ကြယ်သီးပင် ဆိုတာ
မြင်ဖူးကြလား ကြယ်သီးပင် ဆိုတာ ကို။ ဒီအပင်ကို Urena lobata လို့ခေါ်ပြီး အလေ့ကျ ပေါက်ပင်တစ်မျိုး ပါ။ အရွက် ခပ်ဖားဖားလေး ရှိပြီး အရွက်က တောင့်တောင့်လေးနဲ့ အရွက် အပေါ်ဖက်မှာ မွှေးညှင်းလေးတွေ ပါပါတယ်။ ပန်းရောင် အပွင့်လေးတွေ ပွင့်ပြီး အသီးလေးတွေက အဝတ်မှာ ကြယ်သီး ဆိုပြီး ကပ်လို့ရပါတယ်။
အပင်က ၆၀ စင်တီမီတာ ကနေ ၁၀၀ စင်တီမီတာ အထိ အမြင့် ရှိပြီး ရိုးတံလေးတွေ မှာလည်း မွှေးညှင်းလေးတွေ ဖုံးအုပ် ထားပါတယ်။ သမပိုင်း နဲ့ အပူပိုင်းဒေသတွေမှာ ပေါက်ရောက်တတ် ကြပါတယ်။ အာရှဒေသ နေရာ တော်တော်များများမှာ ပေါက်ရောက် တတ်ကြပါတယ်။
ကြယ်သီးပင် ဘယ်လို ဆေးဖက်ဝင်တာလဲ………..
ကြယ်သီးပင် ကို ရှေးယခင်ကာလတွေကတည်း အာရှဒေသတွေမှာ ဆေးဖက်ဝင်အပင်အဖြစ် အသုံးပြုခဲ့ကြတာပါ။ ဒီအပင်ဟာ အရွက်ကစလို့အမြစ်အထိ ဆေးဖက်ဝင်တာပါ။
ဒီအပင်ကို အစာခြေစနစ် ပြဿနာတွေဖြစ်ကြတဲ့ လေနာ၊ အစာအိမ်နာတာ၊ ဗိုက်အောင့် ဗိုက်နာ၊ ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းကိုက်နေတာတွေကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် ကာလသားရောဂါနဲ့ အဖျားရောဂါအမျိုးမျိုး၊ ငှက်ဖျား စတဲ့ ဝေဒနာတွေ သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။