backup og meta

ခေါင်ရမ်းပင် ဆေးဖက်ဝင်သလား!

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 23/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခေါင်ရမ်းပင် ဆေးဖက်ဝင်သလား!

    ခေါင်ရမ်းပင်က အရွက်စိမ်းစိမ်းလေးတွေနဲ့ အပွင့်နီနီလေးတွေ တွဲလောင်းသဏ္ဍာန် ပွင့်နေတဲ့ အပင်တစ်မျိုးပါ။ နီနီရဲရဲ အသွင်နဲ့ ချစ်စရာကောင်းတဲ့ ခေါင်ရမ်းပန်းလေးတွေကို ခြံစည်းရိုး ပန်းပင်အဖြစ် စိုက်ပျိုးလေ့ ရှိကြပါတယ်။ ဒီလို အလှအနေနဲ့ စိုက်တဲ့ ခေါင်းရမ်းပင် ဆေးဖက်ဝင်သလား! ဆိုပြီးများ စဉ်းစားဖူးလား ….. စဉ်းစားဖူးတယ်ဆိုရင်တော့ အဖြေလေးကို ဆောင်းပါးထဲမှာ ကြည့်ကြည့်လိုက်တော့နော်။

    ခေါင်ရမ်းပင် ဆိုတာ

    ခေါင်းရမ်းပင် ဆိုတာက ဝတ်ဆံ ဝါဝါလေးတွေနဲ့ ပွင့်ဖက် ဝတ်ဆံတိုင် နီနီရဲရဲ နဲ့ တွဲလောင်းပွင့်တတ်တဲ့ ပန်းလှလှလေးတွေ ပွင့်တဲ့ အပင် တစ်မျိုးပါ။ အရွက်လေးတွေက ဝိုင်းဝိုင်းဖားဖားလေးတွေရှိပါတယ်။ အဖျားမှာ အရွက် ချွန်ချွန်လေးတွ နဲ့လည်း ရှိပါတယ်။ ခေါင်ရမ်းပန်းက အနီ၊ အဖြူ၊ ပန်းရောင်၊ ခရမ်း ဆိုပြီး အမျိုးမျိုး ရှိကြပေမယ့် မြန်မာနိုင်ငံမှာတော့ အနီရောင်ကိုပဲ အတွေ့ရများပါတယ်။ အပင်ကြီးမျိုးတော့ မဟုတ်ပါဘူး။ 

    ခေါင်ရမ်းပင် ဆေးဖက်ဝင်သလား!

    ခေါင်ရမ်းပင် ဆေးဖက်ဝင်သလား! ဆိုတော့ ခေါင်းရမ်းပင်ရဲ့ အရွက်ရော အပွင့်ရောပါ ဆေးဖက်ဝင်ပါတယ်။ ဘယ်လိုမျိုးတွေ ဆေးဖက်ဝင်သလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ 

    သွေးတွင်းကိုလက်စထရော ကျစေနိုင်တယ်

    လေ့လာချက်တွေအရ ခေါင်ရမ်းပန်းက သွေးတွင်းအဆီ ပမာဏကို ကျဆင်းစေနိုင်ပါတယ်။ သွေးကြောတွေမှာ အဆီတွေ ပိတ်ဆို့တာက နှလုံးရောဂါ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ ခေါင်ရမ်းပန်းရဲ့ အဆီအနှစ်ကတော့ သွေးတွင်း အဆီဓာတ်ကို ကျဆင်းစေပြီး နှလုံးသွေးကြောကျဉ်း ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ 

    ကိုယ်အလေးချိန် ထိန်းပေးနိုင်တယ်

    ခေါင်ရမ်းပန်းကို ဝိတ်ကျစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ ခေါင်ရမ်းပန်းမှာ အာဟာရဓာတ်တွေ ပါဝင်နေသလို ဖလေဗာနွိုက်နဲ့ အမျိုးမျိုးသော သတ္တုဓာတ်တွေလည်း ပါဝင်နေပါတယ်။ ဒီလို ပါဝင်နေတာက ခန္ဓာကိုယ်က အဆီတွေနဲ့ ကစီဓာတ်တွေ စုပ်ယူမှုကို နည်းစေပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရရှိစေဖိဖု့ ထောက်ကူပေးနိုင်ပါတယ်။

    ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကလည်း ဇီဝကမ္မဖြစ်စဉ်ကို တိုးတက် ကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကို ထိန်းညှိနိုင်ဖို့ ထောက်ကူပေးပါတယ်။ ဆီးရွှင်စေတာကလည်း ကိုယ်တွင်းမှာ ရေဝိတ် မတက်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

    စိတ်ဓာတ်ကျတာကို သက်သာစေတယ်

    ခေါင်ရမ်းပင်မှာ polyphenols ပါဝင်နေတာက ဦးနှောက်ကို ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ စိတ်ခံစားမှု ကောင်းမွန်စေပြီး စိတ်ဓာတ်ကျမှု ခံစားရနိုင်ခြေကိုလည်း နည်းစေပါတယ်။  ရှေးယခင် ကာလတွေကတည်းက စိတ်ဓာတ်ကျတာကို သက်သာစေဖို့အတွက် ခေါင်ရမ်းပင်ကို အသုံးပြုခဲ့ကြပါတယ်။

    အဖျား သက်သာစေတယ်

    ခေါင်ရမ်းပင်က အဖျားကျစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ဖျားနာမှုကို သက်သာစေဖို့ အဖျားကြောင့် ကိုယ်အပူချိန် မြင့်တက်တာကို သက်သာစေဖို့ အသုံးပြုကြပါတယ်။ 

    ဝမ်းမှန်စေတယ်

    ဝမ်းမှန်စေဖို့လည်း ခေါင်ရမ်းပန်းကို အခြောက်ခံပြီး ရေနွေးနဲ့ စိမ်သောက်ပေးလို့ ရပါတတယ်။ အသည်းကို ကျန်းမာစေသလို အစာခြေစနစ်ရဲ့ လုပ်ဆောင်မှု ကောင်းစေပြီး ဝမ်းချုပ်မှု ကင်းစေဖို့ ထောက်ကူပေးပါတယ်။

    သွေးဆုံးချိန် ပူစပ်ပူလောင် ဖြစ်တာကို သက်သာစေတယ်

    သွေးဆုံးချိန်မှာ ပူလောင်အိုက်စပ်စပ် ခံစားရတာ၊ အသားတွေ ပူနေသလို ခံစားရတာတွေကို သက်သာစေဖို့ အတွက်လည်း ခေါင်ရမ်းပန်းကို အသုံးပြုပေးလို့ ရပါတယ်။

    ဆံပင် သန်စေတယ်

    ခေါင်းဦးရေပြားကို သေချာ သန့်စင်ပြီး ခေါင်ရမ်းပန်းကို ကြိတ်လို့ ရလာတဲ့ အနှစ်နဲ့ ပေါင်းတင်ပေးမယ်ဆိုရင် ဆံပင်တွေကို ကျန်းမာစေဖို့ အားဖြည့်ပေးသလို ဆံပင်သန်စေဖို့လည်း လုပ်ဆောင်ပေးပါတယ်။ ဆံပင်ပါးသူတွေ၊ ဆံပင်ကျွတ်သူတွေအတွက် ဆံပင်ထူစေဖို့ လုပ်ဆောင်ပေးပါတယ်။ ဗီတာမင် A နဲ့ ဗီတာမင် C ပါဝင်နေတာကလည်း ဆံပင်ကျွတ် သက်သာစေဖို့ ထောက်ကူပေးပါတယ်။

    သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ် 

    သွေးတွင်းသကြားဓာတ် မြင့်တက်မှုက အာရုံကြောတွေ၊ မျက်လုံးတွေနဲ့ ကျောက်ကပ်တွေကို ထိခိုက်စေနိုင်သလို နှလုံးရောဂါ ခံစားရနိုင်ခြေကိုလည်း များစေပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကို သေချာလေး ထိန်းညှိဖို့ လိုပါမယ်။ ခေါင်ရမ်းပန်းရဲ့ အဆီအနှစ်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။

    ကိုယ်ခံအား ကောင်းစေတယ်

    ခေါင်ရမ်းပန်းက ဆဲလ်တွေကို ကူးစက်ရောဂါတွေကို တိုက်ထုတ်နိုင်ဖို့ အားဖြည့်ပေးသလို ကိုယ်ခံအား ကောင်းစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ ခေါင်ရမ်းပန်း ရေနွေးကြမ်းကို သောက်သုံးပေးတာက ကိုယ်ခံအားကို မြှင့်တင်ရာမှာ ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါတယ်။ 

    အသည်း ကျန်းမာစေတယ်

    လေ့လာမှုတွေအရ သိရတာက ခေါင်ရမ်းပန်းက အသည်း ကျန်းမာစေဖို့နဲ့ အသည်းကို လုပ်ဆောင်မှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

    အနာကျက်စေနိုင်တယ်

    အနာကျက်စေဖို့ ခေါင်ရမ်းပင် အရွက်ကို အသုံးပြုပေးလို့ ရသလို ခေါင်ရမ်းပန်း ပြုတ်ရည်ကို အသုံးပြုပေးလို့လည်း ရပါတယ်။ အနာကျက် မြန်စေသလို အရေပြား ပြဿနာ တော်တော်များများကို သက်သာစေနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ထိခိုက်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

    သန်းကင်းစေတယ်

    ခေါင်းသန်းတွယ်တာကို သက်သာစေဖို့အတွက် ခေါင်းရမ်းပန်းကို အသုံးပြုပေးလို့ ရပါတယ်။ ပန်းကို ကြိတ်ခြေပြီး အနှစ်ကို ဦးရေပြားမှာ လိမ်းကျံပေးတာက သန်းကင်းစေဖို့ ကူညီပေးနိုင်မှာပါ။ 

    ဆံပင်ဖြူတာကို  သက်သာစေဖို့လည်း ခေါင်ရမ်းပန်းကို အသုံးပြုပေးလို့ ရပါတယ်။

    ဘာတွေ သတိထားရမလဲ!

    ခေါင်ရမ်းပင်က ကျန်းမာရေး အကျိုးကျေးဇူး များစွာ ရှိတယ်ဆိုပေမယ့် အလွန်အကျွံ သုံးစွဲတာမျိုး မလုပ်သင့်ပါဘူး။ ရောဂါအခံ ရှိသူတွေ ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့ အသုံးမပြုခင် ဆရာဝန်နဲ့ အရင် တိုင်ပင်သင့်ပါတယ်။ ဓာတ်မတည့်တာမျိုး ဖြစ်တတ်ရင် အသုံးမပြု သင့်ပါဘူး။ 

    # အမှာစကား

    ခေါင်ရမ်းပင်နဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါတယ်။

    # တတိုင်းမွှေး ဆေးဖက်ဝင်သလား!

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 23/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement