သဘာဝဆေးဖက်ဝင်

ပညာရှင်တွေရဲ့ အကြံပေးချက်တိုင်း သဘာဝဆေးဖက်ဝင် ပစ္စည်းတွေကို နည်းစနစ်တကျ သုံးနိုင်မယ်ဆိုရင် သင့်ရောဂါကုသရေးနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်မှာပါ။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်

ပဲနံ့သာရွက် ဆေးဖက်ဝင်သလား!

ပဲနံ့သာစေ့အရွက်က ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ထောက်ကူပေးပါတယ်။ ပဲနံ့သာရွက် ဆေးဖက်ဝင်သလား! ဘယ်လိုများ ဆေးဖက်ဝင်သလဲ ဆိုတာတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ပဲနံ့သာရွက် ဆိုတာ ပဲနံ့သာရွက် ဆိုတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဆေးဖက်ဝင်တယ်လို့လည်း ပြောလို့ ရပါတယ်။ နှစ်ပေါင်းများစွာ ကာလတွေကတည်း ဆေးဖက်ဝင်တဲ့ အရာအဖြစ် သုံးစွဲခဲ့ကြပါတယ်။  နောက်ပိုင်းမှာတော့ ဆေးဖက်ဝင်မှုကြောင့် နေ့စဉ် ဟင်းလျာထဲမှာ ထည့်သွင်း ချက်ပြုတ်မှုတွေကို လုပ်ဆောင်လာကြပါတယ်။ ပဲနံ့သာရွက်ကို ထောပတ် နည်းနည်းလေးနဲ့ ကြော်စားတာမျိုး ရှိသလို အခြားသော အသီးအနှံတွေနဲ့ တွဲဖက်ကြော်စားတာမျိုးတွေကိုလည်း လုပ်ဆောင်လာဲကြပါတယ်။ အရသာက ခါးသက်သက် ရှိပြီး ထမင်းလေးနဲ့ တွဲဖက်စားဖို့ သင့်တော်ပါတယ်။  အရွက်က ခပ်ထူထူလေးနဲ့ အရွက်ဆိုင် ထွက်တတ်ပါတယ်။ အရိုးတံ မာမာလေး ရှိပါတယ်။ အပွင့် ဝါဝါလေးတွေ […]

သဘာဝဆေးဖက်ဝင် ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

မနက်စောစော ဂျင်း စားသင့်တဲ့ အကြောင်းအရင်း

ချင်း (ဂျင်း) လို့ ပြောလိုက်ရင် မသိသူက ခပ်ရှားရှားပါ။ ဟင်းခတ် အမွှေးအကြိုင် အနေနဲ့ရော ဆေးဖက်ဝင်တဲ့ အရာတစ်ခု အနေနဲ့ရောပေါ့။ ဂျင်း ထည့်ခံရတာက ဆိုးပေမယ့် မနက်ခင်းစောစောမှာ ဆေးဖက်ဝင်တဲ့ ချင်း (ဂျင်း) ထည့်ခံတာက ကျန်းမာရေးအတွက် တော်တော်လေး အကျိုးများတာပါ။ ကဲ မနက်စောစော ဂျင်း စားသင့်တဲ့ အကြောင်းအရင်း ကို တူတူဆက်ကြည့်လိုက် ကြစို့လား........... ချင်း (ဂျင်း) ချင်း (ဂျင်း) က တရုတ်၊ အိန္ဒိယ၊ အာဖရိက နဲ့ ကာရေဗီယန် အပါအဝင် အခြားပူနွေးတဲ့ ရာသီဥတု အခြေအနေရှိတဲ့ နိုင်ငံတော်တော်များများမှာ ပေါက်ရောက်ကြပါတယ်။ ချင်း (ဂျင်း) က ဟင်းလျာတွေကို အနံ့အရသာ တိုးစေတာကြောင့် ထွေထွေထူးထူး ပြောပြနေစရာမလိုအောင် သိထားပြီးသားပါ။ ချင်း […]


သဘာဝဆေးဖက်ဝင်

ပန်းပွင့်လေးတို့ရဲ့ ကျန်းမာရေး အစွမ်းသတ္တိတွေ

စာရေးဆရာကြီး H.C. အန်ဒါဆင်က ဖွဲ့နွဲ့ရေးသားခဲ့ဖူးပါတယ်။ “ဘဝဆိုတာ အသက်ရှင်နေထိုင်နေရုံနဲ့တော့ မလုံလောက်ပါဘူး။ နေရောင်ခြည်လေး၊ လွတ်လပ်မှုလေးတွေအပြင် ပန်းလှလှလေးတွေနဲ့ ချယ်သထားမှ ပိုပြီးနေပျော်ဖွယ်ကောင်းမှာပေါ့” တဲ့။ ပန်းလေးတွေရဲ့ အလှတရားဟာ သမိုင်းအဆက်ဆက်မှာ လူတွေရဲ့ စိတ်နှလုံးကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒီအလှတရားတွေကြောင့်ပဲ လူတွေရဲ့ နှစ်သက်မြတ်နိုးမှုကို ရယူနိုင်ခဲ့သလို ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုတွေရဲ့ သင်္ကေတတစ်ခုအဖြစ်လည်း တင်စားခံခဲ့ရတယ်မဟုတ်လား။ လှပမွှေးမြတဲ့ ပန်းလေးတွေဟာ လူတွေရဲ့ စိတ်နှလုံးကို ချမ်းမြေ့စေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုရင်တော့ မဟုတ်ပါဘူး။ သိပ္ပံနည်းကျ လေ့လာချက်တွေအရ ပြောပြရမယ်ဆိုရင် ပန်းမာန်လှလှလေးတွေကို စိုက်ပျိုးတာ၊ နေအိမ်မှာ အလှဆင်တာ၊ ဘုရားပန်းတင်တာနဲ့ ကိုယ့်အနီးနားမှာ ထားပြီး မကြာခန ကြည့်ရှုပေးတာဟာ ပျော်ရွှင်မှုကိုသာမက ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုကိုပါပေးစွမ်းနိုင်ပါတယ်တဲ့။ ခေါင်ရမ်းပန်း (Hibiscus) ၊ ဒုဓလီပန်း (Dandelion) ၊ လာဗန်ဒါ […]


သဘာဝဆေးဖက်ဝင်

ဥသျှစ်ရွက် ကပေးတဲ့ ကျန်းမာရေး

အသီးအရွက်လေးတွေ တော်တော်များများက အာဟာရဓာတ် ကြွယ်ဝကြသလို  ကျန်းမာရေးအာနိသင်လည်းများပါတယ်။ ဒီတစ်ခေါက်တော့ ကျန်းမာရေး အတွက် ဥသျှစ်ရွက် က ဘယ်လိုအကျိုးပြုလဲဆိုတာကို ကြည့်လိုက်ရအောင်လား........... ဥသျှစ်ရွက် ဆိုတာ ဥသျှစ်ပင်ဆိုတာက အပူပိုင်းဒေသမှာ အများဆုံးပေါက်ရောက်တဲ့ အပင်တစ်မျိုးပါ။ ဆေးဖက်ဝင်အာနိသင်တွေလည်း ကြွယ်ပါတယ်။ အမြင့်ပေ ၃၀လောက်ထိရှိတဲ့ အပူပိုင်းဒေသအပင်တစ်မျိုးပေါ့။ ဥသျှစ်ရွက်က အစိမ်းရောင်ရှိပြီး ခပ်ရှိန်ရှိန်းအနံ့မွှေးမွှေးလေးရှိပါတယ်။ အိန္ဒိယနဲ့သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှာပေါက်ရောက်သလိုမြန်မာနိုင်ငံနဲ့ အခြားတောင်အာရှနိုင်ငံတွေမှာလည်းပေါက်ရောက်ကြပါတယ်။ https://hellosayarwon.com/herbals-alternatives/herbal-medicines/coconut-leaf-coconut-root-benefits/ ဥသျှစ်ရွက်ကပေးတဲ့ ကျန်းမာရေး.... ဥသျှစ်ရွက်နုနုလေးတွေက တို့စားလို့ရပါတယ်။ ဒီတို့စားလို့ကောင်းတဲ့ ဥသျှစ်ရွက်လေး စားသုံးပေးတာက ဆီးချိုကို ထိန်းပေးနိုင်တယ်  ဥသျှစ်ရွက်က သဘာဝ ဝမ်းနုတ်ဆေးတစ်မျိုးပါ။ ဒီအာနိသင်က သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ ဝမ်းမှန်တာက ပန်ကရိယကကို အင်ဆူလင်ထုတ်လွှတ်အောင် လှုံဆော်ပေးပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးတာကြောင့် ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။  ဝမ်းမှန် စေနိုင်တယ် ဥသျှစ်ရွက်ကို နေ့စဉ်မှန်မှန်စားသုံးပေးတာက ဝမ်းချုပ်တာကို သက်သာစေနိုင်သလို ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ အစာခြေစနစ်ကို […]


သဘာဝဆေးဖက်ဝင်

Kratom (ဘိန်းစာပင်) ဟာ မူးယစ်ဆေးလား? ဆေးဝါးဓာတ်စာလား?

Kratom ကို မြန်မာလို ဘိန်းစာပင်လို့ ခေါ်ပါတယ်။ ထိုင်းဘာသာနဲ့တော့ ကာရ်တုန်မ် လို့ အသံထွက် ခေါ်ဆိုကြပါတယ်။ သိပ္ပံအခေါ်အဝေါ်အားဖြင့် Mitragyna Speciosa လို့ သတ်မှတ်ထားပြီး အပင်ကြီးမျိုးဖြစ်ကာ Rubiaceae ဆိုတဲ့ အပင်မျိုးရင်းကနေ ဆင်းသက်လာပါတယ်။ နှော၊ မအူတို့လို မျိုးစိတ်မျိုးဖြစ်သလို ကော်ဖီပင်နဲ့လည်း မျိုးနွယ်အတူတူပါပဲ။ ဒီအပင်မျိုးဟာ အရှေ့တောင်အာရှမျိုးရင်း အပင်တစ်မျိုးဖြစ်ပြီးတော့ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ပါပူအာနယူးဂီနီနဲ့ မြန်မာပြည်တောင်ပိုင်းတွေမှာ ပေါက်ရောက်ပါတယ်။ အထူးသဖြင့် တနင်္သာရီဘက်က လူတွေဆို ပိုသိနိုင်ပါတယ်။ မျိုးရင်းဒေသတွေမှာတော့ အဆိုပါ Kratomကို တိုင်းရင်းဆေးတွေမှာ ထည့်သွင်းအသုံးချတာမျိုးက ရှေးယခင်ကတည်းက ရှိခဲ့ပါတယ်။ Kratom ရဲ့ အရွက်ကို စိတ်ငြိမ်ဆေးအဖြစ် အသုံးချကြတယ်လို့ မှတ်သားဖူးပါတယ်။ ပြင်းထန်တဲ့ နာကျင်မှုတွေနဲ့ အစာခြေစနစ်နဲ့သက်ဆိုင်တဲ့ ဖျားနာဝေဒနာတွေကို ကုသနိုင်စွမ်းလည်းရှိပါတယ်။ ဒါပေမယ့်လည်း ဘိန်းစာပင်ဟာ […]


သဘာဝဆေးဖက်ဝင်

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ဆေးဖက်ဝင်တယ်၊ ဆီးချို သွေးချိုကျတယ်ဆိုပြီး စားလေ့ရှိတဲ့ ကြက်ဟင်းခါးသီးကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဆီးချို ရောဂါအတွက် အသုံးပြုခဲ့ကြတာပါ။ ကြော်ပဲစားစား၊ အသားနဲ့ပဲ နှပ်စားစား အရသာရှိတဲ့ ကြက်ဟင်းခါးသီးအဆီအနှစ် က ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေအရသိခဲ့ရပါတယ်။ ဒီလိုမျိုး ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး အကြောင်းကို လေ့လာကြည့်ရအောင်။ လေ့လာမှုရဲ့ ရလဒ် အခုနောက်ဆုံးလုပ်ဆောင်ခဲ့တဲ့ လေ့လာမှုအသစ်တစ်ရပ်အရ သိလိုက်ရတာက ကြက်ဟင်းခါးသီးက ဆီးချိုရောဂါအတွက်တင် ဆေးဖက်ဝင်တာမဟုတ်ဘဲ ကင်ဆာရောဂါကိုပါ ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ အာရှလူမျိုးတော်တော်များများ နှစ်သက်ခံတွင်းတွေ့တဲ့ ကြက်ဟင်းခါးသီးက အရသာ ခါးသက်သက်ရှိပေမယ့် ကျန်းမာရေးကို တော်တော်လေးအထောက်အကူပြုပေးပါတယ်။ ကြက်ဟင်းခါးသီး အဆီအနှစ်က ကင်ဆာမဖြစ်အောင် ကာကွယ်ပေး နိုင်သလို ကင်ဆာကျိတ်တွေကြီးထွားမလာစေဖို့နဲ့ ကင်ဆာဆဲလ်တွေ ပြန့်ပွားမှုကို အထိရောက်ဆုံးဟန့်တားပေးနိုင်ပါသေး တယ်။ အခုလေ့လာတွေ့ရှိမှုက ကင်ဆာကာကွယ်ကုသမှုကို တော်တော်လေးအထောက်အကူပြုပေးနိုင်မှာပါ။ အခုလေ့လာမှုအတွင်း ကြက်ဟင်းခါးသီးက […]


သဘာဝဆေးဖက်ဝင်

ဆေးခြောက်ဟာ ကင်ဆာပျောက်စေတာလား? ကင်ဆာဖြစ်စေတာလား?

ဆေးခြောက် ရွက်ထဲမှာပါဝင်တဲ့ Tetrahydrocannabinol (THC) ဟာ အဓိကအားဖြင့် စိတ်ကိုတက်ကြွစေတဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။ ဒီဒြပ်ပေါင်းဟာ လူ့ရဲ့စိတ်ကို မူးယစ်ရှိန်ကြောင့် အထွတ်အထိပ်ရောက်သွားစေရုံ အာနိသင်သက်သက်ပဲ သက်ရောက်တဲ့အရာမဟုတ်ပါဘူး။ နောက်ဆုံးလေ့လာဆန်းစစ်ချက်တွေအရ လူကိုအသက် အန္တရာယ်ပြုနိုင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေတယ်လို့ သိလာရပြီဖြစ်ပါတယ်။ THC ဟာ ကင်ဆာဖြစ်ပေါ်စေတဲ့ အကျိတ်တွေကို ကြီးထွားနှုန်းမြန်ဆန်အောင် တွန်းအားပေးကြောင်း အမေရိကန် ကင်ဆာ သုတေသနအသင်း (American Association for Cancer Research - AACR) က ဖော်ထုတ်လိုက်ပါတယ်။ ဆေးခြောက်ဟာ ကင်ဆာပျောက်စေတာလား? ကင်ဆာဖြစ်စေတာလား? ဆိုတာ ဆက်ကြည့်လိုက်ရအောင်ပါ။ ဆေးခြောက်ဟာ ကင်ဆာပျောက်စေတာလား? ကင်ဆာဖြစ်စေတာလား? ဆေးခြောက်ကို Cannabis Sativa ဆိုတဲ့ အပင်တမျိုးကနေ ရရှိပြီး သူ့မှာပါဝင်တဲ့ THC ဒြပ်ပေါင်းနဲ့ အပေါင်းအပါတွေဟာ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို […]


သဘာဝဆေးဖက်ဝင်

ဇီယာရွက် ကပေးတဲ့ ကျန်းမာရေး

ချောင်းတွေဆိုးနေတယ်။ လည်ချောင်းတွေနာတယ်၊ နှာခေါင်းတွေပိတ်တယ်။ နေရခက်ပေမယ့် ဆေးတော့မသောက်ချင်ဘူး၊ ဆိုတဲ့ helloဆရာဝန်ရဲ့ ပရိသတ်ကြီးတွေများရှိလား။ ဒါဆိုရင်တော့ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ နဲ့ နှာခေါင်းပိတ်တာတွေကို သက်သာစေနိုင်မယ့် သဘာဝကပေးတဲ့ ဆေးတစ်မျိုးအကြောင်း ပြောပြပေးပါရစေလား။ ဒါကတော့ ဇီယာရွက် ပါ။ ဇီယာရွက် (သို့မဟုတ်) ဆေးသောက်စရာမလိုဘဲ ချောင်းဆိုးပျောက်စေမယ့် သဘာဝဆေးနည်း ငယ်ငယ်က ဖိုးဖိုးဖွားဖွားတွေ တိုက်လို့ သောက်မိကောင်း သောက်မိဖူးပါလိမ့်မယ်။ ဇီယာရွက်က တကယ်လည်း ဆေးဖက်ဝင်သလို ချောင်းဆိုးတာကိုလည်း သိသိသာသာ သက်သာစေနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေနိုင်တယ် အအေးမိတာကြောင့် လည်ချောင်းနာနေမယ်။ နှာစေးနှာပိတ်ဖြစ်နေမယ်၊ ချောင်းဆိုးနေမယ်ဆိုရင်တော့ ဇီယာရွက်ကို ရေစင်အောင်ဆေးပြီး ဝါးစားပေးပါ။ ဒါမှမဟုတ် ရေနွေးဆူဆူထဲကို ထည့်ပြီးသောက်ပေးပါ။ ချွဲတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းတလျှောက်မှာ ဘက်တီးရီးယားတွေရှိနေရင်လည်း အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပြီး ကိုယ်ခံအားကိုလည်း ကောင်းစေနိုင်ပါတယ်။ အဖျားသက်သာစေနိုင်တယ် အအေးမိဖျားနာခံစားရတဲ့အခါမှာလည်း အဖျားသက်သာစေဖို့ ဇီယာရွက်ကို စားသုံးပေးလို့ရပါတယ်။ […]


သဘာဝဆေးဖက်ဝင်

အသားအရေအတွက် တရုတ်နံနံရဲ့ အသုံးဝင်ပုံ

တရုတ်နံနံလို့ပြောလိုက်ရင် ဟင်းချိုနဲ့ အစိမ်းကြော်၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်တွေထဲမှာ ထည့်စားတဲ့အခါ အနံ့အရသာပြည့်စုံစေတဲ့ အရွက်လို့ ပြေးမြင်မယ်ထင်ပါတယ်နော်။ ဒီအရွက်လေးက ဟင်းတွေကိုတင် အရသာတိုးစေတာမဟုတ်ပါဘူး။ အသားအရေအတွက်လည်း အသုံးဝင်ပါသေးတယ်။ တရုတ်နံနံကပေးတဲ့ အသားအရေလှပမှု တရုတ်နံနံက ဟင်းခတ်အမွှေးအကြိုင်ဆိုတာထက်ပိုပါတယ်။ အသားအရေအတွက် အခုလိုမျိုး အကျိုးကျေးဇူးတွေ ပေးပါသေးတယ်။ နုပျိုစေတယ် တရုတ်နံနံမှာ အသားအရေအတွက် အရေးပါတဲ့ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် အသားအရေထိခိုက်မှုမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ အရေပြားကို တင်းရင်းစေပြီးနာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ အရေပြားကင်ဆာ မဖြစ်အောင်လည်း အထိရောက်ဆုံးကာကွယ်ပေးပါတယ်။ တရုတ်နံနံ နုနုလေး ၂ ပင် ၃ ပင်လောက်ကို နုတ်နုတ်စဉ်းပါ။ ရှားစောင်းလက်ပပ် အနှစ်သား လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ အုန်းနို့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆန်မှုန့် […]


သဘာဝဆေးဖက်ဝင်

ဟိုအရွက် သည်အရွက် ပြုတ်သောက်ကြတဲ့အခါ

ကိုယ်တွေ အလုပ်သင်ဆရာဝန်ဘဝ ward ထဲ လူနာနည်းတဲ့ နေ့မျိုးဆို ရက်ရှည်ဆေးရုံတက်သော လူနာတွေဆီ သွားသွားစကားပြောလေ့ရှိသည်။ ဟိုဘက်ကုတင် သည်ဘက်ကုတင် လူနာစောင့်တွေနဲ့ ပေါင်းပြီး လက်ဖက်သုပ်စား...သူတို့ပြောတာတွေလည်း နားထောင်ပေါ့လေ။ တစ်ခါတစ်မျိုး မရိုးရအောင် နည်းလမ်း အသစ်အဆန်းတွေလည်းကြားရပါရဲ့။ သူတို့ကတော့ ကိုယ့်ပါ ဗဟုသုတရပါစေဆိုပြီး အာပေါင်အာရင်းသန်သန်နဲ့ မျှဝေတာပေါ့။ ဆီးကျိတ်ရောဂါသည်ကို သံမနိုင်ကျောက်မနိုင် ပြုတ်တိုက်တဲ့သူနဲ့ ( ဆီးကျိတ်က ကျောက်ကပ်နဲ့ ဘာမှမဆိုင်တာလည်း သိပုံမရ) ၊ ဆီးချိုသမားကို ကြက်ဟင်းခါးစေ့ဝါးခိုင်းတဲ့သူနဲ့။ ကိုယ့်မှာတော့ လက်ဖက်သုပ်နှိုက်လျက် ဇွန်းတန်းလန်းနဲ့ မျက်လုံးတွေလည်းပြူး ...စိတ်ထဲလည်း ထိတ်ကနဲ ထိတ်ကနဲပါပဲ။ ဒါနဲ့ သူတို့ အမြင်ရှင်းသွားပြီး နားလည်လက်ခံနိုင်မယ့် နည်းလမ်းလေးကို စဉ်းစားပြီး ဝင်ပြောကြည့်သည်။ “တိုင်းရင်းဆေးတွေက စစ်မှန်ရင် တကယ်စွမ်းတယ်နော်။ အနောက်တိုင်းဆေးပညာ မပေါ်ခင်ကတည်းက အတည်တကျအခိုင်အမာရှိခဲ့တာပဲ” “ ဟုတ်တယ်ဆို […]


သဘာဝဆေးဖက်ဝင်

လာဗင်ဒါ ပန်းလှလှလေးတွေက ပေးတဲ့ကျန်းမာရေး

လာဗင်ဒါ လို့ပြောလိုက်ရင် ခရမ်းရောင် ပန်းခင်းလှလှလေးတွေကို ပြေးမြင်မိမယ်ဆိုတာ ပြောနေစရာတောင်မလိုအောင်ပါ။ လာဗင်ဒါပန်းခင်းလှလှလေးက ဓာတ်ပုံတွဲရိုက်ရင် အလှတိုးစေသလို မျက်လုံးကိုလည်းပသာဒရစေပါတယ်။ အလှကုန်တွေမှာရော မွှေးပျံ့စေဖို့အိမ်သန့်ရှင်းရေးသုံး ပစ္စည်းတွေမှာလည်း လာဗင်ဒါဆီကိုအသုံးပြုလေ့ရှိကြပါတယ်။ လာဗင်ဒါဆိုတာက    လာဗင်ဒါ ဆိုတာက မြေထဲပင်လယ်နဲ့အိန္ဒိယမျိုးရင်းအပင်တွေပါ။ စိုက်ပျိုးရလွယ်ကူတဲ့အပင်တစ်မျိုးဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀ ကျော်လောက်ကတည်းကပေါက်ရောက်ခဲ့တာပါ။ အာရှဒေသတော်တော်များများမှာ ရှေးယခင်ကာလကတည်းက အနာကျက်စေဖို့အတွက် အသုံးပြုခဲ့ပါတယ်။ လာဗင်ဒါ ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကဘာတွေများဖြစ်မလဲ….. ခရမ်းရောင်သန်းတဲ့ လာဗင်ဒါပန်းက အခုလိုအကျိုးကျေးဇူးတွေပေးစွမ်းပါတယ်။ စိတ်ဖိစီးတာ၊ စိတ်ပူပန်တာတွေကို သက်သာစေနိုင်ပါတယ် လေ့လာမှုတစ်ရပ်အရ လာဗင်ဒါ အဆီက စိုးရိမ်မှုကိုဖြစ်စေတဲ့ ကော်တီစောဟော်မုန်းကို ကျဆင်းစေနိုင်ပါတယ်။ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေသက်သာစေဖို့အတွက် လာဗင်ဒါအဆီကို အသုံးပြုလို့ရပါတယ်။ စိတ်ဓာတ်ကျနေသူတွေအတွက်လည်း တော်တော်လေးအသုံးတည့်ပါတယ်။ အမျိုးသမီးတွေမှာ ကလေးမွေးပြီးဖြစ်တဲ့ စိတ်ကျရောဂါ နဲ့ သွေးဆုံးချိန်မှာဖြစ်တဲ့ စိတ်ဓာတ်ကျတာတွေကို သက်သာစေနိုင်ပါတယ်။ ဆီးချိုသက်သာစေနိုင်တယ် ၁၅ ရက်ကြာလုပ်ခဲ့တဲ့ လေ့လာမှုရလဒ်အရ လာဗင်ဒါဆီက သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတာအပါအဝင် ဆီးချိုရောဂါကြောင့်ဖြစ်တဲ့ လက္ခဏာတွေကို […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်