စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေပါ ပြနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ကိုင်တွယ်တာက ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေနိုင်ဖို့ အထောက်အကူပြုပါတယ်။ ဒီစာမျက်နှာမှာ စိတ်ဖိစီးမှု ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာ ဖတ်ရှုလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ဖိစီးမှုဖြေလျှော့ခြင်း ကို ရှာဖွေမည်။

စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုနှင့်ပတ်သက်၍စောင့်ရှောက်သူအတွက်အကြံပြုချက်များ

စောင့်ရှောက်သူဆိုသည်မှာ နေမကောင်းသူ၊ ထိခိုက်ဒဏ်ရာရသူ၊ မသန်စွမ်းသူများကို ဂရုစိုက်သူကိုခေါ်သည်။ အသည်းရောင်ရောဂါရှိသည့် မိမိချစ်ခင်သူများကို စောင်ရှောက်ခြင်းသည် စိန်ခေါ်မှုအကြီးကြီးပင်ဖြစ်သည်။ စောင့်ရှောက်နေရင်းဖြင့် လူနာများတွင် စိတ်ဖိစီးမှုများရှိသည်ကို ကြုံတွေ့နိုင်သည်။ အထူးသဖြင့် အမျိုးသမီးလူနာများတွင် ကျန်းမာရေးပြဿနာ ပို၍ကြုံနိုင်သည်။ ၎င်းတို့တွင်စိတ်ပူပန်ခြင်းနှင့် စိတ်ကျခြင်းတို့ပါသည်။ စောင့်ရှောက်သူများမှ ၎င်းတို့၏စိတ်ပင်ပန်းမှုများကို အောက်ပါနည်းများဖြင့် စီမံပေးနိုင်သည်။ စိတ်ကိုလျှော့ထားပါ။ မျက်စိကိုမှိတ်ထားပါ။ နှာခေါင်းဖြင့်သာ ပုံမှန်အသက်ရှူပါ။ ရှူထုတ်သည်အခါ သင့်ကိုယ်သင် “ငြိမ်းချမ်းခြင်း” ဟူသော စကားတစ်လုံး(သို့) “ငါ့စိတ်ထဲမှာအေးချမ်းတယ်” ဆိုသော စကားစုကို တိုးတိုးညင်သာစွာပြောပါ။ ၁၀မိနစ်ခန့်ဆက်လုပ်ပါ။ သင့်စိတ်က ဆုံမှတ်ကိုစလွဲပါက ကိုယ့်ကိုယ်ကို အသက်ရှူခြင်းနှင့်ပတ်သက်၍ ညင်သာစွာသတိပေးပါ။ အသက်ရှူခြင်းကို နှေးလိုက်၍ ငြိမ်သွားအောင်လုပ်ပါ။ အသက်ပြင်းပြင်းရှူပါ။ ဝမ်းဗိုက်အားလေများအားလုံးနှင့် ပြည့်အောင်ဖြည့်ပါ။ ပြီးလျှင်ပြန်ထုတ်လိုက်ပါ။ ပူဖောင်းလေလျှော့သလိုဖြစ်သည်။ နှေးနှေးနှင့်ကြာကြာ အသက်ရှူထုတ်တိုင်း ပို၍ နေလို့ကောင်းသည်ကို ခံစားရမည်။ အကောင်းဆုံးနည်းမှာ သင့်ချက်အောက်တွင် အစက်လေးတစ်ခုကို စိတ်ကူးပြီး […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဓါတ်တက်ကြွနေအောင်ဘယ်လိုနေမလဲ

စိတ်ဓါတ်တက်ကြွနေအောင်ဘယ်လိုနေမလဲ သင့်အနေနဲ့ ပြောင်းလဲဖို့အချိန်တန်ပြီလို့ ဆုံးဖြတ်လိုက်တာနဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်သွားဖို့ လွယ်လွယ်ကူကူစတင်နိုင်မှာပါ။ ဒါပေမယ့် စပြီးတဲ့နောက်မှာဆက်လုပ်ဖို့ကတော့ လူတော်တော်များများအတွက် စိတ်ခေါ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ အခက်အခဲတစ်ခုစ နှစ်ခုစတွေ့နိုင်တာပုံမှန်ပါပဲ။ ဒါကိုကိုင်တွယ်ဖို့ အစီအစဉ်တော့ ရှိရပါမယ်။ အလုပ်တွေပိပြီးလေ့ကျင့်ခန်းအတွက် လုံးဝအချိန်မပေးနိုင်တဲ့နေ့မျိုး ကြုံလာနိုင်ပါတယ်။ ဒီလိုကြုံရရင် အရှိအတိုင်းလက်ခံပြီးအကောင်းဖက်ကတွေးပေးဖို့ပါပဲ။ နောက်တစ်နေ့မှာပုံမှန်ပြန်လုပ်နိုင်မှာပါ။ မိမိကိုယ်ကိုအကောင်းမြင်အောင် ဘယ်လိုအားပေးမလဲဆိုတဲ့အကြောင်းလေ့လာပါ။ ဒီအချက်ဟာအခက်အခဲတွေကိုကျော်ဖြတ်ဖို့ အမှန်တကယ် အထောက်အကူုပြုပါတယ်။   သင့်လှုပ်ရှားမှုများကိုမှတ်တမ်းလုပ်ထားပါ သင့်လှုပ်ရှားမှုများကိုမှတ်တမ်းတစ်ခုထားပြီးသင်ပုံမှန်လုပ်စရာရှိတာတွေ လုပ်ဖြစ်နေအောင် ကြိုးစားပါ။ ဒီလိုလုပ်ခြင်းကြောင့် သင်ဟာဘယ်အချိန်တွေမှာလေ့ကျင်ခန်းအတွက် အချိန်မပေးနိုင်သလဲ၊ ဘယ်အချိန်တွေမှာအချိန်ပေးနိုင်သလဲဆိုတာအထောက်အကူပြုပါလိမ့်မယ်။ မှတ်တမ်းတစ်ခုဟာသင့်ရဲ့လုပ်ပုံကိုင်ပုံတွေကိုပိုမြင်သာစေပြီးပုံမှန်လုပ်ငန်းဆောင်တာတွေကိုဘယ်လိုပိုကောင်းအောင်လုပ်မလဲဆိုတာချိန်ဆနိုင်ပါတယ်။ တစ်ပတ်တာအတွင်းမှာလေ့ကျင့်ခန်းအချိန်မပေးနိုင်အောင် အလုပ်များတဲ့နေ့ရှိသလား။ ပြေးမယ့်အစားရေကူးတာဟာသင့်အတွက်အချိန်ပိုကုန်စေပါသလား။ သင် ပိုပြီးလုပ်ချင်တဲ့ လေ့ကျင့်ခန်းတွေ ရှိပါသလား။   ငြီးငွေ့နေပြီလား။ အောက်ဖော်ပြပါထဲကတစ်ခုကို ကြိုးစားကြည့်ပါ။ ငြီးငွေ့မှု ဟာသင်ကြုံရတဲ့အခက်အခဲတစ်ခုဖြစ်နိုင်ပါတယ်။   (၁) ပုံမှန်လုပ်ငန်းဆောင်တာတွေကိုပေါင်းစပ်လိုက်ပါ သင့်ပုံမှန်လုပ်ဆောင်စရာတွေကိုသင်နှစ်ခြိုက်တဲ့ လှုပ်ရှားမှုတွေနဲ့ပေါင်းစပ်မိဖို့ အရေးကြီးပါတယ်။ လုပ်စရာရှိတာတွေ ပေါင်းစပ်လိုက်ရင် သင့်ကိုယ်ခန္ဓါရဲ့မတူညီတဲ့ကြွက်သားအားလုံးကိုအလုပ်ပေးရာရောက်နိုင်ပါလိမ့်မယ်။ သင်ဟာအာကစားရုံထဲမှာနေ့တိုင်းမိနစ်သုံးဆယ်လုပ်နေရတာကို ငြ်ီးငွေ့လာပြီဆိုကြပါစို့။ အပြောင်းအလဲအနေနဲ့ နှလုံးလေ့ကျင့်ခန်းလုပ်တဲ့ဆီတစ်ပတ်မှာတစ်ရက်သွားလိုက်ပါ။ နောက်တစ်ရက်မှာလမ်းမြန်မြန်လျှောက်တာ၊ သူငယ်ချင်းနဲ့ စက်ဘီးစီးတာမျိုးလုပ်ပါ။ ဘယ်လိုပဲလုပ်ရခက်ခဲနေပါစေ၊ သင့်လှုပ်ရှားမှုတွေကိုအမျိုးမျိုးပြောင်းလဲပေးတာဟာကိုယ်ခန္ဓါရဲ့ ကြွက်သားတစ်ခုခုကိုအလွန်အကျွံသုံးရလို့ ဒဏ်ဖြစ်တာမျိုးလည်းမရှိတော့ပါဘူး။   (၂) လေ့ကျင့်ဖော် ရှာပါ တစ်ယောက်ယောက်နဲ့ ဒါမှမဟုတ် […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အသက် ၂၀ ကျော် ၃၀ ကြား ဘဝအခက်အခဲများ ဘယ်လိုကျော်ဖြတ်မလဲ

သင်ဟာ ငယ်ရွယ်တယ်၊ အကြမ်းခံနိုင်တယ်၊ လွတ်လပ်တယ်။ ဒါတွေကြောင့် အသက် ၂၀ ကျော် ၃၀ကြား ကာလဟာ သင့်ဘဝအတွက် အကောင်းဆုံး နှစ်တွေဖြစ်နိုင်ပါတယ်။ သင့်ကိုယ်သင် သတ်မှတ်နိုင်ပြီးတော့ သင်နှစ်သက်တဲ့ အလုပ်လမ်းကြောင်းကို ဦးတည်နိုင်ပါတယ်။ ဒါပေမယ့် သင်ဘယ်သူလဲ၊ ဘာလိုချင်တာလဲ၊ ဘယ်ကိုသွားမှာလဲဆိုတာ ကိုယ့်ကိုယ်တိုင်မသိဘဲ အရွယ်ရောက်ဖို့ သိပ်မလိုတော့ဘူးဆိုတာ နားလည်ချိန်မှာတော့ တုန်လှုပ်သွားနိုင်ပါတယ်။ အောက်ဖော်ပြပါ အချက်တွေကတော့ ဒီအရွယ်မှာ တွေ့ရတတ်တဲ့ ဘေးကျပ်နံကျပ်ကာလကို ဘယ်လိုရင်ဆိုင်မလဲဆိုတာတွေ ဖြစ်ပါတယ်။ ကဲ ..... အသက် ၂၀ ကျော် ၃၀ ကြား ဘဝအခက်အခဲများ ဘယ်လိုကျော်ဖြတ်မလဲ ..... ဆိုတာ ကြည့်လိုက်ရအောင်နော်။ အသက် ၂၀ ကျော် ၃၀ ကြား ဘဝအခက်အခဲများ ဘယ်လိုကျော်ဖြတ်မလဲ အသက် ၂၀ ကျော် ၃၀ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ပျော်ရွှင်မှုကိုတိုင်းတာနည်း

ပျော်ရွှင်မှုကိုစိတ်ကျေနပ်နေသော ခံစားမှုများဟုယေဘူယျအားဖြင့်အဓိပ္ပါယ်သတ်မှတ်သည်။ ထို့ကြောင့် ထိုခံစားမှုကိုမည်သို့တိုင်းတာမည်နည်း။ ထိုကိစ္စမှာကိုင်တွယ်၍လက်ဆုပ်လက်ကိုင်ပြ၍မရသောစိတ်ဖြစ်သည့်အတွက် အနည်းငယ်ခက်ခဲပါသည်။ လက်တွေ့အသုံးချစိတ်ပညာတွင် ကျွမ်းကျင်သူနှင့် သုတေသီများက လူတစ်ဦးချင်းစီ၏ဘ၀ ၊ စိတ်အခြေအနေနှင့် ခံစားမှုများကိုတိုင်းတာရန် “ တစ်ဦးချင်းစီ၏ကျေနပ်ကျန်းမာခြင်း ” ဟူသောသဘောတရားကိုအသုံးပြုထားပါသည်။ တစ်ဦးချင်းစီ၏ကျေနပ်ကျန်းမာခြင်းကိုဖွဲ့စည်းထားရှိမှု အကြောင်းအရာ ( ၃) ခုပါဝင်ပါသည်။ အပြုသဘောအကျိုးသက်ရောက်မှု ၊ အဆိုးမြင်သက်ရောက်မှု နှင့်ဘဝကိုကျေနပ်လက်ခံခြင်းတို့ဖြစ်သည်။ ထိုအကြောင်းအရာများသည် သင့်ဘဝ၏တွေ့ကြုံခဲ့ရသည်များမှတစ်ဆင့် သင့်စိတ်အခြေအနေနှင့် ခံစားမှုများကိုထင်ဟပ်နေသည်။ သင်ခံစားခဲ့ရသည်များကကောင်းမွန်သာယာသောအခါ “ အပြုသဘောအကျိုးသက်ရောက်မှု ” မှုများဖြစ်လာပြီး ၊ ကျေနပ်ဖွယ်မကောင်းသောအခါ “ အဆိုးမြင်သက်ရောက်မှု” များဖြစ်လာသည်။ နောက်ဆုံးဖြစ်သော “ဘဝကိုကျေနပ် လက်ခံခြင်း ” သည်သင်ကိုယ်တိုင်ကသင့်ဘဝတစ်ခုလုံးကိုအကဲဖြတ်ခြင်းဖြစ်သည်။ ထိုကိစ္စတွင်သင်ကိုယ်တိုင်မေးခွန်းများကိုမေး၍ ဖြေဆိုရမည်။ ဥပမာ “မင်းဘဝကိုမင်းကျေနပ်သလား” (သို့မဟုတ်) “မင်းဘဝမှာလိုချင်တာတွေကိုမင်းရခဲ့လား” (သို့မဟုတ်) “မင်းကြုံတွေ့ခံစားခဲ့ရတာတွေအားလုံးကိုပြောင်းလဲပစ်ချင်သလား” စသည်တို့ဖြစ်သည်။ လူတို့သည်ကြုံတွေ့ခဲ့ရသည်များကိုရွေး၍မှတ်မိတတ်ရာလူတို့၏ဘဝကိုလက်ခံခြင်း၌ အကဲဖြတ်ခြင်းသည်သင့်ဘဝသင်ကျေနပ်ခြင်းက ဘဝတစ်ခုလုံးတွင်ခံစားခဲ့ရသော […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အောက်ဆီတိုစင်ဟော်မုန်း Oxytocin၏ ကျွန်ုပ်တို့၏စိတ်ခံစားမှုများအပေါ်အကျိုးသက်ရောက်မှု

အကျိုးသက်ရောက်မှုများအောက်ဆီတိုစင်ဟော်မုန်း၏ ချစ်ခြင်းမေတ္တာဆိုင်ရာ ခံစားရမှုများနှင့် လူမှုပေါင်းသင်း ဆက်ဆံရေးဆိုင်ရာ အခန်းကဏ္ဍများကို ကောင်းစွာသိရှိခဲ့ပြီး ဖြစ်ပါသည်။ ထို့ပြင် မကြာခင်က ပြုလုပ်သော လေ့လာမှုအသစ် တစ်ခုတွင် ထိုဟော်မုန်း၏ ကျေးဇူးတရားနှင့် ပတ်သက်သော ခံစားချက်များ ၊ အကောင်းမြင်ခြင်း ခံစားချက်များတွင် ပါဝင်မှုကိုလည်း ဖော်ပြခဲ့သည့်အတွက် သုတေသီများက ကျွန်ုပ်တို့၏ ကျန်းမာရေးနှင့် နေထိုင်ကောင်းမှုတွင် စိတ်တည်ငြိမ်ခြင်း မှတစ်ဆင့် ရရှိလာသော အကျိုးကျေးဇူးများတွင်လည်း ထိုဟော်မုန်းက ပါဝင်ပတ်သက်နေမှုများကို လေ့လာရန် အချက်အလက်များကို ဖော်ပြခဲ့ကြသည်။ အောက်ဆီတိုစင်ဟော်မုန်း၏အခန်းကဏ္ဍ အမျိုးသမီးများတွင် အောက်ဆီတိုစင်ဟော်မုန်းသည် အရေးပါသော ဟော်မုန်းတစ်ခု ဖြစ်ပါသည်။ ဦးနှောက်တွင်းရှိ ဟိုက်ပိုသဲလ်မက်စ် ( Hypothalamus ) ဟုခေါ်သော နေရာမှ ထိုဟော်မုန်းကို ထုတ်လုပ်သည်။ မီးဖွားခြင်း ၊ နို့ချိုတိုက်ကျွေးခြင်း နှင့် လိင်မှုရေးရာကိစ္စများတွင် အရေးပါသော အခန်းကဏ္ဍမှ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

လုပ်ငန်းခွင်စိတ်ဖိစီးမှု-ရောဂါလက္ခဏာများ

လုပ်ငန်းခွင်တွင်း တွေ့ကြုံရသော စိတ်ဖိစီးမှုသည် လုပ်ငန်းလိုအပ်ချက်က လုပ်သားများ၏စွမ်းရည်နှင့် လုပ်ကိုင်နိုင်မှုထက် ကျော်လွန်နေသည့်အခါ ဖြစ်ပေါ်လာသော အခြေအနေတစ်ခုဖြစ်သည်။ စိတ်ဖိစီးမှုဖြစ်နေသောအလုပ်သမားများ၏ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုသာမက လုပ်ငန်းအဖွဲ့အစည်း၏ ထုတ်ကုန်စွမ်းအားကိုလည်း ကျဆင်းစေပါသည်။ (၁)စိတ်ဖိစီးမှု အဖြစ်များစေသော အရာများ လုပ်ငန်းခွင်စိတ်ဖိစီးမှုဖြစ်စေနိုင်သော အကြောင်းရင်းများမှာ • အဖွဲ့အစည်း၏ ယဉ်ကျေးမှု • စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း • အလုပ်ခွင် ၏လိုအပ်ချက်များ • လုပ်ငန်းခွင်၏ အနေအထား • လုင်ငန်းခွင်တွင်း တစ်ဦးနှင့်တစ်ဦး ဆက်ဆံမှု • ကူညီထောက်ပံ့မှုများ အားနည်းမှု • စီမံခန့်ခွဲမှု မူဝါဒ ပြောင်းလဲမှု • အလုပ်နေရာ အရေးပါခြင်းအငြင်းပွားမှု • ထိခိုက်ဒဏ်ရာ ရမှု • ကြာမြင့်သော အလုပ်ချိန် • အလုပ်ပြီးစီးရန်သတ်မှတ်ချိန် တင်းကြပ်မှု • လွန်ကဲစွာ စောင့်ကြည့်စေခိုင်းမှု • လုပ်ငန်းသုံး ပစ္စည်းကိရိယာနှင့် အရင်းအမြစ်များရှားပါးမှု • ရာထူးတိုးတက်ရန် အခွင့်အရေးနည်းပါးမှု • လုပ်ငန်းတွင်း အနိုင်ကျင့်ခံရမှု တို့ဖြစ်ပါသည်။ (၂)လုပ်သားများတွင် စိတ်ဖိစီးမှု ခံစားနေရသော လက္ခဏာများ • အဆိုးမြင်စိတ်ရှိလာခြင်း • […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

သင့်အလုပ်ခွင်က သင့်ကိုစိတ်ဖိစီးစေလားဆိုတာကို သိနိုင်ဖို့

စိတ်ဖိစီးမှုကင်းစင်တဲ့ အလုပ်ခွင် နဲ့ လူနေမှုဘဝက ကိုယ်တိုင်ဖန်တီးမှရတာပါ။ တစ်နေ့တာမှာ ကိုယ်မှ စိတ်ဖိစီးနေတာ အခြားသူတွေက စိတ်မဖိစီးဘူးလို့ မထင်လိုက်ပါနဲ့။ လူတိုင်း စိတ်ဖိစီးစရာကိုယ်စီနဲ့ပါ။ဖြေရှင်းတတ်တာနဲ့ မဖြေရှင်းတတ်တာပဲကွာပါတယ်။ တစ်ခါတလေမှာ ကိုယ်တောင်မသိလိုက်ဘဲနဲ့ စိတ်ဖိစီးနေတာမျိုးရှိနေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်လုပ်ကိုင်နေရတဲ့ အလုပ်ခွင်က ကိုယ်မသိလိုက်ဘဲနဲ့ကိုယ့်ကို စိတ်ဖိစီးမှုပေးနေလားဆိုတာကို ဆန်းစစ်ကြည့်ရအောင်လား။ အလုပ်ခွင်က စိတ်ဖိစီးနေစေသလား......... အလုပ်ခွင်မှာ အလုပ်လုပ်ရင်းက အခုလိုခံစားလာရပြီဆိုရင် သင့်အနေနဲ့ အလုပ်ခွင်ကြောင့်စိတ်ဖိစီးနေတာဖြစ်နိုင်ပါတယ်။ အလုပ်ခွင်ကိုရောက်သွားတဲ့အခါတိုင်း စိတ်ရှုပ်သလိုခံစားရတယ် ပင်ပန်းနေတယ်လို့ခံစားရတယ် စိတ်ဓါတ်ကျနေမယ် အလုပ်တွေကို စိတ်မဝင်စားဘူးဖြစ်နေမယ် အာရုံစူးစိုက်ရခက်နေမယ် အိပ်စက်မှုမှာပြဿနာရှိနေမယ် အချိန်တိုင်းလိုလိုခြေကုန်လက်ပမ်းကျနေမယ် ကြွက်သားတွေတောင့်တင်းနာကျင်နေမယ် ခေါင်းကိုက်မယ် အစာအိမ်အောင့်မယ် ဗိုက်အောင့်ဗိုက်နာဖြစ်မယ် လူမှုဆက်ဆံရေးမကောင်းဘူးဖြစ်နေမယ် ဆေးလိပ်တွေ၊ အရက်တွေအများကြီးသောက်မိနေမယ်ဆိုရင်တော့ အလုပ်ခွင်က သင့်ကို စိတ်ဖိစီးနေစေတယ်ဆိုတဲ့ သဘောပါ။ ဘယ်လိုဖြေရှင်းမလဲ...... စိတ်ဖိစီးမှုဆိုတာကရေရှည်မွေးထားလို့ကောင်းတဲ့အရာမဟုတ်ပါဘူး။ ဒါကြောင့် စိတ်ဖိစီးမှုဖြစ်လာတဲ့အခါ အကောင်းဆုံးဖြေရှင်းဖို့လိုပါမယ်။ အကောင်းမြင်စိတ်ထားပါ အလုပ်ခွင်က ဖိအားများတယ်ဆိုရင်တောင်မှ စိတ်ညစ်လိုက်တာဆိုတဲ့ အတွေးနဲ့မရင်ဆိုင်ပါနဲ့။ ဒါက စိတ်ဖိစီးမှုကို […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်