backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကျန်းမာရေးအရ တရားထိုင်ဖို့ ဘယ်အချိန်က အသင့်လျော်ဆုံးလဲ


Ye Myo Myat မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကျန်းမာရေးအရ တရားထိုင်ဖို့ ဘယ်အချိန်က အသင့်လျော်ဆုံးလဲ

တရားထိုင်ခြင်း အလေ့အကျင့်ဟာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကနေ စတင်လာတာဖြစ်ပြီး အခုချိန်မှာတော့ တစ်ကမ္ဘာလုံးက ကျန်းမာရေးအတွက် ပြုလုပ်သင့်တဲ့ ကျင့်စဉ်အဖြစ် သတ်မှတ်လာကြပါပြီ။ အဓိက စိတ်ကျန်းမာရေးအတွက် ဖြေဆေးတစ်ခွက် ဖြစ်သလို ခုလို Covid-19 ကြောင့် ပြည်သူအားလုံး အထိတ်တလန့် စိုးရိမ်ပူပန်နေရမယ့် အချိန်မျိုးမှာလည်း လုပ်ပေးခြင်းဖြင့် ကိုယ့်ရဲ့ စိတ်ကိုလည်း ငြိမ်းချမ်းစေဖို့ ကူညီပေးနိုင်ပါတယ်။

တရားထိုင်ဖို့ အချိန်ကို ဘယ်လိုရွေးချယ်မလဲ။

တရားထိုင်တယ်ဆိုတာ ကိုယ့်ရဲ့ စိတ်ကို ငြိမ်းအေးစေတဲ့ ကျင့်စဉ်တစ်ခုပါ။ ဒီအတွက် ကိုယ်တရားထိုင်မယ့် အချိန်ကို သေချာရွေးဖို့ လိုပါတယ်။ ဒီအတွက် အကောင်းဆုံးအချိန်ကတော့ မနက်အစောပိုင်းအချိန် မနက် ၄နာရီမှ မနက် ၇နာရီအတောအတွင်း အချိန်တွေပါပဲ။ မနက်ပိုင်း မိသားစုအလုပ်တွေနဲ့ အဆင်မပြေရင်လည်း အသံတွေ တိတ်နေတဲ့ ညဘက် ၁၀ နာရီနောက်ပိုင်း မအိပ်ခင်မှာ တရားထိုင်လို့ ရပါတယ်။

အိမ်မှာ လေ့ကျင့်ခန်း လုပ်တဲ့သူဆိုရင် လေ့ကျင့်ခန်း အမျိုးအစားပေါ် မူတည်ပြီး တရားထိုင်နိုင်ပါတယ်။ အလေးမတာ၊ ဒိုက်ထိုး၊ ထိုင်ထ၊ အိပ်ထမတင် စတဲ့ ခွန်အားသုံး လေ့ကျင့်ခန်းတွေ လုပ်တဲ့ သူတွေ အထူးသဖြင့် အမျိုးသားတွေ ဆိုရင် အရင်ဆုံး တရားထိုင်ပေးပါ။ တရားအရင် ထိုင်တဲ့အတွက် စိတ်အာရုံစုစည်းမှု အားပိုကောင်းသွားပြီး လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ့်ရဲ့ ကြွက်သားနေရာကို စိတ်အာရုံ စုစည်းပြီး သေချာအားစိုက်ကာ ကစားနိုင်မှာပါ။ ယောဂကျင့်တာ၊ အသက်ရှူလေ့ကျင့်ခန်းမျိုး လုပ်တဲ့သူတွေ (အမျိုးသမီး အများစု၊ အသက်ကြီးပိုင်း လူကြီးမိဘ၊ ဘိုးဘွားအရွယ်တွေ) ဆိုရင် လေ့ကျင့်ခန်း ပြီးသွားမှ တရားထိုင်ပေးပါ။

တရားထိုင်နည်း အမျိုးအစားများ

တရားထိုင်တာနဲ့ ပတ်သက်ပြီး ရိုးရှင်းလွယ်ကူတဲ့အထဲက ပြောရမယ်ဆိုရင် ခြေထောက် တင်ပလ္လင်ခွေ ချိတ်ထိုင်ပြီး မျက်လုံးမှိတ်ကာ ကိုယ့်ကို ပျော်ရွှင်စေတဲ့ အရာဆီကို စိတ်အာရုံ စုစည်းထားတာမျိုး၊ ဒါမှမဟုတ် ဖြည်းညှင်းစွာ စင်္ကြန်လျှောက်ကျင့်တာ၊ အိပ်ရာမှာ လဲလျောင်းနေရင်းနဲ့ တရားထိုင်တာ၊ ဝင်လေ ထွက်လေ မှတ်ကျင့်တာ အစရှိသဖြင့် ပုံစံ အမျိုးမျိုး လုပ်ပေးလို့ ရပါတယ်။

တရားထိုင်ခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးများ

• စိုးရိမ်ပူပန်ခြင်းကို လျော့ကျစေတယ်

• ညဘက်မှာ ကောင်းစွာ အိပ်ပျော်နိုင်စေဖို့ ကူညီပေးတယ်

• တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေတယ်

သွေးတိုးကျစေတယ်

• စိတ်ကျရောဂါ၊ စိတ်အတက်အကျ မြန်ရောဂါ အစရှိတဲ့ စိတ်ကျန်းမာရေး ပြဿနာများကို သက်သာစေတယ်

• စိတ်အာရုံ စုစည်းမှု အားကောင်းလာစေတယ်

• စိတ်ကို ငြိမ်းချမ်းစေတယ်

• အကောင်းမြင် စိတ်စွမ်းအား တိုးလာစေတယ်

• စိတ်ကို ကြည်လင်စေပြီး ထိုင်းမှိုင်းလေးလံခြင်း မဖြစ်အောင် ကာကွယ်ပေးတယ်

တရားထိုင်တာနဲ့ ပတ်သက်ပြီး ဘာသာမရွေး၊ အသက်အရွယ် မရွေး၊ ကျား မ မရွေး လုပ်လို့ ရပါတယ်။ အဓိကကတော့ စိတ်ကျန်းမာရေးအတွက် လုပ်ပေးရတဲ့ ကျင့်စဉ်တစ်ခု ဖြစ်တာကြောင့် ဒီလို ကာလမှာ ကိုယ့်ရဲ့ စိတ်ကို ညစ်နွမ်းမနေစေအောင် လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ တရားထိုင်တဲ့အခါ ဆိတ်ငြိမ်အေးချမ်းတဲ့ အခန်းမျိုးကို ရွေးချယ်ပေးဖို့နဲ့ တစ်နေ့ကို အနည်းဆုံး နာရီဝက်လောက် တရားထိုင်ကြည့်ပေးဖို့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Ye Myo Myat မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement