သဘာဝဆေးဖက်ဝင်

ပညာရှင်တွေရဲ့ အကြံပေးချက်တိုင်း သဘာဝဆေးဖက်ဝင် ပစ္စည်းတွေကို နည်းစနစ်တကျ သုံးနိုင်မယ်ဆိုရင် သင့်ရောဂါကုသရေးနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်မှာပါ။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်

ပဲနံ့သာရွက် ဆေးဖက်ဝင်သလား!

ပဲနံ့သာစေ့အရွက်က ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ထောက်ကူပေးပါတယ်။ ပဲနံ့သာရွက် ဆေးဖက်ဝင်သလား! ဘယ်လိုများ ဆေးဖက်ဝင်သလဲ ဆိုတာတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ပဲနံ့သာရွက် ဆိုတာ ပဲနံ့သာရွက် ဆိုတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဆေးဖက်ဝင်တယ်လို့လည်း ပြောလို့ ရပါတယ်။ နှစ်ပေါင်းများစွာ ကာလတွေကတည်း ဆေးဖက်ဝင်တဲ့ အရာအဖြစ် သုံးစွဲခဲ့ကြပါတယ်။  နောက်ပိုင်းမှာတော့ ဆေးဖက်ဝင်မှုကြောင့် နေ့စဉ် ဟင်းလျာထဲမှာ ထည့်သွင်း ချက်ပြုတ်မှုတွေကို လုပ်ဆောင်လာကြပါတယ်။ ပဲနံ့သာရွက်ကို ထောပတ် နည်းနည်းလေးနဲ့ ကြော်စားတာမျိုး ရှိသလို အခြားသော အသီးအနှံတွေနဲ့ တွဲဖက်ကြော်စားတာမျိုးတွေကိုလည်း လုပ်ဆောင်လာဲကြပါတယ်။ အရသာက ခါးသက်သက် ရှိပြီး ထမင်းလေးနဲ့ တွဲဖက်စားဖို့ သင့်တော်ပါတယ်။  အရွက်က ခပ်ထူထူလေးနဲ့ အရွက်ဆိုင် ထွက်တတ်ပါတယ်။ အရိုးတံ မာမာလေး ရှိပါတယ်။ အပွင့် ဝါဝါလေးတွေ […]

သဘာဝဆေးဖက်ဝင် ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

ပန်ဒါလေးတွေ စားစားနေတဲ့ ဝါးရွက်လေးရဲ့ ဆေးဖက်ဝင်ပုံ

ဝါးရွက်လေးတွေကို ပြာရည်ထုပ်၊ ကောက်ညှင်းထုပ်လေးတွေ ထုပ်ဖို့ပဲ သုံးလို့ရတယ်လို့ ထင်နေတာလား။ ဝါးရွက်က ကျန်းမာရေးကိုလည်း အထောက်အကူပြုပေးသေးတယ်။ ဘယ်လိုများ အထောက်အကူပြုလို့လဲ သိချင်ရင်တော့ ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်နော်။ ပန်ဒါလေးတွေ စားစားနေတဲ့ ဝါးရွက်လေးရဲ့ ဆေးဖက်ဝင်ပုံ အကြောင်းလေး ပြောပြပေးမယ်နော်။ ဝါးရွက်ဆိုတာ အာဟာရပါရဲ့လား........... ဝါးရွက်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝသလို အမျှင်ဓာတ်လည်း ကြွယ်ဝပါတယ်။ ဒါကြောင့် ပန်ဒါလေးတွေ ဝါးပင်ဝါးရွက်တွေကို စားပြီး အသက်ရှင်နေတာပေါ့။ ဝါးပင်က နုစဉ်မှာ မျှစ်အဖြစ် စားသုံးလို့ရသလို ရင့်လာတဲ့အခါ အိမ်ထောင်ပရိဘောဂတွေအဖြစ် အသုံးပြုလို့ ရပါတယ်။ ဝါးရွက်မှာ ဓာတ်တိုးဆန့်ကျင် အာနိသင်၊ အမျှင်ဓာတ် အပြင် silica လည် ပါဝင်ပါတယ်။ Silica က အရိုးတွေကို သန်မာစေတာ၊ လက်သည်းခြေသည်းတွေကို ကျန်းမာစေတာ၊ ဆံသားတွေကို ကျန်းမာစေတာ စတဲ့ ကျန်းမာရေး […]


သဘာဝဆေးဖက်ဝင်

အုန်းဆီကို သွားကျန်းမာရေးအတွက် ဘယ်လိုအသုံးပြုမလဲ

အုန်းဆီဟာ အသားအရေကို စိုပြေဝင်းမွတ်လာစေတဲ့ သဘာဝအဆီတွေထဲမှာ ပါဝင်ပါတယ်။ အုန်းသီးရဲ့ အသားဖတ်ကနေ ထုတ်ယူထားပြီး အရေပြားကျန်းမာရေးအတွက်  ကောင်းမွန်တဲ့ အဆီအဖြစ်လည်း သတ်မှတ်ထားပါတယ်။ အာယုဗေဒ ဆေးနည်း‌တွေမှာဆိုရင် အုန်းဆီကို သွားကျန်းမာရေးအတွက် အသုံးပြုကြပါတယ်။ ဘာကြောင့် အုန်းဆီဟာ သွားကျန်းမာရေးအတွက် ကောင်းတာလဲ။ အုန်းဆီမှာ ပါဝင်တဲ့ လောရစ်အက်ဆစ် (Lauric Acid) မှာ ခန္ဓာကိုယ်ကို ဒုက္ခပေးတဲ့ ဘက်တီးရီးယားပိုး၊ မှိုပိုးနဲ့ ဗိုင်းရပ်စ်ပိုးတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။ အရေပြား အလှအပအတွက်ဖြစ်ဖြစ်၊ ကိုယ်တွင်းအင်္ဂါတွေမှာရှိတဲ့ ပိုးတွေ သေဖို့အတွက် ဖြစ်ဖြစ် သုံးလို့ရသလို သွားနဲ့ ခံတွင်းအတွက်လည်း အသုံးပြုလို့ ရပါတယ်။ ဒါ့အပြင် နောက်ထပ် ခံတွင်းအတွက် ဘာတွေ အကျိုးထူးစေနိုင်လဲဆိုတော့ သွားကို ဖြူစေတယ် သွားကြားထဲထိ သန့်စင်ပေးနိုင်တယ် သွားပိုးပေါက်တွေ မဖြစ်အောင် […]


သဘာဝဆေးဖက်ဝင်

ပြောင်းဖူးမွေး ရဲ့ ဆေးဖက်ဝင်ပုံ

ခေါင်းမြီးခြုံ လုံပါပေ့။ ဆံမြိတ်ချ လှပါပေ့။ ကျောက်တန်းစီ ညီပါပေ့ ဆိုတဲ့ ပဟေဠိလေးရဲ့ အဖြေက ပြောင်းဖူးဆိုတာ လူတိုင်းသိပြီးမှာပါ။ ပြောင်းဖူးကို ဝယ်တဲ့အခါ ခေါင်းမြီးခြုံ လုံပါပေ့ လို့တင်စားတဲ့ အခွံ နဲ့ ဆံမြိတ်ချ လှပါပေ့ လို့တင်စားတဲ့ အမွေးလေးတွေကို ဖယ်လို့ စားကြတယ်နော်။ ဒီတစ်ခေါက်တော့ ပြောင်းဖူးစားတဲ့အခါ ဖယ်စားလေ့ရှိပြီး ငယ်ငယ်က ကြာဇံဆိုပြီး ဆော့တတ်ကြတဲ့ ပြောင်းဖူးမွေး ရဲ့ ဆေးဖက်ဝင်ပုံ ကို ပြောပြပေးချင်ပါတယ်။ ပြောင်းဖူးမွေး ဆိုတာ ပြောင်းဖူးမွေးက အဝါရောင်ဖျော့ဖျော့ အပ်ချည်မျှင်လိုသေးသွယ်ပြီး ရှည်လျားတဲ့ အရာလေးတွေပါ။ ပြောင်းဖူးလေးတွေရဲ့ ထိပ်ပိုင်းမှာ ပါတတ်ကြပါတယ်။ ဒီအမွေးတွေကို ခုခေတ်မှာ ဖယ်​ပစ်ကြပေမယ့် ရှေးယခင်က ဆေးဖက်ဝင်တဲ့ အရာအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ပြောင်းဖူးမွေးမှာ အပင်ဒြပ်ပေါင်းတွေ များစွာ ပါဝင်နေသလို ကျန်းမာရေးအတွက် တော်တော်လေး […]


သဘာဝဆေးဖက်ဝင်

ယုဇနပန်း လှလှလေး ကပေးတဲ့ ကျန်းမာရေး

အဆင်အသွေးလည်းလှ၊ ရနံလေးလည်း သင်းပြီး ချစ်စရာ ကောင်းလွန်းတဲ့ ယုဇနပန်း လေးတွေကို နေအိမ်မှ အလှစိုက် ထားလေ့ရှိကြတယ်နော်။ ယုဇနပန်းလေးရဲ့ အနံ့ မွှေးမွှေးလေးက ရာသီဥတု အေးအေးလေးမှာဆို သင်းသင်းလေးနဲ့ စိတ်ထဲတော်တော်လေး ကြည်နူးစရာ ကောင်းစေပါတယ်။ ဒီ ပန်းလှလှလေးက ကျန်းမာရေးကို ဘယ်လိုများ အားဖြည့်ပေးသလဲ......... ယုဇနပန်း နဲ့ ကျန်းမာရေး အပွင့်ဖြူဖြူ အဝါရောင် ဝတ်ဆံ အနံ့ မွှေးမွှေးလေးတွေရှိတဲ့ ယုဇနပန်း လေးက အသားအရေ ချောမွတ်စေတယ် ယုဇနပန်း ပွင့်ချပ်လေးတွေကို ရေစင်အောင်ဆေးလို့ ပန်းကန်လုံး တစ်လုံးစာကို ရေနဲ့ရောလို့ အနှစ်ရအောင် ကြိတ်ပါ။ ရလာတဲ့ အနှစ်ကို အရေပြားပေါ်ကို လိမ်းပေးပြီး ခြောက်သွားရင် ရေအေးအေးနဲ့ ဆေးချလိုက်ပါ။ ပုံမှန်လုပ်ပေးရင် အသားအရေ ချောမွတ်စေမှာပါ။ သွားကိုက်တာကို သက်သာစေတယ် ယုဇနပန်း ရဲ့ အဆီအနှစ်က သွားကိုက်တာကို သက်သာစေနိုင်ပါတယ်။ ယုဇနပန်းကို […]


သဘာဝဆေးဖက်ဝင်

ပန်းသစ်ခွ နဲ့ ကျန်းမာရေး

အလှဆင်ဖို့ဖြစ်ဖြစ် အလှကြည့်ဖို့ ဖြစ်ဖြစ် အမြတ်တနိုး စိုက်ပျိုးထားကြတဲ့ ပန်းသစ်ခွ လေးက အဆင်းတင်လှတာ မဟုတ်ဘဲ ကျန်းမာရေး အတွက်လည်း တော်တော်လေး အထောက်အကူ ပြုပေးပါတယ်။ ပန်းသစ်ခွဆိုတာ သစ်ခွက မျိုးစိတ် အမျိုးမျိုး ရှိသလို အရောင်အသွေး သွင်ပြင် အမျိုးမျိုးပါ။ သစ်ခွက ထိုင်းနိုင်ငံ၊ ဘရာဇီး၊ ဟာဝိုင်ယီ၊ အိန္ဒိယ၊ မလေးရှား၊ မက္ကဆီကို၊ ဖိလစ်ပိုင်၊ ဂျပန်၊ ပီရူး တို့မှာ သဘာဝအတိုင်း ပေါက်ရောက်ကြပါသည်။ သစ်ခွတွေက တောတောင်တွေထဲမှာ ပေါက်ရောက်ကြပြီး စိုထိုင်းဆ မြင့်ပြီး ခြောက်သွေ့တဲ့ ရာသီဥတုမှာ အကောင်းဆုံး ဖူးပွင့်ကြပါတယ်။ ပန်းသစ်ခွ နဲ့ ကျန်းမာရေး အသွင်လှပတဲ့ ပန်းသစ်ခွ လေးတွေက စိတ်ဖိစီးမှု ပြေလျော့စေတယ် စိတ်ဖိစီးမှုက လူတိုင်း လိုလိုမှာ ရှိတတ်ကြပါတယ်။ အသက်အရွယ်မရွေး ကြုံတွေ့ရနိုင်တဲ့ အရာတစ်ခုပါ။ စိတ်ဖိစီးမှုက နည်းည်းဆိုရင် ကိစ္စမရှိပေမယ့် […]


သဘာဝဆေးဖက်ဝင်

ကွမ်းသီး နဲ့ ကျန်းမာရေး

ကွမ်းယာထဲမှာ ထည့်ဝါးလေ့ရှိသလို အပျင်းပြေ ဝါးစားလေ့ရှိကြတဲ့ ကွမ်းသီးက မြန်မာလူမျိုး တော်တော်များများနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ကွမ်းယာစားလို့ ကျန်းမာရေးဆိုးကျိုးတွေ များတာ မှန်ပေမယ့် ဒါက ကွမ်းသီးကြောင့်လို့တော့ အတိအကျပြောလို့မရပါဘူး။ သဘာဝအတိုင်းရှိနေတဲ့ ကွမ်းသီးမှာလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိပါတယ်။ ကွမ်းသီး ဆိုတာ ကွမ်းသီး ဆိုတာကာ ကွမ်းယာထဲကို ထည့်စားလေ့ရှိတဲ့ အရာတစ်မျိုးပါ။ ကွမ်းသီးပင်ရဲ့ အသီးပေါ့။ ကွမ်းသီးပင်က အုန်းပင်၊ ထန်းပင်တွေနဲ့ မျိုးရင်း တူပါတယ်။ ပင်စဉ်က ရှည်ဖြောင့်နေပြီး ထိပ်ဖျားနားမှာ ကွမ်းသီးလေးတွေက အခိုင်လိုက် သီးပါတယ်။ သီးစမှာ အခွံလေးက စိမ်းစိမ်းလေးပါ။ ဒီလိုကနေမှ အခွံလေးက ဝါပြီး လိမ္မော်ရောင်ပြောင်းလာပြီဆိုရင် ခူးဆွတ်ပြီး အခြောက်ခံရပါတယ်။ ပြီးရင် အခွံကို ဖယ်ပြီး အထဲက အသီးဆံကို ကွမ်းသီး အနေနဲ့ ကွမ်းယာထဲ ထည့်စားကြတာပါ။ ကွမ်းသီး ကပေးတဲ့ […]


သဘာဝဆေးဖက်ဝင်

ရှားစောင်းလက်ပပ် (aloe vera)

ရှားစောင်းလက်ပပ် (aloe vera) အပင်ကို ဟိုးအရင်နှစ်ပေါင်းထောင်ကျော်ကတည်းက ဆေးဖက်ဝင်အပင်အနေနဲ့ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ စိုက်ပျိုးရတာလည်း အလုပ်မရှုပ်သလို နေရာလည်းသိပ်မယူတဲ့ ရှားစောင်းလက်ပပ်ပင်တွေကို လူအတော်များများကတော့ အရေပြားအလှအပအတွက်ပဲ အသုံးပြုနေကြတာကို တွေ့ရတာမို့ တခြားအသုံးပြုနိုင်တဲ့ နေရာတွေကိုလည်း ပြောပြပေးချင်ပါတယ်။ ရှားစောင်းလက်ပပ် (aloe vera) ဆိုတာ ရှားစောင်းလက်ပပ်ဟာ အပူပိုင်းဒေသတွေမှာ ပေါက်ပွားပြီး ထင်ရှားတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုး ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အကျိုးကျေးဇူးတွေကြောင့် ရှားစောင်းလက်ပတ်ကို နှစ်ပေါင်းများစွာတည်းက အသုံးပြုလာကြတာဖြစ်ပါတယ်။ အလက်တွေပဲ ရှိနေပြီး အရောင်က အစိမ်းရောင်ပါ။ အရွက်တွေရဲ့ ဘေးတစ်ဖက်စီမှာ ဆူးလးတွေ အစီအရီ ပါဝင်နေပါတယ်။ အပြင်ခွံကို ခွာလိုက်ရင် အတွင်းဂျယ်လီသားက စိမ်းဖန့်ဖန့် ကြည်ကြည်လေးပါ။ အရသာက ခါးပါတယ်။ ရှာစောင်းလက်ပပ်ရဲ့ အာဟာရတန်ဖိုးများ ရှားစောင်းလက်ပပ် (aloe vera) မှာ ကယ်လ်လိုရီ ပရိုတင်း အဆီဓာတ် […]


သဘာဝဆေးဖက်ဝင်

မုရိုးပင် ကပေးတဲ့ ကျန်းမာရေး

ရိုးတံ ဖြူဖြူ အရွက် ထူထူလေးနဲ့ အရွက်ပေါ်မှာ မွှေးညှင်းလေးတွေ ပါသလို အပွင့်လေးတွေ၊ လေပွ အသီးလေးတွေ ပါနေတဲ့ အပူပိုင်းဒေသတွေမှာ အများဆုံး ပေါက်ရောက်ကျတဲ့ အလေ့ကျပေါက်ပင် မုရိုးပင်လေးက ဘယ်လို ဆေးဖက်ဝင်လဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။ ကဲ .... မုရိုးပင် ကပေးတဲ့ ကျန်းမာရေး အကြောင်းလေး ပြောပြပေးပါမယ်နော်။ မုရိုးပင် ကပေးတဲ့ ကျန်းမာရေး မုရိုးပင်လေးတွေက စိုက်ထားတာထက် အလေ့ကျပေါက်တာက များပါတယ်။ တစ်ပင်လုံးနီးပါး အသုံးဝင်တဲ့ မုရိုးပင် ကပေးတဲ့ ကျန်းမာရေး ကတော့ အဆူး စူးတာကို သက်သာစေတယ် အဆူးစူးမိတဲ့အခါ အတွင်းပိုင်းမှာ အစူးကကျိုးပြီးကျန်နေခဲ့ရင် ထုတ်ဖို့တော်တော်လေးခက်ပါတယ်။ အပ်နဲ့ထွင်ထုတ်ဖို့ကလည်း ခက်တယ်။ ဆီးချိုလိုမျိုး အနာကျက်မလွယ်တဲ့ ကျန်းမာရေး ပြဿနာမျိုး ရှိနေတယ်ဆိုရင် အနာကို ရေစင်အောင်ဆေးလို့ မုရိုးပင်ကနေထွက်တဲ့ […]


သဘာဝဆေးဖက်ဝင်

တရုတ်စကားပန်း နဲ့ ကျန်းမာရေး

အဖြူရောင်နဲ့ အတွင်းပိုင်းမှာ ခပ်ဝါဝါအရောင်လေးပါတတ်ပြီး အနံ့မွှေးမွှေးလေးနဲ့ ပန်လိုက်ရင် ချစ်ဖို့ကောင်းတဲ့ တရုတ်စကားပန်း လေးက အရောင်အဆင်းအနံ့နဲ့တင်ပြည့်စုံတာမဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးပါသေးတယ်။ တရုတ်စကားပင် ဆိုတာ ဘာလဲ........... တရုတ်စကားပင် က အပူပိုင်းဒေသတွေဖြစ်တဲ့ အမေရိက နဲ့ အာဖရိကဒေသတွေမှာ ပေါက်ရောက်ကျတဲ့ မျိုးရင်းပင်တွေပါ။ ကမ္ဘာ့နေရာတော်တော်များများမှာ ပေါက်ရောက်ကြပါတယ်။ အခုဆိုရင် နေအိမ်တွေမှာ အလှစိုက်ပျိုးထားတာတွေတောင်ရှိနေကြပါပြီ။ မြန်မာနိုင်ငံမှာလည်း ပေါက်ရောက်ကြပါတယ်။ ပန်းအဖြူရောင် မွှေးမွှေးလေးတွေ ပွင့်တတ်ကြပြီး ပွင့်ဖတ်လေးတွေက ခပ်ထူထူလေးနဲ့ လှပါတယ်။ တရုတ်စကားပန်း နဲ့ ကျန်းမာရေး အဆင်းနဲ့ရနံ့ပြည့်စုံတဲ့ တရုတ်စကားပန်း လေးက ဆီးချို သက်သာစေတယ် တရုတ်စကားပန်း လေးက ဆီးချိုကြောင့် အနာမကျက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ရောင်ရမ်းမှုကို သက်သာစေတယ် အင်းဆက်ကိုက်တာ၊ ထိခိုက်မိတာကြောင့် အရေပြားမှာ နာကျင်ရောင်ရမ်းမှုတွေ ဖြစ်တဲ့အခါမှာလည်း တရုတ်စကားပန်းကို အသုံးပြုလို့ရပါတယ်။ တရုတ်စကားပန်းကို ရေစင်အောင်ဆေးလို့ ပြုတ်ပါ။ […]


သဘာဝဆေးဖက်ဝင်

ငယ်ငယ်တုန်းက ဆော့ခဲ့ကြတဲ့ ကြယ်သီးပင်

ငယ်ငယ်က အဝတ်တွေမှာ ကြယ်သီး ဆိုပြီး ကပ်ပြီး ဆော့တတ်ကြတဲ့ အသီးလေးကို မှတ်မိကြလား.............. အစိမ်းရောင် လုံးလုံးလေး ပါ။ အပေါ်ယံမှာ အမွေး နုနုလေးတွေ ပါနေတာက အဝတ်တွေမှာ ကပ်တွယ် နိုင်စေဖို့ အားဖြည့် ပေးပါတယ်။ ပန်းရောင် ရင့်ရင့် အပွင့်လေးတွေ ရှိတဲ့ အလေ့ကျ ပေါက်ပင်လေး ဖြစ်တဲ့ ကြယ်သီးပင် (Urena lobata) က အပျင်းပြေ ဆော့ကစားလို့ ရရုံတင် မကပဲ ဆေးဖက်ဝင် အာနိသင်တွေ ရှိနေပါသတဲ့။ ဘာတွေများ ဆေးဖက်ဝင်လဲ ကြည့်ကြည့်ရအောင်။ ကြယ်သီးပင် ဆိုတာ မြင်ဖူးကြလား ကြယ်သီးပင် ဆိုတာ ကို။ ဒီအပင်ကို Urena lobata လို့ခေါ်ပြီး အလေ့ကျ ပေါက်ပင်တစ်မျိုး ပါ။ အရွက် ခပ်ဖားဖားလေး ရှိပြီး […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်