မယ်လတိုနင်ကို ကိုယ်အိပ်ချင်တဲ့ အချိန်ရဲ့ ၁-၂နာရီလောက် ကြိုသောက်ပေးရပါတယ်။ ပြီးရင်တော့ မယ်လတိုနင် ကောင်းကောင်း အလုပ်လုပ်နိုင်အောင် မီးမှောင်ချပြီး အိပ်ရာထဲမှာ နေသင့်ပါတယ်။ သောက်ရမယ့် ပမာဏကိုတော့ ဆေးဘူးပေါ်မှာ ကြည့်နိုင်ပါတယ်။
ဘေးထွက်ဆိုးကျိုး ဘာရှိသလဲ။
ရေတိုမှာတော့ မယ်လတိုနင်က အန္တရာယ်ကင်းတဲ့ထဲမှာ ပါပါတယ်။ အများစုက ဘာမှမဖြစ်ဘဲ သောက်နိုင်ကြပါတယ်။ လူနည်းစုမှာတော့ နေ့ဘက်မှာ ငိုက်တာ၊ ခေါင်းမကြည်တာ၊ ခေါင်းကိုက်တာ၊ မူးတာ ခံစားရနိုင်ပါတယ်။
မယ်လတိုနင်ကို ရေရှည် စွဲသောက်လို့ ရမရ ဆိုတာကိုတော့ လေ့လာဆဲပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆေးသောက်ပြီး အိပ်ချိန်လေး ပြန်မှန်လာပြီဆိုရင် ဆေးရပ်လိုက်လို့ရပါတယ်။
မယ်လတိုနင်က တချို့ဆေးတွေနဲ့ ဓာတ်ပြုနိုင်တဲ့အတွက် စွဲသောက်နေတဲ့ ဆေးတွေ ရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။
မယ်လတိုနင်ကို ကူညီပေးမယ့် အရာများ
အိပ်ပျော်ဖို့အတွက် မယ်လတိုနင်လည်း သောက်ရသသလို အိပ်စက်တာကို အထောက်အကူပြုတဲ့ အလေ့အကျင့်ကောင်းတွေ ရှိဖို့ လိုပါတယ်။ ဒါကို sleep hygieneလို့ ခေါ်ပါတယ်။ အတူတွဲလုပ်မယ်ဆိုရင် အချိန်တိုအတွင်းမှာ ရလဒ်ကောင်းရနိုင်ပါတယ်။ ဒါတွေကတော့
- နေ့လယ်မှာ နာရီဝက်ထက် ပိုမအိပ်ဖို့
- နေ့ဘက်မှာ သဘာဝနေရောင်ခြည်နဲ့ ထိတွေ့ပေးဖို့
- အိပ်ခါနီးမှာ ရေနွေးလေးနဲ့ ရေချိုးဖို့
- အိပ်ခါနီးမှာ ကော်ဖီ၊ လက်ဖက်ရည် မသောက်ဖို့
- အိပ်ရာထဲမှာ ဖုန်းမသုံးဖို့
- သက်သောင့်သက်သာ ရှိပြီး အလင်းရောင်နည်းတဲ့ နေရာမှာ အိပ်ဖို့
- အိပ်ရာဝင်ချိန် ပုံမှန်သတ်မှတ်ထားဖို့
- အိပ်ရာဝင်ခါနီး ၁၀မိနစ်လောက် အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးဖို့ပဲ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။