backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ပျဉ်းမဖြူ ဆေးဖက်ဝင်သလား!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ပျဉ်းမဖြူ ဆေးဖက်ဝင်သလား!

မြန်မာနိုင်ငံမှာ ဆေးဖက်ဝင် အပင်တော်တော်များများ ပေါက်ရောက်ကြတယ်ဆိုတာကတော့ အားလုံးလိုလို သိထားပြီး ဖြစ်မှာပါ။ အခုတတစ်ခေါက်မှာတော့ ကင်ဆာကို သက်သာစေတယ်ဆိုပြီး လူသိများလာတဲ့ ပျဉ်းမဖြူပင်အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ဒါဆို မေးစရာ ရှိတာက အရိပ်ရအောင် စိုက်ပျိုးလေ့ ရှိတဲ့ ပျဉ်းမဖြူ ဆေးဖက်ဝင်သလား ဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။

ပျဉ်းမဖြူ ဆိုတာ

ပျဉ်းမဖြူဆိုတာက အပွင့်လည်းပွင့်သလို အရိပ်လည်း ရစေတဲ့ အပင်ကြီးမျိုးပါ။ အရွက်တွေက ရွက်စုံထွက်တတ်ပြီး ရွက်ကြောဖြာဖြာ ဖားဖားဝိုင်းဝိုင်းပါ။ နုစဉ်မှာ အစိမ်းရောင် နုနုလေး ဖြစ်ပြီး ရင့်လာတာနဲ့ အမျှ ရွက်ကြောတွေ ထင်းလာသလို အစိမ်းရောင်ကလည်း ရင့်လာပါတယ်။ အပွင့်တွေကတော့ အဖြူရောင် အဆုပ်လိုက်လေးတွေ ပွင့်တတ်ပါတယ်။ အပွင့်ဖြူဖြူလေးတွေကြောင့်လည်း ပျဉ်းမဖြူလို့ ခေါ်ကြတာပါ။

ပျဉ်းမဖြူ ဆေးဖက်ဝင်သလား

ပျဉ်းမဖြူ ဆေးဖက်ဝင်သလား ဆိုတော့ အခုလိုလေး ဆေးဖက်ဝင်ပါတယ်။

  • ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ကာကွယ်ပေးတယ်

ပျဉ်းမဖြူက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝပြီး ကိုယ်ခံအားကို အားဖြည့်ပေးလို ခန္ဓာကိုယ်မှာ ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို တားဆီးပေးပါတယ်။ နောက်တစ်ခုက ပျဉ်းမဖြူမှာ ဖလေဗာနွိုက် ပါဝင်နေတာကြောင့် ကင်ဆာဆဲလ်တွေကို အတိုင်းအတာ တစ်ခု အထိ တားဆီးပေးနိုင်ပါတယ်။

  • အရိုးတွေ သန်မာစေတယ်

ပျဉ်းမဖြူက ကယ်လ်ဆီယမ် ပါဝင်နေပြီး အရိုးတွေကို သန်မာစေဖို့ ထောက်ကူပေးသလို အရိုးပွတာ၊ အရိုးပါးတာမျိုးတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ ဖလေဗာနွိုက် ပါဝင်နေတာကလည်း အရိုးတွေကို သန်မာစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။

  • ဝမ်းချုပ်တာကို သက်သာစေတယ်

ပျဉ်းမဖြူက အမျှင်ဓာတ် ကြွယ်ဝပြီး အရွက်၊ အခေါက်၊ ပန်း စတာတွေကိုလည်း ဝမ်းချုပ်တာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ဝမ်းချုပ်တတ်သူတွေ အသုံးပြုပေးလို့ ရပါတယ်။

  • အရောင်ကျစေနိုင်တယ်

ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကြောင့် ရောင်ရမ်းနေတာတွေကို သက်သာစေဖို့အတွက် ပျဉ်းမဖြူကို အသုံးပြုပေးလို့ ရပါတယ်။ အဆစ်ရောင်တာတွေကို သက်သာစေဖို့ရော အရေပြားမှာ ရောင်ရမ်းတာတွေကိုပါ သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

  • လေဖြတ်တာကို ကာကွယ်ပေးနိုင်တယ်

သွေးထဲမှာ အဆီတွေ များပြီး သွေးကြောတွေ ပိတ်ဆို့သွားချိန်မှာ လေဖြတ်တာကို ဖြစ်စေနိုင်ပါတယ်။ သွေးစီးဆင်းမှုကို ကောင်းစေဖို့လည်း ပျဉ်းမဖြူက လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် လေဖြတ်တာကို ကာကွယ်ချင်တယ်ဆိုရင် သွေးတွင်းအဆီ ကျဆင်းစေဖို့အတွက် ပျဉ်းမဖြူကို အသုံးပြုပေးလို့ ရပါတယ်။

  • သွေးချို ထိန်းညှိပေးပါတယ်

ဆီးချို ဖြစ်ရတယ်ဆိုတာက ခန္ဓာကိုယ်မှာ အင်ဆူလင် ထွက်ရှိမှု နည်းပြီး သွေးတွင်းသကြားဓာတ် မြင့်တက်မှုကြောင့်ပါ။ ဒီလိုမျိုး သွေးတွင်းသကြားဓာတ် မြင့်တက်မှုကို ထိန်းညှိဖို့အတွက် ပျဉ်းမဖြူကို အသုံးပြုပေးလို့ ရပါတယ်။ အင်ဆူလင် ထွက်ရှိမှု ကောင်းစေပြီး သွေးတွင်းသကြားဓာတ်ကို ထိထိရောက်ရောက် ထိန်းညှိပေးပါတယ်။

  • ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေတယ်

ဝမ်းပျက်တာက ကိုယ်တွင်းက ရေဓာတ်ကို ဆုံးရှုံးစေနိုင်ပါတယ်။ ဒီလိုမျိုး ဝမ်းပျက်တာကို သက်သာစေဖို့ဆိုရင် ပျည်းမဖြူရွက် နုနုလေးကို ဆားလေးနဲ့ ပြုတ်ပြီး သောက်ပေးလို့ ရပါတယ်။ ပျဉ်းမဖြူမှာပါတဲ့ tannin က အူနံရံတွေကို ကျန်းမာစေသလို ကိုယ်တွင်းက ရေါ်ာတ်ဆုံးရှုံးမှုကိုလည်း ဖြည့်ပေးနိုင်ပါတယ်။

  • ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးပါတယ်

ပျဉ်းမဖြူက ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ဟန့်တားပေးသလို ဗိုင်းရပ်စ်တွေကြောင့် ထိခိုက်မှု ကင်းစေဖို့လည်း ကာကွယ်ပေးပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ တုပ်ကွေး၊ ရေယုန်တို့လိုမျိုး ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

  • အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်
  • ပျဉ်းမဖြူက ဓာတ်တိုးပစ္စည်းတွေကြောင့် အသားအရေ အိုမင်းတာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေကြောင့် အရေးအကြောင်းတွေ မဖြစ်စေဖို့လည်း ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။

    • သွေးပေါင်ချိန် ထိန်းညှိပေးနိုင်တယ်

    ပျဉ်းမဖြူရဲ့ နောက်ထပ် အာနိသင် တစ်ခုက သွေးပေါင်ချိန်ကို ထိန်းညှိပေးတာပါ။ ပျဉ်းမဖြူ အရွက်ကို အခြောက်ခံပြီး ရေနွေးနဲ့ သောက်ပေးတာကလည်း သွေးတိုးကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးပေါင်ချိန် တက်တာကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ဖို့ အသုံးပြုပေးလို့ ရပါတယ်။

    • ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတယ်

    ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေဖို့အတွက် ပျဉ်းမဖြူရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေကို  တိုက်ဖျက်ပေးနိုင်တဲ့ ပျဉ်းမဖြူက ဆီးလမ်းကြောင်း ပိုးဝင်တာကိုလည်း သက်သာစေနိုင်ပါတယ်။

    • သွေးတွင်းကိုလက်စထရော ကျဆင်းစေနိုင်တယ်

    သွေးတွင်းကိုလက်စထရော များတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ သွေးတွင်းအဆီကင်းတာက သွေးစီးဆင်းမှု ကောင်းစေဖို့လုပ်ဆောင်ပေးသလို နှလုံးသွေးကြော ကျဉ်းတာ၊ လေဖြတ်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါကြောင့် သွေးတွင်းအဆီကျစေဖို့ဆိုရင် ပျဉ်းမဖြူကို အသုံးပြုပေးလို့ ရပါတယ်။

    • အနာကျက်စေနိုင်တယ်

    ပျဉ်းမဖြူရဲ့ နောက်ထပ်အာနိသင်လေး တစ်ခုက အရေပြားကို ကျန်းမာစေပြီး အနာကျက်စေနိုင်တာပါ။ အနာပိုးဝင်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

    • ကိုယ်တွင်းက အဆိပ်အတောက် ဖယ်ရှားပေးတယ်

    ကိုယ်တွင်းမှာ အဆိပ်အတောက်တွေ များနေတာကို ဖယ်ရှားချင်တယ်ဆိုရင်လည်း ပျဉ်းမဖြူကို အသုံးပြုပေးလို့ ရပါတယ်။ Tannin ဒြပ်ပေါင်းက ကိုယ်တွင်းမှာ အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။

    ဘာတွေ သတိထားရမလဲ

    ပျဉ်းမဖြူက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် သိပ္ပံနည်းကျ အတည်ပြုဖို့ လိုပါသေးတယ်။ သဘာဝကရတယ်ဆိုပေမဲ့ ဓာတု‌ဗေဒနည်းအရ သန့်စင်ထားတာမျိုး မရှိရင် ဥပါဒ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အထက်ပါရောဂါတွေ ဖြစ်လာခဲ့ရင် တတ်ကျွမ်းသူနဲ့သာ ပြသဖို့ အကြံပြုလိုပါတယ်။ ဒီဆောင်းပါးက ဗဟုသုတအနေနဲ့သာ မျှဝေထားခြင်း ဖြစ်ပါတယ်။

    ဘယ်သူတွေ အသုံးမပြုသင့်ဘူးလဲ

    ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေ၊ ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါတွေအနေနဲ့ ပျဉ်းမဖြူကို ကိုယ့်သဘောနဲ့ကိုယ် မသုံးသင့်ပါဘူး။ ကင်ဆာဆဲလ်တွေ ကြီးထွားတာကို တားတယ်ဆိုပေမဲ့ ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ ပျဉ်းမဖြူကို အသုံးပြုရင်း ကျောက်ကပ်ထိသွားခဲ့ရင် ကင်ဆာကုထုံးတွေပါ ရပ်လိုက်ရပြီး ကုသမှုကို ထိခိုက်နိုင်တာကြောင့် အသုံးမပြုဖို့ အကြံပြုချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 15/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement