backup og meta

ညအိပ်ရေးပျက် လို့ စိတ်ပန်းလူပန်းဖြစ်နေရင် ဒါတွေစားပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 18/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ညအိပ်ရေးပျက် လို့ စိတ်ပန်းလူပန်းဖြစ်နေရင် ဒါတွေစားပါ

    အိပ်ရေးပျက် ပြီး မနက်မိုးလင်းရင် လူကနုံးချိပြီး အားမရှိဖြစ်နေပြီလား။ အိပ်ရေးပျက်ညတွေ ကြောင့် စိတ်ပန်းလူပန်းဖြစ်နေရင် ခန္ဓာကိုယ်ကြီး ထိခိုက်ပါလိမ့်မယ်။ ဒီလို ခန္ဓာကိုယ်ကြီး နေ့စဉ်ရက်ဆက် ထိခိုက်လာခဲ့မယ်ဆိုရင်တော့ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်လာတော့မှာပါ။

    အိပ်ရေးပျက်ညတွေ ကြောင့် ဘာတွေဖြစ်လာနိုင်လဲ

    Sleep Debt လို့ခေါ်တဲ့ ညအိပ်ရေးပျက် တာကြောင့် စိတ်ပန်းလူပန်းဖြစ်နေရင် နောက်တစ်နေ့မှာ အင်အားပြန်လည်ဖြည့်တင်းဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒီလို အားအင်ပြန်လည်မဖြည့်တင်းနိုင်ဘူးဆိုရင် ဆီးချိုဖြစ်တာ၊ ဝိတ်တက်တာ၊ စိတ်ဖိစီးမှုများတာ၊ စိတ်သောကများတာ၊ ကိုယ်ခံအားစနစ်ကျဆင်းတာ၊ နှလုံးရောဂါစွဲကပ်တာ၊ မှတ်ဉာဏ်ပျောက်ဆုံးတာလို ပြဿနာတွေ ရင်ဆိုင်ရနိုင်တာကြောင့်ပါ။

    ဒီပြဿနာတွေမဖြစ်ဘဲ ညအိပ်ရေးပျက် ခြင်းကြောင့် ပင်ပန်းနွမ်းနယ်နေတာ အားမရှိဖြစ်နေတာကို လျော့ပါးစေဖို့ဆိုရင်တော့ ခွန်အားပြန်လည်ဖြည့်တင်းပေးနိုင်မယ့် အစားအစာတွေ စားသောက်ပြီး Recharge လုပ်လို့ရပါတယ်။

    ညအိပ်ပျက်တာကြောင့် ပင်ပန်းနေရင်

    အိပ်ရေးပျက်ညတွေ ကြောင့် အားမရှိရင် ဒါတွေစားပါ

    အစာလည်းဆေး၊ ဆေးလည်းအစာမဟုတ်လား။ အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာတချို့ဟာ အိပ်ရေးပျက်ညတွေ ကြောင့်ဖြစ်လာတဲ့ အားအင်ယုတ်လျော့မှုကို ကောင်းကောင်းပြန်လည် ကုစားပေးနိုင်ပါတယ်။ ဘယ်အစားအစာအတွေလဲဆိုရင်တော့ အောက်ပါအစားအစာတွေပါပဲ။

    • ထောပတ်သီး – ဗီတာမင်နဲ့ သက်စောင့်ဓာတ်တွေကြွယ်ဝတဲ့ ထောပတ်သီးဟာ အိပ်ရေးပျက် ညတွေ ကြောင့် နုံးချိနေရင် စားပေးသင့်တဲ့ အကောင်းဆုံး အစားအစာပါပဲ။ သူ့မှာပါရှိတဲ့ အမျှင်ဓာတ်က သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပြီးတော့ ခွန်အားကိုလည်း တိုးပွားစေတာမို့ပါ။
    • ဖရဲသီး – ဖရဲသီးကတော့ ပင်ပန်းနွမ်းနယ်မှုကို လျော့ကျစေပြီး လူကိုလည်း လန်းဆန်းစေပါတယ်။ ဖရဲသီးရဲ့ ရေဓာတ်ကြွယ်ဝမှုနဲ့  Amino acid L-citrulline တို့က ဒီလိုအထောက်အကူဖြစ်စေတာပါ။
    • ဗာဓံစေ့ – အရည်အသွေးမြင့် ပရိုတိန်းဓာတ်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ကြွယ်ဝဝပါရှိနေတဲ့ ဗာဓံစေ့ကလည်း ခန္ဓာကိုယ်ကြီးကို ခွန်အားတိုးပွားစေတာမို့ အားအင်ဆုတ်ယုတ်နေတာမျိုးကို လျော့ပါးသက်သာစေပါတယ်။ အကောင်းဆုံးမှီဝဲနည်းကတော့ မနက်စာအဖြစ် မှီဝဲတာပါတဲ့။
    • ကိုက်လန် – ကိုက်လန်ရွက်ကလည်း ဗီတာမင်နဲ့ သက်စောင့်ဓာတ်တွေ အများအပြားပါဝင်နေပါတယ်။ ဒါ့အပြင် သံဓာတ်လည်း အမြောက်အများပါရှိနေတာမို့ သွေးတွင်းအောက်ဆီဂျင်သယ်ဆောင်နိုင်စွမ်းမြင့်မားစေပြီး အိပ်ရေးပျက် လို့ မောပန်းနွမ်းနယ်တာတွေ ပြေလျော့စေနိုင်ပါတယ်။
    • ပျားရည် – ပျားရည်က ရင်အေးစေပြီးတော့ ဗီတာမင် B အပါအဝင် antioxidant တွေ အမြောက်အများပါရှိနေတာမို့ ကိုယ်တွင်း သွေးလည်ပတ်မှု အားကောင်းစေပါလိမ့်မယ်။
    • ငှက်ပျောသီး – ငှက်ပျောသီးကတော့ အားဖြစ်စေပြီး ပိုတက်ဆီယမ်၊ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင် B တွေ ကြွယ်ဝစွာပါဝင်နေမှုကြောင့် သွေးတွင်းသကြားဓာတ်ကို စီးဝင်မှုကို နှေးသွားစေပါလိမ့်မယ်။ ပိုမိုထုတ်လွှတ်ပေးပါလိမ့်မယ်။ အားလည်းရှိတာမို့ မဖြစ်မနေ စားပေးသင့်တဲ့ အစားအစာပါ။
    • ဟင်းနုနယ် – ဟင်းနုနယ်ရွက်ကတော့ ဘက်စုံသုံး အစားအစာပါ။ ဘယ်နေရာအတွက်မဆို အကျိုးရှိတဲ့ အစားအစာတစ်ခုဖြစ်ပြီးတော့ လူတိုင်းနဲ့တည့်တဲ့ အစားအစာလည်းဖြစ်ပါတယ်။
    • ဥ အမျိုးမျိုး – အားရှိအောင် ဥစားရတယ်လို့ ပြောတတ်ကြတယ်မဟုတ်လား။ အိပ်ရေးပျက်ပြီး ငူငူငိုင်ငိုင်ဖြစ်နေရင် ကြက်ဥ၊ ဘဲဥတွေကို အရသာရှိရှိ ဖွယ်ဖွယ်ရာရာ ပြင်ဆင်စားသောက်ပေးတာကလည်း အားအင်ပြည့်ဖြိုးစေမယ့် နည်းလမ်းကောင်းတစ်ခုပါပဲ။

    အိပ်ရေးပျက် ညတွေ ကို ဖြတ်သန်းနေရရင် ဒါတွေကို ရှောင်ပါ

    ညအိပ်ရေးပျက် ထားတဲ့ လူတစ်ယောက်ဟာ အကြောင်းမရှိ ဗိုက်ဆာနေတာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လူတိုင်းက ဗိုက်ဝမယ့် အစားအစာတွေကို အဆင်ပြေသလို စားမိတတ်ကြတာများပါတယ်။ တချို့လည်း အစားအစားချင်စိတ် ပျောက်သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။

    သတိပေးချင်တာက အစားမစားပဲနေတာမျိုး မနေသင့်သလို အစားစားမယ်ဆိုရင်လဲ အသင့်စား အစားအစာတွေ၊ အကြော်အလှော်တွေ၊ အချိုဓာတ်ကဲတဲ့ အစားအစာတွေ၊ အဆီဓာတ်များတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပြီး စားသောက်မှီဝဲဖို့ လိုအပ်ပါလိမ့်မယ်။

    အများစုဟာ အိပ်ရေးပျက်ညတွေ ကြုံပြီးတိုင်း ကော်ဖီနဲ့ အချိုစာတွေကို စားရင် သက်သာလိမ့်မယ်လို့ လွဲမှားယုံကြည်နေတတ်ကြပါတယ်။ တကယ်တမ်းမှာတော့ ကော်ဖီနဲ့ အချိုစာတွေဟာ ပင်ပန်းမှုကို ပြေလျော့စေမှာမဟုတ်သလို လိုအပ်တဲ့ ခွန်အားကိုလည်း ဖြည့်ဆည်းမပေးနိုင်ပါဘူး။

    ဒါကြောင့် မိမိကိုယ်ခန္ဓာကြီးကို ခွန်အားဖြစ်စေမယ့် အစားအစာတွေကို စနစ်တကျ ရွေးချယ်မှီဝဲပြီး အိပ်ရေးပျက် ညတွေ ကပေးတဲ့ ဘေးထွက်ဆိုးကျိုးကြီးကို တွန်းလှန်လိုက်ပါ။ မှန်ကန်တဲ့ အစာအာဟာရဖြည့်တင်းမှုဟာ သင့်ရဲ့ လေးလံထိုင်မှိုင်းမှုနဲ့ ပင်ပန်းနွမ်းနေမှုကို ကူညီတွန်းလှန်ပေးပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 18/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement