ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး ရှိခြင်းက ကျွန်ုပ်တို့ရဲ့ ကိုယ်ရော စိတ်ပါ ကျန်းမာစေပါတယ်။ ကျန်းမာပြီး ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးတွေရဲ့ ကောင်းကျိုးကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

လက်တွဲဖော်တို့အတွက် ပျော်ရွှင်စရာ ဝါကျွတ်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့

ဝါကျွတ်ကာလက မိသားစုတွေအတွက်ပဲတော့ မဟုတ်ပါဘူး။ ဝါကျွတ်ကာလမှာ လက်တွဲဖော်တွေ အကြားမှာလည်း ပျော်ရွှင်စရာ အခိုက်အတန့်လေးကို ပိုင်ဆိုင်နိုင်အောင် ဖန်တီးလို့  ရပါတယ်။ ဘယ်လို ဖန်တီးရမလဲ ဆိုပြီး သိချင်နေပြီလား! ဒါဆိုရင်တော့ လက်တွဲဖော်တို့အတွက် ပျော်ရွှင်စရာ ဝါကျွတ်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့ ဘယ်လိုလေးတွေ လိုက်နာ လုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ လက်တွဲဖော်တို့အတွက် ပျော်ရွှင်စရာ ဝါကျွတ်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့ လက်တွဲဖော်တို့အတွက် ပျော်ရွှင်စရာ ဝါကျွတ်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့ ဆိုရင်တော့ အခုလို နည်းလမ်းလေး တွေနဲ့ လုပ်ဆောင်လို့ ရပါတယ်။ ဘုရား အတူတူတက်တာ သီတင်းကျွတ်ကာလက မြန်မာလူမျိုးတွေအတွက် အထွတ်အမြတ် ထားတဲ့ အခိုက်အတန့်ပါ။ ဒီကာလမှာ ဘုရား အတူတူ တက်တာက ချစ်သူနှစ်ဦးကြားမှာ ပိုမိုနွေးထွေးတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်နိုင်စေမှာပါ။  လူကြီးတွေကို ဂါရဝပြုဖို့ အတူတူ ဈေးဝယ်ထွက်တာ သီတင်းကျွတ်မှာ နှစ်ဖက်သော မိဘတွေကို ဂါရဝပြုရမယ့် […]

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး ကို ရှာဖွေမည်။

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

Single – ၁ အတွဲရှိသူတွေ - ဝ

Single – ၁ အတွဲရှိသူတွေ - ဝ  ........ ခုလို ပိတ်ရက်တွေများ၊ ရာသီဥတုတွေအေးနေတဲ့ချိန်ဆို အတွဲရှိတဲ့သူတွေက နင်တို့မှာ ချမ်းရင် ဖက်ထားစရာလူရှိလား၊ ပွဲဈေးတွေ၊ ပျော်ပွဲရွှင်ပွဲတွေကို လက်ချိတ်ပြီး ကြည်ကြည်နူးနူးလျှောက်လည် ရမယ့်သူရှိလားဆိုပြီး ခနဲ့တဲ့တဲ့ စကားသံတွေကို ဆင်ဂယ်လ် ဖြစ်နေတဲ့သူတွေ သည်းခံနေကြရပြီလား။ ကဲ ဒါဆိုရင်တော့ ဒီဆောင်ပါးလေးမှာတော့ အချစ်ရှိတာ၊ အတွဲရှိတာကောင်းတယ်ဆိုတဲ့သူတွေကို ပြန်လည်ချေပဖို့အတွက် ကျန်းမာရေး ကောင်းကျိုးလေးတွေကို ဖော်ပြလိုက်ပါတယ်။ Single – ၁ အတွဲရှိသူတွေ - ဝ Single – ၁ အတွဲရှိသူတွေ - ဝ လို့ ပြောရတာက ၁။ ကူညီအားပေးမယ့်သူ တစ်ပုံတစ်ပင်ရှိမယ်။ ရည်းစားရှိတဲ့သူတွေကိုဆိုရင် “သြော် သူ့ကို အားပေးမယ့်ရည်းစားရှိတာပဲ” ဆိုပြီး ထင်ကြပေမယ့် ဆင်ဂယ်လ်တွေအနေနဲ့ဆိုရင်တော့ တစ်ခုခုဖြစ်လာရင် ကိုယ့်ကို ကူညီမယ့်သူ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အလုပ်တွေများလည်း ဒီနည်းလေးတွေနဲ့ မိသားစုကိုအချိန်ပေးရအောင်

ကိုယ့်ရဲ့မျိုးဆက်သစ် သားသမီးတွေကို အဆင့်အတန်းမြင့်မြင့်ထားပေးနိုင်ဖို့နဲ့ မိသားစုသာယာပျော်ရွှင်နိုင်ဖို့ လူတိုင်းဆန္ဒရှိကြပါတယ်။ ဒါနဲ့ပဲ ဖေဖေမေမေက အလုပ်တွေဖိလုပ်၊ ကလေးတွေကို ကလေးထိန်းနဲ့ထား၊ ဒါမှမဟုတ် အဖိုးအဖွားတွေလက်မှာအပ်ထားတာမျိုးတွေ အများကြီးပါ။ မိဘကတော့ ဘဝအတွက်အချိန်မလပ် ကြိုးစားနေပေမယ့် သားသားမီးမီးတို့ ဒီအရွယ်မှာ လိုအပ်တာက ငွေနဲ့တင်မလုံလောက်ပါဘူး။ အလုပ်ကြိုးစားတာလည်း လုပ်ပါ၊ အဲဒီအထဲကမှ အချိန်ကို ရအောင်ဖဲ့ပြီး မိသားစုအတွက် အချိန်ပေးနိုင်မယ့် နည်းလမ်းလေးတွေ သိရမယ်ဆို ပိုအဆင်မပြေဘူးလား။ အထူးသဖြင့် အားလပ်ရက်လေးတွေမှာ အချိန်သိပ်မရရင်တောင် ဒီထဲက တစ်ချက်လောက်ဖြစ်ဖြစ်လုပ်ကြည့်ပါ။ ခရီးထွက်တာကလွဲလို့ အချိန်သိပ်မပေးရသလို ခက်ခဲတဲ့အရာတွေလည်း မဟုတ်တာမို့ ဖေဖေမေမေတို့ ကြိုးစားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ (၁) အစီအစဉ်ဆွဲပါ ရေခဲသေတ္တာနားမှာ ဒါမှမဟုတ် မိသားစုဝင်အကုန်လုံးမြင်နိုင်တဲ့တစ်နေရာရာမှာ ပြက္ခဒိန်ကပ်ထားပေးပြီး နောက်တစ်ပတ်အတွက် ဘာအစီအစဉ်ရှိသလဲ ကြည့်ပါ။ ဗျာများနေရတဲ့ရက်တွေနဲ့ အလုပ်သိပ်မများတဲ့ ရက်တွေကို အချိန်ညှိပြီး သိပ်အရေးမကြီးတဲ့ကိစ္စတွေကို နောက်ရွှေ့သင့်ရွှေ့ပါ။ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အတွဲတွေဘာကြောင့် သရဲကားတူတူကြည့်သင့်တာလဲ

ခုမှ ချစ်စခင်စ အတွဲလေးတွေ ရုပ်ရှင်ကြည့်ဖို့ ဇာတ်ကား ရွေးကြမယ် ဆိုပါစို့။ တစ်ယောက် အကြိုက် တစ်ယောက်ကလည်း မသိသေးတော့ ပေါ့ပေါ့ပါးပါး အချစ်ကားလေးတွေ၊ ဟာသကားလေးတွေ ရွေးလိုက်မယ်လို့ တွေးနေရင်တော့ အဲဒီအတွေးကို ဖျောက်လိုက်ပါတော့။ လတ်တလောမှ စဒိတ်တဲ့ အတွဲတွေပဲဖြစ်ဖြစ်၊ နှစ်ရှည်လများ တွဲလာပြီးတဲ့ အတွဲလေးတွေပဲဖြစ်ဖြစ် အတွဲတွေဘာကြောင့် သရဲကားတူတူကြည့်သင့်တာလဲ  ဆိုတာကို ဖော်ပြပေးထားပါတယ်နော်။ အတွဲတွေဘာကြောင့် သရဲကားတူတူကြည့်သင့်တာလဲ အတွဲတွေဘာကြောင့် သရဲကားတူတူကြည့်သင့်တာလဲ ဆိုတော့ ၁။ တစ်ယောက်နဲ့ တစ်ယောက် နီးစပ်ဖို့ အခွင့်အရေးတွေ ရှိလာမယ်။ ဒါကတော့ စဒိတ်စ အတွဲလေးတွေ အတွက်ပေါ့။ ယောကျာ်းလေးကလည်း မိန်းကလေးဘက်က ဘာထင်မလဲ ဆိုပြီး လက်ကလေးတောင် မကိုင်ရဲ ဖြစ်နေ၊ မိန်းကလေးကလည်း ရင်တွေ ခုန်ပြီး ရှက်နေတဲ့ အချိန်မှာ သရဲက ဝုန်းဆို ထွက်လာရင် ကိုယ့်ဘာ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

သင်အချစ်ရေး အဆင်မပြေတာ ဒီစိတ်ရောဂါကြောင့်များလား

ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ လူငယ်တွေမှာ အရမ်းလည်းအဖြစ်များပြီး အချစ်ရေး၊ မေတ္တာရေးမှာ နောက်ကွယ်ကနေ ကောင်းကောင်းဒုက္ခပေးနေတဲ့ Borderline Personality Disorder – BPD လို့ခေါ်တဲ့ စိတ်ခံစားချက်ပုံမှန်မဟုတ်တဲ့ ရောဂါအကြောင်းပဲ ဖြစ်ပါတယ်။ BPD ဆိုတာ ဘယ်လိုရောဂါမျိုးလဲ။ ဆယ်ကျော်သက်အရွယ်နဲ့ အသက်ငယ်သေးတဲ့ အချိန်မှာ အစပျိုးလာတတ်တဲ့ စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဆက်တိုက်ဆိုသလို စိတ်ခံစားချက် ပုံမှန်မဟုတ်တာ၊ စိတ်က တည်ငြိမ်မနေဘဲ အနိမ့်အမြင့် အတက်အကျ မြန်လွန်းတာ၊ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ အမူအကျင့်တွေ၊ စိတ်ခံစားချက် ပြင်းထန်လွန်းတာ၊ ပုံမှန်မဟုတ်တဲ့ အတွေးတွေ ခေါင်းထဲ ခဏခဏ ဝင်လာတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ ဒီစိတ်ရောဂါဟာ အချစ်ရေးကိစ္စတွေမှာ နှစ်ဦးနှစ်ဖက် ပဋိပက္ခဖြစ်စေသလို ကိုယ့်ရဲ့အမူအကျင့်တွေကြောင့်လည်း ကိုယ့်ချစ်သူရဲ့ အထင်အမြင်လွဲမှားတာ ခံရနိုင်တယ်။ သိမ်ငယ်စိတ်ေတွ၊ စိုးရိမ်စိတ်တွေ၊ ထားသွားမှာ ကြောက်တဲ့စိတ်တွေ၊ ဖြစ်မလာသေးတဲ့ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ချစ်ခင်ရသူတွေအပေါ်မှာ ရိုးသားမှုရှိပါစေ

"မုသားမပါ လင်္ကာမချော" ဆိုတဲ့စကားအတိုင်း တစ်ခါတလေမှာ အဖြူရောင်မုသားလေးတွေ သုံးရတာမျိုးရှိပေမယ့် အချစ်ရဆုံးသူတွေပေါ်မှာတော့ အတတ်နိုင်ဆုံးရိုးသားစေချင်ပါတယ်။ ရိုးသားမှုက ကိုယ်ကျင့်တရားကောင်းမွန်ခြင်းကိုဖော်ပြပေးနေတဲ့ပြယုဂ်တစ်ခုဆိုလည်းမမှားပါဘူး။ ရိုးသားမှုက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဒါကြောင့် မဖြစ်မနေအနေအထားကလွဲလို့ ကျန်တဲ့အခြေအနေတိုင်းမှာရော ချစ်ခင်ရတဲ့သူတွေအပေါ်မှာပါ ရိုးသားကြဖို့ Hello ဆရာဝန်ပရိသတ်ကြီးကိုပြောပါရစေ။ ရိုးသားမှုက စိတ်ရောကိုယ်ပါကျန်းမာစေနိုင်ပါတယ် အရာရာတိုင်းကို အမှန်အတိုင်း ရိုးသားပွင့်လင်းစွာပြောဆိုမှုက စိုးရိမ်မှုကင်းစေနိုင်ပြီး စိတ်ရောကိုယ်ပါကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဖုံးကွယ်ထားမှုမရှိတာကြောင့် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရှိနဲ့ အခြေအနေတိုင်းကို အကောင်းဆုံးဖြေရှင်းနိုင်မှာပါ။ စိတ်ပိုင်းဆိုင်ရာပေါ့ပါနေမှုကြောင့် အကောင်းဆုံးအိပ်ပျော်စေနိုင်သလို လုပ်ငန်းဆောင်တာတွေကိုလည်းစွမ်းဆောင်ရည်ကောင်းစွာနဲ့ လုပ်ဆောင်နိုင်မှုကြောင့် အလုပ်ကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုကင်းစေမယ်ဆိုတာ အသေအချာပါ။ စိတ်ဖိစီးမှု၊ စိုးရိမ်မှုကင်းစင်တဲ့ လူနေမှုဘဝကခေါင်းကိုက်တာ၊ ဖျားနာတာ အပါအဝင် နာတာရှည်ရောဂါတွေကနေပါ ကင်းစင်စေမှာပါ။ ဒါကြောင့်ဖြစ်ရပ်တိုင်း အခြေအနေတိုင်းပေါ်မှာ ရိုးသားမှုရှိနေတာက အကောင်းဆုံးဖြစ်မှာပါ။ မရိုးသားမှုက ဘာတွေဖြစ်လာစေမှာလဲ......... မရိုးသားမှုကြောင့် ဒီလိုတွေ ဖြစ်လာနိုင်ပါတယ်။ စိတ်ပူပန်မှုများလာမယ် တစ်ခုခုဖုံးကွယ်ထားရတာက အချိန်တိုင်းလိုလိုစိတ်ပူပန်မှုကိုဖြစ်နေစေနိုင်ပါတယ်။ စိတ်ပူပန်မှုက စိတ်ကျန်းမာရေးအတွက် မကောင်းသလို […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ကိုယ့်ဘဝအတွက် အဆိပ်အတောက်ဖြစ်စေ သူတွေကို ချန်ထားခဲ့ဖို့ ဝန်မလေးပါနဲ့

လူ့စိတ်ဆိုတာက ခန့်မှန်းရခက်တယ်နော်။ တစ်ခါတလေ ကိုယ့်အတွက် မကောင်းမှန်းသိပေမယ့် ဒီဝန်ထုတ်ဝန်ပိုးကြီးကို ထမ်းပိုးသွားနေရတာကို ပျော်နေမိတဲ့ အခိုက်အတန့်တွေရှိတယ်နော်။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိသမျှသူတိုင်း ကိုယ်ကနှစ်သက်ချစ်ခင်မိတဲ့သူတိုင်းက ကိုယ့်အတွက် ကောင်းကျိုးပဲပေးမယ်ဆိုတာသေချာရဲ့လား။ အချို့သောသူတွေက ကိုယ့်ကို တကယ်ချစ်လို့ တကယ်ကို အားဖြစ်စေတဲ့သူတွေဆိုပေမယ့် အချို့ကတော့ ကိုယ့်ဘဝအတွက် အဆိပ်အတောက်ဖြစ်စေ ဖို့သက်သက် ကိုယ့်ဘေးမှာရှိနေတတ်ကြတာမျိုးလည်း ရှိတတ်ကြပါတယ်။ အဆိပ်အတောက်ဖြစ်စေ မယ့်သူတွေက ဘယ်လိုလူမျိုးတွေလဲ……. လူတိုင်းက သာမန်ကြည့်ရင်တူတူပါပဲ။ ဒါပေမယ့် ရေရှည်ပေါင်းကြည့်တဲ့အခါမှာတော့ အဆိပ်အတောက်ဖြစ်စေ မယ့်သူတွေမှာ အခုလိုလက္ခဏာတွေ တွေ့လာရနိုင်ပါတယ်။ အဆိပ်အတောက်ဖြစ်စေမယ့်သူတွေက သင့်ကို ထိန်းချုပ်ဖို့ ကြိုးစားမယ် သင့်ရဲ့ အရေးကိစ္စတွေကို ဘယ်တော့မှ အလေးမထားဘူး သင့်ဆီကနေ အယူပဲရှိတယ်၊ အပေးမရှိဘူး တစ်ခုခုဖြစ်တိုင်း သူတို့ပဲမှန်တယ်လို့ ပြောလေ့ရှိတယ် သင့်အပေါ်မှာ ဘယ်တော့မှ မရိုးသားဘူး သင့်ကိုပဲ အမြဲအပြစ်တင်တယ် ပြဿနာတစ်ခုခုဖြစ်တိုင်း ဘယ်တော့မှ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အလုပ်ခွင်မှာ လာအနိုင်ကျင့်တာ အရှုံးပေးစရာမလိုပါ

လူအချင်းချင်း အနိုင်ကျင့်တယ်ဆိုတာ ပုံစံအမျိုးမျိုးရှိပေမယ့် အများအားဖြင့်တော့ တစ်ဦးတစ်ယောက်တည်းကို မလိုလား၊ မကြိုဆိုတဲ့အရိပ်အယောင် ပြတာ၊ ရန်စတာ၊ ဆန့်ကျင်ဘက်ပြုတာ လိုမျိုး အပြုအမူတွေလို့ သတ်မှတ်ယူဆကြပါတယ်။ အနိုင်ကျင့်မှုဆိုတာ စိတ်ပိုင်းဆိုင်ရာလည်းဖြစ်နိုင်တယ်၊ ကိုယ်ထိလက်ရောက်လည်းဖြစ်နိုင်တယ်၊ နှုတ်နဲ့ပဲပြောဆိုတာလည်း အကျုံးဝင်ပါတယ်။ ကလေးဘဝမှာတွေ့ရတာအများဆုံးပေမယ့် အရွယ်ရောက်မှ အလုပ်ခွင်မှာ လူမသိသူမသိ အနိုင်ကျင့်ခံနေရတာတွေလည်း အများကြီးပါ။ ကျူးလွန်သူတွေရဲ့အာဏာ၊ လုပ်ပိုင်ခွင့်၊ ရာထူး၊ အဖွဲ့အင်အား တို့ကြောင့်အောင့်အည်းသည်းခံရင်းဖြတ်ကျော်ကြရတဲ့သူတွေရှိပါတယ်။ ခွဲခြားဆက်ဆံမှုတွေ၊အနိုင်ကျင့်မှုတွေကြောင့် နာကျင်ခံစားရရင်းဖြစ်လာတဲ့စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနစ်နာမှုတွေအတွက် ဘယ်သူ့မှာတာဝန်ရှိပါသလဲ။ သည်းခံနေတဲ့သူ ဘယ်လိုမှ မတောင့်ခံနိုင်တော့လို့ ကိုယ့်ကိုယ့်ကိုယ်အဆုံးစီရင်ခဲ့ရင် ဘယ်သူ့မှာတာဝန်ရှိပါသလဲ။ ဒီလို ထွက်ပေါက်ရှာတဲ့အတွေးဟာ မှားယွင်းနေပါတယ်နော်။ စိတ်ရောဂါတွေဖိစီးလာတဲ့အထိ သည်းခံမနေပါနဲ့။ လူ့လောက ကပျောက်ကွယ်မယ့်နည်းနဲ့လည်း ကိုယ်လွတ်မရုန်းပါနဲ့။ ကိုယ်မရှိတော့ရင်လည်း ခွဲခြားဆက်ဆံနေကြသူတွေက ပစ်မှတ်နောက်တစ်ယောက်ကို ရှာပါလိမ့်မယ်။ ဒီလိုအနိုင်ကျင့်တာတွေအတွက်ဖြေရှင်းဖို့ နည်းလမ်းတွေရှိပါတယ် - ဘယ်လိုလုပ်ရမလဲ။ ဟန့်မယ် အရင်ဆုံးသိထားရမှာက အနိုင်ကျင့်သူတွေက ဒီလူကို လုပ်လို့ရသရွေ့ ချိုးနှိမ် […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ချစ်ခြင်းမေတ္တာတရားရဲ့ သင်္ကေတ အောက်စီတိုစင်ဟော်မုန်း

ကမ္ဘာပေါ်မှာ လူသားတိုင်းက မတူညီတဲ့ ပုံစံအမျိုးမျိုးနဲ့ ချစ်နေကြတာပါပဲ။ မိဘနဲ့ သားသမီး၊ ညီအစ်ကို မောင်နှမချင်း၊ မိတ်ဆွေသူငယ်ချင်း၊ တစ်ခါမှ မဖြစ်ဖူးတဲ့ သူစိမ်းနှစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် ချစ်ခင်နှစ်သက်စိတ်တွေ ဖြစ်လာတဲ့ အောက်စီတိုစင်ဟော်မုန်းတွေ ထွက်လာပါတယ်။ ဒီဟော်မုန်းတွေကြောင့်ပဲ ကျွန်တော်တို့တွေဟာ ပိုပြီး ယုံကြည်လာကြတယ်၊ ကရုဏာတရား ထားလာကြတယ်၊ လောကကြီးကို ပိုပြီးအကောင်းမြင်လာတယ်၊ စိတ်ရော ကိုယ်ပါ ကျန်းမာပျော်ရွှင်လာကြတယ်၊ အသက်ရှည်ရှည် နေထိုင်ဖို့ အားရှိလာတယ်။ ဒါတွေအားလုံးဟာ ချစ်ခြင်းမေတ္တာတရားရဲ့ စွမ်းအင်တွေပါပဲ။ ဒီနေရာမှာ ဒီလိုချစ်ခြင်းမေတ္တာတွေကို ဖြစ်စေတဲ့ အောက်စီတိုစင်ဟော်မုန်းအကြောင်း ပြောပြပေးချင်ပါတယ်။ ၁။ အောက်စီတိုစင်ဟော်မုန်းနှင့် ချစ်ခြင်းမေတ္တာ ဆက်စပ်မှု လူတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ အချစ်သစ်တွေ ဖြစ်ပေါ်လာတဲ့အခါ ကိုယ်ခန္ဓါကနေ အောက်စီတိုစင် ဟော်မုန်းတွေ များစွာ ထုတ်လွှတ်ပေးပါတယ်။ အထူးသဖြင့် ချစ်ကြိုက်ကာစ စုံတွဲတွေမှာ အောက်စီတိုစင်ဟော်မုန်း […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

နှစ်လွှာပေါင်းတော့မယ့် စွယ်တော်ရွက်လေးတို့ ဘာတွေကြိုတွေးသင့်ပြီလဲ

ချစ်သူဘဝကနေ မိသားစုလေး တစ်ခု စတင် ဖန်တီးတော့မယ်လို့ စဉ်းစားနေပြီလား။ အတွေးထဲက ကြင်စဦး မိသားစုဘဝလေးက အရမ်းကိုလှပနေမှာ ပါပဲ။ ရုပ်ရှင်ထဲတော့ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ နေရ ဆိုပဲ။ ဒါပေမယ့် တကယ်တမ်း ပြင်ဆင်ပြီဆိုရင်တော့ ဒီထက်ပိုပြီး လက်တွေ့ ဆန်လာပါ တော့မယ်။ ဘဝဆိုတာ အချစ် တစ်ခုတည်းမှ မပြီးတာလေ။ ဒီတော့ နှစ်လွှာပေါင်းတော့မယ့် စွယ်တော်ရွက်လေးတို့ ဘာတွေ ကြိုတွေးသင့်ပြီလဲ ဆိုတာကို ပြောပြပေးမယ်နော်။ ဒါဆို ရှေ့ရေးအတွက် နှစ်ဦးသား ဘာတွေ တိုင်ပင်ပြီးပြီလဲ။ စွယ်တော်ရွက်လေးတွေ အတွက် အကောင်းဆုံး အကြံဉာဏ် တွေးကြည့်ရအောင်နော်။ အရင်ဆုံး နှစ်ဖက်မိဘကို အသိပေးလို့ ကြည်ဖြူ သဘောတူညီမှုကို ရထားဖို့ လိုပါတယ်။ ဒါဟာလည်း သာယာပျော်ရွှင်ရတဲ့ မင်္ဂလာတစ်ခု ဖြစ်လာဖို့ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

မိသားစုနဲ့ ထမင်းလက်ဆုံစားပါ

မိသားစုဆိုတာက ကောင်းတူဆိုးဖက် အမြဲအတူရှိကြသူတွေပါ။ ကမ္ဘာပေါ်က အရင်းနှီးဆုံး အပွင့်လင်းဆုံးသူတွေပေါ့။ မိသားစုနဲ့အတူနေခွင့်ရတာ၊ ရင်ဖွင့်ပြောဆိုပြီး ခံစားချက်တွေ မျှဝေခွင့်ရတာက ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး ဆုလာဘ်လို့ တင်စားပါရစေ။ မနက်တိုင်း မေမေပြင်ပေးတဲ့ မနက်စာ၊ မေမေကိုယ်တိုင်ချက်ပြုတ်ကျွေးတာတွေကို စားခွင့်ရနေတာကိုက ကံကောင်းခြင်းတွေ အများကြီး ရနေပြီသားပါနော်။ ဒီလိုကံကောင်းခြင်းတွေကမှ ကိုယ့်အတွက် ကျန်းမာရေးအကျိုးကျေးဇူတွေ ပါရနေသေးတယ်ဆိုရင်တော့ ဘာပြောမလဲ Hello ဆရာဝန်ပရိသတ်ကြီးရေ………………. မိသားစုနဲ့ ထမင်းလက်ဆုံစားပါ ဒီအလေ့အထက အနောက်ဥရောပနိုင်ငံတွေထက် အာရှနိုင်ငံတွေမှာ ပိုပြီးတွေ့ရများပါတယ်။ မြန်မာလူမျိုးတွေမှာဆိုရင်တော့ ဟင်းမကောင်းတောင် မိသားစုစုံစုံလင်လင်လေး ထမင်းစားလိုက်ရရင် ထမင်းမြိန်တယ်ဆိုပြီး ပြောလေ့ရှိတယ်နော်။ သံယောဇဉ် ကြီးတတ်တဲ့ မြန်မာလူမျိုးတွေဟာ အရင်ကတည်းက မိသားစုလက်ဆုံ ထမင်းစားကြတာပါ။ ဒေါင်းလန်းကြီးနဲ့ လက်ရည်တစ်ပြင်တည်းတောင် စားခဲ့ကြသေးတာနော်။ မိသားစု လက်စုံထမင်းစားတာက ကလေးလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ အကျိုးများတဲ့ အလုပ်ပါ။ မိသားစု ထမင်းဝိုင်းက […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)