backup og meta

သင်္ဘောကသစ်ပင် ဆေးဖက်ဝင်သလား!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 11/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်္ဘောကသစ်ပင် ဆေးဖက်ဝင်သလား!

    သင်္ဘောကသစ်ပင်ကို မြင်ဖူးသိဖူးသူ ရှားမှာပါ။ အနီရောင် အပွင့်လေးတွေ ပွင့်ပြီး အရွက်ကြောများများ အရွက်စိမ်း ဝိုင်းဝိုင်းလေးတွေ ရှိတဲ့အပင်တစ်မျိုးပါ။ ဒီလိုမျိုး အသွင်အပြင်အရ လှပတဲ့ သင်္ဘောကသစ်ပင် ဆေးဖက်ဝင်သလား ဆိုတာကို ပြောပြပေးချင်ပါတယ်။ 

    သင်္ဘောကသစ်ပင် ဆိုတာ

    သင်္ဘောကသစ်ပင် ဆိုတာက အပင် တစ်မျိုးပါ။ အရွက်၊ ပင်စည်၊ အပွင့်၊ အမြစ်၊ အသီး၊ အစေ့ စတာတွေ အားလုံးလိုလို ဆေးဖက်ဝင်တဲ့ အပင်မျိုးပါ။ အပင်က အပင်ကြီးလို့ ဆိုလို့ မရသလို အပင်ငယ်တော့လည်း မဟုတ်ပါဘူး။ အပွင့်နီနီလေးတွေ ပွင့်တတ်ပါတယ်။ အရွက်ကတော့ ပိန္နဲရွက်နဲ့ ခပ်ဆင်ဆင်ပါ။

    သင်္ဘောကသစ်ပင်က တောင်အမေရိက မျိုးရင်းပင်တစ်မျိုးပါ။ ရှေးယခင် ကာလတွေကတည်းက ဆေးဖက်ဝင်တဲ့ အပင်အဖြစ် အသုံးပြုခဲ့ကြပါတယ်။

    သင်္ဘောကသစ်ပင် ဆေးဖက်ဝင်သလား!

    သင်္ဘောကသစ်ပင် ဆေးဖက်ဝင်သလား ဆိုတော့ ဆေးဖက်ဝင်ပါတယ်။ ဘယ်လို ဆေးဖက်ဝင်သလဲ ဆိုတာကို ကိုယ်တိုင် လေ့လာကြည့်လိုက်ပါ။

    • အရောင်ကျစေနိုင်တယ်

    သင်္ဘောကသစ်ပင်မှာ ဖလေဗာနွိုက်နဲ့ phenolic acids လိုမျိုး အရောင်ကျစေနိုင်တဲ့ အာနိသင်တွေ ရှိပါတယ်။ ဒီအင်ဇိုင်းတွေက အရောင်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အဆစ်ရောင်တာ၊ ပန်းနာရင်ကျပ် နဲ့ ရောင်ရမ်းမှုတွေကို သက်သာစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။

    • အကိုက်အခဲ သက်သာစေတယ်

    သင်္ဘောကသစ်ပင်က နာကျင်ကိုက်ခဲတာကို သက်သာစေပါတယ်။ သင်္ဘောကသစ်ပင်ရဲ့ ပင်စည်အခေါက်နဲ့ အရွက်တွေက နာကျင်ကိုက်ခဲမှုကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်တာကို သက်သာစေဖို့၊ သွားကိုက်တာနဲ့ ကိုယ်လက်ကိုက်ခဲတာတွေကို နာကျင်ကိုက်ခဲမှု သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

    • ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်

    သင်္ဘောကသစ်ရဲ့ နောက်ထပ် အာနိသင် တစ်ခုကတော့ ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တာပါ။ သင်္ဘောကသစ်ပင်မှာ bioactive substanceတွေ ပါဝင်နေတာကြောင့် ဘက်တီးရီးယားတွေနဲ့  မှိုပိုးတွေကြောင့်  ထိခိုက်မှု မရှိစေဖို့ ထောက်ကူပေးပါတယ်။ 

    • ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတယ်

    သင်္ဘောကသစ်ပင်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးသလို ဆဲလ်တွေကို ထိခိုက်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ 

    • အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်

    သင်္ဘောကသစ်ပင်က ချောင်းဆိုးတာ၊ အဆုတ်ရောင်တာ၊ ပန်းနာရင်ကျပ်ဖြစ်တာတွေကို သက်သာစေဖို့ သင်္ဘောကသစ်ပင်ကို အသုံးပြုပေးလို့ ရပါတယ်။ ချွဲသလိပ်တွေကို သက်သာစေပြီး အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

    • အစာခြေစနစ် ကျန်းမာစေတယ်

    သင်္ဘောကသစ်ပင်ပင်ရဲ့ နောက်ထပ် အာနိသင်တစ်ခုက အစာခြေစနစ်ကို ကျန်းမာစေတာပါ။ လေပွတာ၊ လေအောင့်တာ၊ အစာမကြေတာတွေကို သက်သာစေဖို့အတွက် သင်္ဘောကသစ်ပင်ကို အသုံးပြုပေးလို့ ရပါတယ်။

    • အနာကျက်စေနိုင်တယ်

    ထိခိုက်ဒဏ်ရာရတာကို သက်သာစေဖို့အတွက် သင်္ဘောကသစ်ပင်ရဲ့ အခေါက်ကို သွေးပြီး လိမ်းပေးလို့ ရပါတယ်။ အသားအရေကို ကျန်းမာစေပြီး အရေပြား ပိုးဝင်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အရေပြား တစ်ရှူးတွေကို အနာကျက်စေနိုင်ပြီး အရေပြားမှာဖြစ်တဲ့ အရေပြားပြဿနာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

    ဘာတွေ သတိထားရမလဲ!

    သင်္ဘောကသစ်ပင်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် အလွန်အကျွံ သုံးတာမျိုး မလုပ်ဖို့ လိုပါမယ်။ အစာခြေစနစ် ပြဿနာတွေ ခံစားရနိုင်သလို အာရုံကြောထိခိုက်တာ၊ နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေ ခံစားရတာ၊ အသက်ရှူလမ်းကြောင်း ထိခိုက်တာ၊  အရေပြားဓာတ်မတည့်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

    သင်္ဘောကသစ်ပင်က ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် တန်ဆေး လွန်ဘေးဆိုသလို အများကြီး မသုံးသင့်ပါဘူး။ ရောဂါ အခံရှိသူတွေ၊ ကျန်းမာရေးပြဿနာတွေကြောင့် ဆေးသောက်နေရသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေအနေနဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။

    သင်္ဘောကသစ်ပင်နဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါတယ်။

    သင်္ဘောကသစ်ပင် ဆေးဖက်ဝင်ပါတယ်

    သင်္ဘောကသစ်ပင်က
    • အရောင်ကျစေတယ်
    • အကိုက်အခဲ သက်သာစေတယ်
    • ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်
    • ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတယ်
    • အသက်ရှူလမ်းကြောင်း ကျန်းမာတယ်
    • အစာခြေစနစ် ကျန်းမာတယ်
    • အနာကျက်စေတယ်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 11/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement