backup og meta

မိသားစုနဲ့ ထမင်းလက်ဆုံစားပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိသားစုနဲ့ ထမင်းလက်ဆုံစားပါ

    မိသားစုဆိုတာက ကောင်းတူဆိုးဖက် အမြဲအတူရှိကြသူတွေပါ။ ကမ္ဘာပေါ်က အရင်းနှီးဆုံး အပွင့်လင်းဆုံးသူတွေပေါ့။ မိသားစုနဲ့အတူနေခွင့်ရတာ၊ ရင်ဖွင့်ပြောဆိုပြီး ခံစားချက်တွေ မျှဝေခွင့်ရတာက ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး ဆုလာဘ်လို့ တင်စားပါရစေ။ မနက်တိုင်း မေမေပြင်ပေးတဲ့ မနက်စာ၊ မေမေကိုယ်တိုင်ချက်ပြုတ်ကျွေးတာတွေကို စားခွင့်ရနေတာကိုက ကံကောင်းခြင်းတွေ အများကြီး ရနေပြီသားပါနော်။ ဒီလိုကံကောင်းခြင်းတွေကမှ ကိုယ့်အတွက် ကျန်းမာရေးအကျိုးကျေးဇူတွေ ပါရနေသေးတယ်ဆိုရင်တော့ ဘာပြောမလဲ Hello ဆရာဝန်ပရိသတ်ကြီးရေ……………….

    မိသားစုနဲ့ ထမင်းလက်ဆုံစားပါ

    ဒီအလေ့အထက အနောက်ဥရောပနိုင်ငံတွေထက် အာရှနိုင်ငံတွေမှာ ပိုပြီးတွေ့ရများပါတယ်။ မြန်မာလူမျိုးတွေမှာဆိုရင်တော့ ဟင်းမကောင်းတောင် မိသားစုစုံစုံလင်လင်လေး ထမင်းစားလိုက်ရရင် ထမင်းမြိန်တယ်ဆိုပြီး ပြောလေ့ရှိတယ်နော်။ သံယောဇဉ် ကြီးတတ်တဲ့ မြန်မာလူမျိုးတွေဟာ အရင်ကတည်းက မိသားစုလက်ဆုံ ထမင်းစားကြတာပါ။ ဒေါင်းလန်းကြီးနဲ့ လက်ရည်တစ်ပြင်တည်းတောင် စားခဲ့ကြသေးတာနော်။

    မိသားစု လက်စုံထမင်းစားတာက ကလေးလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ အကျိုးများတဲ့ အလုပ်ပါ။ မိသားစု ထမင်းဝိုင်းက တကယ်တော့ တစ်နေ့တာ ဖြစ်ပျက်သမျှတွေကို ရင်ဖွင့်တဲ့ နေရာလေးတစ်ခုလို့ ပြောလို့ ရပါတယ်။ ဒီအချိန်လေးကို အကောင်းဆုံး အသုံးချတတ်ရင် ကိုယ်တိုင်ရော မိသားစုအတွက်ပါကောင်းပါတယ်။

    မိသားစု အတူတူထမင်းစားပါလို့ ပြောရတဲ့ အကြောင်းအရင်း

    တစ်နေ့တာမှာ တစ်ကြိမ်လောက်တော့ မိသားစုနဲ့ အတူတူ ထမင်းစားသင့်ပါတယ်။ ဒီလို ထမင်းလက်ဆုံစားတာကြောင့် –

    • အစားစားချိန် မှန်တာကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုတယ်၊ အစာခြေစနစ် ကျန်းမာတယ်။
    • အသီးအရွက်နဲ့ အသား၊ငါးကို မျှတစွာ စားသုံးဖြစ်တာကြောင့် ကျန်းမာတဲ့ ခန္ဓါကိုယ်ကို ပိုင်ဆိုင်နိုင်စေတယ်။
    • အစားတွေ အများကြီး မစားမိတော့ဘူး။ တစ်ယာက်တည်း ထမင်းစားတဲ့အခါ ရှိသမျှ စားစရာတွေကို တစ်ယောက်တည်း အကုန်စားရတာကြောင့် အစားတွေ အများကြီး စားမိစေနိုင်ပါတယ်။ ဒီလိုကနေ အဝလွန်တဲ့ ပြဿနာ ခံစားရနိုင်ပါတယ်။
    • စိတ်ဓါတ်ကျနိုင်ခြေ နည်းစေနိုင်တယ်။ မိသားစုဝင်တွေ စုံစုံလင်လင် ထမင်းလက်ဆုံစားကြတဲ့အခါ ခံစားချက်တွေကို ဖွင့်ဟခွင့်ရတာကြောင့် စိတ်ဓါတ်ကျတာမျိုး ဖြစ်နိုင်ခြေ နည်းစေပါတယ်။ မိသားစုနဲ့ ထမင်းလက်ဆုံစားဖြစ်တဲ့ ဆယ်ကျော်သက်တွေက မူးယစ်ဆေးဝါးစွဲတာမျိုး ဖြစ်နိုင်ခြေ နည်းစေနိုင်ပါတယ်၊ လို့ လေ့လာမှုအရ သိရပါတယ်။
    • မိသားစုနဲ့ အတူတူ ထမင်းလက်ဆုံစားတာက ကလေးငယ်တွေမှာ တွေးတောဆင်ခြင်နိုင်စွမ်း တိုးတက်စေနိုင်သလို ကိုယ်ရည်ကိုယ်သွေးကောင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
    • မိသားစုလက်ဆုံ ထမင်းစားကြတာရဲ့ နောက်ထပ် ကောင်းကွက်တစ်ခုက ဘေဘီလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်တာပါ။ ကျောင်းနေအရွယ်ကလေးတွေမှာလည်း သင်ယူလိုစိတ် တိုးလာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။
    • မိသားစုဝင်တွေကြားမှာ ချစ်ခင်ရင်းနှီးမှုတွေ ပိုတိုးစေနိုင်တာကြောင့် ပျော်ရွှင်စရာအသိုက်အမြုံလေးကိုဖြစ်ပေါ်စေပြီး ကျန်းမာပျော်ရွှင်တဲ့ မိသားစုလေးအဖြစ် ဖန်တီးနိုင်မှာပါ။
    • ကလေးငယ်တွေမှာ အသီးအရွက်တွေစားပိုစားဖြစ်အောင် ထောက်ပံ့ပေးနိုင်တာကြောင့် ကျန်းမာစွာ စားသောက်တတ်တဲ့ ကလေးငယ်လေးအဖြစ် ကြီးပြင်းအရွယ်ရောက်လာစေပါတယ်။
    • အချိုစာနဲ့ အခြားသော ကျန်းမာရေးနဲ့ မညီညွတ်တာတွေ စားမိနိုင်ခြေ နည်းစေတယ်။ မိသားစုနဲ့ ထမင်းစားတဲ့ အခါ မစားနိုင်မှာ စိုးတာကြောင့် သရေစာကို လျှော့စားရင်း က ကျန်းမာရေးနဲ့မညီညွတ်တာတွေကို လျှော့စားပြီးသား ဖြစ်သွားပါတယ်။
    • ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေဖို့လည်း အထောက်အကူပြုပေးနိုင်ပါသေးတယ်။ မိသားစုနဲ့ လက်ဆုံ ထမင်းစားကြတဲ့ ကလေးတွေရော၊ လူကြီးတွေရောပါ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာကြတယ်လို့ လေ့လာမှုတွေအရသိရပါတယ်။
    • မိသားစုဝင်တွေနဲ့ အမြဲပြောဆို ဆက်ဆံနေရမှု၊ ပြဿနာတွေကို မျှဝေနေမှုတွေက အချိန်ကာလ အတိုင်းအတာတစ်ခု ဖြစ်လာတဲ့အခါ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တဲ့ အလေ့အထကို ပျိုးထောင်ပြီးသား ဖြစ်စေပါတယ်။
    • ပြဿနာဖြေရှင်းနိုင်စွမ်း ကောင်းကြတဲ့သူတွေက မိသားစုကို အချိန်ပေးပြီး ထမင်းလက်ဆုံစားတတ်ကြသူတွေပါ။ ထမင်းဝိုင်းမှာ ပြဿနာတွေကို အဖြေရှာကြရင်းက အကောင်းဆုံး ပြဿနာဖြေရှင်းသူတွေ ဖြစ်လာရတာပါ။
    • နှလုံးရောဂါခံစားရနိုင်ခြေကို နည်းစေနိုင်တဲ့ အကျိုးကျေးဇူးကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်နော်။ မိသားစုနဲ့ ထမင်းလက်ဆုံစားရင်း စိတ်ဖိစီးမှုတွေကို ဝေမျှပြောဆိုရင်းက စိတ်ဖိစီးမှုကိုပြေလျော့စေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။
    • ဆီးချိဖြစ်နိုင်ခြေကို နည်းစေပါတယ်။ မိသားစုအားလုံး စုံစုံညီညီနဲ့ ထမင်းစားတဲ့အခါ စိတ်ဖိစီးမှုကို ပြေလျော့စေသလို အချိန်မှန် ထမင်းစားဖြစ်တယ်။ ဒီအချက်တွေကပဲ သင့်ကို ဆီးချိုရောဂါ အန္တရာယ်ကနေ အထိရောက်ဆုံး ကာကွယ်ပေးတာပါ။

    ဒီလိုဆိုတာနဲ့ မိသားစုနဲ့ မဖြစ်မနေထမင်းစားပါလို့ ပြောတာမဟုတ်ပါဘူး။ တစ်ပတ်ကို ၄ ကြိမ်လောက် မိသားစုနဲ့ ထမင်းစားပေးတာက အခုပြောခဲ့တဲ့ အကျိုးကျေးဇူတွေရရှိစေဖို့လုံလောက်ပါတယ်။ မနက်ခင်း ရုံးမှာ ထမင်းစားရလို့ မိသားစုနဲ့ မစားဖြစ်ဘူးဆိုရင်လည်း ညနေ အိမ်ပြန်ရောက်တဲ့အခါ မိသားစုနဲ့ အတူတူထမင်းစားပေးပါ။ ပိတ်ရက်တွေမှာ မိသားစုနဲ့အတူ ထမင်းလက်ဆုံစားဖြစ်အောင် ကြိုးစားပါ။ ဒီလိုအချိန်ပေးတာကလည်း မိသာစုအပေါ် ချစ်တယ်ဆိုတာ ပြသရာရောက်ပြီး စိတ်ရော ကိုယ်ပါကျန်းမာစေနိုင်ပါတယ်။ ဘယ်လိုလဲ မိသားစုနဲ့ ပျော်ရွှင်စရာအချိန်လေးဖန်တီးပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို တည်ဆောက်ဖို့ အသင့်ဖြစ်ပြီလား…………………

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement