သစ်ခွပန်း ၊ သစ်ခွပင်အရွက်တွေမှာ
ဗီတာမင် C နဲ့
ဗီတာမင် E တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် မျက်လုံးကို ကျန်းမာစေနိုင်ပါတယ်။ သစ်ခွက
အမြင်အာရုံကို ကောင်းစေပြီး မျက်လုံးပြဿနာ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။
ပါးစပ်ထဲက အနာကို သက်သာစေတယ်
သစ်ခွပန်း ရဲ့ သတ္တုရည်က ခံတွင်းထဲက အနာကို သက်သာစေတယ်။ ခံတွင်းအနာက အစာခြေအက်ဆစ်ကြောင့် ဖြစ်တာဖြစ်ပြီး သစ်ခွမှာပါတဲ့ ဒြပ်ပေါင်းက အစာခြေအက်ဆစ်ကြောင့်ဖြစ်တဲ့ ခံတွင်းအနာကို သက်သာစေနိုင်ပါတယ်။
အရေပြား ကျန်းမာစေတယ်
လူတိုင်းက ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ချင်ကြပါတယ်။ ကျန်းမာနုပျိုတဲ့ အသားအရေကို ရရှိစေဖို့ သစ်ခွပန်း က ကူညီပေးနိုင်ပါတယ်။ သစ်ခွမှာ အသားအရေကို ကျန်းမာနုပျိုစေနိုင်တဲ့ ဗီတာမင် A နဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပါပြီ။ အရေးအကြောင်း ကင်းပြီး ကျန်းမာတဲ့ အသားအရေ ပိုင်ဆိုင်နိုင်စေဖို့ သစ်ခွသတ္တုရည်ကို အသုံးပြုပေးလို့ရပါတယ်။
ကိုယ်ခံအား ကောင်းစေတယ်
သစ်ခွပန်း မှာ ဗီတာမင် C နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာက ကိုယ်ခံအား ကောင်းစေပြီး ရောဂါတွေကို ကာကွယ်ပေးသလို ကိုယ်တွင်းမှာ သွေးဖြူဥဆဲလ်အရေအတွက် တိုးစေပြီး ကိုယ်ခံအား ကောင်းစေပါတယ်။