သဘာဝဆေးဖက်ဝင်ပစ္စည်းများ

တိုင်းရင်းဆေးပညာဆိုတာလည်း ဆေးပညာတစ်ခုပါပဲ။ တတ်ကျွမ်းနားလည်တဲ့သူရဲ့ ညွှန်ကြားချက်တွေနဲ့ဆိုရင် ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်မှာပါ။ သိပ္ပံနည်းကျ အတည်ပြုထားတဲ့ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေနဲ့ တိုင်းရင်းဆေးတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်ပစ္စည်းများ

ပဲနံ့သာရွက် ဆေးဖက်ဝင်သလား!

ပဲနံ့သာစေ့အရွက်က ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ထောက်ကူပေးပါတယ်။ ပဲနံ့သာရွက် ဆေးဖက်ဝင်သလား! ဘယ်လိုများ ဆေးဖက်ဝင်သလဲ ဆိုတာတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ပဲနံ့သာရွက် ဆိုတာ ပဲနံ့သာရွက် ဆိုတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဆေးဖက်ဝင်တယ်လို့လည်း ပြောလို့ ရပါတယ်။ နှစ်ပေါင်းများစွာ ကာလတွေကတည်း ဆေးဖက်ဝင်တဲ့ အရာအဖြစ် သုံးစွဲခဲ့ကြပါတယ်။  နောက်ပိုင်းမှာတော့ ဆေးဖက်ဝင်မှုကြောင့် နေ့စဉ် ဟင်းလျာထဲမှာ ထည့်သွင်း ချက်ပြုတ်မှုတွေကို လုပ်ဆောင်လာကြပါတယ်။ ပဲနံ့သာရွက်ကို ထောပတ် နည်းနည်းလေးနဲ့ ကြော်စားတာမျိုး ရှိသလို အခြားသော အသီးအနှံတွေနဲ့ တွဲဖက်ကြော်စားတာမျိုးတွေကိုလည်း လုပ်ဆောင်လာဲကြပါတယ်။ အရသာက ခါးသက်သက် ရှိပြီး ထမင်းလေးနဲ့ တွဲဖက်စားဖို့ သင့်တော်ပါတယ်။  အရွက်က ခပ်ထူထူလေးနဲ့ အရွက်ဆိုင် ထွက်တတ်ပါတယ်။ အရိုးတံ မာမာလေး ရှိပါတယ်။ အပွင့် ဝါဝါလေးတွေ […]

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

ပျားမြီးရွက် ဆေးဖက်ဝင်သလား

ပျားမြီးရွက် အရွက်လေးတွေက ထူထူလေးနဲ့ ဆီးချိုရှိသူတွေအတွက် သဘာဝဆေး တစ်လက်ဆိုပြီး အများက သိထားကြပါတယ်။ အရွက်လေးတွေက လှသလို အပင်လေးကလည်း  အလှစိုက်ထားတဲ့ အပင်လေးတွေနဲ့ ခပ်ဆင်ဆင်ပါ။ ဒီတစ်ခေါက်တော့ ဆီးချို သက်သာအောင်ဆိုပြီး သုံးဆောင်လေ့ရှိတဲ့ ပျားမြီးရွက်က ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ပျားမြီးရွက် ဆိုတာ ပျားမြီးရွက်ဆိုတာ အရွက်ခပ် ထူထူလေးနဲ့ အစိမ်းရောင် အရွက်ကလေးပါ။ အရိုးတံက သိပ်မမာပါဘူး။ အပင်က အရမ်းမမြင့်ပေမယ့် မြေလျှောက်ပင် တစ်မျိုးပါ။ ဘဲဥပုံ အရွက်လေးတွေ ရှိပါတယ်။ အာရှဒေသတွင်းက အပူပိုင်းဒေသတွေမှာ တွေ့ရပါတယ်။ အရှေ့တောင်အာရှမှာ လူသိများတဲ့ ဆေးဖက်ဝင် အပင် တစ်မျိုးပါ။ အပင်ရဲ့ အမြင့်က ၆ လက်မကနေ ၁၂ လက်မလောက်ပဲ မြင့်ပါတယ်။ အာဟာရပြည့်ဝစွာ ပါဝင်နေတဲ့ အပင် တစ်မျိုးပါ။ တရုတ်၊ မြန်မာ၊ […]


သဘာဝဆေးဖက်ဝင်

ခရေ နဲ့ ကျန်းမာရေး

ခရေပန်းက ပျိုမေတွေ တော်တော်များများ အကြိုက်တွေ့ကြတဲ့ ပန်းလေးပါ။ အပင်မှာ ပွင့်နေတုန်း မွှေးသလို ကြွေကျသွားချိန်နဲ့ ခြောက်သွေ့သွားချိန်တွေမှာတောင် မွှေးနေတာပါ။ ခရေ က အပွင့်၊ အရွက်၊ အသီး၊ အခေါက် အားလုံးလိုလိုက ဆေးဖက်ဝင်ပါတယ်။ ဒီတစ်ခေါက်တော့ ချစ်စရာကောင်းပြီး ရနံ့မွှေးတဲ့ ခရေပန်းလေးတွေ ပွင့်တဲ့ ခရေပင်လေးရဲ့ ဆေးဖက်ဝင်မှုတွေကို ပြောပြပေးသွားပါမယ်။ ခရေ ဆိုတာ ခရေ ဆိုတာက အမြဲစိမ်းပင် တစ်မျိုးပါ။ အရွက်က ခပ်ထူထူနဲ့ အစိမ်းရောင် ရင့်ရင့်ပါ။ အပွင့်လေးတွေက အလယ်မှာ ကြိုးလေးနဲ့ သီလို့ရလောက်တဲ့ အပေါက်လေးပါပါတယ်။ အညှာလေးထဲကနေ ညှစ်ထုတ်မှ အလယ်က အပေါက်လေးကို တွေ့ရတာပါ။ အပွင့်က အဖြူရောင်လေးဖြစ်ပြီး ပုံစံလေးက ကြယ်ပုံစံလေးပါ။ အသီးက မမှည့်ခင်မှာ အစိမ်းရောင် ဖြစ်ပြီး မှည့်ပြီဆိုရင် လိမ္မော်ရောင် ရင့်ရင့်လေး ဖြစ်လာပါတယ်။ […]


သဘာဝဆေးဖက်ဝင်

နွေရာသီရဲ့ ရာသီပန်း ငုဝါပန်း ဆေးဖက်ဝင်လား

အပင်မြင့်မြင့်မှာ ကိုင်းတံ ညိုညို၊ အရွက်စိမ်းစိမ်းမှာ တွဲလီတွဲလောင်း ကျရင်း ပွင့်တတ်တဲ့ အဝါရောင်ပန်းလှလှလေးတွေက အခုလို ​နွေဦးရာသီ ရောက်ပြီဆိုရင် နွေရာသီကို အလှဆင်ဖို့ ပွင့်လာတတ်ကြပြီပဲ ဖြစ်ပါတယ်။ ဒီလို နွေရာသီကို တစ်ဖက်တစ်လမ်းက အလှဆင်နေတဲ့ ငုဝါပန်း အလှဆင်ရုံသက်သက်ပဲလား ..... ဆေးဖက်ရောဝင်လားဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ငုဝါပန်း ဆိုတာ ငုဝါပန်း ဆိုတာက ငုပင်ရဲ့ ပန်းပွင့်ပါ။ အပင်က အပင်ကြီးမျိုး မဟုတ်ပေမယ့် အလယ်အလတ်လောက်တော့ ကြီးပါတယ်။ အပင်က ပေ ၆၀ လောက်အထိ မြင့်နိုင်ပြီး ပင်စည် လုံးပတ်က ၀.၅ မီတာ ရှိပါတယ်။ အဝါရောင် အပွင့်လေးတွေ ပွင့်တတ်ပြီး အရှေ့တောင်အာရှနိုင်ငံ တော်တော်များများမှာ တွေ့ရနိုင်ပါတယ်။ အရွက်၊ အပွင့်၊ အသီး၊ ပင်စည်၊ အခေါက်၊ အမြစ် […]


သဘာဝဆေးဖက်ဝင်

ဆင်တုံးမနွယ် ကျန်းမာစေသလား

အသက်ကြီးရင် ဆင်စီးပါဆိုတဲ့ စကားပုံလေးအတိုင်း အသက်ကြီးလာရင် ဆင်တုံးမနွယ် သုံးဆောင်ပေးတာက ကျန်းမာစေနိုင်တယ်လို့ အားလုံးလိုလို သိထားပြီး ဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ ဆေးဖက်ဝင်တယ်ဆိုပြီး သုံးဆောင်နေကြတဲ့ ဆင်တုံးမနွယ်က ကျန်းမာရေးအတွက် ဘယ်လို ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ဆင်တုံးမနွယ် ဆိုတာ ဆင်တုံးမနွယ်ဆိုတာ နွယ်ပင် တစ်မျိုးပါ။ အရွက်လေးတွေက ကွမ်းရွက်နဲ့ ခပ်ဆင်ဆင်တူပြီး ကွမ်းရွက်ထက်တော့ မာပါတယ်။ အရိုးတံမှာ ဆူးလေးတွေပါပြီး အရိုးတံကို ဆေးဝါးအဖြစ် အသုံးပြုကြပါတယ်။ ဆင်တုံးမနွယ်မှာ ဘာတွေပါလဲ ဆင်တုံးမနွယ်ရဲ့ ပင်စည်ကိုရော အရွက်တွေကိုပါ ဆေးဝါးဖော်စပ်ဖို့ အသုံးပြုလို့ ရပါတယ်။ အာဟာရတန်ဖိုးအနေနဲ့ ဆင်တုံးမနွယ်မှာ alkaloids glycosides steroidsနဲ့ အခြား အကျိုးပြု ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ ဘယ်လို စားသုံးမလဲ။ ဆင်တုံးမနွယ်ကို အမှုန့်ကြိတ်ပြီး စားသုံးကြသလို ပင်စည်ကို ထုပြီး ရေနွေးစိမ်သောက်တာ၊ ပျားရည်နဲ့ စိမ်ပြီး […]


သဘာဝဆေးဖက်ဝင်

ဗေဒါပင် ဆေးဖက်ဝင်လား။

ဗေဒါပင် လို့ဆိုလိုက်ရင် ထွေထွေထူးထူး ပြောစရာမလိုဘဲ အရွက် စိမ်းစိမ်း ထူထူ ရိုးတံ ပွပွလေး၊ ခရမ်းရောင် ဖျော့ဖျော့ကနေ ရင့်ရင့်အထိရှိတဲ့ ပန်းလေးတွေ ပွင့်တတ်တဲ့ ရေမြောင်းတွေ၊ ကန်တွေထဲမှာ ပေါက်ရောက်မျောပါနေတတ်တဲ့ အပင်လေးတွေကို မျက်လုံးထဲ ပြေးမြင်မိမယ် ထင်ပါတယ်။ ဘဲစာအဖြစ် သတ်မှတ်ခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာ ဗေဒါရိုးနဲ့ လူသုံးကုန်ပစ္စည်းတွေ လုပ်လာကြပါတယ်။ ဒါဆို ဗေဒါက ဘဲစာနဲ့ လူသုံးကုန်တွေ လုပ်ဖို့ သက်သက်ပဲ အသုံးဝင်တာလား။ အခြားရော ဘယ်လို အသုံးဝင်သေးလဲ။ ကျန်းမာရေး အကျိုးကျေးဇူးတွေရော ရှိမလားဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဗေဒါပင် ဆိုတာ ဗေဒါပင် ဆိုတာ ရေနေအပင် တစ်မျိုးပါ။ ရေထဲမှာ ပေါက်ရောက်ပြီး ရေကို သန့်စင်ပေးပါတယ်။ ရေပေါ်မှာ ပေါ်နိုင်တဲ့ အရိုးတံနဲ့ အရွက်လေးတွေကို ပိုင်ဆိုင်ထားပါတယ်။ အရိုးတံက […]


သဘာဝဆေးဖက်ဝင်

အုန်းမှုတ်ခွက် ဆေးဖက်ဝင်သလား။

အုန်းသီးကို အပေါ်ခွံနွှာပြီးချိန်မှာ တွေ့ရတဲ့ အုန်းမှုတ်ခွက်ကို ရေမှုတ်လေးတွေ၊ မီးအိမ်လေးတွေ ဖြစ်အောင် ထွင်းပြီး အလှဆင်ကြတာကို သိပေမယ့် ဆေးဖက်ဝင်လို့တော့ သိသူက ခပ်ရှားရှားပါ။ ဒီတစ်ခေါက်တော့ အုန်းသီးစားပြီးတိုင်း လွှင့်ပစ်မိလေ့ရှိတဲ့ အုန်းမှုတ်ခွက် က ဘယ်လို ဆေးဖက်ဝင်လဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖော်ပြပေးချင်ပါတယ်။ အုန်းမှုတ်ခွက် ဆိုတာ အုန်းမှုတ်ခွက် ဆိုတာ အုန်းသီးရဲ့ အမာဆုံး အပိုင်းပါ။ အုန်းခွံအောက်ဘက်မှာ ရှိပါတယ်။ မာကျောပြီး ခံနိုင်ရည် အတော်လေး ရှိပါတယ်။ အညိုရောင်ရှိပါတယ်။ အုန်းသီးခွံတွေကို အပင်စိုက်ဖို့ သုံးကြပေမယ့် အုန်းမှုတ်ခွက်ကိုတော့ လွှင့်ပစ်ကြတာ များပါတယ်။ တကယ်ကတော့ အုန်းမှုတ်ခွက်က ဆေးဖက်ဝင်ပါတယ်။ အုန်းမှုတ်ခွက်ကို ဒီအတိုင်း အမှုန့်ဖြစ်အောင် ကြိတ်ပြီး အသုံးပြုလို့ ရသလို မီးကောင်းကောင်းနဲ့ ပြာချပြီး ပြာမှုန့်ကို အသုံးပြုပေးလို့လည်း ရပါတယ်။ ဒီတော့ […]


သဘာဝဆေးဖက်ဝင်

ဒေါနပန်း ဆေးဖက်ဝင်လား။

ဒေါနပန်း လို့ဆိုပေမယ့် တကယ်ကတော့ အရွက်အခက်လေးနဲ့ ပိုတူပါတယ်။ ရနံ့သင်းသင်းလေး ရှိသလို အသွင်အပြင်လေးကလည်း အခြားပန်းတွေနဲ့ မတူပါဘူး။ ဆောင်းအေးအေးလေးမှာ ဒေါနပန်းနံ့ မွှေးမွှေးလေးက စိတ်ကို ကြည်လင်စေနိုင်ပါတယ်။ ဒီလို အသွင်အပြင်လေးကလည်း ချစ်စရာကောင်းသလို ရနံ့လေးလည်း သင်းတဲ့ ဒေါနပန်းလေးက ကျန်းမာရေးကို ထောက်ကူပေးလား .... ဆေးဖက်ဝင်လားဆိုပြီး သိချင်နေပြီလား။ ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ ဒေါနပန်းဆိုတာ ဒေါနပန်း ဆိုတာ အပင်ပုမျိုးဖြစ်ပြီး ချုံပင်လိုမျိုး စုစုဝေးဝေး ပေါက်ရောက်တတ်တဲ့ ဒေါနပင်ရဲ့ ပန်းပွင့်လေးတွေပါ။ မြောက် အာဖရိကနဲ့ အရှေ့အလယ်ပိုင်း မျိုးရင်းပင် တစ်မျိုးပါ။ ဆေးဖက်ဝင်အပင်အဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဒေါနပန်းမှာပါတဲ့ ဓာတုပစ္စည်းတွေက ကပ်ပါးပိုးတွေနဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ဒေါနပန်း ဆေးဖက်ဝင်လား။ ဆေးဖက်ဝင်တယ်လို့ ဖြေပါရစေ။ ဒေါနပန်းကို ရှေးယခင်ကာလတွေကတည်းက အမျိုးမျိုးသော ဝေဒနာတွေကို ကုသဖို့အတွက်အသုံးပြုခဲ့ကြပါတယ်။ (၁) […]


သဘာဝဆေးဖက်ဝင်

ရှိန်းခို ဆေးဖက်ဝင်သလား ......

ရှိန်းခို ပုံမှန် ဟင်းတွေချက်တဲ့အခါ သုံးလေ့မရှိပေမယ့် ဆေးဖက်ဝင် အရာတစ်ခုအနေနဲ့တော့ အသုံးပြုကြပါတယ်။ အိန္ဒိယ ဟင်းလျာတွေထဲမှာတော့ ထည့်ချက်လေ့ ရှိပါတယ်။ ရှိန်းခိုက ဆေးဖက်ဝင်တယ်ဆိုတာကို သိပေမယ့် ဘယ်လိုဆေးဖက်ဝင်လဲဆိုတာကို မသိဘူးဆိုတဲ့သူတွေအနေနဲ့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လို့ ရပါတယ်။ ရှိန်းခိုဆိုတာ အပင်ငယ်မျိုးဖြစ်ပြီး အကိုင်းအခက်များ အောက်ခြေမှ ပင်စုပြုံ၍ ထွက်တတ်ကြပါတယ်။ အပင်ငယ် တစ်မျိုးပါ။ အရွက်တွေက မာလကာရွက်နဲ့ ခပ်ဆင်ဆင် တူပါတယ်။ မျက်နှာပြင်က ပြောင်ချောပြီး ရွက်ကြောများ ရှိပါတယ်။ အပွင့်လေးတွေက အဝါရောင်ပါ။ ဟင်းထဲကို ထည့်ချက်လေ့ရှိတဲ့ ရှိန်းခိုက အပင်လိုက်ထည့်တာမျိုး မဟုတ်ဘဲ အမှုန့်လေးတွေ၊ အခဲလေးတွေ လုပ်ထားတာမျိုးကို ထည့်ကြတာပါ။ ရှိန်းခို ဆေးဖက်ဝင်သလား ...... ရှိန်းခိုက ဆေးဖက်ဝင်ပါတယ်။ ဘယ်လို ဆေးဖက်ဝင်တာလဲဆိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်လား ...... အစာကြေစေတယ် ရှိန်းခိုမှာ အမျှင်ဓာတ်ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး အူတွေရဲ့ […]


သဘာဝဆေးဖက်ဝင်

ကံ့ကော်ပန်း နဲ့ ကျန်းမာရေး

ဆောင်းမနက်ခင်း အေးအေးလေးမှာ ကံ့ကော်ပန်း ရနံ့ သင်းသင်းလေးက စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။ ကံ့ကော်ပန်းက အဆင်းရော အချင်းပါ လှတဲ့ ပန်းကလေးပါ။ ရိုးတံနဲ့ အရွက် စိမ်းစိမ်းရှည်ရှည်၊ ပွင့်ဖတ် ဖြူဖြူလေးတွေနဲ့ ဝတ်ဆံ ဝါဝါလေးက မြင်ရသူတွေကို သဘောတွေ့စေပါတယ်။ ဒီချစ်စရာကောင်းတဲ့ ကံ့ကော်ပန်းလေးကို ခေါင်းမှာ ပန်ဆင်ကြတာ ရှိသလို ဘုရားပန်း ကပ်လှူတာ၊ အလှထိုးတာဆိုပြီး အမျိုးမျိုး ရှိကြပါတယ်။ ဒီချစ်စရာ ကောင်းတဲ့ ကံ့ကော်ပန်းလေးက ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ကံ့ကော်ပန်းဆိုတာ ကံ့ကော်ပန်းဆိုတာ ကံ့ကော်ပင်ရဲ့ ပန်းပွင့်ပါ။ ကံ့ကော်ပင်က အပင်ကြီး တစ်မျိုးဖြစ်ပြီး သစ်မာပင်တစ်မျိုးပါ။ အရှေ့တိုင်းဒေသတွေဖြစ်ကြတဲ့ သီရိလင်္ကာ၊ အိန္ဒိယ၊ နီပေါ၊ မြန်မာ၊ ထိုင်း၊ အင်ဒိုချိုင်းနား၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ဆူမာတြား ဒေသတွေမှာ […]


သဘာဝဆေးဖက်ဝင်

ချောင်းဆိုးပျောက်စေတဲ့ အလေ့ကျပေါက်ပင် တစ်မျိုး ခွေးသေးပန်းပင်

နာမည်ကြားရင် ဟုတ်ရဲ့လားလို့ တွေးမိနိုင်တဲ့ ခွေးသေးပန်းပင် ကို ချောင်းဆိုးပျောက်စေဖို့ အဓိက အသုံးပြုကြပါတယ်။ ဒီတစ်ခေါက်တော့ ခွေးသေးပန်းပင်က ချောင်းဆိုး ပျောက်ရုံတင်ပဲလား။ အခြားရော ဘယ်လို အသုံးဝင်သေးလဲ။ ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုသေးလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ခွေးသေးပန်းပင် ဆိုတာ အလေ့ကျ ပေါက်ပင် တစ်မျိုးဖြစ်ပြီး လမ်းဘေးတွေနဲ့ အပင်ချုံနွယ် ထူထပ်စွာ ပေါက်နေတဲ့ နေရာတွေ မြေလွတ်မြေရိုင်းတွေမှာ သူ့အလိုလို ပေါက်ရောက်ကြပါတယ်။ အရွက်က အရမ်းမကြီးပေမယ့် အရွက် မျက်နှာပြင်ပေါ်မှာ အမွေးနုလေးတွေရှိပါတယ်။ ပင်စည်တွေမှာလည်း ရှိတတ်ပါတယ်။ အာရှတိုက်က အပူပိုင်းနိုင်ငံတွေမှာ ပေါက်ရောက်ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ပေါက်ရောက်ကြပါတယ်။ အပင်က ၀.၅ ပေ ကနေ ၃ ပေလောက်အထိ မြင့်ပါတယ်။ ချုံပင်ပုလေးဖြစ်ပြီး အစိမ်းရောင်ရိုးတံ၊ အစိမ်းရောင်အရွက်နဲ့ အပွင့်လေးတွေက ပန်းရောင် ဒါမှမဟုတ် ခရမ်းရောင် […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်