ကွမ်းယာထဲမှာ ထည့်ဝါးလေ့ရှိသလို အပျင်းပြေ ဝါးစားလေ့ရှိကြတဲ့ ကွမ်းသီးက မြန်မာလူမျိုး တော်တော်များများနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ကွမ်းယာစားလို့ ကျန်းမာရေးဆိုးကျိုးတွေ များတာ မှန်ပေမယ့် ဒါက ကွမ်းသီးကြောင့် မဟုတ်ပါဘူး။ သဘာဝအတိုင်းရှိနေတဲ့ ကွမ်းသီးက ကျန်းမာရေးကို အထောက်အကူပြုပေးပါတယ်။