backup og meta

ဟိမဝန္တာ ဇီးဖြူသီး ဆေးဖက်ဝင်သလား!

ဟိမဝန္တာ ဇီးဖြူသီး ဆေးဖက်ဝင်သလား!

ဇီးဖြူသီးဆိုတာကို လူတိုင်း ရင်းနှီးပြီးသား ဖြစ်ပေမယ့် အခုပြောပြမယ့် ဟိမဝန္တာ ဇီးဖြူသီး ကိုတော့ သိပ်မသိလောက်ကြဘူး ထင်ပါတယ်။ ဒီအသီးက ဇီးဖြူသီးတစ်မျိုး ဆိုပေမယ့် အရောင်က အနီရောင် သန်းသလို အရွက်တွေကအစ မြန်မာနိုင်ငံမှာ တွေ့ရတဲ့ အပင်ရဲ့ အသီးအရွက်တွေနဲ့ မတူပါဘူး။ ဟိမဝန္တာဒေသမှာ အဓိက ပေါက်ရောက်တာကြောင့် ဟိမဝန္တာ ဇီးဖြူလို့ ခေါ်ကြတာပါ။ အသွင်အပြင်အရ ချစ်စရာကောင်းတဲ့ ဟိမဝန္တာ ဇီးဖြူသီး ဆေးဖက်ဝင်သလား! ဘာတွေကိုရော သတိထားဖို့ လိုမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

ဟိမဝန္တာ ဇီးဖြူသီး ဆိုတာ

ဟိမဝန္တာ ဇီးဖြူသီးဆိုတာက အနီရောင် အသီးကြည်ကြည်လေးတွေပါ။ အပင်က အပင်ကြီးမျိုး ဖြစ်ပြီး အရွက်ခပ်ဖားဖားနဲ့ အပွင့်ကလည်း ပန်းရောင်ရင့်ရင့်လေး ရှိပါတယ်။ ဘယ်ရီသီး မျိုးဝင် အပင်ရဲ့ အသီးဖြစ်ပြီး ဒီအပင်တွေက ဟိမဝန္တာဒေသတလျှောက်မှာ ပေါက်ရောက်ကြပါတယ်။ 

ဟိမဝန္တာ ဇီးဖြူသီးမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ!

ဟိမဝန္တာ ဇီးဖြူသီးမှာ

  • ဗီတာမင် C
  • ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ
  • အမျှင်ဓာတ်
  • ဗီတာမင်  A
  • သတ္တုဓာတ်တွေ
  • ဗီတာမင် B အုပ်စု
  • Phytonutrients
  • သံဓာတ်
  • ဗီတာမင် E
  • ဗီတာမင် K
  • ဖောလိတ်
  • ပရိုတင်းတို့ ပါဝင်နေပါတယ်။

ဟိမဝန္တာ ဇီးဖြူသီး ဆေးဖက်ဝင်သလား!

ဟိမဝန္တာ ဇီးဖြူသီး ဆေးဖက်ဝင်သလား! ဆိုတော့ အခုလိုလေးတွေ ဆေးဖက်ဝင်ပါတယ်။

  • ကိုယ်ခံအား ကောင်းစေတယ်

ဟိမဝန္တာ ဇီးဖြူသီးက ချိုချိုချဉ်ချဉ် အရသာရှိပြီး နည်းနည်းဖန်တယ်ဆိုပေမယ့် ဗီတာမင် C ပါဝင်မှုကတော့ တော်တော်လေး များပါတယ်။ ဒီလို ဗီတာမင် C ကြွယ်ဝတာက ကိုယ်ခံအား ကောင်းစေသလို အသားအရေကို ကျန်းမာစေပြီး အနာကျက် မြန်စေနိုင်ပါတယ်။ ရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာကို ကာကွယ်ပေးနိုင်ပါတယ်။

  • ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ်

ဟိမဝန္တာ ဇီးဖြူသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်ကြတဲ့ polyphenols၊ flavonoids နဲ့ tannins တို့ ပါဝင်နေတာကြောင့် ကိုယ်တွင်းက ဓာတ်တိုးပစ္စည်းတွေကို ဖယ်ရှားပေးသလို အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ ဒီလို ဖယ်ရှားပေးတာက နှလုံးရောဂါ၊ ဆီးချို၊ သွေးတိုးနဲ့ ကင်ဆာလိုမျိုး နာတာရှည် ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

  • အစာခြေစနစ် ကျန်းမာစေတယ်

ဟိမဝန္တာ ဇီးဖြူသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာက အစာခြေအက်ဆစ် ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပြီး အူနံရံတွေကို ကျန်းမာစေသလို ဝမ်းမှန်စေဖို့နဲ့ အစာခြေစနစ်ထဲမှာ အကျိုးပြုဘက်တီးရီးယားတွေ တိုးစေဖို့ ထောက်ကူပေးပါတယ်။

  • နှလုံး ကျန်းမာစေတယ်

ဟိမဝန္တာ ဇီးဖြူသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာက အရောင်ကျစေနိုင်ပြီး နှလုံးကျန်းမာစေနိုင်သလို စိတ်ဖိစီးမှု ကင်းစေဖို့လည်း လုပ်ဆောင်ပေးပါတယ်။ သွေးတိုးကျစေသလို သွေးတွင်းကိုလက်စထရောကိုလည်း ကျဆင်းစေနိုင်ပါတယ်။

  • သွေးတွင်း သကြားဓာတ် ထိန်းပေးတယ်

ဟိမဝန္တာ ဇီးဖြူသီးက အင်ဆူလင် ထွက်ရှိမှု ကောင်းစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ အမျှင်ဓာတ် ပါဝင်နေမှုကလည်း ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

  • အသည်း ကျန်းမာစေတယ်

ဟိမဝန္တာ ဇီးဖြူသီးရော အရွက်ရောကပါ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝပြီး အသည်းရဲ့ လုပ်ဆောင်မှုတွေ ကောင်းမွန်စေဖို့ ကူညီပေးပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေ ဖယ်ရှားပေးမှုနဲ့အတူ အသည်းရဲ့ လုပ်ဆောင်မှုတွေ ကောင်းမွန်စေဖို့ ထောက်ကူပေးပါတယ်။

  • အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်

အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့အတွက်လည်း ဟိမဝန္တာ ဇီးဖြူသီးကို စားပေးလို့ ရပါတယ်။ ချောင်းဆိုးတာကို သက်သာစေသလို အသက်ရှူလမ်းကြောင်း ပိုးဝင်တာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

  • အရိုးသန်မာစေတယ်

သံဓာတ် နဲ့ ပရိုတင်း ကြွယ်ဝစွာ ပါဝင်နေတဲ့ ဟိမဝန္တာ ဇီးဖြူသီးက အရိုးတွေကို ကြံ့ခိုင်စေဖို့ အားဖြည့်ပေးသလို အဆစ်တွေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ အရိုးပွတာ၊ အရိုပါးတာမျိုး မဖြစ်စေဖို့ ကာကွယ်တဲ့ အနေနဲ့ စားပေးလို့လည်း ရပါတယ်။

  • မျက်လုံး ကျန်းမာစေတယ်

ဗီတာမင် A ပါဝင်နေတာက မျက်လုံး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ မျက်စိပြဿနာတွေကို ကာကွယ်ဖို့ဖြစ်ဖြစ် သက်သာစေဖို့ဖြစ်ဖြစ် ဟိမဝန္တာ ဇီးဖြူသီးကို စားပေးလို့ ရပါတယ်။

ဘာတွေ သတိထားရမလဲ

ဟိမဝန္တာ ဇီးဖြူသီးက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် သိပ္ပံနည်းကျ အတည်ပြုဖို့ လိုပါသေးတယ်။ သဘာဝကရတယ်ဆိုပေမဲ့ ဓာတု‌ဗေဒနည်းအရ သန့်စင်ထားတာမျိုး မရှိရင် ဥပါဒ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အထက်ပါရောဂါတွေ ဖြစ်လာခဲ့ရင် တတ်ကျွမ်းသူနဲ့သာ ပြသဖို့ အကြံပြုလိုပါတယ်။ ဒီဆောင်းပါးက ဗဟုသုတအနေနဲ့သာ မျှဝေထားခြင်း ဖြစ်ပါတယ်။

ဘယ်သူတွေ အသုံးမပြုသင့်ဘူးလဲ

ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေ၊ ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။ သာမန်သူတွေအနေနဲ့လည်း အလွန်အကျွံအသုံးပြုတာကို ရှောင်ကြဉ်သင့်ပါတယ်။ 

ဟိမဝန္တာ ဇီးဖြူသီး ဆေးဖက်ဝင်သလား!

ဟိမဝန္တာ ဇီးဖြူသီး ဆေးဖက်ဝင်သလား ဆိုတော့
  • ကိုယ်ခံအား ကောင်းစေတယ်
  • အစာခြေစနစ် ကျန်းမာစေတယ်
  • သွေးတိုးကျစေတယ်
  • သွေးချိုထိန်းပေးတယ်
  • ချောင်းဆိုး သက်သာစေတယ်
  • နှလုံးကျန်းမာစေတယ်
  • အသားအရေ ကျန်းမာစေတယ်
  • အသည်း ကျန်းမာစေတယ်
  • မျက်လုံး ကျန်းမာစေတယ်

# ကြက်မောက်သီးစေ့ စားလို့ရသလား!

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

Health benefits of Himalayan Gooseberry https://www.healthbenefitstimes.com/himalayan-gooseberry/ Accessed Date 24 August 2023

INDIAN GOOSEBERRY https://www.rxlist.com/indian_gooseberry/supplements.htm Accessed Date 24 August 2023

Amla (Gooseberry): Uses, Benefits & Side Effects https://pharmeasy.in/blog/amla-uses-benefits-side-effects/ Accessed Date 24 August 2023

8 benefits of gooseberries https://www.medicalnewstoday.com/articles/gooseberry-benefits Accessed Date 24 August 2023

Amla: Benefits, Uses For Hair and Health Conditions, Supplements And Recipes https://www.netmeds.com/health-library/post/amla-benefits-uses-for-hair-and-health-conditions-supplements-and-recipes Accessed Date 24 August 2023

ယခုပုံစံ

11/09/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန်မှာ ဇီးဖြူသီးစားလို့ရလား

ကြယ်ပုံစံ ဇီးဖြူသီးလေးတွေ ကပေးတဲ့ ကျန်းမာရေး


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 11/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement