backup og meta

အုန်းဆီကို သွားကျန်းမာရေးအတွက် ဘယ်လိုအသုံးပြုမလဲ

အုန်းဆီကို သွားကျန်းမာရေးအတွက် ဘယ်လိုအသုံးပြုမလဲ

အုန်းဆီဟာ အသားအရေကို စိုပြေဝင်းမွတ်လာစေတဲ့ သဘာဝအဆီတွေထဲမှာ ပါဝင်ပါတယ်။ အုန်းသီးရဲ့ အသားဖတ်ကနေ ထုတ်ယူထားပြီး အရေပြားကျန်းမာရေးအတွက်  ကောင်းမွန်တဲ့ အဆီအဖြစ်လည်း သတ်မှတ်ထားပါတယ်။ အာယုဗေဒ ဆေးနည်း‌တွေမှာဆိုရင် အုန်းဆီကို သွားကျန်းမာရေးအတွက် အသုံးပြုကြပါတယ်။

ဘာကြောင့် အုန်းဆီဟာ သွားကျန်းမာရေးအတွက် ကောင်းတာလဲ။

အုန်းဆီမှာ ပါဝင်တဲ့ လောရစ်အက်ဆစ် (Lauric Acid) မှာ ခန္ဓာကိုယ်ကို ဒုက္ခပေးတဲ့ ဘက်တီးရီးယားပိုး၊ မှိုပိုးနဲ့ ဗိုင်းရပ်စ်ပိုးတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။ အရေပြား အလှအပအတွက်ဖြစ်ဖြစ်၊ ကိုယ်တွင်းအင်္ဂါတွေမှာရှိတဲ့ ပိုးတွေ သေဖို့အတွက် ဖြစ်ဖြစ် သုံးလို့ရသလို သွားနဲ့ ခံတွင်းအတွက်လည်း အသုံးပြုလို့ ရပါတယ်။ ဒါ့အပြင် နောက်ထပ် ခံတွင်းအတွက် ဘာတွေ အကျိုးထူးစေနိုင်လဲဆိုတော့

  • သွားကို ဖြူစေတယ်
  • သွားကြားထဲထိ သန့်စင်ပေးနိုင်တယ်
  • သွားပိုးပေါက်တွေ မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်
  • သွားဆွေးမြေ့တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်တယ်
  • ခံတွင်း အနံ့ဆိုးကို ဖယ်ရှားပေးတယ်
  • သွားဖုံးရောဂါတွေကို ကုသတဲ့ နေရာမှာ အသုံးဝင်တယ်
  • သွားပေါ်မှာ ကပ်ငြိနေတဲ့ ဝါထိန်ထိန် ကျောက်တွေကိုလည်း လျော့နည်းပြီး ပါးသွားစေတယ်

ဒါက အာယုဗေဒအဆိုအရသာ ဖြစ်ပြီး ဆက်လက်လေ့လာဖို့တော့ လိုပါသေးတယ်။

အုန်းဆီကို သွားကျန်းမာရေးအတွက် ဘယ်လို အသုံးပြုမလဲ။

၁။ အရင်ဆုံး အုန်းဆီ တစ်ဇွန်းစာကို ပါးစပ်ထဲ ငုံထားပါ။

၂။ အရှေ့ဘက်၊ ဘေးဘက် သွားတွေအပြင် အနောက်ဘက် သွားဖုံးနားရောက်တဲ့အထိ ၁၀ မိနစ်ခန့် ငုံပြီးမှ ပလုတ်ကျင်းပါ။

၃။ ပြီးသွားရင် ထွေးထုတ်ပြီး သွားတိုက်ပါ။

၄။ ငုံရတာ မကြိုက်ရင် အုန်းဆီကို လက်ချောင်းနဲ့ တို့ထိပြီး သွား အရှေ့၊ အနောက် ပတ်လည်ကို သေချာပွတ်သပ်ပေးပါ။ သွားဖုံးတွေပါ ပွတ်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ၁၀ မိနစ်လောက် နေတော့မှ ရေနဲ့ ပလုတ်ကျင်းချပါ။

သွားဖုံးရောဂါ ရှိသူတွေ၊ ခံတွင်း အနံ့ဆိုး ထွက်တတ်သူတွေ၊ သွားမှာ မကြာခဏ ကျောက်တည်တတ်သူတွေနဲ့ သွားကို သေချာမတိုက်တဲ့သူတွေ ခုပြောထားခဲ့တဲ့ နည်းလမ်းတွေကို သေချာ လုပ်ကြည့်သင့်ပါတယ်။ ဒါပေမယ့် မသီးအောင်တော့ သတိထားသင့်ပါတယ်။

သွားတိုက်ဆေးလို ပုံစံမျိုး လုပ်ချင်တယ်ဆိုရင်တော့ အရင်ဆုံး အုန်းဆီကို အရည်ကျဲကျဲ ဖြစ်သွားတဲ့အထိ အပူပေးပြီ မုန့်ဖုတ်ဆိုဒါနဲ့ သမအောင် မွှေပေးရပါမယ်။ သွားတိုက်ဆေးလို အနှစ်ပုံစံ ရလာပြီဆိုတော့မှ အမွှေးနံ့သာဆီ တစ်မျိုးမျိုး ထည့်ပြီး ဘူးကို အလုံပိတ်သိမ်းထားပါ။ အသုံးပြုတဲ့အခါ လိုသလောက်ကို သွားတိုက်တံထဲ ထည့်ပြီး ၂ မိနစ်ခန့် သေချာသွားတိုက်ပေးပါ။

တကယ်လို့ ကိုယ်ခံစားနေရတဲ့ သွားပြဿနာတွေ မသက်သာဘူးဆိုရင်တော့ သွားဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။ အုန်းဆီက သွားပြဿနာတွေအတွက် အဓိကသုံးရတဲ့ဆေး မဟုတ်လို့ပါ။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ် လိုက်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/nutrition/coconut-oil-and-teeth#section7 (May 31, 2020)

ယခုပုံစံ

03/08/2023

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆေးလိပ်သောက်ခြင်းနှင့် ခံတွင်းကျန်းမာရေး

ခံတွင်းအနံ့ မနံအောင် ဘာတွေဂရုစိုက်သင့်လဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 03/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement