ဝိုင်နီကြိုက်သူတွေနဲ့ ဝိုင်ဖြူ ကြိုက်သူတွေ ပြိုင်ကြမယ်။ ဘယ်ဝိုင်က ကျန်းမာရေးအတွက် ပိုကောင်းလဲ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ကျန်းမာရေး ဗဟုသုတရှိသူတိုင်း သိထားကြတာက ဝိုင်ကို သင့်တင့်တဲ့ ပမာဏလောက်သာ သောက်မယ်ဆိုရင် ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာပါပဲ။ ဒီနေရာမှာ ပြောစရာရှိတာက ဝိုင်နီနဲ့ ဝိုင်ဖြူဆိုပြီး ၂ မျိုးရှိတဲ့အတွက် ဘယ်ဝိုင်က ကျန်းမာရေးကို ပိုအထောက်အကူပြုလဲဆိုတာပါပဲ။ ကဲ ဘယ်ဝိုင်က ကျန်းမာရေးအတွက် ပိုကောင်းလဲ ။ ။

ဝိုင်ဆိုတာ ဘာလဲ။ ။

ဝိုင်တိုင်းကတော့ စပျစ်သီးကို အများဆုံးအခြေခံပြီး ထုတ်ထားတာပါ။ စပျစ်သီးကို ကြိတ်ခြေပြီး စည်ပိုင်းတွေထဲထည့်ကာ အချဉ်ဖောက်ထားတာဖြစ်ပါတယ်။ ဝိုင်နီ နဲ့ ဝိုင်ဖြူဆိုပြီး ကွဲသွားတဲ့ အကြောင်းကတော့ ဝိုင်နီမှာ စပျစ်သီးအခွံပါပြီး ဝိုင်ဖြူကိုတော့ စပျစ်သီးအခွံမပါအောင် လုပ်ထားတာဖြစ်လို့ အရောင်ကွဲသွားရတာဖြစ်ပါတယ်။

ဝိုင်နီနဲ့ ဝိုင်ဖြူ ဘယ်ဝိုင်က ကျန်းမာရေးအတွက် ပိုကောင်းလဲ ။ ။

Resveratrol (Polyphenol)

တကယ့်ကိုမှ ဒိတ်ဒိတ်ကျဲ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်တဲ့ Polyphenol ဟာ စပျစ်သီးအခွံမှာ အများဆုံးပါပါတယ်။ Polyphenol ဟာ မကောင်းတဲ့ ကိုလက်စရောတွေကို လျော့ကျစေပြီး သွေးကြောကျဉ်းြခင်းကို ကာကွယ်ပေးလို့ နှလုံးရောဂါကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုပါ။

Resveratrol ရဲ့ အခြားအားသာချက်တွေကတော့

  • အဆစ်အမြစ်တွေရဲ့ အရွတ်ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။
  • အင်ဆူလင်ရဲ့ အာရုံခံနိုင်စွမ်းကို မြင့်တက်စေတာကြောင့် ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုး ဖြစ်ပွားမှုနှုန်းကို လျော့ကျစေပါတယ်။
  • အယ်ဇိုင်းမားရောဂါကို အဓိကဖြစ်စေတဲ့ beta-amyloids တွေ ဦးနှောက်တွင်း ပွားလာမှုနှုန်းကိုလည်း ကာကွယ်ပေးပါတယ်။
  • ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်တာကြောင့် ကင်ဆာရောဂါတွေကနေလည်း ကာကွယ်ပေးပါတယ်။

ပါဝင်တဲ့ အာဟာရတန်ဖိုး။ ။

ဝိုင်နီရော ဝိုင်ဖြူရော နှစ်ခုလုံးဟာ စပျစ်သီးကနေ ထုတ်ထားတယ်ဆိုပေမယ့် ပါဝင်တဲ့ အာဟာရတန်ဖိုးကတော့ နည်းနည်း ကွာခြားမှုရှိပါတယ်။

  • ဝိုင်နီတစ်ခွက်မှာ ကာဘိုဟိုက်ဒရိတ် ၄ ဂရမ်လောက်ပါပြီး ဝိုင်ဖြူတစ်ခွက်မှာတော့ ကာဘိုဟိုက်ဒရိတ် ၅ ဂရမ်လောက်ပါပါတယ်။
  • အရက်ပါဝင်မှု နှုန်းကတော့ ဝိုင်နီမှာ အရက် ၃.၁ ဂရမ်လောက်ပါပြီး ဝိုင်ဖြူမှာ အရက် ၂.၉ ဂရမ်လောက်ပါပါတယ်။
  • ကယ်လိုရီချင်းယှဉ်ရင် ဝိုင်နီတစ်ခွက်မှာ ၁၂၅ ကယ်လိုရီပါပြီး ဝိုင်ဖြူတစ်ခွက်မှာတော့ ကယ်လိုရီ ၁၁၅ သာပါပါတယ်။

သင့်တင့်တဲ့ ပမာဏသာသောက်တဲ့သူတွေအတွက် ဝိုင်နီက ဝိုင်ဖြူထက်စာရင် ကျန်းမာရေးအတွက် ပိုသင့်တော်တယ်လို့ အားလုံးက လက်ခံထားကြပါတယ်။ ဒါဟာ ဝိုင်နီမှာပါတဲ့ စပျစ်သီးအခွံကြောင့်ဖြစ်ရတာပါ။ စပျစ်သီးအခွံမှာပါတဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေကြောင့်သာ ဝိုင်နီဟာ ဝိုင်ဖြူထက် ပိုပြီးကျန်းမာရေးနဲ့ ညီညွတ်နေရခြင်းဖြစ်ပါတယ်။

ဒါဆို ဝိုင်ဖြူကရော ကျန်းမာရေးနဲ့ မညီညွတ်တော့ဘူးလား။

ဝိုင်ဖြူကလည်း ဝိုင်နီလိုပဲ ကျန်းမာရေးအတွက် အထောက်အကူပြုပေမယ့် စပျစ်သီးအခွံမပါတာကြောင့်သာ ဝိုင်နီထက် ကျန်းမာရေးကို အထောက်အကူပြုတဲ့အပိုင်း နည်းသွားရခြင်းဖြစ်ပါတယ်။

ကဲ ခုလောက်ဆို ဝိုင်နီက ဝိုင်ဖြူထက်စာရင် ကျန်းမာရေးကို ပိုအထောက်အကူပြုတယ်ဆိုတာ သိလောက်ပြီလိုကထင်ပါတယ်။ ဒါပေမယ့် သင့်တင့်တဲ့ ပမာဏကိုသာ သောက်မိဖို့တော့လိုပါတယ်။

သင့်တင့်တဲ့ပမာဏဆိုတာ ဘယ်လောက်ကိုပြောတာလဲ။ ။

သင့်တင့်တဲ့ ပမာဏ ဆိုတာ ဝိုင်နီပဲဖြစ်ဖြစ် ဝိုင်ဖြူပဲဖြစ်ဖြစ်

  • အမျိုးသားတွေဆို တစ်နေ့ ၂ ခွက်
  • အမျိုးသမီးတွေအတွက် ဆို တစ်နေ့ ၁ ခွက်လောက် သောက်ပေးတာကို ပြောတာပါ။

အဲ့ဒီ အရေအတွက်ထက်ပိုသောက်ရင်တော့ ဝိုင်ကနေ ရတဲ့ ကောင်းကျိုးတွေက ဆိုးကျိုးတွေ အဖြစ်ကို ပြောင်းလဲသွားပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ရနံ့ကုထုံး (Aromatherapy) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ရနံ့ကုထုံး (Aromatherapy) ကို essential oil therapy လို့လည်း ခေါ်ကြပါတယ်။ ရှေးရိုးရာနည်းလမ်းတစ်ရပ်ပေါ့။ စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းစေဖို့ အသုံးပြုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths (၈) ခု

ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths (၈) ခု အကြောင်းကို ပြောပြချင်ပါတယ်။ ဘာလို့လဲဆိုရင် Myth တွေဟာ လူတွေရဲ့ ကျန်းမာရေးကို အများကြီး ဒုက္ခပေးတတ်တာကြောင့်ပါ

ရေးသားသူ Ye Zon Aung

ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

အမျိုးသားတွေဟာ သူတို့ရဲ့ လိင်မှုစွမ်းဆောင်ရည် အားနည်းနေပြီ၊ ကျဆင်းလာနေပြီဆိုတာကို ထုတ်ပြောဖို့ သပ်ပြီး တွန့်ဆုတ်တတ်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths တွေ အများကြီးကို ကြားမိနေနိုင်ပါတယ်။ ဒီအချက်တွေက တကယ်ရော မှန်ရဲ့လား။ ယုံကြည်သင့်ရဲ့လား။ သတင်း အမှန်တွေက ဘာတွေလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
နှလုံးရောဂါနှင့် ဆီကြော်အစားအစာ များ

နှလုံးရောဂါနှင့် ဆီကြော်အစားအစာ များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read