သင့်ကို စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းတရားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 21, 2020 . 2 mins read
Share now

ဆိုကြပါစို့။ သင့်ရုံးစားပွဲမှာ ဖုန်းကလည်း ထမြည်လာမယ်။ စာရွက်တွေကလည်း ပြန့်ကျဲနေမယ်။ သင် လုပ်စရာရှိတဲ့အလုပ်ကလည်း သတ်မှတ်ချိန်ထက် နာရီဝက်နောက်ကျနေပြီ။ သင့်ဘော့စ်ကလည်း သင့်အလုပ်အခြေအနေကိုသိရအောင် မေးဖို့ သင့်စားပွဲနားကို ရောက်လာပြီ။ သင် ဘယ်လိုခံစားရပါသလဲ။
ဒါဟာ နေ့စဉ်ကြုံတွေ့နေကြ စိတ်ဖိစီးမှုအခြေအနေများရဲ့ နမူနာတစ်ခုဖြစ်ပါတယ်။

ရေတိုကိစ္စမှာတော့ အချိန်ကာလတစ်ခုကျော်လွန်သွားရင် ပြီးပြီးပျောက်ပျောက်ဖြစ်သွားနိုင်ပါတယ်။ နေ့စဉ်ဘဝအတွက် ဖိစီးမှုဟာလည်း အတိုင်းအတာ တခုထိ လိုအပ်ပါတယ်။ ဒါပေမယ့် စိတ်ဖိစီးစရာ အခြေအနေကို နေ့စဉ်ရက်ဆက်ကြုံတွေ့ရရင်တော့ စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။

စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းအရာတွေဟာလည်း မျိုးစုံရှိနိုင်ပါတယ်။ အသေးအဖွဲကိစ္စကနေ ကြီးမားတဲ့ပြဿနာတွေထိ ရှိနိုင်ပါတယ်။ အဆိုပါကိစ္စတွေကို တစ်ခုချင်းနားလည်သိရှိမယ်ဆိုရင် ဖြေရှင်းတဲ့နေရာမှာ၊ စိတ်ဖိစီးမှုကို လျှော့ချတဲ့နေရာမှာ အထောက်အကူပြုနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။

ကျန်းမာရေး

အိုမင်းမစွမ်းဖြစ်ခြင်း၊ ရောဂါတစ်ခုခု အသစ်ဖြစ်ခြင်း၊ ရောဂါနောက်ဆက်တွဲပြဿနာများ ကြုံရခြင်း စတာတွေဟာ သင့်ကို စိတ်ဖိစီးစေတဲ့ ကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။ သင်ကိုယ်တိုင်က ကျန်းမာရင်တောင် အနီးအနားကလူတစ်ယောက် ကျန်းမာရေးချို့ယွင်းရင် သင့်အတွက် ဖိစီးမှုတခု ဖြစ်လာနိုင်ပါတယ်။

ပေါင်းသင်းဆက်ဆံရေး ပြဿနာ

သင့်ရဲ့လက်တွဲဖော်၊ မိဘ၊ ကလေး စသူတွေနဲ့ သဘောထားမတိုက်ဆိုင်ဘဲ ငြင်းခုန်ရချိန်မှာ ဖိစီးမှုတိုးလာပါတယ်။ အတူရှိနေချိန်ဆို ပိုဆိုးပါတယ်။ မိမိနဲ့ တိုက်ရိုက်မဖြစ်ရင်တောင် မိသားစုတွင်းမှာ တခြားသူတွေ ပြဿနာဖြစ်နေရင် စိတ်ဖိစီးမှာ ဖြစ်ပါတယ်။

ပုဂ္ဂိုလ်ရေးယုံကြည်မှု

မိမိပုဂ္ဂလိကရေးရာ၊ ဘာသာရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ ယုံကြည်ချက် ခံယူချက်များနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေဖြစ်ပေါ်ခြင်းဟာလည်း စိတ်ဖိစီးမှုဖြစ်စေပါတယ်။ အထူးသဖြင့် ပြဿနာကို ရှောင်လွှဲမနိုင်ဘဲ ချောင်ပိတ်မိနေရင် ပိုဆိုးပါတယ်။ သင့်ယုံကြည်ချက်များနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့ အရာတွေ ဆန့်ကျင်ဖက်ဖြစ်နေရင် စိတ်ဖိစီးခြင်း ကြီးမားနိုင်ပါတယ်။ အနီးအနားက လူများနဲ့ ကွဲပြားနေရင် ပိုဆိုးပါတယ်။

စိတ်ခံစားမှုပိုင်းဆိုင်ရာပြဿနာ

တစ်စုံတစ်ယောက်နဲ့ မပတ်သက်ချင်တဲ့အချိန်မှာ မလွှဲမရှောင်သာ ဆက်ဆံနေရချိန်၊ မိမိခံစားချက်ကို ထုတ်ပြောဖို့ အခွင့်အရေးမရတဲ့အခါ ဖိစီးမှုတိုးလာနိုင်ပါတယ်။ စိတ်ကျခြင်း၊ စိတ်ပူပန်ခြင်းစတာတွေကြောင့် ခံစားချက် ပိုဆိုးလာနိုင်ပါတယ်။ စိတ်ခံစားမှုပိုင်းမှာ ဖြေလျှော့ပေးဖို့၊ စိတ်ကျန်းမာရေးပြဿနာတွေကို ထိရောက်စွာ ကုသဖို့ လိုအပ်ပါတယ်။

ဘဝ၏ ပြောင်းလဲမှုများ

မိမိချစ်ခင်ရသူတစ်ဦးဦး သေဆုံးချိန်၊ လုပ်ငန်းခွင် ပြောင်းလဲချိန်၊ နေအိမ်ပြောင်းချိန်၊ မိမိကလေးများကို တစ်နယ်တစ်ကျေးမှာ ကျောင်းစထားချိန် စတဲ့ ပြောင်းလဲမှုတွေဟာ စိတ်ဖိစီးမှုဖြစ်ပေါ်စေတဲ့ အကြောင်းတရားတွေ ဖြစ်ပါတယ်။ အကောင်းဖက်ပြောင်းလဲခြင်းဆန်တဲ့ ပင်စင်ယူခြင်း၊ လက်ထပ်ခြင်း စတဲ့ကိစ္စတွေမှာတောင် စိတ်ဖိစီးမှုရှိပါတယ်။

ငွေကြေးအခက်အခဲ

ငွေရေးကြေးရေးပြဿနာဟာ စိတ်ဖိစီးစရာဆိုတာကတော့ အငြင်းပွားစရာ မရှိပါဘူး။ ဆင်းရဲချမ်းသာမရွေး စိတ်ဖိစီးရတဲ့အရာဖြစ်ပါတယ်။

ခွဲခြားခံရခြင်း

မိမိပတ်ဝန်းကျင်မှာ မိမိဟာ ခွဲခြားဆက်ဆံခံရတယ်လို့ ခံစားလာရရင် စိတ်ဖိစီးမှုဖြစ်ပါတယ်။ လူမျိုး၊ အသားအရောင်၊ ကျား/မ ကွဲပြားခြင်း၊ လိင်တိမ်းညွတ်စိတ် စတာတွေပေါ်မူတည်ပြီး ခွဲခြားခံရနိုင်ပါတယ်။ နေ့စဉ်ကြုံတွေ့နေရရင် စိတ်ကျန်းမာရေးပါ ထိခိုက်လာနိုင်ပါတယ်။

ပတ်ဝန်းကျင်

စိတ်မချရသည့် အိမ်နီးနားချင်းများနှင့် နေထိုင်ရခြင်း၊ ရာဇဝတ်မှုထူပြောသော မြို့ရွာတွင် နေထိုင်ခြင်း စတာတွေဟာ စိတ်ဖိစီးမှုများစေရတဲ့ အကြောင်းတွေ ဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာထိခိုက်စေသည့် ဖြစ်ရပ်များ

လုယက်မှု၊ မုဒိမ်းမှု၊ သဘာဝဘေးအန္တရာယ်၊ စစ်ပွဲ စတာတွေနဲ့ ကြုံတွေ့ထားရဖူးရင် ရေရှည်စိတ်ဖိစီးမှု ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် စစ်ပြန်တွေဆိုရင် ဒီပြဿနာတွေကို နှစ်ရှည်လများ ထိခိုက်ခံစားရပါတယ်။

ဘယ်လိုကိုင်တွယ်မလဲ

ရေတိုစိတ်ဖိစီးမှုဟာ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ တွန်းအားပေးနိုင်ပါတယ်။ ဒါပေမယ့် အချိန်ကြာကြာ ကြုံလာရရင် ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။
ဖော်ပြခဲ့ပြီးတဲ့ စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းအရာ အတော်များများကို သင်ကြုံတွေ့နေရမှာ အမှန်ပါပဲ။ ဒါပေမယ့် ဒီကိစ္စရပ်တွေကြောင့်ဆိုတာ သင့်စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း မသဲကွဲဘဲ ရှိတတ်ပါတယ်။ ဒီနေ့ ငါ ဘာကြောင့် စိတ်မကြည်ပါလိမ့်၊ ဘာကြောင့် ငါ့စိတ်တွေ လေးလံနေပါလိမ့် စဉ်းစားမိပါလိမ့်မယ်။

တကယ်တော့ မိမိကို စိတ်ဖိစီးမှုပေးမယ့် အကြောင်းတရားတွေဟာ ပတ်ဝန်းကျင် လက်တကမ်းမှာပဲ ရှိနေပါတယ်။ ဒီအရာတွေကို တတ်နိုင်သလောက် ဖြေရှင်းခြင်း၊ လုံးဝမဖြေရှင်းနိုင်လျှင် လျော့ချခြင်း၊ နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ သီချင်းနားထောင်ခြင်း စတဲ့နည်းလမ်းတွေနဲ့ ကိုင်တွယ်သင့်ပါတယ်။ လိုအပ်ရင် စိတ်ကျန်းမာရေးဆရာဝန် ဒါမှမဟုတ် နားလည်တတ်ကျွမ်းသူ စသူတွေနဲ့ တိုင်ပင်ရပါမယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

Psywar တွေက ကြောက်ဖို့ ကောင်းတာ မှန်ပေမယ့် လက်ခံတဲ့သူပေါ် မူတည်ပါတယ်။ လက်ခံတဲ့သူက ပါးနပ်ရင် ပါးနပ်သလောက် Psywarတွေကို ကျော်ဖြတ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

မီးသတ်ပိုက် နဲ့ အထိုးခံရရင်

မီးသတ်ပိုက် ဆိုတာက အရှိန် ခပ်ပြင်းပြင်း၊ ရေလုံး ကြီးကြီးနဲ့ ဖိအား အတော်လေး များတဲ့အရာပါ။ မီးတွေကို ငြှိမ်းသတ်နိုင်စေဖို့ ပြုလုပ်ထားတဲ့ အရာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိုးရိမ်ပူပန်မှု တွေက ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေနိုင်သလဲ။

စိုးရိမ်ပူပန်မှု တွေက ကျွန်တော်တို့ ကိုယ်ထဲကို မသိလိုက်တဲ့ အချိန်မှာ ဝင်ရောက်လာပြီး တအိအိနဲ့ နေရာဝင်ယူသွားပါတယ်။ နာတာရှည်ရောဂါလို ဒုက္ခလှည့်ပေးတော့မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

how-this-empath-copes-with-shocking-events မျှဝေခံစားလိုစိတ်

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 2 mins read
ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
စိတ်ဖိစီးလွန်း ရင် ရာသီထိမ် တတ်သလား။

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 19, 2021 . 2 mins read