အရည်သောက်လေးချက်ချက်၊ ပုစွန်လေးနဲ့နှပ်နှပ် စားရတာအရသာရှိပြီး ကလေးကနေစလို့ လူကြီးထိကြိုက်တဲ့ အရသာချိုချိုလေးရှိတဲ့ ခဝဲသီးလေးကို helloဆရာဝန် ပရိသတ်ကြီးရော ကြိုက်လား။ ကြိုက်တယ်ဆိုရင်တော့ ဘယ်လိုအကျိုးထူးလေးတွေရနိုင်လဲဆိုတာကို ဒီဆောင်းပါးကို ဖတ်ကြည့်နော်။
ခဝဲသီး ဆိုတာ
အစိမ်းရောင်အခွံလေးရှိပြီး စောင်းလေးတွေပါတဲ့ အသီးတစ်မျိုးပါ။ အခွံကိုနွှာလိုက်တဲ့အခါ အတွင်းက အဖြူရောင်အသားခပ်ပွပွလေးကို ပါးပါးလေးလှီးလို့ ပုစွန်စိမ်း၊ ပုစွန်ခြောက်တို့နဲ့ အရည်သောက်လေးချက်စားလို့ရပါတယ်။ အရသာက ခပ်ချိုချိုလေးရှိပြီး စားရတာတော်တော်လေး အရသာရှိတာပါ။ အရန်ဟင်းအဖြစ်စားလို့ရပါတယ်။
ခဝဲသီးမှာပါတဲ့ အာဟာရဓါတ်တွေ
စားလို့ကောင်းတဲ့ ခဝဲသီးမှာ ဒီဓါတ်လေးတွေပါတယ်နော်။
- ကယ်လ်လိုရီ
- ဖောလိတ်
- ကယ်လ်ရိုတင်း
- လူတင်
- ဗီတာမင် A
- ဗီတာမင် B
- ဗီတာမင် C
- ကယ်လ်ဆီယမ်
- ဇင့်
- ပိုတက်ဆီယမ်
- မဂ္ဂနိ
- မဂ္ဂနီဆီယမ်
- သံဓါတ်
- အမျှင်ဓါတ်
- ရေဓါတ်တို့ ပါဝင်နေပါတယ်။
ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်လဲ……………..
ကယ်လ်လိုရီပါဝင်မှုနည်းပြီး ဗီတာမင် နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်နေပြီး ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်နေတဲ့ ခဝဲသီးလေးက စားလိုက်ရင် အခုလို အကျိုးကျေးဇူးလေးတွေရရှိစေနိုင်ပါတယ်။
ခဝဲသီးကို မကြာခဏစားပေးတာကခန္ဓါကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ သွေးသန့်စေပြီး အသည်းကျန်းမာရေးကိုကောင်းစေပါတယ်။ အယ်လ်ကိုဟောကြောင့် အသည်းထိခိုက်တာကို လျှော့ချပေးနိုင်ပါတယ်။
အမျှင်ဓါတ်ကြွယ်ဝမှုက အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဝမ်းချုပ်မှုကင်းဝေးစေပြီး အစာအိမ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဝမ်းချုပ်တာကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲပြဿနာတွေကိုလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။
အသားဝါတာကို သက်သာစေနိုင်တယ်
ခဝဲသီးက အသားဝါတာကို သက်သာစေနိုင်တာကြောင့် အသားဝါရောဂါခံစားနေရသူတွေအတွက် အထူးသင့်တော်ပါတယ်။
ဆီးချိုသမားတွေအတွက် သင့်တော်တယ်
သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်ပြီး အင်ဆူလင်တုံ့ပြန်မှုကို ကောင်းစေပါတယ်။ အချိုဓါတ်လေးရှိပေမယ့် သွေးတွင်းသကြားဓါတ်အပေါ်မှာ သက်ရောက်မှု မရှိတာကြောင့် ဆီးချိုရှိသူတွေနဲ့ အထူးသင့်တော်ပါတယ်။
ကိုယ်အလေးချိန်ကျစေနိုင်တယ်
အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် အဆာခံနိုင်စေပြီး အဆီပါဝင်မှုနည်းတာကြောင့် ကိုလက်စထရောစားမိနိင်ခြေကိုလည်း သိသိသာသာလျော့ကျစေနိုင်မှာပါ။ ဝိတ်ကျစေနိုင်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပါဝင်နေတာကြောင့် ဝိတ်ကျချင်တဲ့သူတွေစားသုံးဖို့ သင့်တော်ပါတယ်။
ကိုယ်ခံအားကောင်းစေနိုင်တယ်
ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ဖျားနာမှုကိုကင်းစေတယ်။ ဒါကြောင့် ဖျားနာမှုကင်းစေပြီး ရောဂါပိုးတွေကနေကာကွယ်ချင်တယ်ဆိုရင်တော့ခဝဲသီးစားပေးပါ။
အသားအရေကျန်းမာစေနိုင်တယ်
ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ကျန်းမာစေနိုင်ပါတယ်။ သွေးသန့်စေတာကြောင့် ဝက်ခြံတွေကိုလည်း သက်သာစေနိုင်ပါတယ်။
ဒါတွေအပြင်အစာအိမ်ကိုကျန်းမာစေပြီး ခန္ဓါကိုယ်ကို အင်အားပြည့်စေနိုင်ပါတယ်။ ဒါကြောင့် အရသာရှိတဲ့ ခဝဲသီးဟင်းလေးစားပြီး အခုပြောခဲ့တဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။