စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

လူတစ်ယောက်မှာ သူ့စိတ်ခံစားချက်က အမြဲတမ်း အပြောင်းအလဲဖြစ်နေပြီး နေ့စဉ်ဘဝကို အနှောင့်အယှက်ဖြစ်နေပြီဆိုရင်တော့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာခံစားနေရတာ ဖြစ်နိုင်ပါတယ်။ ဥပမာ ပြောရရင် စိတ်ကျရောဂါ၊ စိတ်အတက်အကျရောဂါလိုမျိုးပါ။ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများအကြောင်းကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

သင်က introvert လား၊ extrovert လား ဆန်းစစ်ကြည့်ကြမယ်

Introvert လို့ ပြောလိုက်ရင် လူကြောက်တတ်ပြီး လူတွေနဲ့ သီးခြားနေလိုတဲ့ပုံစံ၊ Extrovert ဆိုရင် သွက်သွက်လက်လက်နဲ့ ဆိုရှယ်ကျတဲ့ သူလို့ မြင်တတ်ကြမှာပါ။ ဒါတွေက ယေဘုယျဆန်လွန်းပြီး မတိကျသေးပါဘူး။ ဒါကြောင့် ဒီ‌ဆောင်းပါးမှာ သင်က introvert လား၊ extrovert လား ဆိုတာ သိရအောင် ပြောပြပေးပါမယ်။ သင်က introvert လား၊ extrovert လား Introvertဖြစ်ခြင်း၊ Extrovertဖြစ်ခြင်းဆိုတာက personality traitလို့ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေး တစ်ခုပါ။ ကိုယ်ရည်ကိုယ်သွေး အမျိုးအစားတွေထဲရဲ့ အစွန်းနှစ်ဖက်မှာ ရှိနေတဲ့ နှစ်ခုပါ။ ဒီကိုယ်ရည်ကိုယ်သွေး အမျိုးအစားတွေကို ၁၉၂၀ ဝန်းကျင်လောက်မှာ Carl Gustav Jungဆိုတဲ့ ပုဂ္ဂိုလ်က သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ Introvertဖြစ်ခြင်း၊ Extrovertဖြစ်ခြင်းဆိုတာ လူတစ်ယောက်က ပတ်ဝန်းကျင်က လူတွေနဲ့ ပြောဆိုဆက်ဆံပုံ၊ တုံ့ပြန်ပုံကို […]

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ ကို ရှာဖွေမည်။

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ကျရောဂါအတွက် ကုထုံးများ

အမျိုးသမီးများ၊ အမျိုးသားများနှင့် သက်ကြီးပိုင်းများအတွက် စိတ်ကျရောဂါအတွက် ကုထုံးများ အကြောင်းကို များများသင်ယူပါ။ ထို့ပြင် ကုသမှုခက်သည့် စိတ်ကျရောဂါ ပြဿနာကိုလည်းလေ့လာပါ။ စိတ်ကျရောဂါအတွက် ကုထုံးများ သေချာလေ့ကျင့်သင်ထားသည့် ကုထုံးပညာရှင်နှင့် စကားပြောခြင်းသည် အကောင်းဆုံးကုသမှုထဲမှ တစ်ခုဖြစ်သည်။ အချို့လူများတွင် ပြဿနာများဖြေရှင်းနိုင်ရန် လနှင့်ချီသည့် ကုသမှုကိုရွေးချယ်သည်။ အခြားသူများက ပို၍ကြီးသောပြဿနာများကို ဖြေရှင်းနိုင်ရန် နှစ်နှင့်ချီသောကုထုံးကို ရွေးချယ်ကြသည်။ ရွေးချယ်မှုသည် သင်နှင့် သင့် ကုထုံးပညာရှင်ပေါ်တွင် မူတည်သည်။ အောက်တွင် အသုံးများသော ကုထုံးများကိုဖော်ပြထားသည်။ • Cognitive behavior therapy- ဤကုထုံးသည် အပြုအမူနှင့် သင်တွေးနေသည့် အကြောင်းများက စိတ်ကျခြင်းတွင် မည်သို့ပါဝင်နေသည်ကို မြင်နိုင်ရန်ကူညီပါသည်။ သင့် ကုထုံးပညာရှင်မှ မကောင်းသော အပြုအမူများကို ကူညီ၍ပြောင်းလဲပေးလိမ့်မည်။ • Interpersonal therapy- ဤကုထုံးတွင် သင်နှင့် အခြားသူများ၏ ဆက်နွယ်မှုနှင့် သူတို့သင့် […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

Borderline personality disorder စိတ်ရောဂါ ဆိုတာဘာလဲ

တကယ်လို့ လူတိုင်းဟာ သင့်ကို ထားခဲ့နိုင်တယ်လို့တွေးပြီး ကြောက်နေတယ်ဆိုရင်၊ မကြာခဏ ပျင်းပြီး အဓိပ္ပါယ်မရှိဖြစ်နေတယ် ဆိုရင် (သို့) တစ်ယောက်တည်းနေလို့မဖြစ်ဖူးလို့ ခံစားနေရတယ်ဆိုရင် သင့်မှာ Borderline personality disorder ရှိနေနိုင်ပါတယ်။ Borderline personality disorder ဟာ သင့်စိတ်ကျန်းမာရေးရော ကိုယ်ခန္ဓါ ကျန်းမာရေးအထိတောင် ထိခိုက်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်ခု ဖြစ်ပါတယ်။ Borderline personality disorder ဆိုတာဘာလဲ။ Borderline personality disorder ဟာ ပြင်းထန်တဲ့ စိတ်ရောဂါ အခြေအနေတစ်ခု ဖြစ်ပါတယ်။ Borderline personality disorder ရှိတဲ့သူတွေဟာ စိတ်မတည်ငြိမ်ပဲ ဆက်ဆံမှုဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာ၊ လုပ်ငန်းဆောင်တာ ပိုင်းဆိုင်ရာ၊ ကိုယ့်ကိုယ်ကို တွေးတော ယူဆပုံပိုင်းဆိုင်ရာမှာ ပြဿနာရှိတတ်ကြပါတယ်။ ဒီရောဂါဟာ ကိုယ့်ကိုယ်ကို တွေးတောပုံနဲ့ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ကျရောဂါရှိသည့် မိသားစုဝင်ကို သင်ဘယ်လိုအထောက်အပံ့ပေးမလဲ။

စိတ်ကျရောဂါရှိသည့် လူတစ်ယောက်ကိုကူညီခြင်းသည် မလွယ်ကူဘဲအလွန်ခက်ခဲပါသည်။ အကယ်၍ ထိုလူသည် မိသားစုဝင်ဖြစ်ပါက ပို၍ခက်ခဲပါသည်။ သင့်ကူညီမှုသည် သင့်မိသားစုဝင်၏ ပြန်လည်ကောင်းမွန်မှုတွင် ကြီးမားသောသက်ရောက်မှုရှိသည်ကို သိသင့်ပါသည်။ စိတ်ကျရောဂါလက္ခဏာများကိုနားလည်ခြင်း စိတ်ကျရောဂါရှိသူကို aစာင့်ရှောက်ခြင်း၏ပထမအဆင့်မှာ သူတို့၏အခြေအနေကိုနှင့် ရောဂါလက္ခဏာကို နားလည်ရန်လိုကာ သူ(သို့) သူမအပေါ် ဘာတွေတိကျစွာလုပ်ပေးရမည်ကို သိနိုင်မည်ဖြစ်သည်။ စိတ်ကျရောဂါ၏ အတွေ့များသောလက္ခဏာများမှာအောက်ပါတို့ဖြစ်သည်။ • ခံတွင်းပျက်ခြင်း(သို့) ရုတ်တရက်အလေးချိန်ကျခြင်း • အစားအသောက်ပြဿနာဖြစ်ခြင်း (သို့)မိမိကိုယ်ကိုခံယူချက်အားနည်းခြင်း • အမြဲတမ်းဝမ်းနည်းခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ ရင်ထဲဘာမှမရှိခြင်းတို့ခံစားနေရခြင်း • လွယ်ကူစွာစိတ်ဆိုးခြင်း၊ စိတ်တိုခြင်း(သို့) ဝမ်းနည်းခြင်း • အအိပ်ပြဿနာ၊ အိပ်မပျော်ခြင်း(သို့) အလွန်အမင်းအိပ်ခြင်း • အားအင်ကုန်ခမ်းပြီးအမြဲပင်ပန်းနေခြင်း • စိုးရိမ်စိတ်များခြင်း၊ စိတ်တိုခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း • လူမှုဆက်ဆံရေးတွင် ပြဿနာများရှိခြင်း၊ အတွေးနှင့် တုန့်ပြန်မှုနှေးခြင်း၊ အာရုံစိုက်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်း၊ အကြောင်းအရာများ ပြန်တွေးခြင်းတို့တွင် ခက်ခဲခြင်း၊ • သေဆုံးခြင်း၊ မိမိကိုယ်ကိုသတ်သေရန် အတွေးများ၊ သတ်သေရန်ကြိုးပမ်းခြင်းတို့ကိုမကြာခဏစဉ်းစားခြင်း • ခေါင်းကိုက်ခြင်း၊ ကျောအောင့်ခြင်း(သို့) အစာအိမ်အောင့်ခြင်းစသည့် ရုပ်ပိုင်းဆိုင်ရာ ပြဿနာများရှိခြင်းတို့ဖြစ်သည်။ အထက်တွင်ဖော်ပြထားသည့် လက္ခဏာများသည် လူတစ်ဦးနှင့် တစ်ဦးကွဲပြားနိုင်သည်။ သို့သော် ယေဘူရအားဖြင့် စိတ်ကျခြင်းသည် နေ့စဉ်ကိစ္စများတွင် […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ကျရောဂါခံစားရသူများတွင် တွေ့ရလေ့ရှိသည့် လက္ခဏာများ

စိတ်ညစ်ညူးရခြင်းသည် ဘဝတွင်ဖြစ်လေ့ဖြစ်ထရှိသောလက္ခဏာတစ်ခုပင်ဖြစ်သည်။ လူရယ်လို့ဖြစ်လာလျှင် ခံစားချက်များနှင့်ပတ်သက်၍ အားနည်းချက်များရှိစမြဲပင်ဖြစ်သည်။ အလုပ်တွင်မအောင်မြင်၍ သို့မဟုတ် ချစ်သူရည်းစားနှင့် အဆင်မပြေဖြစ်၍ စိတ်ဓါတ်ကျဆင်းခြင်းသည် သင့်မှာစိတ်ကျရောဂါ ဖြစ်ပွားနေပြီဟု မဆိုလိုပါ။ သို့သော် သင့်ဘဝအား အနှောင့်အယှက်ပေးလာသည်အထိ လွန်ကဲသောစိုးရိမ်ကြောင့်ကြမှုနှင့် ဝမ်းနည်းစိတ်ထိခိုက်ရခြင်းများ ခံစားနေရပြီဆိုလျှင်တော့ ဆေးပညာရှင်များထံတွင် အကူအညီတောင်းခံသင့်ပြီဖြစ်သည်။ စိတ်ကျရောဂါခံစားရသူများထံတွင် တွေ့ရလေ့ရှိသည့် လက္ခဏာများ စိတ်ကျန်းမာရေးတက္ကသိုလ်မှ စိတ်ကျရောဂါခံစားရသူများ၏ လက္ခဏာများကိုအောက်ပါကဲ့သို့ ဖော်ပြထားသည်။ အာရုံစူးစိုက်၍မရခြင်း သတိမေ့လျော့တတ်ခြင်း ဆုံးဖြတ်ရခက်ခဲခြင်း မိမိကိုယ်ကိုအပြစ်တင်ခြင်း မိမိကိုယ်ကိုစိတ်ပျက်ခြင်း ကူကယ်ရာမဲ့ ခံစားရခြင်း အဆိုးမြင်ခြင်း အိပ်ချိန်ပုံမှန်မဟုတ်ခြင်း (အလွန်အကျွံအိပ်စက်ခြင်းသို့မဟုတ် အိပ်မပျော်ခြင်း) ဂနာမငြိမ်ဖြစ်ခြင်း မည်သည့်အရာကိုမျှ စိတ်ဝင်စားမှုမရှိခြင်း (လိင်ဆက်ဆံခြင်းအပါအဝင်) အစားအသောက်ပုံစံပြောင်းလဲလာခြင်း (အစာစားချင်စိတ်တိုးလာခြင်းသို့မဟုတ် လျော့ကျသွားခြင်း) ဆေးဝါးဖြင့်မသက်သာသည့် ခန္ဓါကိုယ်ပိုင်းဆိုင်ရာနာကျင်ခြင်း အထီးကျန်သည်ဟုခံစားရခြင်း မိမိကိုယ်ကိုသတ်သေမည့်အတွေးများတွေးခြင်း၊ သတ်သေရန်ကြိုးစားအားထုတ်ခြင်း   စိတ်ကျခြင်းကြောင့် မိမိကိုယ်ကိုသတ်သေလိုသည့် လက္ခဏာများ စိတ်ကျခြင်းသည် မိမိကိုယ်ကိုသတ်သေခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်။ မိမိကိုယ်ကိုသတ်သေချင်စိတ်ပေါ်လာလျှင် လေးလေးနက်နက် […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ဓါတ်ကျခြင်း၏အတွေ့ရများသောလက္ခဏာများ

စိတ်ဓါတ်ကျခြင်း(သို့မဟုတ်) စိတ်ကျရောဂါဆိုသည်မှာ အတွေ့ရများသော စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်ခုဖြစ်သည်။ သင်၏အတွေးအခေါ် ၊ ခံစားချက်နှင့် နေ့စဉ်ဘဝကိုပါ ထိုအခြေအနေကထိခိုက်မှုရှိနိုင်ပါသည်။ သို့သော် သင့်အနေဖြင့်စိတ်ဓါတ်ကျခြင်း၏လက္ခဏာများကို သိရှိပြီးပါပြီလား။ ဤဆောင်းပါးတွင်စိတ်ဓါတ်ကျခြင်း၏အတွေ့ရအများဆုံးလက္ခဏာများကို ဖော်ပြထားသည်။ လူငယ်များတွင်တွေ့ရတတ်သောလက္ခဏာများ • ဝမ်းနည်းခြင်း၊ဘာမှမရှိတော့ဟုခံစားရခြင်း ၊ စိတ်လှုပ်ရှားခြင်း။ • မျှောင်လင့်ချက်မဲ့သည်ဟုခံစားရခြင်း။ • အသေးအဖွဲကိစ္စများ၌ပင်စိတ်ဆိုးလွယ်ခြင်း။ • အားအင်ကုန်ခမ်း၍မောပန်းနေခြင်း။ • သင်စိတ်ဝင်စားသောပြုလုပ်နေကျအရာများကို စိတ်မပါတော့ခြင်း။ • အိပ်မပျော်ခြင်း(သို့မဟုတ်) အလွန်အမင်းအိပ်စက်ခြင်း။ • တွေးခေါ်စွမ်းရည်နှင့် လှုပ်ရှားမှုများနှေးကွေးလာခြင်း။ • စိတ်အာရုံစူးစိုက်ရန်ခက်ခဲခြင်း။ • အကြောင်းပြချက်မရှိဘဲခါးနာခြင်း ၊ ခေါင်းကိုက်ခြင်း။ • မိမိကိုယ်ကိုတန်ဖိုးမဲ့ ၊ အပြစ်ရှိသည်ဟုခံစားရခြင်း။ အခြားသူများ၏အမှားများအတွက် မိမိကိုယ်ကိုအပြစ်တင်ခြင်း။ • မိမိကိုယ်ကိုသေကြောင်းကြံစည်ခြင်းနှင့် အားထုတ်ခြင်း။ အထက်ပါလက္ခဏာများကိုအချိန်တော်တော်များများခံစား နေရပြီး၂ပတ်နှင့်အထက် ကြာမြင့်ပါကသင့်တွင်စိတ်ကျရောဂါရှိနေပြီဖြစ်သည်။ ဆရာဝန်နှင့်တိုင်ပင်ကုသသင့်ပါသည်။ ကလေးများနှင့် ဆယ်ကျော်သက်များတွင် တွေ့ရတတ်သောလက္ခဏာများ ကလေးများနှင့်ဆယ်ကျော်သက်များတွင်တွေ့ရသောလက္ခဏာများမှာအရွယ်ရောက်ပြီးလူငယ်များနှင့် ကွာခြားမှုရှိသည်။ • ကလေးများသည်ဝမ်းနည်းစိတ်ဆတ်လွယ်လာသည်။ စိုးရိမ်မှုများခြင်း၊ ခေါင်းကိုက်ခြင်း၊ ခါးနာခြင်း၊ ကျောင်းမသွားလိုခြင်း ၊ အစားပုံမှန်မစားတော့ခြင်းတို့ဖြစ်ပွားတတ်သည်။ • ဆယ်ကျော်သက်များတွင်ဝမ်းနည်းလွယ်ခြင်း၊ဒေါသဖြစ်ခြင်း ၊ အဆိုးမြင်ခြင်း ၊ မိမိကိုယ်ကိုတန်ဖိုးမဲ့သည်ဟုခံစားရခြင်း၊ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်