ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး ရှိခြင်းက ကျွန်ုပ်တို့ရဲ့ ကိုယ်ရော စိတ်ပါ ကျန်းမာစေပါတယ်။ ကျန်းမာပြီး ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးတွေရဲ့ ကောင်းကျိုးကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

လက်တွဲဖော်တို့အတွက် ပျော်ရွှင်စရာ ဝါကျွတ်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့

ဝါကျွတ်ကာလက မိသားစုတွေအတွက်ပဲတော့ မဟုတ်ပါဘူး။ ဝါကျွတ်ကာလမှာ လက်တွဲဖော်တွေ အကြားမှာလည်း ပျော်ရွှင်စရာ အခိုက်အတန့်လေးကို ပိုင်ဆိုင်နိုင်အောင် ဖန်တီးလို့  ရပါတယ်။ ဘယ်လို ဖန်တီးရမလဲ ဆိုပြီး သိချင်နေပြီလား! ဒါဆိုရင်တော့ လက်တွဲဖော်တို့အတွက် ပျော်ရွှင်စရာ ဝါကျွတ်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့ ဘယ်လိုလေးတွေ လိုက်နာ လုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ လက်တွဲဖော်တို့အတွက် ပျော်ရွှင်စရာ ဝါကျွတ်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့ လက်တွဲဖော်တို့အတွက် ပျော်ရွှင်စရာ ဝါကျွတ်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့ ဆိုရင်တော့ အခုလို နည်းလမ်းလေး တွေနဲ့ လုပ်ဆောင်လို့ ရပါတယ်။ ဘုရား အတူတူတက်တာ သီတင်းကျွတ်ကာလက မြန်မာလူမျိုးတွေအတွက် အထွတ်အမြတ် ထားတဲ့ အခိုက်အတန့်ပါ။ ဒီကာလမှာ ဘုရား အတူတူ တက်တာက ချစ်သူနှစ်ဦးကြားမှာ ပိုမိုနွေးထွေးတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်နိုင်စေမှာပါ။  လူကြီးတွေကို ဂါရဝပြုဖို့ အတူတူ ဈေးဝယ်ထွက်တာ သီတင်းကျွတ်မှာ နှစ်ဖက်သော မိဘတွေကို ဂါရဝပြုရမယ့် […]

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး ကို ရှာဖွေမည်။

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အချစ်ရဲ့ အံ့သြဖွယ်ရာ ကျန်းမာရေးအကျိုးရလဒ် (၁၀)ခု

ချစ်တတ်ဖို့လည်းလိုအပ်သလို၊ အချစ်ခံရဖို့ဟာလည်း လူသားတစ်ယောက်အတွက် အရေးကြီးတဲ့ ကဏ္ဍ တစ်ခုပါ။ ချစ်သူရည်းစား၊ အိမ်ထောင်ဖက်နဲ့မှမဟုတ်ပါဘူး၊ သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းတွေ၊ မိသားစုဝင်တွေနဲ့လည်း ချစ်ခင်မှုတစ်ခု တည်ဆောက်နိုင်ပါတယ်။ လူအချင်းချင်းပတ်သက်ဆက်နွယ်ခြင်း၊ တန်ဖိုးထား လေးစားခြင်းနဲ့ ချစ်ခြင်းတွေဟာ စိတ်ဖိစီးမှုကို အတော်အတန် လျှော့ကျနိုင်ပါတယ်။ အချစ်နဲ့ ကျန်းမာခြင်းဟာ ဆက်စပ်ပတ်သက်လျက်ရှိပါတယ်။ အချစ်ရဲ့ အံ့သြဖွယ်ရာ ကျန်းမာရေးအကျိုးရလဒ် တွေကို ပြောပြပေးမှာမို့ အချစ်က ဘယ်လိုပုံစံမျိုးတွေ အကျိုးသက်ရောက်နိုင်သလဲ ကြည့်ကြည့်ရအောင်နော်။ အချစ်ရဲ့ အံ့သြဖွယ်ရာ ကျန်းမာရေးအကျိုးရလဒ် အချစ်ရဲ့ အံ့သြဖွယ်ရာ ကျန်းမာရေးအကျိုးရလဒ် တွေကတော့ (၁)     ဆေးရုံဆေးခန်းသွားရတဲ့ အရေအတွက်နည်းပါးလာနိုင်ပါတယ်။ ကျန်းမာခြင်းနဲ့ အိမ်ထောင်ပြုခြင်း အပေါ် လေ့လာချက်တစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ လေ့လာချက်အရ အိမ်ထောင်ရှိသူတွေဟာ ဆေးရုံဆေးခန်း လာပြတာမျိုးသိပ်မရှိကြပါဘူး။ ဆေးရုံတက်ရတာမျိုးရှိခဲ့ရင်တောင် ဆေးရုံတက်ရက်နည်းပါးကြပါတယ်။ ဘာလို့ လဲဆိုရင်တော့ Relationship တစ်ခုရှိတဲ့အခါမှာ သင်ဟာကိုယ့်ကိုကို ပိုဂရုစိုက်လာမှာပါ။ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အစွံထုတ်ကြတော့မယ့်သူတွေ မလောသင့်တဲ့ အကြောင်းရင်း (၅) ချက်

ချစ်သူဘဝကနေ မိသားစု လေးတစ်ခု စတင်ဖန်တီးတော့မယ်လို့ စဉ်းစားနေပြီလား။ အတွေးထဲက ကြင်စဦးမိသားစုဘဝလေးက အရမ်းကိုလှပနေမှာပါပဲ။ ရုပ်ရှင်ထဲတော့ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ နေရ ဆိုပဲ။ ဒါပေမယ့် တကယ်တမ်းပြင်ဆင်ပြီဆိုရင်တော့ ဒီထက်ပိုပြီး လက်တွေ့ဆန်လာပါတော့မယ်။ ဘဝဆိုတာ အချစ်တစ်ခုတည်းမှ မပြီးတာလေ။ ဒါဆို ရှေ့ရေးအတွက် နှစ်ဦးသား ဘာတွေတိုင်ပင်ပြီးပြီလဲ။ စွယ်တော်ရွက်လေးတွေအတွက် အကောင်းဆုံးအကြံဉာဏ်တွေးကြည့်ရအောင်နော်။ အရင်ဆုံး နှစ်ဖက်မိဘ ကိုအသိပေးလို့ ကြည်ဖြူသဘောတူညီမှုကို ရထားဖို့လိုပါတယ်။ ဒါဟာလည်း သာယာပျော်ရွှင်ရတဲ့ မင်္ဂလာတစ်ခုဖြစ်လာဖို့ အရေးပါတဲ့ အချက် တစ်ခု ပါပဲ။ သဘောတူကြတယ် ဆို နှစ်ကိုယ်ကြား တိုင်ပင်ဖို့ပဲ ကျန်ပါတော့တယ်။ အရေးကြီးဆုံး အချက် (၅) ချက်ကို အကြံပြုပေးလိုက်ပါတယ်။ (၁) ချစ်သူချင်း ဆက်ဆံရေးကို သုံးသပ်ပါ ကိုယ့်ချစ်သူကို တကယ် ယုံကြည်ပြီလား၊ ယုံလို့ရောရလား သုံးသပ် ဆုံးဖြတ်ပါ။ ယုံကြည်မှု […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အလုပ်မှာ ပင်ပန်းပြီး ပြန်လာတဲ့ ချစ်ခင်ပွန်း အမောပြေစေဖို့

သာယာတဲ့ အိမ်ထောင်ဘဝလေး ဖြစ်ဖို့ဆိုတာ တစ်ဦးအပေါ် တစ်ဦး နားလည်ဖို့၊ စာနာဖို့၊ လိုအပ်တာလေးတွေ ကူညီဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။ ဒါမှလည်း မေတ္တာတွေက ဘယ်တော့မှ ခမ်းခြောက်မသွားဘဲ အိမ်ထောင်သက် ကြာလာလေ၊ အချစ် ပိုတိုးလာလေ ဖြစ်မှာပေါ့။ ဒီဆောင်းပါးမှာတော့ အိမ်ထောင်ရေး သာယာ အဆင်ပြေစေဖို့ အလုပ်ကနေ ပင်ပင်ပန်းပန်း ပြန်ရောက်လာတဲ့ ကိုယ့်ခင်ပွန်း ရွှေရင် အေးရစေဖို့ ဘာတွေ ဆောင်ရ၊ ရှောင်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ၁။ အိမ်ကို သန့်ရှင်းနေအောင် လုပ်ပေးပါ။ ဘယ်သူမဆို တစ်နေ့လုံး ရုံးမှာ အလုပ်လုပ်ပြီး ပြန်လာရင် ကိုယ့်အိမ်လေးက သန့်ရှင်းသပ်ရပ်နေတာပဲ မြင်ချင်မှာပါ။ အဲ့တော့ တတ်နိုင်သလောက် ကိုယ့် း စိတ်ချမ်းသာစေဖို့ အိမ်သန့်ရှင်းရေးလေးတော့ လုပ်ပေးထားပေါ့နော်။ ကိုယ်တိုင်က အချိန်မရှိလို့ တစ်အိမ်လုံး သန့်ရှင်းရေး မလုပ်နိုင်ရင်တောင် […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အချစ်နဲ့ကျန်းမာရေး

မျက်လုံးထဲမှာ ကြယ်တွေ လိုးလိုးလက်လက်မြင်နေသလို၊ ဗိုက်ထဲမှာ လိပ်ပြာလေးတွေတရွရွပြေးနေသလို၊ ဒူးတွေပဲချောင်နေသလိုလို ….တစ်စုံတစ်ယောက်ကိုချစ်ရတယ်ဆိုတာ တကယ်တော့ ဘာနဲ့မှမတူတဲ့ခံစားမှုပါ။ ဒါပေမယ့် အဲဒီ အချစ်ခံစားမှုဟာ သင့်ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းကျိုးတွေအများကြီးသယ်လာပေးနိုင်တယ်ဆိုတာ သိပါသလား။ ကဲ .... အချစ်နဲ့ကျန်းမာရေး အကြောင်းလေး ဆက်ပြောလိုက်ရအောင်လေနော်။ အချစ်နဲ့ကျန်းမာရေး အချစ်နဲ့ကျန်းမာရေး က ဒီလိုလေးတွေ ဆက်စက်နေပါတယ်။  “ကျွန်တော်တို့ လူသားတွေဟာ ပေါင်းသင်းဆက်ဆံရေးရဲ့ သတ္တဝါတွေ ဖြစ်တာနဲ့အညီ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးပတ်ဝန်းကျင်တစ်ခု တည်ဆောက်ထားနိုင်မယ်ဆိုရင် ကျွန်တော်တို့ဟာ ဘယ်အလုပ်ကိုပဲလုပ်လုပ် အကောင်းဆုံးစွမ်းရည်အပြည့်နဲ့ လုပ်နိုင်လာကြပါတယ်” လို့ AMC ရဲ့ နှလုံးအထူးကုတစ်ဦးဖြစ်သူ Baran Kilical ကပြောပါတယ်။ အချစ်ခံရခြင်း ဒါမှမဟုတ် ချစ်ခြင်းတရားဟာ စိတ်ဖိစီးမှုအခြေအနေကနေ နှလုံးကျန်းမာရေးအထိ အရာရာတိုင်းကို သက်ရောက်မှုရှိပါတယ်လို့ သူကဆိုပါတယ်။ ချစ်ခြင်းတရားဟာ ဘယ်လိုတွေကောင်းကျိုးတွေသယ်လာပေးနိုင်သလဲဆိုတာကို သိပ္ပံနည်းကျ လေ့လာထားတဲ့အချက်တွေကတော့ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ချစ်ခြင်းမေတ္တာဟာ သင့်ဦးနှောက်ကို ဘယ်လိုလွှမ်းမိုးသလဲ

ဆိုကြပါစို့။ သင့်အိပ်မက်ထဲထိ လွှမ်းမိုးနေသူတယောက်ဟာ သင့်ဆီကို တန်းတန်းမတ်မတ် လျှောက်လာခဲ့ရင် မည်သို့ ခံစားရပါမည်လဲ။ သင့်ရဲ့ရင်ခုန်သံတွေ မြန်လာပါလိမ့်မယ်။ လက်ဖဝါးတွေမှာ ချွေးစို့ကောင်းစို့လာနိုင်ပါတယ်။ စကားတလုံးမှ ပြောမထွက်ဘဲ ရှက်ရွံ့သလိုလည်း ဖြစ်လာနိုင်ပါတယ်။ ဒါဟာ သင်ချစ် မြတ်နိုးရသူတဦးကို မြင်တွေ့ရချိန်မှာ တပြိုင်တည်းခံစားရနိုင်တဲ့ အရာတွေဖြစ်ပြီး အားလုံးဟာ သင့်ဦးနှောက်ထဲမှာပဲ ဖြစ်ပျက်သွားခြင်း ဖြစ်ပါတယ်။ တကယ်တော့ အားလုံးဟာ သင့်ဦးနှောက်ထဲမှာ ဖြစ်ပေါ်သွားတဲ့ ဓာတ်ပြုပြောင်းလဲခြင်းတွေပဲ ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး ဦးနှောက်ထဲမှာ အာရုံကြောလျှပ်ကူးပစ္စည်းနဲ့ ဓာတုပစ္စည်းတွေ များစွာရှိပါတယ်။ သမီးရည်းစားပိုးပမ်းခြင်း၊ မိမိစိတ်ဝင်စားသူကို ဆွဲဆောင်ခြင်း စတဲ့နေရာတွေမှာ ဓာတ်ပြုဖြစ်ပေါ်ပါတယ်။ အဆိုပါဓာတ်ပြုပြောင်းလဲတဲ့ အာရုံကြောလျှပ်ကူးပစ္စည်းများအပေါ် မူတည်ပြီး သင့်ရဲ့အတွေးအကြံ၊ စိတ်ခံစားချက်၊ အပြုအမူ ပြောင်းလဲနိုင်ပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ ခံစားချက်နဲ့ အတွေးအကြံတွေကို အဓိကကြိုးကိုင်တဲ့ ဓာတ်ပစ္စည်းတွေကတော့ ဒိုပါမင်း၊ အောက်ဆီတိုစင်နဲ့ ဗေဆိုပရပ်ဆင် […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး

အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး ရှိတယ်လို့များ ကြားဖူးကြလား! "အသည်းကွဲတယ်ဆိုတာ.... အရူးလိုပဲလား .." နင်ဇီမေရဲ့ သီချင်းသံလေးနဲ့က အသည်းကွဲဖူးတဲ့လူတိုင်းရင်ထဲ ထိစေမှာတော့ အမှန်ပါပဲ ။ မှန်ပါတယ် ။ လူတိုင်းက နှလုံးသားရေးရာ ကိစ္စနဲ့ပဲ ဖြစ်ဖြစ် ၊  ချစ်ရတဲ့လူတွေကို ရုတ်တရက် ဆုံးရှုံးရတဲ့အချိန်မှာ ဖြစ်ဖြစ် နှလုံးစိတ်ကြေကွဲတတ်ကြပါတယ် ။ ဒီအချိန်မှာ ခံစားရတဲ့ နာကျင်မှုက တအားကြီးမားတဲ့အတွက် နာကျင်မှုသက်သာအောင်လုပ်ရမယ့် နည်းလမ်းကို မရှာတွေ့တတ်ကြပါဘူး ။ ဒါ့ကြောင့် "အသည်းကွဲရင် ပျောက်တဲ့ဆိုတဲ့ ဆေး"ဆိုတာ မရှိသေးပေမဲ့ စိတ်ဆင်းရဲမှုဒဏ်ကို ဘယ်လိုမြန်မြန်သက်သာအောင် လုပ်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေတော့ ရှိနေပါတယ်။ အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး တော့ မရှိပါဘူး။ ဒီနည်းလမ်းလေးတွေနဲ့တော့ သက်သာအောင် လုပ်လို့ ရပါတယ်။ အချိန်ယူပါ ပြတ်စဲခြင်းတွေက သင့်ရဲ့ စိတ်ကို အထီးကျန်စေခြင်း၊ နောက်ထပ်ချစ်ဖို့ ကြောက်ရွံခြင်း […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အောက်စီတိုစင် (သို့မဟုတ်) အချစ်ဟော်မုန်း

အောက်စီတိုစင် ဆိုတာဘာလဲ ချစ်သူရည်းစား စုံတွဲတွေမှာ ကြည်နူးရတဲ့အခိုက်အတန့်တွေရှိကြပါတယ်။ အဲ့ဒီလိုအခိုက်အတန့်တွေမှာခန္ဓာကိုယ်ကထွက်လာတဲ့ဟော်မုန်းတစ်မျိုးပါ။Relationshipတစ်ခုကိုလည်းခိုင်မြဲစေနိုင်တဲ့ကြိုးတစ်ချောင်းလို့ပြောရင်လည်းမမှားပါဘူး။ အချစ်ဟော်မုန်းဟာ ယုံကြည်မှုတွေ၊ခံစားမျှဝေနိုင်စွမ်းတွေ ကောင်းမွန်တဲ့အမှတ်တရလေးတွေအပြင် သစ္စာတရားကိုပါဖန်တီးပေးနိုင်ပါတယ်။ အောက်စီတိုစင် ကိုတိတိကျကျပြောရမယ်ဆိုရင် မျိုးပွားခြင်းမှာအလွန်အရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်တဲ့ဟော်မုန်းပါ။ ဒါ့အပြင်အောက်စီတိုစင်ဟော်မုန်းကြောင့်အမျိုးသမီးတွေဟာကလေးမွေးဖွားတဲ့အချိန်မှာလွယ်လွယ်ကူကူမွေးဖွားနိုင်ပါတယ်။အမျိုးသားတွေရဲ့သုက်ကောင်ရွှေ့လျားမှုကိုကူညီပေးပါတယ်။ အောက်စီတိုစင် ကသဘာဝအတိုင်းထွက်သလား ဦးနှောက်မှာရှိတဲ့ ဟိုက်ပိုသဲလမတ်စ်(Hypothalamus) ဆိုတဲ့အစိတ်အပိုင်းကနေထုတ်လုပ်ပြီးတော့ ပစ်ကျူထရီ (Pituitary) ဂလင်းကနေစစ်ထုတ်ပေးပါတယ်။ဒါကြောင့်ခန္ဓာကိုယ်ကနေသဘာဝအတိုင်းထွက်နိုင်တဲ့ဟော်မုန်းပါ။ အောက်စီတိုစင်ဟော်မုန်းကြောင့်စိတ်ဖိစီးမှုဖြစ်စေနိုင်လား မဖြစ်စေနိုင်ပါဘူး။ စိတ်ဖိစီးမှုကိုလျှော့တောင်လျှော့ချပေးနိုင်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် ရန်ဖြစ်နေတဲ့စုံတွဲတစ်တွဲဟာ အချစ်ဟော်မုန်းကြောင့်မြန်မြန်ပြန်ပြေလည်သွားနိုင်ပါတယ်။ အောက်စီတိုစင်ဟော်မုန်းဟာမိခင်တစ်ယောက်အပေါ်ကိုဘယ်လိုသက်ရောက်နိုင်လဲ မိခင်တစ်ယောက်ကိုအလွန်အကျိုးပြုပါတယ်။ ကလေမွေးဖွားတဲ့အချိန်မှာဆိုရင် အောက်စီတိုစင်ဟာသားအိမ်ညှစ်အားကောင်းအောင်အကူအညီပေးပါတယ်။တခြားတခြားလိုအပ်တဲ့ဟော်မုန်းတွေထွက်လာအောင်အားပေးတယ်။မွေးပြီးမိခင်တွေကိုတော့ သားအိမ်ပုံမှန် အရွယ်အစားရောက်အောင်ကူညီပေးပါတယ်။ ကလေးနို့တိုက်ချိန်မှာဆိုရင်တော့ ကလေးအတွက်လုံလောက်တဲ့နို့ရည်ပမာဏရရှိဖို့ အောက်စီတိုစင်ကအပြည့်အဝတာဝန်ယူပေးမှာပါ။ သုတေသနပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်တွေအရအောက်စီတိုစင်ဟော်မုန်းများများထွက်တဲ့မိခင်တွေဟာကလေးတွေကိုပိုဂရုစိုက်တတ်ကြပါတယ်။သူတို့ရဲ့ ကလေးလေးကိုအရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်တတ်ကြတယ်။ ကြင်ကြင်နာနာနဲ့ထိတွေ့တာမျိုး၊ရေချိုးပေးတာမျိုး၊တီတီတာတာစကားပြောပေးတာမျိုး၊သီချင်းဆိုသိပ်တာမျိုး အစရှိတဲ့ ချစ်စဖွယ်အမူအရာလေးတွေပြုလုပ်ပေးတတ်ကြပါတယ်။ ဒါကြောင့်အောက်စီတိုစင်ဟာမိခင်နဲ့ကလေးရဲ့ချစ်ခြင်းမေတ္တာကိုပိုမိုခိုင်မြဲစေပါတယ်။မိခင်အရင်းမှမဟုတ်ပါဘူး။မွေးစားမိခင်တွေ ကလေးထိန်းတွေမှာဆိုရင်လဲ အောက်စီတိုစင်ထွက်ပါတယ်။ ဖခင်တစ်ယောက်အပေါ်သက်ရောက်မှုကရောဘယ်လိုရှိမလဲ မိခင်တွေလိုပါပဲ ။ အောက်စီတိုစင် များများထွက်တဲ့ဖခင်တွေဟာကလေးတွေအပေါ်မှာပိုစိတ်ရှည်ပြီး ပိုပြီးနွေးနွေးထွေးထွေး ဆက်ဆံတတ်ကြပါတယ်။ အောက်စီတိုစင် ဟော်မုန်းကြောင့်ဘာလို့သစ္စာပိုရှိနိုင်တာလဲ အောက်စီတိုစင် ရဲ့လှုံ့ဆော်မှုကြောင့်အမျိုးသားတွေဟာကိုယ့်ရဲ့ ချစ်သူကလွဲပြီးတခြားအမျိုးသမီးတွေကိုစိတ်ဝင်စားမှုလျော့ကျသွားပါတယ်။အမျိုးသမီးတွေလည်းအလားတူပါပဲ။အချစ်ဟော်မုန်းကြောင့်သစ္စာတရားပိုမိုခိုင်မာလာမှာပါ။ အောက်စီတိုစင်ကိုဆေးဝါးအနေနဲ့အသုံးပြုနိုင်လား ကလေးမွေးတဲ့အချိန်သားအိမ်ညှစ်အားကောင်းအောင်ထိုးဆေးအနေနဲ့သုံးနိုင်ပါတယ်။ကလေးမေွးပြီး သို့မဟုတ် ကိုယ်ဝန်ပျက်ကျြပီး သေွးသွန်ခြင်းကို ကြိုတင်ကာကွယ်တဲ့အနေနဲ့လည်းသုံးကြပါတယ်။ကလေးမွေးအပြီး မိခင်တွေမှာကြုံတွေ့ရတတ်တဲ့စိတ်ဓာတ်ကျခြင်းကိုကာကွယ်နိုင်တယ်လို့သုတေသနတစ်ခုမှာဖော်ပြထားပါတယ်။၂၀၁၇ ခုနှစ်ကလေ့လာချက်တစ်ခုမှာဆိုရင်တော့ အောက်စီတိုစင်ဟော်မုန်းဟာအော်တစ်ဇင် (Autism) ကလေးတေွကိုကုသရာမှာအထောက်အကူဖြစ်စေတယ်လို့ဆိုထားပါတယ်။အရက်နဲ့မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်တဲ့ရောဂါတွေကိုကုသရာမှာအကူအညီဖြစ်နိုင်မယ်လို့မေှျာ်လင့်ထားကြပါသေးတယ်။ဒါပေမယ့်သုတေသနပြုလေ့လာနေတုန်းရှိပါသေးတယ်။ ဘာလို့အောက်စီတိုစင်ဟော်မုန်းကို အချစ်ဟော်မုန်းလို့ခေါ်တာလဲ ချစ်ခင်နှစ်သက်သဘောကျမှုတစ်စုံတစ်ခုကိုခံစားရတဲ့အခါထွက်လာတဲ့ ဟော်မုန်းမို့ပါ။သင့်ချစ်သူကိုပွေ့ဖက်တဲ့အခါမှာသာမက ခွေးလေး ကြောင်လေးတွေကိုပွေ့ဖက်တဲ့ အခါမျိုးမှာတောင် အချစ်ဟော်မုန်းထွက်ပါတယ်။ ဒီတော့ သင့်ချစ်သူနဲ့အချိန်များများကုန်ဆုံးလေ အောက်စီတိုစင်ထွက်လေလေဖြစ်ပြီးတော့၊ အောက်စီတိုစင်ထွက်လေလေ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ရိုမန့်တစ် ဆန်တဲ့ မင်္ဂလာပွဲတွေကို အားမကျခင် အရင်စဉ်းစားရမယ့် (၈) ချက်

ရိုမန့်တစ် ဆန်တဲ့ မင်္ဂလာပွဲတွေကို အားမကျခင် အရင်စဉ်းစားရမယ့် အချက်လေတွေ ရှိပါတယ်။ သူများရဲ့ Wedding ပွဲလေးတွေ ကြည့်ပြီးအားကျနေပြီလား။ ငါ့ပွဲကျရင် ဘယ်လို ခမ်းနားရမယ်၊ ရိုရမယ်၊ လှရမယ်နဲ့ စိတ်ကူးလေးတွေယဉ်ဖူးလား။ အမြဲတမ်းသာယာပြီး ရိုမန့်တစ် ဆန်တာက ဒရမ်မာကားတွေထဲမှာပဲ ရှိပါတယ်နော်။ RS ဘဝကို အဆုံးသတ်ပြီး အိမ်ထောင်သည်ဘဝကို စတင်ဖို့ လက်တွေ့ကျကျစဉ်းစားကြည့်ရအောင်။ မင်္ဂလာပွဲ လှတာ၊ ခမ်းနားတာ၊ ရိုမန့်တစ် တာထက် အရေးကြီးတဲ့ အချက်တွေအများကြီးရှိနေတာ မေ့မထားသင့်ပါဘူး။ ရိုမန့်တစ် ဆန်တဲ့ မင်္ဂလာပွဲတွေကို အားမကျခင် အရင်စဉ်းစားရမယ့် (၈) ချက် အရေးကြီးဆုံးက လက်တွဲကြမယ့်သူနှစ်ယောက်က အဓိကပါပဲ။ အကြီးအကျယ်လက်ထပ်ပွဲ ကျင်းပပြီး ဟိုးလေးတကျော်လမ်းခွဲကြတာလည်း မြင်တွေ့ဖူးကြမယ်ထင်ပါတယ်။ နှစ်ယောက်ကြားက ကြိုးကို ခိုင်မာမှုရှိအောင် တည်ဆောက်ပြီးမှသာ ချည်နှောင်ကြဖို့ သတိပေးလိုက်ချင်ပါတယ်။ ဒီအချက်တွေကို အရင်စဉ်းစားကြည့်ပါ။ ရိုမန့်တစ် […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

လမ်းခွဲချိန်မှာ အမျိုးသားနဲ့ အမျိုးသမီး ဘယ်သူပိုခံစားရသလဲ

လမ်းခွဲချိန်မှာ အမျိုးသားနဲ့ အမျိုးသမီး ဘယ်သူပိုခံစားရသလဲ ဆိုတော့ ပရိသတ်ကြီးရော ဘယ်လို ထင်လဲ ...... လမ်းခွဲတယ်ဆိုတာ ဘယ်တုန်းကမှ ပျော်ရွှင်စရာကိစ္စတစ်ခုမဟုတ်ခဲ့ပါဘူး။ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် လမ်းခွဲချိန်မှာ ကြေကွဲဝမ်းနည်းမှုတွေ၊ နာကျင်ခံစားရမှုတွေကို ရင်ဆိုင်ကြရစမြဲပါပဲ။ မျက်ရည်တွေ၊ ဒေါသအမျက်တွေ၊ လွမ်းဆွတ် တမ်းတမှုတွေ၊ စိတ်ရှုပ်ထွေးစရာညတွေ၊ စိတ်လိုက်မာန်ပါ အလွန်အကျူးစားသောက်မှုတွေဟာ Relationship တစ်ခု အဆုံးသတ်သွားချိန်မှာ ကြုံရတတ်တာမျိုးတွေပါ။ ဒီလိုအချိန်မျိုးမှာ အမျိုးသားဘက်ကဖြစ်စေ အမျိုးသမီးဘက်ကဖြစ်စေ ဘယ်သူပိုခံစားရသလဲဆိုတဲ့ အတွေးမျိုးဝင်လာလေ့ရှိပါတယ်။ ပတ်ဝန်းကျင်ကလည်း ဒီလိုမေးခွန်းမျိုးကို သိပ်စိတ်ဝင်စားတတ်ကြပါတယ်။ လမ်းခွဲချိန်မှာ အမျိုးသားနဲ့ အမျိုးသမီး ဘယ်သူပိုခံစားရသလဲ လမ်းခွဲချိန်မှာ အမျိုးသားနဲ့ အမျိုးသမီး ဘယ်သူပိုခံစားရသလဲ ဆိုတော့ လူနှစ်ယောက်ရဲ့ ချစ်ဇာတ်လမ်းတစ်ခု အဆုံးသတ်သွားချိန်မှာ ဘယ်သူပိုခံစားရလဲဆိုတဲ့ မေးခွန်းဟာ အရေးပါလို့လား။ ဒါပေမယ့်လည်း ကာယကံရှင်တွေကိုယ်တိုင်သာမက အနီးဝန်းကျင်ကလူတိုင်းက ဒီမေးခွန်းအပေါ် စိတ်ဝင်စားနေကြဆဲပါ။ လုံးဝ လမ်းခွဲပြတ်စဲလိုက်ကြတာလား? ဒါမှမဟုတ်သူငယ်ချင်းတွေအဖြစ် […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ရင်းနှီးဖော်ရွေစွာ နဲ့ ဆက်ဆံတတ်ခြင်းရဲ့ အကျိုးကျေးဇူး

လူတိုင်းကဖော်ရွေရင်းနှီးသူတွေပဲတော့မဟုတ်ပါဘူး။ လူအမျိုးမျိုးစိတ်အထွေထွေဆိုသလိုမျိုးပေါ့။ လူတွေမှာဖော်ရွေတတ်သူတွေရှိသလို လူတွေနဲ့ သိပ်ရင်းရင်းနှီးနှီးမနေကြသူတွေလည်းရှိပါတယ်။ ဒီတစ်ခေါက်တော့ လူတွေနဲ့ ရင်းနှီးဖော်ရွေစွာ ဆက်ဆံတတ်သူလေးတွေပဲရရှိနိုင်မယ့် အကျိုးကျေးဇူးလေးတွေအကြောင်းပြောပြပေးချင်ပါတယ်။ လူတိုင်းကို ဖော်ရွေရင်းနှီးစွာ ဆက်ဆံတတ်ခြင်းကနေရရှိမယ့် အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ.......... လူတိုင်းကိုဖော်ရွေရင်းနှီးစွာဆက်ဆံတတ်မှုကလည်းကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုပါ။ ဒီလိုပြောရတဲ့အကြောင်းက လူတိုင်းမှာ လူတွေကို ဖော်ရွေရင်းနှီးစွာဆက်ဆံတတ်တဲ့အရည်အသွေးမရှိပါဘူး။ အလွယ်တကူပြောရရင်တော့ ပေါင်းသင်းဆက်ဆံရေးကောင်းသူတွေပေါ့။ ဒီလိုမျိုးဖော်ရွေရင်းနှီးစွာ ဆက်ဆံတတ်မှုကြောင့် လူမှုဆက်ဆံရေးမှာ အလေ့အထကောင်းကိုပျိုးထောင်နိုင်လိမ့်မယ် တစ်ခါတစ်လေ စိတ်အနှောင့်အယှက်ဖြစ်စရာ ကြုံတဲ့အခါမျိုးဆိုရင် လူတိုင်းက ရိုင်းစိုင်းလိုက်တာ၊ ဆက်ဆံရခက်လိုက်တာလို့ ခံစားမိနိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ အဆိုးမြင်သမားကြီးပဲမဟုတ်ပါဘူး။ သူတို့မှာလည်း သူတို့ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေရှိနေတာကြောင့်ဖြစ်နိုင်ပါတယ်။ ဒီကွင်းဆက်ကို အဆုံးသတ်ဖို့ဆိုရင် ကိုယ့်ဘက်ကဖော်ရွေရင်းနှီးစွာနဲ့ ဆက်ဆံလိုက်ပါ။ ဒီလိုဆက်ဆံမှုကြောင့် သူဘက်ကဆက်ဆံရေးကလည်းကောင်းလာပါလိမ့်မယ်။ ဒီတော့ ကိုယ်တိုင်မှာရော သူများမှာပါကောင်းမွန်စွာဆက်ဆံတတ်တဲ့ လူမှုဆက်ဆံရေး အလေ့အထတစ်ရပ်ကို ပျိုးထောင်ပေးပြီးသားဖြစ်သွားပါလိမ့်မယ်။ နေ့ရက်တိုင်းမှာပျော်ရွှင်ရမယ် ဖော်ရွေရင်းနှီးစွာ ဆက်ဆံတတ်တဲ့အလေ့အထက အခြားသူတွေကိုတင်ပျော်ရွှင်မှုပေးနိုင်တာမဟုတ်ဘဲ ကိုယ်တိုင်မှာလည်းပျော်ရွှင်မှုကို ခံစားရစေနိုင်ပါတယ်။ အပြန်အလှန်ဂရုစိုက်ပေးမှုရှိနေတဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)