backup og meta

ကြောင်ဆေးပင် ဆေးဖက်ဝင်သလား!

ကြောင်ဆေးပင် ဆေးဖက်ဝင်သလား!

ကြောင်ဆေးပင် ဆေးဖက်ဝင်သလား! လို့ မေးရင် တော်တော်များများ ပြန်ဖြေနိုင်မယ့် စကားလေး တစ်ခွန်းက ကြောင်လေးတွေအတွက်တော့ ဆေးဖက်ဝင်တယ်လေလို့ ဖြစ်မယ် ထင်တယ်နော်။ တကယ်ကတော့ ကြောင်ဆေးပင်က ကြောင်လေးတွေအတွက်ရော ကျွန်မတို့ လူသားတွေအတွက်ပါ ဆေးဖက်ဝင်ပါတယ်။ ဘယ်လိုမျိုး ဆေးဖက်ဝင်တာလဲဆိုတာကိုတော့ အတူတူ လိုက်ပါ ကြည့်ရှုလိုက်ပါဦးနော်။

ကြောင်ဆေးပင်ဆိုတာ

ကြောင်ဆေးပင် ဆိုတာက ဆေးဖက်ဝင် အလေ့ကျပေါက်ပင် တစ်မျိုးပါ။ ကြောင်ဆေးပင်က ပဉ္စငါးပါးစလုံး ဆေးဖက်ဝင်တာပါ။ အရွက်လေးတွေက အစိမ်းဖားဖားလေးတွေရှိပြီး အပင်ငယ်လေး တစ်မျိုးပါ။ အပွင့်လေးတွေလည်း ပွင့်တတ်ပါတယ်။ မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ယီမင်၊ တောင်အမေရိက ဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။

ကြောင်ဆေးပင်လေးတွေကို ကားလမ်းမဘေး၊ ရထားလမ်းဘေး၊ မြစ်ကမ်းနားတွေ၊ တောတွေထဲမှာ တွေ့ရနိုင်ပါတယ်။ ကြောင်ဆေးပင်ဆိုတာကို မိတ်ဆက်ပေးပြီးတဲ့ နောက်မှာတော့ ဘယ်လိုများ ဆေးဖက်ဝင်သလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ကြောင်ဆေးပင် ဆေးဖက်ဝင်သလား!

ကြောင်ဆေးပင် ဆေးဖက်ဝင်သလား! ဆိုတော့ အခုလိုလေး ဆေးဖက်ဝင်ပါတယ်။

  • အရေပြား ကျန်းမာစေတယ်

ကြောင်ဆေးပင်ကို နှင်းခူ၊ ဝဲ၊ အနာစိမ်း၊ အနာစတာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အရွက်ကို ကြိတ်ခြေပြီး အနာပေါ်မှာ တိုက်ရိုက် အုံပေးလို့ ရသလို သတ္တုရည်ကို သုံးပေးတာ အရွက်ကို အခြောက်ခံ အမှုန့်ကြိတ်ပြီး အုန်းဆီနဲ့ လိမ်းပေးတာမျိုး လုပ်ပေးလည်း ရပါတယ်။

  • ဘက်တီးရီးယားတွေ တိုက်ဖျက်ပေးတယ် 

ကြောင်ဆေးပင်က ဖလေဗာနွိုက် ပါဝင်နေတာကြောင့် အရေပြားပေါ်က ဘက်တီးရီးယားတွေနဲ့ ခန္ဓာကိုယ်ပေါ်က ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။ ဝက်ခြံဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကိုလည်း ဖယ်ရှားပေးနိုင်တာကြောင့် ဝက်ခြံ သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

  • အရောင်ကျစေနိုင်တယ်

ကြောင်ဆေးပင်ရဲ့ နောက်ထပ် အာနိသင် တစ်ခုကတော့ ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တာပါ။ ခြေလက်ရောင်တာတွေကိုလည်း သက်သာစေဖို့ ကြောင်ဆေးပင်ကို အသုံးပြုပေးလို့ ရပါတယ်။

  • အသည်း ကျန်းမာစေတယ်

ကြောင်ဆေးပင်က ဓာတ်တိုးဆန့်ကျင် ပစ္စည်း ပါဝင်တာကြောင့် အသည်းရဲ့ လုပ်ဆောင်မှုတွေကို ကောင်းမွန်စေပြီး အသည်းကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။

  • သွေးတွင်းသကြားဓာတ် ထိန်းပေးတယ်

ကြောင်ဆေးပင်မှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့ Polyphenols နဲ့ steroids ပါဝင်နေတာရယ် အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာတွေက သွေးတွင်းသကြားဓာတ်ကို ထိထိရောက်ရောက် ထိန်းညှိပေးနိုင်ပါတယ်။ ဆီးချိုရှိသူတွေအနေဲ့ ဆေးသောက်နေရမယ်ဆိုရင် သတိထား သုံးသင့်ပါတယ်။

  • ဝမ်းချုပ်တာ သက်သာစေနိုင်တယ်

ကြောင်ဆေးပင်က အမျှင်ဓာတ် ကြွယ်ဝတာကြောင့် ဝမ်းချုပ်တာကို သက်သာစေပြီး ဝမ်းမှန်စေဖို့ ထောက်ကူပေးပါတယ်။ အစာခြေစနစ်ထဲက သန်ကောင်တုတ်ကောင်တွေကိုလည်း ဖယ်ရှားပေးနိုင်စွမ်း ရှိပါတယ်။

  • အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်

ချောင်းဆိုးတာ၊ နှာခေါင်းပိတ်တာလိုမျိုး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ သက်သာစေဖို့လည်း ကြောင်ဆေးပင်ကို အသုံးပြုပေးလို့ ရပါတယ်။

  • နှလုံး ကျန်းမာစေတယ်

နှလုံး တစ်ရှူးတွေ ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး နှလုံးဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေသလို နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ နှလုံးသွေးကြောကျဉ်းတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

  • မျက်စိ ကျန်းမာစေတယ်

ကြောင်ဆေးပင်ရဲ့ နောက်ထပ် အာနိသင်တစ်ခုက မျက်စိပိုးဝင်တာ အပါအဝင် မျက်စိနာတာမျိုးတွေကို သက်သာစေဖို့ လုပ်ဆောင်ပေးတာပါ။ အမြင်အာရုံ ကျန်းမာစေဖို့ ကြောင်ဆေးပင်ကို အသုံးပြုပေးလို့ ရပါတယ်။

  • အကိုက်အခဲ ပျောက်စေတယ်

ကြောင်ဆေးပင်ကို ကိုယ်လက်ကိုက်ခဲတာ၊ ကြွက်သားတွေ နာကျင်တာ၊ အဆစ်တွေ နာတာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အဆစ်ရောင်နာနဲ့ ဂေါက်ရောဂါတွေ သက်သာစေဖို့လည်း အသုံးပြုလို့ ရပါသေးတယ်။

ဘာတွေ သတိထားရမလဲ!

ကြောင်ဆေးပင်က ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် တန်ဆေး လွန်ဘေးဆိုသလို အများကြီး မသုံးသင့်ပါဘူး။ ရောဂါ အခံရှိသူတွေ၊ ကျန်းမာရေးပြဿနာတွေကြောင့် ဆေးသောက်နေရသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေအနေနဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။

ကြောင်ဆေးပင်နဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါတယ်။ ဒါကြောင့် အသုံးပြုမယ်ဆိုရင် သက်ဆိုင်ရာ တိုင်းရင်းဆေးဝါးကျွမ်းကျင်သူများနဲ့သာ တိုင်ပင်ပါ။ 

အထက်ပါ ရောဂါတွေ ရှိနေရင် ကြောင်ဆေးပင်ကိုပဲ အားမကိုးဘဲ သက်ဆိုင်ရာ တတ်ကျွမ်းနားလည်သူများနဲ့ ပြသဖို့ အကြံပြုချင်ပါတယ်။

ကြောင်ဆေးပင်က ဆေးဖက်ဝင်ပါတယ်

ကြောင်ဆေးပင်က  အခုလို ဆေးဖက်ဝင်ပါတယ်
  • အရေပြား ကျန်းမာစေတယ်
  • ဝက်ခြံ သက်သာစေတယ်
  • အရောင်ကျစေတယ်
  • နှလုံးကျန်းမာစေတယ်
  • အသည်းကျန်းမာစေတယ်
  • မျက်စိ ကျန်းမာစေတယ်
  • အကိုက်အခဲ ပျောက်စေတယ်
  • အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်
  • သွေးတွင်းသကြားဓာတ် ထိန်းပေးတယ်

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

Acalypha – 20+ Uses, Medicinal Qualities, Benefits, and Side Effects https://helthyleaf.com/benefits-and-uses-of-acalypha/ Accessed Date 8 August 2023

Health benefits of Indian Acalypha healthbenefitstimes.com/indian-acalypha/ Accessed Date 8 August 2023

Acalypha Indica https://www.sciencedirect.com/topics/pharmacology-toxicology-and-pharmaceutical-science/acalypha-indica Accessed Date 8 August 2023

A review of Acalypha indica L. (Euphorbiaceae) as traditional medicinal plant and its therapeutic potential https://pubmed.ncbi.nlm.nih.gov/28647509/ Accessed Date 8 August 2023

Incredible Health Benefits of Kuppaimeni (Indian Nettle / Khokali) https://www.moolihai.com/incredible-health-benefits-of-kuppaimeni/ Accessed Date 8 August 2023

ယခုပုံစံ

20/12/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

တတိုင်းမွှေး ဆေးဖက်ဝင်သလား!

ဗောဓိညောင် ဆေးဖက်ဝင်ပါတယ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement