backup og meta

သုံးတတ်ရင် ဆေး မသုံးတတ်ရင် ဘေးဖြစ်တတ်တဲ့ ဆေးခြောက်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 26/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သုံးတတ်ရင် ဆေး မသုံးတတ်ရင် ဘေးဖြစ်တတ်တဲ့ ဆေးခြောက်

    ဆေးခြောက်လို့ ပြောလိုက်ရင် တော်တော်များများ အရင်ဆုံးတွေးမိနိုင်တာက ဆေးခြောက်ဆိုတာက မူးယစ်ဆေး တစ်မျိုးလို့ပေါ့။ နောက်ပြီး မကောင်းတဲ့ အရာလို့ပေါ့။ တကယ်ကတော့ ဆေးခြောက်က ဆေးပညာအရ ဆေးဖက်ဝင်တယ်ဆိုတာပါ။ ဘာကြောင့် သုံးတတ်ရင် ဆေး မသုံးတတ်ရင် ဘေးဖြစ်တတ်တဲ့ ဆေးခြောက် လို့ ပြောရတာလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    သုံးတတ်ရင်​ ဆေး မသုံးတတ်ရင် ဘေးဖြစ်တတ်တဲ့ ဆေးခြောက်

    သုံးတတ်ရင် ဆေး မသုံးတတ်ရင် ဘေးဖြစ်တတ်တဲ့ ဆေးခြောက် လို့ ပြောရတဲ့ အကြောင်းအရင်းက ဆေးခြောက်မှာပါတဲ့ Cannabidiol (CBD) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးက ပုံမှန်အတိုင်းကတော့ ထိခိုက်စေတာမျိုး မရှိပါဘူး။ ပြောချင်တာကတော့ မဟိုက်စေဘူးပေါ့။

    Cannabidiol (CBD) ဒြပ်ပေါင်းက ဆေးခြောက်ပင် ထဲမှာ တွေ့ရှိနိုင် သလို ဆေးခြောက်ပင် မဟုတ်တဲ့ အပင်တွေထဲမှာလည်း တွေ့ရှိရနိုင်ပါတယ်။ 

    အချို့သော နိုင်ငံတွေမှာ Cannabidiol (CBD) ဒြပ်ပေါင်းတွေကို အစားအသောက် အသုံးအဆောင်တွေထဲမှာ ထည့်ပြီး ထုတ်လုပ်တာမျိုးတွေလည်း ရှိကြပါတယ်။ ဒါတွေကတော့ – 

  • အစားအစာတွေ
  • အဆီတွေ
  • လိုးရှင်းတွေ
  • ဆေးတောင့်တွေ
  • အလှကုန်တွေထဲမှာထည့်ပြီး အသုံးပြုတာမျိုးတွေ ရှိပါတယ်။ 
  • Cannabidiol (CBD) က ဆေးဖက်ဝင်သလား! 

    လေ့လာချက်တွေအရ သန့်စင်ပြီးသား Cannabidiol (CBD) ကို အတက်ရောဂါ သက်သာစေဖို့ အသုံးပြုနိုင်ပါတယ်။ နာကျင်မှုတွေကို သက်သာစေဖို့အတွက် အသုံးပြုကြတာမျိုးလည်း ရှိပါတယ်။ သန့်စင်ပြီးသား ဆေးခြောက်တွေက ဆေးဘက်ဆိုင်ရာ အသုံးပြုမှုတွေ အနေနဲ့ အသုံးပြုကြတာမျိုးတွေ ရှိပါတယ်။ 

    Cannabidiol (CBD) က ခန္ဓာကိုယ်ထဲမှာ ဘယ်လိုတွေ ဓာတ်ပြုလဲ ဆိုတာကို တိတိကျကျတော့ သိရှိရတာမျိုး မရှိပါဘူး။ အကြောင်းကတော့ ဆေးခြောက်က ခန္ဓာကိုယ်ကို ပုံစံ အမျိုးမျိုးနဲ့ ဓာတ်ပြုနိုင်တာကြောင့်ပါ။ 

    ဆေးခြောက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေသလို အရောင် ကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့်လည်း ဆေးဖက် ဆိုင်ရာမှာ  အသုံးပြုကြတာပါ။ အကြောင်းကတော့ Cannabidiol (CBD) ဒြပ်ပေါင်းက စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဆေးဝါးတွေနဲ့ ဓာတ်ပြုတာမျိုး မတူကြလို့ပါ။ 

    Cannabidiol (CBD) ဒြပ်ပေါင်း အဆီက အခုလို ကောင်းကျိုးလေးတွေ ရရှိစေနိုင် ပါတယ်။ 

    ဘာတွေ သတိထားရမလဲ!

    လေ့လာမှုတွေ အရ Cannabidiol (CBD) ပါဝင်နေတဲ့ လူ့အသုံးအဆောင်တွေက လုံးဝ ဘေးကင်းတယ်တော့ မဟုတ်ဘူးဆိုတာကို သိရှိရပါတယ်။ Cannabidiol (CBD) ဒြပ်ပေါင်းတွေကို အလွန်အကျွံ အသုံးပြုတာက –

    • အသည်းထိခိုက် ပျက်စီးတာ
    • အခြား ဆေးဝါးတွေရဲ့ အာနိသင်ကို ထိခိုက်စေပြီး ပြင်းထန်တဲ့ ဘေးထွက် ဆိုးကျိုးတွေကို ဖြစ်စေနိုင်သလို
    • မူးဝေတာ
    • အိပ်မရတာ
    • စိတ်ခံစားမှု ပြောင်းလဲတာ
    • စိတ်မတည်ငြိမ်တာ
    •  အစာစားချင်စိတ် ပျောက်တာ
    • ဝမ်းပျက်တာ
    • အော့အန်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ 

    နောက်ပြီး ကိုယ်ဝန်ဆောင်နေချိန်မှာ ထိခိုက်မှုဖြစ်စေနိုင်တာမျိုး ဖြစ်နိုင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ Cannabidiol (CBD) ဒြပ်ပေါင်းပါဝင်နေတဲ့ ဆေးခြောက်ကို အသုံးမပြုသင့်ပါဘူး။ ကလေးငယ်တွေမှာ ဆိုရင်လည်း ဦးနှောက် ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာလည်း သန္ဓေသား ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တာကြောင့် အသုံးမပြုသင့်ပါဘူး။  နို့တိုက်မိခင်တွေမှာလည်း ဆေးခြောက်ကို အသုံးမပြုသင့်ပါဘူး။

    ဆေးခြောက်သုံးရုံနဲ့ Cannabidiol (CBD)ရဲ့ အာနိသင်တွေရပြီလို့ တန်းပြီး သတ်မှတ်လို့တော့ မရပါဘူး။ အခုပြောခဲ့တာတွေက သန့်စင်ထားပြီး ဆေးအဖြစ် ပမာဏတစ်ခုသတ်မှတ်ပြီး သုံးတာ ဖြစ်ပါတယ်။ Cannabidiol (CBD)နဲ့ ပတ်သက်ပြီး ကောင်းကျိုးဆိုးကျိုးတွေကို ဆက်ပြီး လေ့လာနေဆဲ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ ဆေးခြောက်ကို တရားဝင် အသုံးပြု၍ မရသေးပါ။ 

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 26/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement