်မြန်စေတာဖြစ်ပါတယ်။

    အသားလှစေတယ်

    ဆေးမြင်းခွာမှာ အသားအရေကိုကျန်းမာလှပစေနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့saponinsတွေ ကြွယ်ဝပါတယ်။ အထူးသဖြင့် အမာရွတ်တစ်ရှူးတွေကိုဟန့်တားပေးလို့ ခွဲစိတ်မှုအမာရွတ်တွေကိုတောင်ပျောက်ကင်းသက်သာစေတဲ့အထိ အသားအရေကိုအကျိုးပြုပါတယ်။ အရေးအကြောင်းတွေနဲ့ရင့်ရော်မှုလက္ခဏာတွေကိုလည်းလျော့ပါးစေတယ်လို့ဆိုပါတယ်။

    သွေးလည်ပတ်မှုကောင်းစေတယ်

    ဆေးမြင်းခွာကသွေးလည်ပတ်မှုစနစ်မှာ အရေးပါတဲ့နေရာနှစ်ခုကနေ ပါဝင်နေပါတယ်။ တစ်ခုကသွေးကြောနဲ့ဆံချည်မျှင်သွေးကြောနံရံတွေကို ကျန်းမာစေပြီးသွေးကြောပိတ်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ ဒုတိယတစ်ခုကသွေးလည်ပတ်မှုကိုနှိုးဆွပေးလို့ ခန္ဓါကိုယ်ရဲ့အရေးပါတဲ့အစိတ်အပိုင်းတွေကိုအောက်ဆီဂျင်ပို့ပေးနိုင်စွမ်းကောင်းစေပါတယ်။ ဒါ့ကြောင့်သွေးလည်ပတ်မှုမကောင်းတဲ့အခါဖြစ်လာနိုင်တဲ့ခြေထောက်ဖောရောင်ခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ စတဲေ့ဝဒနာတွေကိုလျော့ပါးသက်သာစေနိုင်တယ်။

    အစာအိမ်အနာကို သက်သာစေတယ်

    ဆေးမြင်းခွာမှာပါတဲ့Asiaticoside က အစာအိမ်အနာအတွက်ဆေးတစ်လက်လို အာနိသင်ရှိပါတယ်။ သူက ဆဲလ်တွေကို ကုသပေးနိုင်စွမ်းရှိပြီး အနာတွေကို သက်သာပျောက်ကင်းစေပါတယ်။

    ပူပန်သောကနဲ့ စိတ်ကျဝေဒနာ

    ဆေးမြင်းခွာအပါအဝင်မြင်းခွာရွက်တွေမှာ စိတ်ဖိစီးမှုဟော်မုန်းcortisol ကိုလျော့စေပြီးစိတ်ခံစားချက်နဲ့ပျော်ရွှင်မှုတို့အတွက်အရေးပါတဲ့serotonin နဲ့ dopamineဟော်မုန်းတွေကိုမြင့်တက်စေပါတယ်။ စိတ်သောကနဲ့ ဖိစီးမှုတွေ၊ စိတ်ကျရောဂါလက္ခဏာတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။

    ဦးနှောက်စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးတယ်

    ဆေးမြင်းခွာကသွေးလည်ပတ်မှုကိုကောင်းစေတော့ ဦးနှောက်ကိုအောက်ဆီဂျင်ရောက်ရှိမှုပိုကောင်းပြီး လုပ်ဆောင်နိုင်စွမ်းကိုတိုးတက်စေပါတယ်။ သူ့ရဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် အာရုံကြောကိုလည်း လှုံ့ဆော်ပေးပြီး ဦးနှောက်ကိုfree radicalsတွေရန်က ကာကွယ်ပေးပါတယ်။

    မှတ်ဉာဏ်ကောင်းစေတယ်

    သူ့ရဲ့အာနိသင်တွေထဲမှာ မှတ်ဉာဏ်ကောင်းစေတဲ့အစွမ်းလည်းပါပါတယ်။ မှတ်ဉာဏ်ကိုတိုးတက်စေတဲ့အပြင် အယ်ဇိုင်းမားရောဂါ၊ စိတ်ရောဂါနဲ့ မှတ်ဉာဏ်ချို့ယွင်းမှုရောဂါတွေကိုလျော့ပါးသက်သာစေပါတယ်။

    ခန္ဓါကိုယ်ကိုအဆိပ်အတောက်သန့်စင်ပေးတယ်

    ဆီးရွှင်စေတဲ့ အာနိသင်နည်းနည်းပါတဲ့ဆေးမြင်းခွာက အဆိပ်အတောက်ဓါတ်တွေ၊ အငန်တွေ၊ရေနဲ့ အဆီဓါတ်တွေကိုပါ ခန္ဓါကိုယ်ထဲကနေ စွန့်ထုတ်သန့်စင်ပေးပါတယ်။ ဒီလိုနည်းနဲ့ကျောက်ကပ်ကို ဖိစီးမှုလျော့ပါးစေပြီး အရည်ဓါတ်တွေကို ထိန်းညှိပေးပါတယ်။

    သွေးဖိအားကို ထိန်းပေးတယ်

    ဆေးမြင်းခွာကသွေးဖိအားကိုထိန်းညှိပေးပြီး နှလုံးသွေးကြောစနစ်အပေါ် ထိခိုက်မှုလျော့နည်းစေနိုင်ပါတယ်။ ဒါ့ကြောင့် နှလုံးကိုအကာအကွယ်ပေးပြီး နှလုံးသွေးကြောရောဂါ၊ နှလုံးလုပ်ဆောင်ချက်ရုတ်တရက်ရပ်ခြင်းနဲ့လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

    သတိထားရမယ့်အချက်ကတော့ —

    ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေ၊ ခွဲစိတ်ကုသမှုခံယူထားသူတွေ၊ အသည်းရောဂါရှိသူတွေအနေနဲ့တော့ဆေးမြင်းခွာကို သိပ်မစားသင့်ပါဘူးလို့ဆေးပညာအကြံပြုချက်တွေကဖော်ပြထားပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement