စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေပါ ပြနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ကိုင်တွယ်တာက ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေနိုင်ဖို့ အထောက်အကူပြုပါတယ်။ ဒီစာမျက်နှာမှာ စိတ်ဖိစီးမှု ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာ ဖတ်ရှုလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ကျန်းမာရေးနဲ့ အသားအရေ ကျန်းမာရေးကြားက ဆက်စပ်မှု

စိတ်ကျန်းမာရေးက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခေါ်လာတတ်တယ်ဆိုတာကို အားလုံး သိထားပြီး ဖြစ်ပေမယ့် စိတ်ကျန်းမာရေးက အသားအရေ ကျန်းမာရေးအပေါ်မှာ သက်ရောက်မှု ရှိတယ်ဆိုတာကိုတော့ သိသူက ခပ်ရှားရှားပါ။  ဒါကြောင့် အခုတစ်ခေါက်မှာတော့ စိတ်ကျန်းမာရေးနဲ့ အသားအရေ ကျန်းမာရေးကြားက ဆက်စပ်မှု အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ စိတ်ကျန်းမာရေး အခြေအနေက အသားအရေပေါ်မှာ သက်ရောက်မှု ရှိသလား! စိတ်ကျန်းမာရေး အခြေအနေ အတိအကျ ပြောရရင် စိတ်ခံစားမှုတွေက အသားအရေ ကျန်းမာရေး အပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ အသားအရေကို ထိန်းသိမ်းနေပေမယ့်လည်း တစ်ခါတလေမှာ မထိရောက်တာမျိုး ရှိနိုင်တယ်လေ။ ဒါက စိတ်ဖိစီးမှုတွေ စိုးရိမ်စိတ် များတာတွေကြောင့် ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲမှုကြောင့် ဖြစ်ရတာပါ။ ဒါကြောင့်ပဲ စိတ်ဖိစီးရင်း ဝက်ခြံတွေ ပိုဆိုးလာတာ၊ ရှိရင်းစွဲ အရေပြားပြဿနာတွေ ပိုဆိုးလာတာမျိုးပေါ့။ ဥပမာ- […]

စိတ်ဖိစီးမှုဖြေလျှော့ခြင်း ကို ရှာဖွေမည်။

စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုများတဲ့ Office life မှာ အဆင်ပြေပျော်ရွှင်နေအောင် ဘယ်လိုဖန်တီးယူကြမလဲ။

သင့်ဘဝသက်တမ်းရဲ့ ဘယ်လောက်ကို အလုပ်ထဲမှာ နှစ်မြုပ်ထားလဲဆိုတာ တွေးဖူးပါသလား။ အလုပ်ချိန်က မနက်၉နာရီကနေ ညနေ၅နာရီ အထိဆိုပါစို့။ တစ်နေ့ကို ၈နာရီ အလုပ်လုပ်ရပါတယ်။ ဒါဟာ တစ်နေ့တာရဲ့ ၃ပုံ ၁ပုံပါ။ ဒီအတိုင်းတွက်မယ်ဆိုရင် အသက် ၆၀ ရှိတဲ့လူတစ်ယောက်ရဲ့ နှစ်၂၀ အချိန်က လုပ်ငန်းခွင်ထဲမှာ ရှိနေတာပါ။ တစ်နေ့မှာ ၈နာရီက အလုပ်လုပ်တယ်။ ၈နာရီအိပ်တယ်။ ကျန်တဲ့၈နာရီက ကိုယ်ရေးကိုယ်တာကိစ္စလေးတွေ လုပ်တယ်ပေါ့။ ခုခေတ်လိုမျိုးဆိုရင် ရုံးသွားလို့ ကားကြပ်ရင် ၁နာရီကျော်၊ ရုံးပြန်ကားကြပ်ရင် ၁နာရီကျော် ကုန်သွားပြီဖြစ်တဲ့အတွက် ကိုယ့်အတွက် ဘာမှမကျန်တော့ပါဘူး။ စျေးစကားနဲ့ပြောရင် အရှုံးပေါ်တော့မှာပါ။ ဒီကြားထဲမှာ အဆစ်ပါလာတာကတော့ လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေ ပြဿနာနဲ့ အဆင်မပြေတာတွေပါ။ အလုပ်လုပ်ရမယ်ဆိုတာမှန်ပေမယ့် အလုပ်လုပ်ဖို့ တစ်ခုတည်းအတွက်တော့ လူဖြစ်လာတာမဟုတ်ဘူးလေ။ ဒီခေတ်စကားနဲ့ဆိုရင် quality of life ရှိရမယ်။ Work-Life balance […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်အေးချမ်းသာ ပျော်ရွှင်အောင် အပင်လေးတွေစိုက်ကြမယ်

ကျွန်တော်တို့ ရုံးပိတ်ရက် အားလပ်ချိန်လေးတွေမှာ နယ်ဘက်တွေ ခရီးထွက်ရင် အရမ်းစိတ်ချမ်းသာရတယ်နော်။ ကျေးလက်သဘာဝရဲ့ ရိုးရှင်းမှုတွေ၊ တောတောင်ရေမြေရဲ့ အေးချမ်းမှုတွေ၊ သဘာဝသစ်ပင်ပန်းမန်တွေရဲ့ စိမ်းစိုနေမှုတွေ မြင်လိုက်ရင် ရင်ထဲမှာ ဖြစ်နေတဲ့ ပူလောင်တာ၊ စိတ်ညစ်စရာ၊ စိတ်ဖိစီးမှုတွေ တော်တော်လေး သက်သာသွားမလို ခံစားဖူးကြမှာပါ။ ဒါဆို ကိုယ့်အိမ်မှာ ကိုယ့်လက်ကိုယ့်ခြေနဲ့ သေချာ ပန်းပင်လေးတွေ စိုက်ပျိုးတာဆိုရင်ရော ပိုမကောင်းဘူးလား။ အနည်းဆုံးတော့ဗျာ ကိုယ့် မနက်ခင်းနိုးထလာတဲ့အချိန်တွေ၊ ကိုယ်အရမ်း စိတ်ညစ်နေတဲ့အချိန်မျိုးမှာ ကိုယ်သေချာ စိုက်ထားတဲ့ ပန်းပင်လေးတွေ စိမ်းစိုနေတာ မြင်ရရင် တော်တော်လေးကို စိတ်ချမ်းသာမိမှာ အသေအချာပါပဲ။ သစ်ပင်စိုက်ပျိုးခြင်းဟာ စိတ်ကို ငြိမ်းချမ်းစေတဲ့ ကုထုံးတစ်မျိုးပါပဲ။ ၁။ နေ့စဉ် စိတ်ဖိစီးမှုကို ခံစားနေရသူတွေအတွက် သစ်ပင်ပန်းမန် စိုက်ပျိုးခြင်းဟာ ကိုယ့်ရဲ့ နေ့စဉ်စိတ်ကျန်းမာရေးပြဿနာကို မေ့ပျောက်သွားစေဖို့ ထွက်ပေါက်တစ်ခု ဖြစ်စေပါတယ်။ ၂။ တစ်ယောက်တည်း နေရတဲ့သူ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

၁၅ မိနစ်အတွင်း စိတ်ဖိစီးမှုကို လျော့ကျသွားစေမယ့် နည်းလမ်းများ

စိတ်ဖိစီးနေချိန်၊ စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးတစ်ခုလို လေးလံနေချိန်မျိုးတွေမှာ စိတ်ကို လျှော့ထားလို့ လူတိုင်းပြောတတ်တယ်။ အပြောလွယ်လှပေမယ့် တကယ်တမ်း လိုက်လုပ်ကြည့်တော့ ခက်လှပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ ခုပြောပြချင်တာက ၁၅ မိနစ်အတွင်း စိတ်ဖိစီးမှုကို လျော့ကျသွားစေမယ့် နည်းလမ်းများ ပဲ ဖြစ်ပါတယ်။ တကယ်လို့ သင်စိတ်ဖိစီးလာတဲ့အခါ အောက်မှာဖော်ပြထားတဲ့ နည်းလမ်းလေးတွေကို စမ်းသပ်ကြည့်လိုက်ပါ။ တကယ်ကို အဆင်ပြေသွားပါလိမ့်မယ်။ ၁၅ မိနစ်အတွင်း စိတ်ဖိစီးမှုကို လျော့ကျသွားစေမယ့် နည်းလမ်းများ ၁၅ မိနစ်အတွင်း စိတ်ဖိစီးမှုကို လျော့ကျသွားစေမယ့် နည်းလမ်းများ ကတော့ ၁။ တရားထိုင်ပါ မိနစ်အနည်းငယ်လောက် ဆိတ်ဆိတ်ငြိမ်ငြိမ်ထိုင်ပြီး ဝင်လေထွက်လေကို ရှုမှတ်နေတာက သင့်စိတ်ကို လွတ်လပ်သွားစေပါလိမ့်မယ်။ ဒီနည်းလမ်းဟာ နှစ်ပေါင်းထောင်နဲ့ချီပြီး လူသားတွေအသုံးပြုလာကြတဲ့ နည်းလမ်းဟောင်းတစ်ခုပါ။ ခုထိ အမှန်တကယ် အသုံးတည့်နေဆဲ နည်းနာတစ်ခုလို့ ဆိုရပါမယ်။ ၂။ အသက်ကို ပြင်းပြင်းရှူ အသက်ကို မှန်မှန်ရှူ၊ အသက်ကို […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

သင့်ကို စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းတရားများ

ဆိုကြပါစို့။ သင့်ရုံးစားပွဲမှာ ဖုန်းကလည်း ထမြည်လာမယ်။ စာရွက်တွေကလည်း ပြန့်ကျဲနေမယ်။ သင် လုပ်စရာရှိတဲ့အလုပ်ကလည်း သတ်မှတ်ချိန်ထက် နာရီဝက်နောက်ကျနေပြီ။ သင့်ဘော့စ်ကလည်း သင့်အလုပ်အခြေအနေကိုသိရအောင် မေးဖို့ သင့်စားပွဲနားကို ရောက်လာပြီ။ သင် ဘယ်လိုခံစားရပါသလဲ။ ဒါဟာ နေ့စဉ်ကြုံတွေ့နေကြ စိတ်ဖိစီးမှုအခြေအနေများရဲ့ နမူနာတစ်ခုဖြစ်ပါတယ်။ ရေတိုကိစ္စမှာတော့ အချိန်ကာလတစ်ခုကျော်လွန်သွားရင် ပြီးပြီးပျောက်ပျောက်ဖြစ်သွားနိုင်ပါတယ်။ နေ့စဉ်ဘဝအတွက် ဖိစီးမှုဟာလည်း အတိုင်းအတာ တခုထိ လိုအပ်ပါတယ်။ ဒါပေမယ့် စိတ်ဖိစီးစရာ အခြေအနေကို နေ့စဉ်ရက်ဆက်ကြုံတွေ့ရရင်တော့ စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။ စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းအရာတွေဟာလည်း မျိုးစုံရှိနိုင်ပါတယ်။ အသေးအဖွဲကိစ္စကနေ ကြီးမားတဲ့ပြဿနာတွေထိ ရှိနိုင်ပါတယ်။ အဆိုပါကိစ္စတွေကို တစ်ခုချင်းနားလည်သိရှိမယ်ဆိုရင် ဖြေရှင်းတဲ့နေရာမှာ၊ စိတ်ဖိစီးမှုကို လျှော့ချတဲ့နေရာမှာ အထောက်အကူပြုနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ကျန်းမာရေး အိုမင်းမစွမ်းဖြစ်ခြင်း၊ ရောဂါတစ်ခုခု အသစ်ဖြစ်ခြင်း၊ ရောဂါနောက်ဆက်တွဲပြဿနာများ ကြုံရခြင်း စတာတွေဟာ သင့်ကို စိတ်ဖိစီးစေတဲ့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးနေပြီလား

ကဲ ခုတလော စိတ်ဖိစီးမှုတွေ ရင်ဆိုင်နေရပြီး မိမိကိုယ်ကိုယုံကြည်မှုတွေ လျော့နေတယ်ဆိုရင်တော့ ဒါလေးကိုဖတ်ကြည့်လိုက်ရအောင်နော်.... ခုတလော ကူးစက်ရောဂါတွေကလည်းဖြစ်၊ အလုပ်တွေကလည်း အရင်လိုမလည်ပတ်နဲ့ဆိုတော့ ဝန်ထမ်းဖြစ်ဖြစ်၊ အလုပ်ရှင်ဖြစ်ဖြစ် အနည်းနဲ့အများ မရေရာမှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ရင်ဆိုင်နေရမှာ အသေအချာပဲနော်။ အဲလိုဖြစ်နေပြီဆိုရင်တော့ အောက်ကအချက်လေးတွေကို ဖတ်ကြည့်လိုက်ရအောင်နော်။ ၁) အရင်လိုပြန်မဖြစ်တော့တဲ့ အခြေအနေကို ရင်ဆိုင်နေရတာ မိမိတစ်ယောက်တည်းမဟုတ်ပါ။ ဆိုလိုတာက အရင်က မိမိအောင်မြင်ခဲ့သည်ဖြစ်စေ၊ ရှုံးနိမ့်ခဲ့သည်ဖြစ်စေ အတိတ်အကြောင်းတွေအကုန်မေ့ပြီး ဘဝသစ် (New Normal Life) ကိုစတင်ဖို့ အကောင်းဆုံးအချိန်ပါ။ တစ်ကမ္ဘာလုံး အသစ်တဖန်ပြန်ဖြစ်ပေါ်လာသလို အားလုံးအစက ပြန်စနေတာပါ။ ၂) မိမိသာလျှင် အကောင်းဆုံးဆိုတာအကြွင်းမဲ့ယုံကြည်လိုက်ပါ။ တကယ်တော့ ဒီလိုယုံကြည်လို့လည်း ဒီပို့စ်ကို ဖတ်ကြတာပါ။ မိမိကိုယ်ကိုယ်ချစ်မြတ်နိုးခြင်းက အကောင်းဆုံးစိတ်ခွန်အား တစ်ခုပါပဲ။ မိမိရဲ့စိတ်ဆန္ဒကို မသိဘဲ ရပ်တည်နေရရင် ကိုယ်နဲ့အံမဝင်တဲ့ပတ်ဝန်းကျင်မှာ အမှားတွေဆက်တိုက်လုပ်မိနေတတ်ပါတယ်။ အဲ့ဒီလိုဖြစ်ရင် အများလည်း မိမိကိုလေးစားမှုရှိမှာ မဟုတ်ပါဘူး။ ၃) မိမိကိုယ်ကိုချစ်မှ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ရောကိုယ်ပါ ကျန်းမာဖို့ တရားထိုင်ကြစို့

တရားထိုင်တယ် ဆိုတာက ဘာသာရေး အလုပ်ဆိုတာထက် လူတိုင်း လုပ်သင့်တဲ့ အလေ့အထလေး တစ်ခုလို့ ပြောချင်ပါတယ်။ တကယ်ကတော့ လူတိုင်းဟာ တစ်နေ့တာမှာ ၁၅ မိနစ်ကနေ နာရီဝက် ၄၅ မိနစ်လောက်အထိ ကိုယ်နိုင်သလောက် တရားထိုင်သင့်ပါတယ်။ ဒီလို တရားထိုင်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေတယ်၊ လို့ သိပ္ပံနည်းကျ လေ့လာမှုတွေအရ သိရပါတယ်။ တရားထိုင်ပါလို့ ပြောရတဲ့ အကြောင်းအရင်း တရားထိုင်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ ပုံမှန် တရားထိုင်ပေးခြင်းက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအနေနဲ့ နှလုံး ကျန်းမာစေတယ် လေ့လာမှုတွေအရ နေ့စဉ် တရားထိုင်တာက သွေးလည်ပတ်မှုကို ကောင်းစေပြီး နှလုံး ခုန်နှုန်းကို မှန်စေလို့ နှလုံး ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်ပါတယ်။ တရားထိုင်တာက သွေးကြောတွေကို မာကြောစေတဲ့ ဒြပ်ပေါင်း တစ်မျိုးဖြစ်တဲ့ lipid peroxide ကို လျှော့ချပေးပြီး […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ဒေါသအကြောင်း တစေ့တစောင်း

ဒေါသကို ထိန်းချုပ်နိုင်ခြင်းဟာ ကောင်းမွန်တဲ့အရာတွေ ပြုလုပ်ဖို့ တွန်းအားတစ်ခု ဖြစ်လာစေနိုင်ပါတယ်။ ဒေါသကို ကောင်းမွန်စွာ မထိန်းချုပ်နိုင်ရင်တော့ ငြင်းခုန်ဆွေးနွေးမှုတွေ၊ တိုက်ခိုက်မှုတွေ၊ အလွဲသုံး စားမှုတွေကနေ ပြစ်မှုကျူးလွန်မှုတွေ နဲ့ မိမိကိုယ်ကို ထိခိုက်နာကျင်စေခြင်း တွေအထိ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ဒေါသအကြောင်း တစေ့တစောင်း လေ့လာဦးစို့နော်။ ဒေါသအကြောင်း တစေ့တစောင်း ဒေါသနဲ့ မကင်းနိုင်ကြသူတိုင်းဟာ ဒေါသအကြောင်း တစေ့တစောင်း လေ့လာထားတာ မမှားပါဘူး။ ဒေါသဟာ ခန္ဓာကိုယ်အပေါ် ဘယ်လိုသက်ရောက်လဲ ဒေါသဖြစ်လာရင် အဒရီနယ်လင်းနဲ့ ကော်တီစောဟော်မုန်း ထွက်ပါတယ်။ ဦးနှောက်ရဲ့ သွေးလည်ပတ်မှုတွေဟာ နှလုံးဆီကို ဦးတည်သွားစေပြီးတော့ နှလုံးခုန်မြန်လာမယ်။ သွေးပေါင်ချိန်နဲ့ အသက်ရှူနှုန်းတွေ မြင့်တက်လာမယ်။ ခန္ဓာကိုယ်အပူချိန်မြင့်လာပြီး‌ ချွေးထွက်လာမယ်။ စိတ်အစဉ်ဟာ စူးရှလာပြီး ဒေါသဖြစ်စေတဲ့ အကြောင်းအရင်းကိုပဲ အာရုံစိုက် စေလာပါတယ်။ ကျန်းမာရေးပြဿနာတွေကတော့ ဒေါသကို မထိန်းချုပ်နိုင်တဲ့အခါ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကို ထိခိုက်လာမှာပါ။ နာတာရှည် […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ကျန်းမာရေးအရ တရားထိုင်ဖို့ ဘယ်အချိန်က အသင့်လျော်ဆုံးလဲ

တရားထိုင်ခြင်း အလေ့အကျင့်ဟာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကနေ စတင်လာတာဖြစ်ပြီး အခုချိန်မှာတော့ တစ်ကမ္ဘာလုံးက ကျန်းမာရေးအတွက် ပြုလုပ်သင့်တဲ့ ကျင့်စဉ်အဖြစ် သတ်မှတ်လာကြပါပြီ။ အဓိက စိတ်ကျန်းမာရေးအတွက် ဖြေဆေးတစ်ခွက် ဖြစ်သလို ခုလို Covid-19 ကြောင့် ပြည်သူအားလုံး အထိတ်တလန့် စိုးရိမ်ပူပန်နေရမယ့် အချိန်မျိုးမှာလည်း လုပ်ပေးခြင်းဖြင့် ကိုယ့်ရဲ့ စိတ်ကိုလည်း ငြိမ်းချမ်းစေဖို့ ကူညီပေးနိုင်ပါတယ်။ တရားထိုင်ဖို့ အချိန်ကို ဘယ်လိုရွေးချယ်မလဲ။ တရားထိုင်တယ်ဆိုတာ ကိုယ့်ရဲ့ စိတ်ကို ငြိမ်းအေးစေတဲ့ ကျင့်စဉ်တစ်ခုပါ။ ဒီအတွက် ကိုယ်တရားထိုင်မယ့် အချိန်ကို သေချာရွေးဖို့ လိုပါတယ်။ ဒီအတွက် အကောင်းဆုံးအချိန်ကတော့ မနက်အစောပိုင်းအချိန် မနက် ၄နာရီမှ မနက် ၇နာရီအတောအတွင်း အချိန်တွေပါပဲ။ မနက်ပိုင်း မိသားစုအလုပ်တွေနဲ့ အဆင်မပြေရင်လည်း အသံတွေ တိတ်နေတဲ့ ညဘက် ၁၀ နာရီနောက်ပိုင်း မအိပ်ခင်မှာ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုနှင့် သိုင်းရွိုက်ရောဂါများ

စိတ်ဖိစီးမှုဆိုတာ ယနေ့ခေတ်အခါမှာ လက်ပွန်းတတီးဖြစ်နေတဲ့ စကားလုံးပဲဖြစ်ပါတယ်။ စိတ်ဖိစီးမှုဟာ ကာလရှည်ကြာလာရင် ကိုယ်စိတ်ကျန်းမာရေးကို ထိခိုက်လာစေတဲ့အပြင် သိုင်းရွိုက်အပေါ်ကိုပါ သက်ရောက်မှု ရှိပါတယ်။ သိုင်းရွိုက်ဟာ အဒရီနယ်ဂလင်းတွေနဲ့ လိုက်လျောညီထွေ အလုပ်လုပ်ပါတယ်။ အဒရီနယ်ဂလင်းတွေဟာ ကျောက်ကပ်တွေပေါ်မှာ တည်ရှိပြီး စိတ်ဖိစီးမှု အနည်းငယ်မျှလောက်ကို တုံ့ပြန်ကိုင်တွယ်နိုင်ပါတယ်။ စိတ်ဖိစီးချိန်မှာ အဆိုပါဂလင်းများကနေ ကော်တီဆောဟော်မုန်းကို ထုတ်လုပ်ပြီး ကိုယ်ခန္ဓာရဲ့လုပ်ငန်းတာဝန်တွေကို တိုးမြှင့်ဆောင်ရွက်စေပါတယ်။ အဖြစ်အများဆုံး သိုင်းရွိုက်ပြဿနာကတော့ မိမိကိုယ်ခံအားစနစ်က မိမိကိုယ်ကို ပြန်လည်တိုက်ခိုက်တဲ့ ရောဂါအမျိုးအစားဖြစ်ပြီး သိုင်းရွိုက်ဂလင်းမှာ ဖြစ်ပေါ်ပါတယ်။ ဂရေ့ဗ်စ်ရောဂါနဲ့ ဟာရှီမိုတိုသိုင်းရွိုက်ရောင်ခြင်းဆိုပြီး နှစ်မျိုးရှိပါတယ်။ ဂရေ့ဗ်စ်ရောဂါမှာ သိုင်းရွိုက်အလုပ်လုပ်နှုန်း တက်ကြွလွန်းပြီး ဟာရှီမိုတိုရောဂါမှာတော့ သိုင်းရွိုက်ဟာ အလုပ်လုပ်ခြင်း အားနည်းသွားပါတယ်။ စိတ်ဖိစီးမှုသက်သက်နဲ့တော့ အဆိုပါရောဂါတွေကို မဖြစ်စေပါဘူး။ ဒါပေမယ့် ပြဿနာကို ပိုဆိုးသွားစေပါတယ်။ စိတ်ဖိစီးမှုကနေ သိုင်းရွိုက်အပေါ် ထိခိုက်ခြင်းဟာ ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်ပျက်မှုတွေကို နှေးကွေးသွားစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးခြင်းနဲ့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ချစ်ခင်ရသူဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းကြေကွဲနေတဲ့ ကလေးကို ဘယ်လိုနှစ်သိမ့်ပေးကြမလဲ

လူရယ်လို့ဖြစ်လာတဲ့အခါ တစ်နေ့မှာ ခွဲခွာခြင်းဆိုတဲ့ လမ်းခရီးကို ဖြတ်သန်းကြရမှာပါပဲ။ ချစ်သူခင်သူတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေ၊ မိဘမောင်ဖွားတွေ၊ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ယုတ်စွဆုံး သားသမီးနဲ့ အိမ်ထောင်ဖက်တွေအထိပါပဲ။ ချစ်ခင်နှစ်သက်ရသူတွေကို လက်လွှတ်ဆုံးရှုံးလိုက်ရချိန်မှာ ကြေကွဲဝမ်းနည်းတဲ့ ဝေဒနာကို ဘဝအတွေ့အကြုံ ရင့်ကျက်လှပါတယ်ဆိုတဲ့ လူကြီးတွေတောင်မှ ခံစားကြရပါတယ်။ တကယ်လို့ ကလေးတွေ၊ ရင်သွေးတွေဆိုရင်ရော သူတို့ရဲ့ နုနယ်လှတဲ့ စိတ်လေးတွေ ဘယ်လောက်တောင် ထိခိုက်ကြေကွဲသွားကြမလဲ။ ဘယ်လောက်တောင် ဝမ်းနည်းနေလိုက်မလဲ။ ချစ်ခင်မြတ်နိုးရသူကို ဆုံးရှုံးလိုက်ရချိန်မှာ ကြေကွဲဝမ်းနည်းနေရှာတဲ့ ရင်သွေးတွေကို နည်းမှန်လမ်းမှန်နဲ့ လမ်းပြပေးနိုင်ဖို့ နှစ်သိမ့်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ဒီဖြစ်ရပ်ကြီးဟာ ရင်သွေးရဲ့ မှတ်ဉာဏ်မှာ စိတ်ဒါဏ်ရာတစ်ခုလို ပြတ်ထင်စွာ စွဲနေပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာ ရင်သွေးကို ဘယ်လိုနှစ်သိမ့်ကြမလဲ မိသားစုဝင် တစ်စုံတစ်ယောက်ကို စွန့်လွှတ်လိုက်ရချိန်မျိုးမှာ မိမိတို့ကိုယ်တိုင် ကြေကွဲဝမ်းနည်းနေမှာ သေချာလှပါတယ်။ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကြောင့် ရင်သွေးတွေကို ဂရုမစိုက်မိတာမျိုး၊ မမှန်ကန်တဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်