backup og meta

ဇီဇဝါပန်း ဆေးဖက်ဝင်သလား !

ဇီဇဝါပန်း ဆေးဖက်ဝင်သလား !

အနံ့လေးရရင် အမောပြေစေပြီး အဆင်းလေးများ မြင်ရရင် နှစ်ခြိုက်သဘောကျစရာကောင်းတဲ့ ဇီဇဝါပန်းလေးကို မသိသူကတော့ ခပ်ရှားရှားပါ။ ခြံစည်းရိုးပန်းပင် အဖြစ် စိုက်ပျိုးကြတာမျိုး ရှိသလို အလှစိုက်တာမျိုးတွေလည်း ရှိပါတယ်။ ဒီလို ချစ်စရာကောင်းတဲ့ ဇီဇဝါပန်း ဆေးဖက်ဝင်သလား ဆိုတာကို တွေးမိဖူးလား ….. ဒီတစ်ခေါက်တော့ ချစ်စရာကောင်းတဲ့ ဇီဇဝါပန်းလေးက ဆေးဖက်ဝင်သလား… ဘယ်လိုမျိုး ဆေးဖက်ဝင်တာလဲ… ဆိုတာကို ပြောပြပေးသွားချင်ပါတယ်။

ဇီဇဝါပန်း ဆိုတာ

ဇီဇဝါပန်းဆိုတာက အလယ်မှာ ဝတ်ဆံတိုင်လေးပါပြီး ရွက်ဖက်အဖြူနှစ်ရောင်လေးတွေ အထပ်အထပ်နဲ့ ရှိပြီး အညှာတံက စိမ်းရောင်ဖျော့ဖျော့လေးပါ။ အရွက်လေးတွေကတော့ သိပ်မရှည် သိပ်မဝိုင်းဘဲ အစိမ်းရင့်ရောင် စိုစိုလေးရှိပြီး ရွက်ကြောဖြာဖြာလေး ရှိပါတယ်။ 

ဇီဇဝါပန်း ဆေးဖက်ဝင်သလား !

ဇီဇဝါပန်း ဆေးဖက်ဝင်သလား ဆိုတော့ ဆေးဖက်ဝင်ပါတယ်။ ဘယ်လိုဆေးဖက်ဝင်သလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား …..

  • အရောင်ကျစေနိုင်တယ်

ဇီဇဝါပန်းမှာ ပါဝင်နေတဲ့ ဒြပ်ပေါင်း ၂ မျိုးဖြစ်တဲ့  genipocytes နဲ့ genipins တို့က အရောင်ကျစေနိုင်ပါတယ်။ ခန္ဓာကိုယ်ကို ရောဂါပိုး‌တွေနဲ့ ပြင်ပက ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာတွေကြောင့် ထိခိုက်မှုကနေ ကာကွယ်ပေးပါတယ်။ 

ကိုယ်တွင်းမှာ သွေးဖြူဥဆဲလ် ထွက်ရှိမှု တိုးစေပြီး ဖရီးရက်ဒီကယ်လ်တွေကြောင့် ထိခိုက်မှု ကင်းစေပါတယ်။ 

  • စိတ်ဓာတ်ကျတာကို သက်သာစေတယ်

ဇီဇဝါပန်းရဲ့ ရနံ့က စိတ်ခံစားမှု ကောင်းစေပြီး စိတ်အပန်းပြေစေသလို စိတ်လက်အပန်းပြေစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ အာရုံကြောဆဲလ်တွေကို အနားရစေပြီး စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်ပါတယ်။ ကောင်းကောင်း အိပ်ပျော်စေဖို့လည်း ထောက်ကူပေးနိုင်ပါသေးတယ်။

  • ကိုယ်အလေးချိန် ထိန်းညှိပေးတယ်

မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုအရ ဇီဇဝါပန်းပင်ရဲ့ အဆီအနှစ်က ကိုယ်တွင်းအဆီပိုတွေကို ဖယ်ရှားပေးနိုင်သလို ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ ပါဝင်နေတာကြောင့် အဝလွန်တာမျိုး မဖြစ်အော်င ကာကွယ်ပေးပါတယ်။ 

  • အစာခြေစနစ် ကျန်းမာစေတယ်

ဇီဇဝါပန်းမှာ genipin နဲ့ ursolic အက်ဆစ်တွေ ပါဝင်နေပြီး အစာခြေစနစ်ကို ကျန်းမာစေဖို့ ထောက်ကူပေး ပါတယ်။ အစာအိမ်ရောင်တာ၊ အစာအိမ်အနာ၊ အစာခြေအက်ဆစ် ပြန်ဆန်တက်တာ၊ အစာအိမ်ပိုးဝင်တာမျိုးတွေကို သက်သာစေဖို့ လုပ်ဆောင်ပေးပါတယ်။ 

  • သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်

နောက်ထပ် အာနိသင် တစ်ခုကတော့ ဇီဇဝါပင်ရဲ့ အဆီအနှစ်က ကိုယ်တွင်းက အဆီတွေကို ဖယ်ရှားပေးနိုင်သလို အင်ဆူလင် ထွက်ရှိအောင် လှုံ့ဆော်ပေးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ 

  • သွေးလည်ပတ်မှု ကောင်းစေတယ်

ကိုယ်လက်လှုပ်ရှားမှု နည်းမယ်ဆိုရင် သွေးလည်ပတ်မှုလည်း မကောင်းနိုင်ပါဘူး။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ဖို့ လိုပါမယ်။ ဒီနေရာမှာ ကိုယ်လက်လှုပ်ရှားမှု လုပ်တာနဲ့အတူ သွေးလည်ပတ်မှု ကောင်းစေဖို့ အသုံးပြုပေးလို့ ရတာလေး တစ်ခု ရှိပါတယ်။ ဒါကတော့ ဇီဇဝါပန်းရဲ့ အဆီအနှစ်ပါ။ ဇီဇဝါပန်း အဆီအနှစ်က သွေးလည်ပတ်မှု ကောင်းစေပြီး ကိုယ်တွင်းမှာ လုံလောက်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရတွေကို ရရှိစေဖို့ ကူညီပေးပါတယ်။ 

  • နာကျင်မှုကို သက်သာစေတယ်

အထိုင်များတာ၊ လှုပ်ရှားမှု များတာ စသဖြင့် အမျိုးမျိုးသော အကြောင်းအရင်းတွေကြောင့် နာကျင်တာမျိုးတွေ ခံစားရမယ်ဆိုရင် သက်သာစေဖို့ ဇီဇဝါပန်းကို အသုံးပြုပေးလို့ ရပါတယ်။ ဇီဇဝါပန်းက နာကျင်မှုကို သက်သာစေနိုင်သလို အရိုးအကြောနဲ့ ကြွက်သားတွေကို သက်တောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။ 

ခေါင်းကိုက်တာ၊ ကြွက်သားတွေ ကိုက်ခဲတာကို သက်သာစေသလို ခြေကုန်လက်ပမ်းကျတာကိုလည်း သက်သာစေနိုင်ပါတယ်။ 

  • အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်

ဇီဇဝါပန်းရဲ့ ရနံ့က စိတ်ခံစားမှု ကောင်းစေသလို အသက်ရှူလမ်းကြောင်းကိုလည်း ကျန်းမာစေနိုင်ပါတယ်။ နှာခေါင်းပိတ်တာ၊ ရင်ကြပ်တာတွေကို သက်သာစေဖို့ ဇီဇဝါပန်းအဆီကို ရေနွေးထဲ ထည့်ပြီး ရေနွေးငွေ့ရှူပေးလို့ ရပါတယ်။ 

  • သိမြင်မှုစွမ်းရည် ကောင်းစေတယ်

ဇီဇဝါပန်းကို လူကြီးမိဘတွေမှာ မှတ်မိနိုင်စွမ်းကျလာတာ၊ သိမြင်မှုစွမ်းရည် ကျဆင်းလာတာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ဦးနှောက်ကို ကျန်းမာစေပြီး လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ မှတ်မိနိုင်စွမ်း ကျဆင်းတာကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။ 

  • ဆီးလမ်းကြောင်း ကျန်းမာစေတယ်

ဆီးလမ်းကြောင်း ပိုးဝင်တာ အပါအဝင် ဆီးလမ်းကြောင်းမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေကို သက်သာစေဖို့ ဇီဇဝါပန်းကို အသုံးပြုပေးလို့ ရပါတယ်။ ဇီဇဝါပန်းမှာ ပိုတက်ဆီယမ်နဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်နေတာက ကျောက်ကပ်ကို ထိခိုက်မှု ကင်းစေဖို့ ကာကွယ်ပေးပြီး ဆီးလမ်းကြောင်း ကျန်းမာစေဖို့ လုပ်ဆောင်ပေးပါတယ်။ 

  • အသားအရေ ကျန်းမာစေတယ်

အသားအရေ ခြောက်သွေ့မွဲခြောက်လို့ စိတ်ညစ်နေပြီလား! ဒါဆိုရင်တော့ ဇီဇဝါပန်းလေးကို အသုံးပြုပေးလို့ ရပါတယ်။ ဇီဇဝါပန်းက အရေပြားကို အစိုဓာတ် ထိန်းပေးပြီး အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးသလို ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေဖို့လည်း ထောက်ကူပေးပါတယ်။

ဘာတွေ သတိထားရမလဲ!

ဇီဇဝါပန်းက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် တန်ဆေး လွန်ဘေးဆိုသလို အများကြီး မသုံးသင့်ပါဘူး။ ရောဂါ အခံရှိသူတွေ၊ ကျန်းမာရေးပြဿနာတွေကြောင့် ဆေးသောက်နေရသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေအနေနဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။

ဇီဇဝါပန်းနဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါတယ်။

ဇီဇဝါပန်း ဆေးဖက်ဝင်ပါတယ်

ဇီဇဝါပန်းလေးက
  • အရောင်ကျစေတယ်
  • စိတ်ကျန်းမာရေး ကောင်းစေတယ်
  • ကိုယ်အလေးချိန် ထိန်းပေးတယ်
  • သွေးလည်ပတ်မှု ကောင်းစေတယ်
  • သွေးတွင်းသကြားဓာတ် ထိန်းပေးတယ်
  • နာကျင်မှု သက်သာစေတယ်
  • အသားအရေ ကျန်းမာစေတယ်
  • ဆီးလမ်းကြောင်း ကျန်းမာစေတယ်
  • အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်။

# တတိုင်းမွှေး ဆေးဖက်ဝင်ပါတယ်

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

Top 6 Benefits of Gardenia Flowers & Gardenia Essential Oil https://draxe.com/essential-oils/gardenia/ Accessed Date 1 June 2023

12 Gardenia Benefits You Should Know Early https://plantscraze.com/gardenia-benefits/ Accessed Date 1 June 2023

The medicinal plants of Myanmar https://www.ncbi.nlm.nih.gov/pmc/articles/PMC6033956/ Accessed Date 1 June 2023

Gardenia Coronaria https://www.herbal-organic.com/en/herb/25315 Accessed Date 1 June 2023

GARDENIA https://www.rxlist.com/gardenia/supplements.htm Accessed Date 1 June 2023

ယခုပုံစံ

05/12/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကံ့ကော်ပန်း နဲ့ ကျန်းမာရေး

ဒေါနပန်း ဆေးဖက်ဝင်လား။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement