အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်ရေးမဝတဲ့အခါ အလုပ်တွေကို ကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။ အိပ်စက်ခြင်းက အင်အားပြည့်ဝစေသလို စိတ်ခံစားမှု ကောင်းစေပြီး ဟော်မုန်းတွေကို ထိန်းညှိပေးပါတယ်။ ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ ဒါဆို အိပ်စက်ခြင်းကို ထိခိုက်စေတဲ့အရာတွေက ဘာတွေရှိလဲ။

ကျန်းမာရေးဗဟုသုတ

အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

ဒီနေ့တော့ အိပ်ရေး ပျက်သွားပြီ။ ပြဿနာမရှိပါဘူး။ ပိတ်ရက်ကျ ပေါင်းအိပ်လိုက်မှာပေါ့ ဆိုတာမျိုးကို တွေးဖူးကြမှာပါ။ လူတစ်ယောက် တစ်နေ့ကို ၇-၉နာရီလောက် အိပ်ရမယ်ဆိုပေမယ့် အိပ်ချိန်မပြည့်နိုင်တဲ့အခါ အကြွေးတွေ တင်လာပါတယ်။ ဒီလိုမျိုး အိပ်ချိန်အကြွေး တွေ တင်လာတာက ကျန်းမာရေးထိခိုက်လာနိုင်ပါတယ်။ အိပ်ချိန်အကြွေး ဆိုတာ အိပ်ချိန်အကြွေးဆိုတာ အိပ်သင့်တဲ့ အချိန်နဲ့ တကယ်အိပ်ဖြစ်တဲ့အချိန်ကြားက ကွာဟချက်ပါ။ ဥပမာ လူတစ်ယောက်က တစ်ညကို ၈နာရီ အိပ်သင့်တယ်။ ဒါပေမယ့် တကယ်တမ်း ၆နာရီပဲ အိပ်ဖြစ်တယ်ဆိုရင် ၂နာရီစာ အကြွေးတင်နေမှာပါ။ အိပ်ချိန်အကြွေးတွေက တိုးရင်းပေါင်း တက်လာတတ်ပါတယ်။ အများစုက အိပ်ချိန်အကြွေးတွေကို နောက်မှပေါင်းအိပ်မယ်လို့ တွေးထားတဲ့အတွက် ဒီညလည်း နောက်ညတွေမှာလည်း မအိပ်ဘဲ နေတတ်ကြပါတယ်။ အိပ်ချိန်အကြွေးအများစုက ညဘက်ဂိမ်းဆော့တာ၊ ရုပ်ရှင်ကြည့်တာတွေကနေ လာတာပဲ ဖြစ်ပါတယ်။ ပိုဆိုးတဲ့အချက်က အိပ်ချိန်မပြည့်ပေမယ့်လည်း လူက သိသိသာသာ ကျန်းမာရေး […]

အိပ်စက်ခြင်းဆိုင်ရာပြဿနာများ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

အိပ်စက်ခြင်း

အိပ်စက်တယ်ဆိုတာ လူတစ်ယောက်ရဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ အိပ်စက်မှ ခန္ဓာကိုယ်ကြီးက အနားရပြီး နောက်တစ်ရက်မှာ လန်းဆန်းတက်ကြွစွာနဲ့ နေထိုင်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ လုံလုံလောက်လောက် မအိပ်စက်ဘူးဆိုရင် ကျန်းမာရေးထိခိုက်လာပါလိမ့်မယ်။ အိပ်မပျော်တဲ့ဝေဒနာ ဒါမှမဟုတ် အိပ်ချင်စိတ်မရှိလို့ အိပ်စက်တာက မဖြစ်မနေ ကုစားရမယ့် ကျန်းမာရေးပြဿနာဖြစ်ပါတယ်။ ဒီထက်ပိုဆိုးတာ ရှိပါသေးတယ်။ အိပ်ချင်စိတ်ရှိနေလျက်နဲ့ ပေတေပြီး မအိပ်တာမျိုးပါ။ ဒီလိုကိစ္စမျိုးက အခြေအနေ အမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ရုပ်သံစီးရီးတွေကို ကြည့်ရင်း အရှိန်ကောင်းလာလို့ မအိပ်ပဲ ဆက်တိုက်ထိုင်ကြည့်ဖြစ်တာမျိုး၊ ညဉ့်နက်သန်းခေါင် ဘောလုံးပွဲကောင်းရှိလို့ မအိပ်ပဲ ထိုင်စောင့်နေတာမျိုး၊ စာမေးပွဲအရေးကြီးနေလို့ အတင်းစာထိုင်ကြည့်နတာမျိုး စသဖြင့် အမျိုးမျိုးသောအကြောင်းပြချက်တွေနဲ့ပေါ့။ ဒါပေမယ့် ဘယ်လိုကြောင့်ပဲဖြစ်ပါစေ။ အိပ်ချင်စိတ်ရှိနေလျက်နဲ့ မအိပ်ပျော်အောင် ကော်ဖီတွေသောက်၊ အချဉ်တွေစားပြီး အတင်းကာရော တင်းခံပြီးနေထိုင်တာက စိတ်ရောကိုယ်ပါ ထိခိုက်စေနိုင်တဲ့ ကိစ္စတစ်ခုပါ။ ဒီလိုပြုမူတာမျိုးကို Sleep Deprivation လို့ခေါ်ပါတယ်။ Sleep Deprivation က […]

အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်ရေးဝဝအိပ်တာ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ မကြာခဏပြောဖြစ်ကြပေမယ့် အလွန်အကျွံအိပ်ရင် ကျန်းမာရေးထိခိုက်တတ်တယ်ဆိုတဲ့ အချက်ကိုတော့ သိပ်မပြောဖြစ်ကြပါဘူး။ အိပ်ကောင်းကောင်းနဲ့ အလွန်အကျွန် အကြာကြီးအိပ်နေမိတဲ့အခါ ကျန်းမာရေးထိခိုက်တတ်ပါတယ်။ ဒီကနေ့ခေတ်က COVID-19 ကာလမို့ အိပ်ရေးဝဝအိပ်စက်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ လူအများစုကလည်း နေအိမ်တွေမှာ Work from Home နေကြ၊ နေအိမ်မှာပဲနေထိုင်နေကြရတာ ပိုများလာတာကြောင့် အိပ်စက်ချိန်တွေ ပိုများလာနေကြပါတယ်။ ကျန်းမာရေးအတွက် အိပ်စက်တာဟာ နည်းလမ်းကောင်းဖြစ်ပေမယ့် အိပ်စက်ချိန်လိုအပ်တာထက်ပိုများလာရင်လည်း ကျန်းမာရေးကိုပြန်ထိခိုက်စေနိုင်တယ်လေ။ လူတစ်ယောက်ဟာ တစ်နေ့ကို ၇-၈ နာရီလောက် အိပ်စက်ဖို့လိုအပ်ပါတယ်။ ဒီထက်နည်းရင်လည်း အဆင်မပြေ၊ များသွားရင်လည်း အဆင်မပြေပါဘူး။ အလွန်အကျွံအိပ်စက်ခြင်း (Hypersomnia) ဖြစ်စေရတဲ့အချက် ၂ ချက်ရှိပါတယ်။ တစ်ချက်ကတော့ စိတ်ဓာတ်ကျတာ ဒါမှမဟုတ် စိတ်ဖိစီးမှုများနေတာကြောင့်ပါ။ နောက်တစ်ချက်ကတော့ လူမှုပတ်ဝန်းကျင်နဲ့ အဆက်ပြတ်လာတာကြောင့်လို့ ဆိုပါတယ်။ အလွန်အကျွံအိပ်စက်မိတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ လူတစ်ယောက်ရဲ့ အိပ်စက်ချိန်ဟာ အသက်အရွယ်အပေါ် […]

အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

လူက အသိစိတ် ရှိနေတယ်။ နိုးနေတယ်။ ဒါပေမဲ့ တစ်ယောက်ယောက်က တက်ဖိထားသလိုမျိုး ခြေတွေ၊ လက်တွေလည်း လှုပ်မရ၊ အော်လို့လည်းမရ၊ ဘာမှ လုပ်မရဘဲ အတော်ကို ကြောက်စရာကောင်းတဲ့ အခြေအနေမျိုး ကြုံဖူးကြလား။ မြန်မာတွေကတော့ ဒါကို ဘီလူးစီးတယ်လို့ ခေါပြီး အနောက်တိုင်း ဆေးပညာအရတော့ ဒါကို Sleep Paralysis လို့ ခေါ်ပါတယ်။ ထမင်းလုံး တစ္ဆေခြောက်တာလို့လည်း တချို့တွေက ပြောကြသေးတယ်။ ဘယ်လိုပဲခေါ်ခေါ် ကျိန်းသေတာကတော့ တစ်ခါကြုံပြီး နောက်တစ်ခါဆိုတာ ယောင်လို့တောင် မကြုံချင်၊ မကြားချင်တော့တဲ့ အခြေအနေပါပဲ။ ဒီလို ဘီလူးစီးခြင်းက ဘယ်အချိန်တွေမှာ အများအားဖြင့် ဖြစ်တတ်တာလဲ။ ဘီလူးစီးခြင်းဟာ အချိန်နှစ်ချိန်မှာ ဖြစ်တတ်ပါတယ်။ အိပ်ပျော်နေချိန်မှာနဲ့ နိုးနေချိန်မှာ ဖြစ်တာပါ။ အိပ်ပျော်နေချိန်မှာ ဖြစ်တာကိုတော့ predormital sleep paralysis လို့ခေါပြီး နိုးနေချိန်မှာ […]

အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

လူအများစုဟာ နေ့လယ်စာစားပြီးချိန်တွေမှာ ငိုက်မြည်းလာတတ်ကြတယ်။ အိပ်ချင်လာတယ်ပေါ့။ မကြာခဏ ဒီလိုဖြစ်တတ်ပေမယ့် ဒါဘာကြောင့် ဖြစ်ရတာလဲဆိုတာကိုတော့ တိတိပပသိကြတာမျိုးမရှိကြပါဘူး။ ရိုးရာယူဆချက်တွေအရဆိုရင်တော့ ထမင်းဆိပ်တက်တယ်ပေါ့။ တကယ်တော့ နေ့လယ်စာစားပြီးချိန်မှာ အိပ်ချင်စိတ်ဖြစ်ပေါ်တာဟာ သဘာဝအစာခြေစနစ်လုပ်ငန်းစဉ်နဲ့ အိပ်စက်မှုလုပ်ငန်းစဉ်က ဆက်စပ်နေတာကြောင့်ပါပဲ။ ပြောရရင် သဘာဝဖြစ်စဉ်တစ်ခုလို့ ဆိုမယ်ဆို ဆိုလို့ရပါတယ်။ ဒါပေမယ့်လည်း ဒါကြောင့်ချည်းတော့ နေ့တိုင်း အိပ်ချင်စိတ်ပေါ်နေမှာမဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ ကိုယ်စားလိုက်တဲ့အစားအစာကြောင့်လည်း အိပ်ချင်စိတ်ဖြစ်ပေါ်စေနိုင်ပါသေးတယ်။ ကိုယ်မှီဝဲစားသုံးလိုက်တဲ့ အစားအစာက ပင်ပန်းနွမ်းနယ်စေပြီး အိပ်ချင်စိတ်ကိုဖြစ်ပေါ်စေတာပါ။ ဒါကို Postprandial Somnolence လို့ ခေါ်ပါတယ်။ လေ့လာချက်တွေအရဆိုရင်တော့ နေ့လယ်စာစားပြီးချိန်တွေမှာ အိပ်ချင်စိတ်ဖြစ်ပေါ်စေတဲ့အကြောင်းပြချက် အမျိုးမျိုးရှိပါတယ်တဲ့။ ဘာတွေလဲဆိုတာကို လေ့လာကြည့်ရအောင်။ ၁။ အစားအသောက်ကြောင့် အစားအစာအများစုမှာ ပါဝင်နေတဲ့ ကာဘိုဟိုက်ဒြိတ်နဲ့ ပရိုတိန်းတွေက လူကို ပင်ပန်းစေနိုင်ပါတယ်။ တခြားအစားအစာတွေထက်စာရင် ကာဘိုဟိုက်ဒြိတ်နဲ့ ပရိုတိန်းကြွယ်ဝတဲ့အစားအစာတွေကို စားသောက်ပြီးချိန်မှာ အိပ်ချင်စိတ်ပိုဖြစ်စေနိုင်တယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ ဒီအစားအစာတွေကို စားသောက်ပြီးတဲ့အခါ […]

အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

ကျွန်တော်တို့တွေ အိပ်ရေးမဝရင် ဘာတွေ ဖြစ်တတ်လဲဆိုတာ ဆွေးနွေးပြီးခဲ့ကြပါပြီ။ ဒီတော့ လိုတာထက် ပိုအိပ်မိရင် ဘာတွေဖြစ်တတ်လဲဆိုတာလေး ဒီတစ်ခါ ဆွေးနွေးကြည့်ကြရအောင်။ ပထမဆုံးသိသင့်တဲ့အချက်က ‘လိုတာထက် ပိုအိပ်မိတယ်ဆိုတာ ဘယ်လို အတိုင်းအတာကို ခေါ်တာလဲ’ဆိုတာပါပဲ။ ပုံမှန် အိပ်စက်ချိန်စံနှုန်းဟာ ၈နာရီပဲ ရှိပါတယ်။ ဒါပေမဲ့ လူတစ်ဦးချင်းစီပေါ် မူတည်ပြီးတော့ အသက် ၁၈ နှစ် ကနေ ၆၄ နှစ်ထိ လုံလောက်တဲ့ အိပ်စက်ချိန်ဟာ ၇-၉ နာရီကြားရှိတတ်ပြီး ဒီထက်ပိုရင်တော့ Oversleep ဖြစ်တယ်၊ ပိုအိပ်မိတယ်လို့ ဆိုနိုင်ပါတယ်။ ပိတ်ရက်လေးတွေပဲ အိပ်ရတာ၊ အိပ်မှာပဲဆိုရင်တော့ သိပ် ပြဿနာ မရှိလှပါဘူး။ ဒါပေမဲ့ နေ့တိုင်းနီးပါးမှာ ၉နာရီထက် ပိုအိပ်မိနေပြီဆိုရင်တော့ ပြဿနာရှိလာပါပြီ။ ဘယ်လို ပြဿနာတွေလဲ။ ဆီးချိုရောဂါ။     ။အိပ်စက်ချိန်အရမ်းများတဲ့သူတွေ ဒါမှမဟုတ် အိပ်ချိန် မလုံလောက်တဲ့သူတွေဟာ ဆီးချိုဖြစ်နိုင်ခြေ […]

အိပ်စက်ခြင်း

အိပ်စက်ချိန်ဆိုရင် သက်သောင့်သက်သာရှိဖို့ အရေးကြီးပါတယ်။ လူသားတို့အတွက် အဆင်ပြေတဲ့ အိပ်စပ်ပုံကတော့ လဲလျောင်းအိပ်စက်ပုံ ဖြစ်ပါတယ်။ ရပ်လျက်နဲ့တစ်ခုခုကို မှီပြီးဖြစ်စေ၊ ခုံမှာထိုင်ပြီးဖြစ်စေ အိပ်စက်မယ်ဆိုရင် သင့်ကြွက်သားများဟာ သင့်ကိုယ်နေဟန်ထားကို သက်သောင့်သက်သာဖြစ်အောင် လိုက်ပါထိန်းညှိနေရလို့ အိပ်စက်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါ့အပြင် REM လို့ခေါ်တဲ့ အိပ်စက်ခြင်းကနဦးအဆင့်ကို စတင်နိုင်ဖို့ လဲလျောင်းအိပ်စက်ဖို့ လိုအပ်ပါတယ်။ အဆိုပါအဆင့်မှာ ကြွက်သားများလည်း မလှုပ်ရှားတော့ပါဘူး။ လူအများစုဟာ မွေ့ရာပေါ်မှာ၊ ခုတင်ပေါ်မှာ အိပ်စက်ကြပေမယ့် နောက်ပိုင်းမှာ ကြိုးပုခက်နဲ့ အိပ်စက်ခြင်းဟာ ခေတ်စားလာပါတယ်။ သက်သောင့်သက်သာဖြစ်စေမယ့် မွေ့ရာခုတင်မျိုးမရှိရင် ပုခက်ပေါ်အိပ်ခြင်းက အကောင်းဆုံးပဲလို့ ညွှန်းလာကြပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြသွားမှာကတော့ ကြိုးပုခက်နဲ့ အိပ်စက်ခြင်းကြောင့် ရရှိလာနိုင်တဲ့ ကောင်းကျိုးဆိုးကျိုးများအကြောင်း ဖြစ်ပါတယ်။ အကျိုးကျေးဇူးများ ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်ခြင်း ကြိုးပုခက်ရဲ့လှုပ်ရှားမှုဟာ လူကို ပိုပြီး နှစ်ခြိုက်စွာ အိပ်ပျော်နိုင်အောင် ကူညီပေးပါတယ်။ သုတေသနတစ်ခုမှာ လူ ၁၂ […]

အိပ်စက်ခြင်း

လူသားတွေဟာ သူတို့ဘဝရဲ့ သုံးပုံတပုံကို အိပ်စက်ချိန်အဖြစ်တဲ့ ဖြတ်သန်းကြပါတယ်။ တကယ်တော့ အိပ်စက်ခြင်းဟာ စိတ်ရောကိုယ်ပါ ကျန်းမာခြင်းနဲ့ ဆက်စပ်နေပါတယ်။ အိပ်ရေးပျက်ရင် စိတ်ရောကိုယ်ပါ မလန်းဆန်းဘဲ အိမ်မှာ၊ ကျောင်းမှာ စွမ်းဆောင်ရည် ကျဆင်းနိုင်ပါတယ်။ ကြာလာရင် ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ လူအများဟာ အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး အယူအဆအမှားတချို့ ရှိနေတတ်ပါတယ်။ ယုံတမ်းစကားများအနေနဲ့ တယောက်နဲ့တယောက်လက်ဆင့်ကမ်းပြီး အချက်အလက်အမှားတွေ ဖြန့်ချိနေကြပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ ကြားနေကျယုံတမ်းစကားတွေ ဖြစ်ပါတယ်။ အဆိုပါအယူအဆများဟာ မှားယွင်းနေတာကို သတိပြုရပါမယ်။ ယုံတမ်းစကား ၁။ အရွယ်ရောက်ပြီးသူတွေဟာ ၅ နာရီလောက်အိပ်ရင် လုံလောက်တယ် သုတေသီတွေရဲ့ အဆိုအရ အဆိုပါအယူအဆကြောင့် လူအများစုရဲ့ ကျန်းမာရေးကို ထိခိုက်နေကြောင်း သိရပါတယ်။ တကယ်တော့ အရွယ်ရောက်ပြီးသူတွေမှာ အိပ်စက်ချိန်အနေနဲ့ တရက်ကို ၇ နာရီနဲ့ ၉နာရီကြား လိုအပ်ပါတယ်။ ၅ နာရီလောက်ပဲအိပ်မယ်ဆိုရင် ရေရှည်မှာ […]

အိပ်စက်ခြင်း

လူတွေ ဘာကြောင့် လေလည်တာလဲ။ ကျွန်တော်တို့ လူသားတွေ အစာစားလိုက်တဲ့အခါ အစာအိမ်ကနေ စားလိုက်သမျှ အစာတိုင်းကို ပြန်ချေဖျက်ပေးရပါတယ်။ စားတဲ့အထဲမှာ ကာဗိုဟိုက်ဒြိတ်လို့ ခေါ်တဲ့ ကစီဓာတ်တွေကို အူငယ်လေးက အကုန်အစင် မချေဖျက်ပေးနိုင်တဲ့အတွက် အူမကြီးက ဒါကိုချေဖျက်ပေးရပြီး လေတွေ ထုတ်ပေးပါတယ်။ လေတွေ များလာပြီဆိုတာနဲ့ ခန္ဓာကိုယ်ကို သက်သောင့်သက်သာ ဖြစ်စေဖို့ အပြင်ဘက်ကို ပြန်ထုတ်ပေးဖို့ လိုပါတယ်။ ထွက်လာတဲ့ လေတွေကို အူလမ်းကြောင်းကနေတစ်ဆင့် စအိုအပြင်ဘက်ကို ထုတ်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီလို လေလည်ပေးလိုက်ခြင်းဖြင့် ဝမ်းဗိုက်ထဲ လေပွပြီး မအီမသာဖြစ်ခြင်းကို သက်သာစေသလို ရင်ပြည့်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ နောက်တစ်နည်းကတော့ အောက်ကနေ မဟုတ်ဘဲ လည်ချောင်းကနေ တစ်ဆင့် အပေါ်ကို လေကန်တက်ပြီး လေချဉ်တက်တဲ့ပုံစံမျိုးနဲ့လည်း လေထုတ်ပေးတတ်ပါတယ်။ အိပ်နေတဲ့အချိန်မှာ ဘာလို့ လေလည်တာလဲ။ လူတွေ နှစ်ခြိုက်စွာ အိပ်စက်အနားယူနေတဲ့အချိန်မှာ […]

အိပ်စက်ခြင်း

အိပ်စက်အနားယူတာနဲ့ ပတ်သက်ပြီး လူအများစု အခုချိန်ထိကို ပေါ့သေးသေး သဘောထားနေကြဆဲပါပဲ။ ရုပ်ရှင်ကြည့်ဖို့၊ ဖုန်းသုံးဖို့အတွက်နဲ့ အိပ်ချိန်ကို စတေးကြတယ်။ အလုပ်တွေ ဖိလုပ်ပြီး အိပ်ချိန်ကို နည်းနိုင်သမျှ နည်းအောင် လျှော့ပစ်ကြတယ်။ ကလေးတွေကျတော့လည်း စာမရရင် မအိပ်ရဘူးဆိုပြီး လူကြီးတွေက ခြောက်ထားတော့ ကြောက်ပြီး မအိပ်ရဲကြတော့ဘူး အစရှိသဖြင့် အိပ်ချိန်စတေးပစ်လိုက်ရတဲ့ ပုံပြင်ပေါင်း သောင်းခြောက်ထောင်တောင် မကတော့ပါဘူး။ ဒါဆို အိပ်ချိန်က အရေးမကြီးလို့လား။ ငွေချေးသလိုမျိုးပဲ အိပ်ရေးမဝလို့ရော နောက်နေ့မှာ ဆတိုး အကြွေးဆပ်လို့ မရဘူးလား။ အိပ်ချိန်က ဘာလို့ ကျန်းမာရေးအတွက် မဖြစ်မနေ အရေးပါတာလဲဆိုတာနဲ့ ပတ်သက်ပြီး ဒီဆောင်းပါးမှာ ရှင်းပြပေးချင်ပါတယ်။ ၁။ အိပ်စက်ခြင်းဟာ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးတယ်။ အားအင်တွေဆိုတာ ပြေးလွှားလှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်နေမှ ကုန်ဆုံးတာမဟုတ်ပါဘူး။ တစ်နေရာတည်းမှာ ငြိမ်ငြိမ်လေး ထိုင်နေရင်လည်း […]

အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အလုပ်ပိတ်ရက် အိမ်မှာ အိပ်ငိုက်တာက နေ့ခင်းနေ့လယ် တစ်ရေးအိပ်ပြီး အနားယူလိုက်လို့ ကောင်းတယ်ဆိုပေမယ့် အလုပ်ခွင်ထဲမှာ အိပ်ငိုက်နေတာကတော့ တောတော်လေး ဂွကျတဲ့ ကိစ္စပါ။ အလုပ်တွေလုပ်စရာရှိနေတာကို အိပ်ငိုက်နေတာက ကိုယ့်ကိုယ် မကြိုးစားတဲ့သူရယ်လို့ ထင်စရာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နေ့ခင်း ထမင်းစားပြီး အလုပ်ခွင်မှာ အိပ်ငိုက်တာမျိုး ဖြစ်လာရင် ဘယ်လို အကောင်းဆုံး ကျော်ဖြတ်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ အလုပ်ခွင်မှာ အိပ်ငိုက်မှု ကင်းစေဖို့ အလုပ်ခွင်ထဲမှာ အိပ်ငိုက်မှု ကင်းစေဖို့ဆိုရင် အိပ်ငိုက်တယ်လို့ ခံစားလာရတဲ့အခါ ကော်ဖီ နည်းနည်းသောက်လိုက်ပါ အလုပ်လုပ်ရင်း ခြေကုန်လက်ပမ်းကျလာသလိုလို ဒါမှမဟုတ် အလုပ်လုပ်ရတာ စိတ်မပါသလိုလို ဖြစ်လာပြီဆိုရင် အလုပ်ကို ခဏလေး နားပြီး ကော်ဖီ တစ်ခွက်လောက် သောက်လိုက်ပါ။ ဒီလို လုပ်တာက ခန္ဓာကိုယ်ကို လန်းဆန်းသွားစေပြီး ဦးနှောက်နဲ့ အာရုံကြောစနစ်ကို လှုံ့ဆော်ပေးပါလိမ့်မယ်။ ကဖင်းက တက်ကြွလန်းဆန်းစေပြီး တွေးတောနိုင်စွမ်းနဲ့ […]

အိပ်စက်ခြင်းဆိုင်ရာပြဿနာများ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy