ကျန်းမာပျော်ရွှင်တဲ့ လူသားတစ်ယောက် ဖြစ်ဖို့ဆိုရင် တစ်ညတာကို အနည်းဆုံး အိပ်ချိန် ၆ နာရီ ရှိဖို့လိုပါမယ်။ ဘေဘီလေးတွေဆိုရင် ၈ နာရီနဲ့ ၈ နာရီအထက် လိုအပ်မှာ ဖြစ်ပါတယ်။ ဒါမှလည်း ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အင်အားတွေကို ပြည့်ဝစေမှာ ဖြစ်ပြီး ဆီးချို၊ သွေးတိုးတို့လိုမျိုး နာတာရှည် ရောဂါတွေ ကင်းဝေးစေမှာပါ။
ညဘက်ကို အိပ်စက်တယ်ဆိုတဲ့ နေရာမှာလည်း ပြည့်ဝလုံလောက်တဲ့ အိပ်စက်မှု ဖြစ်ဖို့လိုပါမယ်။ အိပ်ရေးဝဝ အိပ်တာက နောက်နေ့ မနက်မှာ လန်းဆန်းတက်ကြွစွာ နိုးထစေနိုင်ပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်းကို တိုးစေနိုင်သလို ပေါင်းသင်းဆက်ဆံရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။
စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ဆိုရင် ညဘက် အိပ်ချိန်မှာ ပူပင်စိတ်ဆိုးမှုတွေ ကင်းစင်ပြီး ကောင်းမွန်စွာ အိပ်စက် အနားယူမိဖို့ လိုပါမယ်။
တစ်နေ့တာမှာ ပင်ပန်းသမျှကို တင်းခံ ရုန်းကန်ပြီး စိတ်ဖိစီးမှု များနေတာကြောင့် စောစော အိပ်ရာဝင်တာပဲ ကောင်းမယ်လို့ တွေးနေတုန်း မိသားစုဝင် တစ်ဦးဦး ဒါမှမဟုတ် ချစ်သူ၊ အိမ်ထောင်ဖက်၊ သူငယ်ချင်းတို့နဲ့ စကားများပြီး ဒေါသတွေနဲ့ အိပ်ရာဝင်ရတဲ့ အခြေအနေမျိုးတွေ ကြုံဖူးသူတွေ ရှိမယ်ထင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဒေါသတွေနဲ့ အိပ်ရာမဝင်ဘဲ မပြုံးမရယ်နိုင်ရင်တောင် အတတ်နိုင်ဆုံး ပြေရာပြေကြောင်း အခြေအနေ တစ်ရပ်ကို ဖန်တီးပြီး အိပ်ရာဝင်ပါလို့ ပြောပါရစေ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။