အိပ်စက်ခြင်း

ကျွန်ုပ်တို့ အားလုံးဟာ ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ လိုပါမယ်။ ဒါပေမယ့် ယနေ့ခေတ်ရဲ့ မနားမနေ ကြိုးပမ်းနေရတဲ့ ဘဝနေထိုင်မှုပုံစံကြောင့် ကျန်းမာစွာ နေထိုင်မှုပုံစံ နဲ့ ပြည့်ဝတဲ့ အိပ်စက်အနားယူမှုတွေက စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။ ဒီကဏ္ဍမှာ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျ အချက်အလက်တွ နဲ့ ညဘက်တွေမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိစေမယ့် နည်းလမ်းတွေကို ဖတ်ရှု့နိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အိပ်စက်ခြင်း

နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တာ ဘာကြောင့်လဲ

နေ့ခင်းဘက်တွေ၊ ညနေစောင်းတွေ အိပ်ပြီး နိုးလာရင် ငြီးစီစီဖြစ်ပြီး နေလို့ မကောင်းတာမျိုး ကြုံဖူးပါသလား။ လူက ငေါင်တောင်တောင်နဲ့ လန်းလည်း မလန်း၊ ခေါင်းကိုက်သလိုလို၊ နေမကောင်းချင်သလို ဖြစ်နေတာမျိုးပေါ့။ ဒီလိုမျိုး နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တာ ဘာကြောင့်လဲ။ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးပါ့မယ်။ နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တဲ့ ပြဿနာဆိုတာ ဒါကို Sleep inertia လို့ ခေါ်ပါတယ်။ နေ့ခင်းဘက်ဆိုပေမယ့် ညနေစောင်းနဲ့ မနက်အိပ်ရာထချိန်တွေမှာလည်း ဖြစ်တတ်ပါတယ်။ ရောဂါရယ်လို့တော့ မဟုတ်ပေမယ့် အိပ်ရာက နိုးလာတဲ့အခါ လူက လေးလေးကြီးနဲ့ နေလို့ မကောင်းတာမျိုးပါ။ Sleep inertiaက အိပ်ရာကနိုးပြီး နာရီဝက်၊ တစ်နာရီလောက်ထိ ဖြစ်တတ်ပေမယ့် တချို့သူတွေမှာ ၂နာရီလောက်ထိ ကြာတာကို တွေ့ရပါတယ်။ အကြာကြီး အိပ်ထားတာ၊ နေ့ခင်းမှာ မိနစ်၃၀ထက် […]

အိပ်စက်ခြင်း ကို ရှာဖွေမည်။

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ကျန်းမာအောင် ပုံစံမှန်မှန် အိပ်ကြမယ်

လူတစ်ယောက်နဲ့ တစ်ယောက် အိပ်စက်မှုပုံစံ မတူကြပါဘူး။ တချို့ဆို စအိပ်စက တစ်ပုံစံ၊ ညလယ်ရောက်တော့ တစ်ပုံစံ မနက်လင်းတော့ တစ်ပုံစံ ဖြစ်နေတာမျိုးတွေတောင် ရှိကြပါတယ်။ ဒီလို အိပ်စက်တဲ့အခါ အိပ်ပျော်စေတဲ့ ပုံစံ အမျိုးမျိုးနဲ့ အိပ်ကြတာ မှန်ပေမယ့် အိပ်စက်မှု ပုံစံ မမှန်ရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကျန်းမာအောင် ပုံစံမှန်မှန် ဘယ်လို အိပ်ကြမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ အိပ်စက်မှုက အနားယူမှု တစ်ရပ်ပါ အိပ်စက်တာက ခန္ဓာကိုယ်ကို အနားယူတာပါ။ ညအိပ်ရာဝင်ချိန်မှာ အကြောတွေကို ဖြေလျှော့ပြီး အိပ်စက်တာက အိပ်ရေးဝဝ အိပ်ပျော်စေပြီး စိတ်ရောကိုယ်ပါ တက်ကြွ လန်းဆန်းစွာနဲ့ နိုးထနိုင်မှာပါ။ တစ်ညတာကို အနည်းဆုံး အိပ်ချိန် ၆ နာရီရှိအောင် အိပ်စက်မှ ပြည့်ဝတဲ့ အနားယူမှုကို ရရှိမှာပါ။ တကယ်လို့ ညတိုင်းလိုလို ၆ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ညဘက်တိုင်းမှာ ကောင်းကောင်းအိပ်ပျော်အောင် ထောက်ကူပေးမယ့် လေ့ကျင့်ခန်းလေးတွေ

မနက်နိုးလာလို့ မှန်ထဲ ကြည့်မိလိုက်တိုင်း မျက်လုံးတွေက မလန်းမဆန်း၊ မျက်ကွင်းတွေကညို၊ ခေါင်းထဲမှာက ငြီးစီစီနဲ့ အိပ်ရေးမဝ ဖြစ်ဖြစ်နေလို့ စိတ်ညစ်နေပြီလား။ ကောင်းကောင်းအိပ်ပျော်အောင် ဘယ်လို လုပ်ရမလဲဆိုပြီး တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဒီဆောင်းပါးလေးမှာ အိပ်ပျက်ညတွေ မဖြစ်အောင် ထောက်ကူပေးနိုင်မယ့် လေ့ကျင့်ခန်းလေးတွေအကြောင်း ပြောပြပေးသွားပါမယ်။ ညဘက်တိုင်းမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ဘာလုပ်ကြမလဲ။ ညဘက်တိုင်းမှာ ကောင်းကောင်းအိပ်ပျော်အောင် အစားအစာတွေကို စားသုံးပေးလို့ရသလို သောက်စရာလေးတွေကို သောက်ပေးလို့လည်း ရပါတယ်။ ဒီလို မစားလည်း မစားချင်ဘူး။ မသောက်လည်း မသောက်ချင်ဘူးဆိုသူတွေအတွက်ကတော့ လေ့ကျင့်ခန်း လုပ်လို့ ရပါတယ်။ လေ့ကျင့်ခန်း လုပ်တာက ညဘက်တိုင်းမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ ဘယ်လို လေ့ကျင့်ခန်းတွေက ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ညဘက်တိုင်းမှာ ကောင်းကောင်းအိပ်ပျော်အောင် […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်ချိန်အကြွေး တွေကို ပြန်ဆပ်လို့ရလား။

ဒီနေ့တော့ အိပ်ရေး ပျက်သွားပြီ။ ပြဿနာမရှိပါဘူး။ ပိတ်ရက်ကျ ပေါင်းအိပ်လိုက်မှာပေါ့ ဆိုတာမျိုးကို တွေးဖူးကြမှာပါ။ လူတစ်ယောက် တစ်နေ့ကို ၇-၉နာရီလောက် အိပ်ရမယ်ဆိုပေမယ့် အိပ်ချိန်မပြည့်နိုင်တဲ့အခါ အကြွေးတွေ တင်လာပါတယ်။ ဒီလိုမျိုး အိပ်ချိန်အကြွေး တွေ တင်လာတာက ကျန်းမာရေးထိခိုက်လာနိုင်ပါတယ်။ အိပ်ချိန်အကြွေး ဆိုတာ အိပ်ချိန်အကြွေးဆိုတာ အိပ်သင့်တဲ့ အချိန်နဲ့ တကယ်အိပ်ဖြစ်တဲ့အချိန်ကြားက ကွာဟချက်ပါ။ ဥပမာ လူတစ်ယောက်က တစ်ညကို ၈နာရီ အိပ်သင့်တယ်။ ဒါပေမယ့် တကယ်တမ်း ၆နာရီပဲ အိပ်ဖြစ်တယ်ဆိုရင် ၂နာရီစာ အကြွေးတင်နေမှာပါ။ အိပ်ချိန်အကြွေးတွေက တိုးရင်းပေါင်း တက်လာတတ်ပါတယ်။ အများစုက အိပ်ချိန်အကြွေးတွေကို နောက်မှပေါင်းအိပ်မယ်လို့ တွေးထားတဲ့အတွက် ဒီညလည်း နောက်ညတွေမှာလည်း မအိပ်ဘဲ နေတတ်ကြပါတယ်။ အိပ်ချိန်အကြွေးအများစုက ညဘက်ဂိမ်းဆော့တာ၊ ရုပ်ရှင်ကြည့်တာတွေကနေ လာတာပဲ ဖြစ်ပါတယ်။ ပိုဆိုးတဲ့အချက်က အိပ်ချိန်မပြည့်ပေမယ့်လည်း လူက သိသိသာသာ ကျန်းမာရေး […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ညဘက်အိပ်တဲ့အခါ အမှောင်ချ အိပ်တာ ကောင်းသလား

သင်က ညဘက်အိပ်ရင် မီးဖွင့်ထားမှ အိပ်ပျော်တယ်။ အသက်ရှူချောင်တယ်ဆိုတဲ့သူလား။ ဒါမှမဟုတ် မီးမှောင်နေမှ အိပ်ပျော်တာလား။ ညဘက်အိပ်ရင် မီးဖွင့်ပြီး အိပ်တာကောင်းတယ်ထင်လား။ ညဘက်အိပ်တဲ့အခါ အမှောင်ချ အိပ်တာ ကောင်းတယ်ထင်လား။ အဖြေလေး မပေးခင် ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ဦးနော်။ ညဘက်အိပ်တဲ့အခါ အမှောင်ချ အိပ်တာ ကောင်းသလား ညဘက်အိပ်တဲ့အခါ အမှောင်ချ အိပ်တာ ကောင်းသလား ဆိုတော့ အမှောင် ကြောက်တတ်သူတွေကတော့ မကောင်းဘူးလို့ ပြောကောင်းပြောနိုင်ပေမယ့် အမှောင်မကြောက်သူတွေကတော့ သတင်းကောင်းပါ။ ညဘက်အိပ်တဲ့အခါ အမှောင်ချ အိပ်တာက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။ အိပ်ပျော်လွယ်စေတယ် ညအိပ်ချိန်မှာ အလင်းရောင်ကို မှိန်မှန်လေး ထားတာ၊ အိပ်ခန်းမီးတွေ အားလုံးပိတ်ပြီး အမှောင်ချ အိပ်တာက သက်သောင့်သက်သာ ဖြစ်စေပြီး မြန်မြန် အိပ်ပျော်အောင် ထောက်ကူပေးနိုင်တဲ့ မယ်လ်လာတိုနင် ထွက်ရှိမှုကို လှုံ့ဆော်ပေးပါတယ်။ ညဘက်အိပ်တဲ့အခါ မီးဖွင့်အိပ်တာက […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

မီးဖွင့် အိပ်မလား မီးပိတ်အိပ်မလား

အိပ်တဲ့အခါ ဖြစ်သင့်တာကတော့ မီးပိတ်ပြီး သက်သောင့်သက်သာ အိပ်သင့်တာပေါ့နော်။ ဒါပေမယ့် လူတိုင်းကတော့ မီးပိတ်ပြီး အိပ်ဖို့ အဆင်မပြေပါဘူး။ တချို့က အမှောင်ထဲမှာ နေရတာ ကြောက်တဲ့အတွက် မီးဖွင့် ပြီးမှ အိပ်တတ်ကြတာမျိုးလည်း ရှိပါတယ်။ မီးဖွင့်ပြီး အိပ်တာက ယေဘူယျအားဖြင့်တော့ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုပေမယ့် ဒီလိုပဲ အိပ်တတ်ရင် ဘယ်လိုလုပ်ကြမလဲ။ မီးအလင်းရောင်နဲ့ အိပ်စက်ခြင်း မီးအလင်းရောင် အထူးသဖြင့် ညမှာ ဖွင့်ထားတတ်တဲ့ မီးချောင်းတွေ၊ မီးလုံးတွေက အိပ်စက်ခြင်းအပေါ် သက်ရောက်မှု ရှိပါတယ်။ ကိုယ်ထဲမှာ ဇီဝနာရီဆိုတာရှိပါတယ်။ ဒီဇီဝနာရီက အလင်းရောင်ကို ကောင်းကောင်းတုံ့ပြန်နိုင်ပါတယ်။ ဆိုလိုတာက လင်းနေတဲ့အချိန်ဆိုရင် ခန္ဓာကိုယ်က နေ့ဘက်လို့ မှတ်ယူပြီး လူကို လန်းနေအောင် လုပ်ထားပါတယ်။ မှောင်နေမှ ညရောက်နေပြီလို့ သတ်မှတ်ပြီး အိပ်ချင်စိတ်ပေါ်လာပါတယ်။ ဒါက ခန္ဓာသိ သဘာဝဖြစ်စဉ်ပါ။ ဒါကြောင့် […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

ဒေါသတွေနဲ့ အိပ်ရာ မဝင်ပါနဲ့

ညဘက် အိပ်ချိန်ဆိုတာက တစ်နေ့တာလုံး ပင်ပန်းသမျှကို အနားယူတဲ့ ကာလပါ။ ဒီလို တစ်နေ့တာ ပင်ပန်းခဲ့သမျှကို အနားယူတဲ့ အိပ်စက်ချိန်မှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိစေဖို့အတွက် စိတ်ရောကိုယ်ပါ သက်သောင့်သက်သာ ဖြစ်နေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒီလိုမျိုး အိပ်စက် အနားယူချိန်မှာ ဒေါသတွေနဲ့ အိပ်ရာ မဝင်ပါနဲ့ လို့ပြောပါရ​စေ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။ အိပ်ရေး ဝဝအိပ်စက်ခြင်းက ကျန်းမာစေတယ်။ ကျန်းမာပျော်ရွှင်တဲ့ လူသားတစ်ယောက် ဖြစ်ဖို့ဆိုရင် တစ်ညတာကို အနည်းဆုံး အိပ်ချိန် ၆ နာရီ ရှိဖို့လိုပါမယ်။ ဘေဘီလေးတွေဆိုရင် ၈ နာရီနဲ့ ၈ နာရီအထက် လိုအပ်မှာ ဖြစ်ပါတယ်။ ဒါမှလည်း ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အင်အားတွေကို ပြည့်ဝစေမှာ ဖြစ်ပြီး ဆီးချို၊ သွေးတိုးတို့လိုမျိုး နာတာရှည် […]


အိပ်စက်ခြင်း

ကျန်းမာစေတဲ့ အိပ်စက်ခြင်း ဆိုတာ

အိပ်စက်ခြင်း ဆိုတာ အလုံးစုံကျန်းမာရေးအတွက် အခြေခံကျတဲ့ အချက်ပါ။ တစ်နေ့တာရဲ့ ၃ပုံ ၁ပုံလောက်ကို အချိန်ပေးရလောက်အောင်ကို အိပ်စက်ခြင်းက အရေးကြီးပါတယ်။ ကောင်းမွန်တဲ့ အိပ်စက်ခြင်းဆိုတာ ဘာကို ခေါ်တာလဲ။ အိပ်စက်ခြင်းက ခန္ဓာကိုယ်ကို ဘယ်လိုသက်ရောက်စေလဲဆိုတာ လေ့လာကြည့်ရအောင်။ အိပ်စက်ခြင်း က ခန္ဓာကိုယ်ကို ဘယ်လို သက်ရောက်စေသလဲ။ အိပ်ရေးဝတဲ့သူဆို သိသာပါတယ်။ အားအင်အပြည့်နဲ့ လန်းဆန်းနေမှာပါ။ အိပ်ရေးဝတဲ့ ရက်တွေဆို သင်ယူရတာ လည်း ခေါင်းထဲ ပိုဝင်သလို၊ စိတ်နဲ့ ကိုယ်နဲ့လည်း ကပ်ပါတယ်။ ဖန်တီးနိုင်စွမ်းတွေ တက်ပြီး စိတ်လည်း ကြည်နေမှာပါ။ ခုခံအားလည်း ကောင်းစေပါတယ်။ ဒါနဲ့ ပြောင်းပြန် အိပ်ရေး မဝရင်တော့ လူက နုံးနေပြီး စိတ်မကြည့်ဘဲ ဖြစ်နေမှာပါ။ အားလည်း မရှိ၊ စိတ်နဲ့ ကိုယ်နဲ့လည်း ကပ်မှာ မဟုတ်ပါဘူး။ အိပ်ရေးဝတဲ့ […]


ညအိပ်မပျော်ခြင်း

အိပ်မပျော်ခြင်းအတွက် ဖြည့်စွက်အာဟာရ မယ်လတိုနင်

အိပ်မပျော်ခြင်းဟာ ခေတ်သစ်လူနေမှုစနစ်ရဲ့ ပြဿနာတစ်ခုပါ။ ညတိုင်း လူတွေ သက်သောင့်သက်သာ အိပ်ပျော်ဖို့၊ ကြည်ကြည်လင်လင်နိုးထဖို့ အချက်ပေါင်းများစွာပေါ် မူတည်နေပါတယ်။ ဒီထဲမှာ မယ်လတိုနင် လို့ခေါ်တဲ့ ဟော်မုန်းလည်းပါပါတယ်။ ဒီဟော်မုန်းက အိပ်ခြင်း၊ နိုးခြင်းကို ထိန်းချုပ်ပေးပါတယ်။ ညဆိုအိပ်ရမယ်၊ မနက်ဆို ထရမယ်လို့ ဒီဟော်မုန်းက အချက်ပြပေးတာပါ။ မယ်လတိုနင် ဆိုတာ မယ်လတိုနင်ဆိုတာ သဘာဝဟော်မုန်းဖြစ်ပြီး ဦးနှောက်ထဲက ပီနီရယ်ဂလင်းကနေထုတ်ပေးပြီး သွေးထဲကိုရောက်စေပါတယ်။ မှောင်တဲ့အခါ ပီနီရယ်ဂလင်းက ဟော်မုန်းကို ထုတ်ပေးပြီး လင်းနေရင်တော့ ထုတ်တာ ရပ်လိုက်ပါတယ်။ ဒါကြောင့်  မယ်လတိုနင်က ကိုယ်ထဲက အိပ်စက်ခြင်းကို ထိန်းချုပ်တဲ့ ဇီဝနာရီကို မှန်စေပြီး ညဆိုအိပ် နေ့ဆို ထစေတာပါ။ ဒီလိုနဲ့ လူတွေက အိပ်ချိန်မှန်၊ အိပ်ရေးဝပြီး ကြည်ကြည်လင်လင်နဲ့ နိုးလာတာပါ။ ဒါက သဘာဝဖြစ်စဉ်ပါ။ ကိုယ်ထဲကနေ သဘာဝအတိုင်း ထုတ်ပေးတဲ့ […]


ညအိပ်မပျော်ခြင်း

ညအိပ်ရေးပျက် လို့ စိတ်ပန်းလူပန်းဖြစ်နေရင် ဒါတွေစားပါ

ညအိပ်ရေးပျက် ပြီး မနက်မိုးလင်းရင် လူကနုံးချိပြီး အားမရှိဖြစ်နေပြီလား။ အိပ်ရေးပျက်ညတွေ ကြောင့် စိတ်ပန်းလူပန်းဖြစ်နေရင် ခန္ဓာကိုယ်ကြီး ထိခိုက်ပါလိမ့်မယ်။ ဒီလို ခန္ဓာကိုယ်ကြီး နေ့စဉ်ရက်ဆက် ထိခိုက်လာခဲ့မယ်ဆိုရင်တော့ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်လာတော့မှာပါ။ အိပ်ရေးပျက်ညတွေ ကြောင့် ဘာတွေဖြစ်လာနိုင်လဲ Sleep Debt လို့ခေါ်တဲ့ ညအိပ်ရေးပျက် တာကြောင့် စိတ်ပန်းလူပန်းဖြစ်နေရင် နောက်တစ်နေ့မှာ အင်အားပြန်လည်ဖြည့်တင်းဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒီလို အားအင်ပြန်လည်မဖြည့်တင်းနိုင်ဘူးဆိုရင် ဆီးချိုဖြစ်တာ၊ ဝိတ်တက်တာ၊ စိတ်ဖိစီးမှုများတာ၊ စိတ်သောကများတာ၊ ကိုယ်ခံအားစနစ်ကျဆင်းတာ၊ နှလုံးရောဂါစွဲကပ်တာ၊ မှတ်ဉာဏ်ပျောက်ဆုံးတာလို ပြဿနာတွေ ရင်ဆိုင်ရနိုင်တာကြောင့်ပါ။ ဒီပြဿနာတွေမဖြစ်ဘဲ ညအိပ်ရေးပျက် ခြင်းကြောင့် ပင်ပန်းနွမ်းနယ်နေတာ အားမရှိဖြစ်နေတာကို လျော့ပါးစေဖို့ဆိုရင်တော့ ခွန်အားပြန်လည်ဖြည့်တင်းပေးနိုင်မယ့် အစားအစာတွေ စားသောက်ပြီး Recharge လုပ်လို့ရပါတယ်။   အိပ်ရေးပျက်ညတွေ ကြောင့် အားမရှိရင် ဒါတွေစားပါ အစာလည်းဆေး၊ ဆေးလည်းအစာမဟုတ်လား။ အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာတချို့ဟာ အိပ်ရေးပျက်ညတွေ ကြောင့်ဖြစ်လာတဲ့ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

စိတ်ဖိစီးမှုတွေ ကြားမှာ ဘယ်လိုပျော်အောင် အိပ်ကြမလဲ။

ဒီကာလမှာ စိတ်ဖိစီးမှုတွေ ခံစားနေရတဲ့အတွက် နေ့စဉ်အလုပ်တွေကို အရင်လို ဖြောင့်ဖြောင့်တန်းတန်း လုပ်နိုင်မှာ မဟုတ်ပါဘူး။ စားချိန်တွေ၊ အိပ်ချိန်တွေ မှန်ဖို့ ဆိုတာလည်း ခက်ခဲမှာပါ။ ဒါပေမယ့် ခန္ဓာကိုယ်ဆိုတာလည်း အတိုင်းအတာတစ်ခုထိပဲ ခံနိုင်တာလေ။ စိတ်ဆောင်နေလို့သာ လုပ်နေရပေမယ့် အသက်ကလည်း ရှိသေးတယ်ဟုတ်။ အထူးသဖြင့် ညဘက်တွေမှာ အိပ်ပျော်ရခက်တာ၊ အိပ်မပျော်တာတွေ များလာရင် ကိုယ်ကျန်းမာရေးရော စိတ်ကျန်းမာရေးပါ ထိခိုက်လာမှာပါ။ စိတ်ဖိစီးမှုတွေကြောင့် အိပ်မပျော်ဘူးလား။ လူတစ်ကိုယ် စိတ်တစ်မျိုး။ တစ်ယောက်ချင်းစီမှာ စိတ်ညစ်ရတဲ့အကြောင်းလေးတွေ ရှိကြမှာပါ။ အထူးသဖြင့် အနာဂတ်အတွက် မသေချာတဲ့အချိန်မှာ အတွေးတွေက နှိပ်စက်နေလို့ အိပ်ပျော်ဖို့ခက်နေမှာပါ။ ကျန်းမာရေးထိခိုက်မှာစိုးလို့ အိပ်ပျော်အောင် ကြိုးစား၊ အိပ်မပျော်တော့ စိတ်တွေ ညစ်၊ နောက်ဆုံး အိပ်မပျော်လို့ စိတ်စညစ်တာလား၊ စိတ်ညစ်လို့ အိပ်မပျော်တာလားဆိုပြီး လုံးလည်ချာလည်လိုက်နေမှာပါ။ ဒါဆို စိတ်ဖိစီးမှုတွေ ကြားထဲမှာ ဘယ်လိုအိပ်ပျော်အောင်ကြိုးစားကြမလဲ။ ဒီနေရာမှာ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်